သိရင် ပြောပေးကြပါလား


စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးခရိုင်၊ လေရှီးမြို့နယ် (နာဂတောင်တန်း) က အဖွဲ့ချုပ် ကိုယ်စားလှယ် ရှိရင် (သို့) သိရင် ပြောပေးကြပါလား။

ဒေါ်ဝင့်ဝါထွန်း (သို့) ဦးအောင်မင်းကို စိန်ခေါ်သူ


ဒေါ်ဝင့်ဝါထွန်း (သို့) ဦးအောင်မင်းကို စိန်ခေါ်သူရဲ့ ဘဝဖြစ်စဉ်အကျဉ်း၊ အကျယ်ကို သိလိုပါတယ်ခင်ဗျား။ သိသူရှိရင် မျှဝေပေးစေချင်ပါတယ်။ ဒုန်း၊ ဒုန်း၊ ဒုန်း။

ကမ်းလက် shared Ven Awthada's photo.
ဂိုးအွန်၊ ဂက်(တ်) ဝန်၊ ကယ်ရီ အွန် ( go on, get on and carry on) ဒေါ်ဝင့်ဝါထွန်း။
ယူ ဂက်တ် မိုင် ဆိုက်ကော်လော်ဂျီကယ် ဘုတ်။


ကဲ ဒုန်းလိုက်ကြပါဦး ပရိသတ်တို့ဗျား..။
____
ကယားပြည်နယ်၊ ရှားတောမြို့နယ်မှာ ဦးအောင်မင်းနဲ့ ပြိုင်မယ့် NLD က ကယန်းတိုင်းရင်းသူ ဒေါ်ဝင့်ဝါထွန်းပါတဲ့..။

သို့ ငါ့ရှင်


ဦးသိန်းစိန်ကို ထောက်ခံတယ်ပြောတိုင်း ဒေါ်စုထောက်ခံသူတွေက ငါ့ကို မသရော်ကြ၊ မကလော်ကြပါ။ ငါနှင့်ငါ့သမိုင်းသည် အစစ်ဆေးခံနိုင်ပါ၏။
စောစောကပို့စ်ကို စောင့်ကြည့်ပါ။ ငါသည် ပေ့ဂ်ျမှာရော အကောင့်မှာပါ တင်ခဲ့ပါသည်။
ငါသည် လွတ်လပ်စွာ ကွဲလွဲခွင့်ထက် ယဉ်ကျေးစွာ ကွဲလွဲခွင့်ကို မျှော်လင့် ပါသည်။

ချယ်လ်ဆီ ရှုံးသွားပြန်ပြီ


သံယောဇဉ်ကြီးစွာ အားပေးခဲ့ရတဲ့ မန်ယူ။
ယုံကြည်မှုကြီးစွာ အားကိုးခဲ့တဲ့ ဦးသိန်းစိန်။
မန်ယူက နှစ်နာရီအတွင်းအဖြေ၊ ဦးသိန်းစိန်က နှစ်လတွင်းအဖြေ။

ပါမောက္ခ မဲလ်ဘန်းနဲ့တွေ့တော့ ဦးလှဆွေကြီးကို သတိရတယ်


ပါမောက္ခ မဲလ်ဘန်းနဲ့တွေ့တော့ ဦးလှဆွေကြီးကို သတိရတယ်။
ပြောဖူးပါတယ်၊ အမေရိကန်မကြီး၊ ဘုန်းကြီးနဲ့ မြန်မာလို စကားပြောရာ မှာ ဝေါဟာရအသုံးအစွဲ လုံးဝမမှားတဲ့ ပါမောက္ခကြီး။
နိုင်ငံခြားတိုင်းပြည်တွေကို မြန်မာလိုခေါ်ရာမှာ မူရင်းနဲ့ ဆက်စပ်မရတာတွေ အကြောင်း ပြောကြတယ်။ ဥပမာ၊ ချိုင်းနားက တရုတ်ဖြစ်နေတာမျိုးပေါ့။
စကားဝိုင်းထဲရှိ ကိုလျှာရှည်မြန်မာက ဘာမှမသိဘဲ ဖေ့စ်ဘုတ် ကွန်မင့်ရေးသလို "ဖရန့်စ်က ပြင်သစ်" လို့လုပ်ပါလေရော။
ဒီတော့ မဲလ်ဘန်းက "ဒါက ဆက်စပ်တယ်လေ၊ ဖရန်စစ်ကနေ ပြင်သစ်၊ ရခိုင်အခေါ်အဝေါ်နဲ့ဆို ပိုတောင်နီးစပ်သေးတယ်" လုပ်ပါလေရော။

ရှက်လိုက်တာ ပြောမေဘာနဲ့ဒေါ့ ဗျာတို့ရေ။ မဲလ်ဘန်းနဲ့ စကားပြောရင်း မဆီမဆိုင် ဦးလှဆွေကြီးကို ဒိရတာ ကျော့ အပြစ် မှုတ်ပါဘုနော့။

ဒါနဲ့ မသိလို့ မေးရဦးမယ်။ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့အထဲမှာ ဘာသာက ကိုးကွယ်မှုဘာသာ (ရီလေးဂျင်း) သက်သက်ပဲလား၊ ဘာသာစကား (လန်းဂွေ့ဂ်ျ) ရော မပါဘူးလား။ ဘာသာစကားလည်း ပါသင့်တယ်။
ဝန်ကြီးရဲ့ဝေါပေါ်မှာ မြန်မာစာခမျာ အတော်လေး အထိနာနေပြီနော်။