Home » All posts
ဇင်ဝေသော်၊ ဇင်ဝေသော်နဲ့
in
Politics,
ဇင်ဝေသော်
- on 9/05/2015
- No comments
"ဇင်ဝေသော်၊ ဇင်ဝေသော်နဲ့ ဘာသာပြန်စာအုပ်တွေဖတ်ပြီး အထင်ကြီးမိတာ။ အင်္ဂလိပ်စာတတ်တာပါ၊ အတွေးအခေါ်က ချာပါ့"
"ဟိုက် အသားလွတ်ကြီးပါလား၊ ငါရေးတာကလည်း ဘုံဝါဒ။ မင်းနဲ့ငါ၊ ငါတို့နဲ့ သူတို့၊ အရှေ့နဲ့အနောက် ကမ္ဘာရဲ့ နှစ်ခြမ်းကွဲ ပါရာဒိုင်းအကြောင်ပါ၊ ဘလော့တယ်ကွာ"
"ဒီမိုချာကြီးက ဘလော့သွားတယ်၊ သူတို့ပြောတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်က ဘာလဲ" တဲ့။
ဟ ကောင်လေးရ၊ ဒီမိုကရေစီဆိုတာ သူ သန့်ရှင်းထားတဲ့ ကွင်းပြင်ပေါ် မင်းကို လွတ်လွပ်စွာ အီအီးပါခွင့်ပေးတာ မဟုတ်ဘူး ဟ။
ကစ်ဆင်းဂျား ပြောတာနော်၊ စာစစ်ရင်း တွေ့မိလို့ တင်လိုက်တာ။
in
World Order,
ကစ်ဆင်းဂျား,
ဇင်ဝေသော်
- on 9/05/2015
- No comments
တော်လှန်ရေးပြီးစကာလက အုပ်ချုပ်သူတွေဟာ တော်လှန်ရေး အကွဲအပြဲ ကြားကနေ ပေါ်ထွက်လာတဲ့ လူတွေသာ ဖြစ်နေပြီး နိုင်ငံရေး သဘော တရားတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှု မရှိကြဘူး။ သူတို့ကပဲ လူကြိုက်များ တဲ့ အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ကြွးကြော်လာကြလို့ ဒီမိုကရေစီ မကျတဲ့ အမျိုးသားရေးဝါဒတွေ အရှေ့အလယ်ပိုင်းမှာ အမြစ်တွယ်လာခဲ့တယ်.....................။
နောက်ခံသမိုင်းအားဖြင့် သူတို့နဲ့တူညီတဲ့ အီရတ်ရဲ့ ဆက်ဒန်ဟူစိန်ကတော့ ပိုပြီး အစွန်းရောက်တဲ့ ဘာသာရေး ဘက်မလိုက် စစ်အုပ်ချုပ်မှုနဲ့ အုပ်ချုပ်နေ ခဲ့ပြီး သူအုပ်ချုပ်စဉ် ၁၉၇၀ နဲ့ ၁၉၇၉ ကာလအတွင်းမှာ ခြိမ်းခြောက်မှုတွေေ ရာ၊ ရက်စက်မှုတွေပါ ပါဝင်ခဲ့တယ်။ (အစတော့ အမှန်တကယ် အမျိုးသားခေါင်းဆောင်ပါ၊ နောက်တော့ သူက သမ္မတဖြစ်သွားတယ်)
(World Order)
ကစ်ဆင်းဂျားကတော့ လုပ်ပြန်ပြီ....
အဲဒီအချိန်က အရှေ့အလယ်ပိုင်းရှိ စစ်အစိုးရတွေ၊ ဘုရင်တွေနဲ့ အာဏာရှင် အစိုးရတွေဟာ သဘောထားကွဲလွဲမှုကိုပဲ သူတို့ကို အကြည်ညိုပျက်အောင် လုပ်မှုလို့ ယူဆထားကြတော့ ဖွံ့ဖြိုးတိုးတက်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ (သို့) ဗဟုဝါဒ ယဉ်ကျေးမှုထွန်းကာဖို့ အခွင့်မသာခဲ့ဘူး ဖြစ်သွားပြီး အဲဒီ အကျိုးဆက်တွေက (၂၁) ရာစုရောက်ချိန်အထိ အမျှင်မပြတ်နိုင် ဖြစ်သွားခဲ့ရပါတယ်။
ပြောသွားတာ အတိအကျပဲ။ လိုက်မယ်ဆို ကွင်းဆက်တွေ။
in
ပြန်လည်မျှဝေခြင်း,
ရွှေပြည်ကြီးအကြောင်း
- on 9/05/2015
- No comments
ဆရာတော်ရဲ့ ပြောစကားနောက်ကွယ်မှာ ဘယ်သူတွေ ဘာလုပ်သလဲ သိချင်ရင် နာထောင်ကြည်ပါ
Posted by အမှန် တရား ဘက်တော်သား on Saturday, August 29, 2015
ဖေ့ဘုတ် ဒီမိကရေစီ
in
ဇင်ဝေသော်
- on 9/05/2015
- No comments
ဒီမိုကရေစီမှာ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ ပတ်ဘလစ် လွတ်လပ်ခွင့် ရှိပါတယ်။
သူပိုင်၊ သူ့မြေ၊ သူ့အိမ်တွင်းမှာ သူဟာ လွတ်လပ်ခွင့်အပြည့်ရှိပါတယ်။ အစိုးရ အရာရှိ၊ သမ္မတဖြစ်ရင်တောင် သူ့ခွင့်ပြုချက်နဲ့မှ ဝင်လို့ရပါတယ်။
ဒါပေမဲ့ သူ့ခြံဝင်းအပြင်ထွက်တာနဲ့ သူဟာ ပတ်ဘလစ် လွတ်လပ်ခွင့်ကို လေးစားရပါတယ်။ သူ့ အိမ်ဝင်းထဲက ဥပဒေကို ချန်ထားခဲ့ရပါတယ်။
ဖေ့ဘုတ်ဟာ လစ်ဘရယ် ဒီမိုကရေစီကို ကိုယ်စားပြုပါတယ်။
သူ့ ဝေါပေါ် သွားရေးရင် သူ့ဥပဒေကို လေးစားပါ (သူ့မှာ လုပ်ပိုင်ခွင့် အပြည့်ရှိ)
ကိုယ့်ဝေါပေါ် လာရေးရင် ကိုယ့်မှာ ဆုံးဖြတ်ခွင့်ရှိ။ (ကိုယ့်မူကို ကိုယ်ထိန်းသိမ်းခွင့်ရှိ)
အပြင်ထွက်တာနဲ့ ဘုံဥပဒေကို လေးစားပါ။ မဆဲနဲ့၊ အသားလွတ် မစော်ကားနဲ့၊ ဒါပါပဲ။
ဒါဟာ ဒီမိုကရေစီပါ။


