သူ့ကမ်း ကိုယ့်ကမ်း

တစ်ခါက ဇင် ဆရာနဲ့ တပည့်တို့ မြစ်ကမ်းဘေးမှာ တရားရှုမှတ်နေကြတယ်။
အတန်ကြာတော့ ဆရာက တစ်ယောက်ပဲ စီးလို့ရတဲ့ လှေကလေးကို လှော်ပြီး ဟိုဖက်ကမ်းကို ကူးသွားတယ်။
ခဏနေတော့ တပည့်ကလည်း တဖက်ကမ်းကို ကူးချင်လို့
" ဆရာ၊ ကျနော့်ဆီကို လှေပြန်ပို့ပေးပါ၊ ကျနော်လည်း တဖက်ကမ်း ရောက်ချင်လို့ပါ " လှမ်းပြောတယ်။
ဒီတော့ သူ့ဆရာက
" ငါ့တပည့်၊ ကိုယ့်တရားကိုသာ စူးစိုက်ရှုမှတ်နေပါ၊ ငါ့ဖက်က ကြည့်တော့ မင်းလည်း တဖက်ကမ်း ရောက်နေတာပဲ၊ ဘာ လှေနဲ့မှ ကူးနေစရာတောင် မလိုဘူး " တဲ့။
ဒီတော့မှ တပည့်က သဘောကျသွားပြီး သူ့ ကမ္မဌာန်း နဲ့သူ ပျော်မွေ့သွားနိုင်တော့တယ်။


~ သူ ငါ မရှိ ~
ဇင်ဆရာကြီး တစ်ယောက်က သူ့ ဂျူနီယာကို ဩဝါဒပေးနေတယ်

" မာစတာ တစ်ယောက်ဖြစ်ဖို့ အရင်ဆုံး သူ ငါ အစွဲတွေ ပြုတ်ပြီး သူ မရှိ ငါ မရှိ နေနိုင်ရတယ်။
ငါ ပြောတာ သဘောပေါက်သလား "

" နေပါဦး၊ ဘယ်သူက ဘယ်သူ့ကို ပြောနေတာ လဲ "


~ သက်သေပြမယ် ~
ဇင်နဲ့ ပတ်သက်တဲ့ ရှေးဟောင်း ပုံတို ပတ်စတွေက အာရှတိုက်မှာ အစပြုခဲ့ပေမယ့် အနောက်၊ အထူးသဖြင့်အမေရိကမှာ သွားပြီး ရေပန်းစားနေပါ သတဲ့။ ဒါကြောင့် အာရှသားတွေဟာ သင်္ချာမှာ တော်သလောက် ဟာသဉာဏ် မှာတော့ ချားတူးလန်လို့ ပြေတာခံကြရတယ်။

အနောက်တိုင်းသားက
" မင်းတို့ အာရှသားတွေ သင်္ချာမှာ တော်သလောက် ဟာသဉာဏ် မှာတော့ ချားတူးလန် ပဲ "

ဒါနဲ့ အာရှသားက
" အဲဒါ မမှန်ပါဘူး၊ စာ နှစ်မျက်နှာလောက်နဲ့ ( သိပ္ပံနည်းကျ သင်္ချာအခြေခံသဘောတရားတွေ ကိုးကားပြီး ) မမှန်ကြောင်း ဒါကို သက်သေပြပါမယ် " လို့ ပြန်ပြောလိုက်တယ်။


ဇင်ဝေသော်

Post a Comment