တစ်ပတ်အတွင်း သတင်းများ

" မြန်မာသတင်း"
 
~ မြန်မာ လူမျိုး အယဉ်ကျေးဆုံး ( ဂူဂဲလ် သုတေသန အဖွဲ့ ) ~
ဖြစ်ပုံက ဤသို့တည်း။ ဂူဂဲလ် သုတေသန အဖွဲ့က ကမ္ဘာပေါ်တွင် စာအုပ်ရေ မည်မျှရှိသနည်းဟု သုတေသနပြုရာ ၁၂၉ သန်းရှိကြောင်း တွေ့ရသည်ဟုဆိုသည်။ အတိအကျ ဆိုရမူ ၁၂၉, ၈၆၄, ၈၈၀ ဖြစ်၏။ ထို့အတူ   ဂူဂဲလ် သုတေသန အဖွဲ့က စကားလုံး တစ်လုံးထဲ ထပ်တလဲလဲ သုံးစွဲသော ပို့စ် ကို ဆက်လက် သုတေသနပြုရာ မြန်မာလူမျိုးမျာနှင့် ပတ်သက်သော စာမူ တစ်ခု ဖြစ်နေသည်ကို တွေ့ရသည် ။ ( ထိုစာမူသည် နိုင်ငံရေးသမား တစ်ယောက်၊ ကဗျာဆရာ တစ်ယောက်နှင့် ပတ်သက်သည်ဟု ဆို၏ )
ထို ပို့စ် နှင့် ဆက်စပ်၍ လူ အများဆုံး သုံးစွဲသော ဝေါဟာရမှာ "  -ီး " ဖြစ်သည်။ စုစုပေါင်း ၎င်း  ဝေါဟာရ သုံးစွဲသော အရေအတွက် ၈ သိန်း ကျော်ပြီဟု ဆို၏။ ၎င်း  ဝေါဟာရ၏ အဓိပ္ပါယ်ကို မသိသော ဂူဂဲလ် သုတေသန အဖွဲ့က မြန်မာစာ ပညာရှင်များထံ ချဉ်းကပ် မေးမြန်းရာ ယဉ်ကျေးမှုကို ညွှန်းဆိုသော ( ယဉ်ယဉ်ကျေး ကျေး သုံးစွဲထားသော ) ဝေါဟာရ ဖြစ်ကြောင်း ပညာရှင်တို့က ဖြေဆိုသည်။ ထို့ကြောင့် ပို့စ် တစ်ခုတည်း၌ ထပ်တလဲလဲ သုံးစွဲခြင်းခံရသော ဝေါဟာရသည် ဂူဂဲလ် သုတေသန အရ  " -ီး " ဖြစ်လေသည်။ ထို့အတူ မြန်မာ လူမျိုးများလည်း ဂူဂဲလ် သုတေသန အဖွဲ့ အဆိုအရ အယဉ်ကျေးဆုံး လူသားများ ဖြစ်ကြလေသည်။


" အရှေ့တောင် အာရှသတင်း "
မလေးရှာနိုင်ငံ ပညာရေးဝန်ကြီး Mohd Puad Zarkashi က သိပ္ပံ ပညာရှင်များ တွေဝေသွားနိုင်သည့် သတင်းတစ်ပုဒ် ထုတ်ပြန်လိုကသည်။ သူ့ အဆိုအရ အခြောက်စိတ်ပေါက်ခြင်းသည် ဗီဇနှင့်လည်း မဆိုင် ပတ်ဝန်ကျင် လိုက်ဖ် စတိုင် နှင့်လည်း မဆိုင် စွပ်ကျယ် ခေါင်းစွတ် ပုံစံနှင့်သာဆိုင်သည်။ V -shape ပုံ  စွပ်ကျယ် ခေါင်းစွတ် ဝတ်သူများသည် အချောက်များ ဖြစ်ကြသည်၊ ထို့ကြောင့် ကျောင်းသားလူငယ်များ ထို ပုဂ္ဂိုလ်တို့ကို ဝေးဝေးက ရှောင်ရမည် ဟု ပညာသားပါပါ မှာကြားခဲ့သည်။ အမှန်မူ ယနေ့အထိ အခြောက်စိတ်ပေါက်ခြင်း၏ အကြောင်းကို  သိပ္ပံ ပညာရှင်များ တိတိကျကျ မပြောနိုင်သေး။ ယခုမှ ရှင်းသွားတော့သည်။

" အာရှ သတင်း "
ကမ္ဘာပေါ် ဖြစ်ဖြစ်သမျှသော စစ်ပြင်ဆင်ခြင်း၊ အငြင်းပွားခြင်းတို့တွင် တရုတ်နှင့် ဂျပန်တို့က စံချိန်တင်နိုင်ခဲ့သည်။ အခြား အငြင်းပွားတို့က ကိုလိုနီ နယ်လုခြင်း၊ စီးပွားရေး ဈေးကွက်လုခြင်း၊ ဘာသာရေး ယုံကြည်မှု မသင့်မြတ်ခြင်း စသည်တို့ ဖြစ်သည်။ ယခု တရုတ်နှင့် ဂျပန် အငြင်းပွားမှုကား ၎င်းတို့နှင့် မဆိုင်၊ ပင်လယ်ထဲမှာရှိသော အရုပ်ဆိုးဆိုး ကျောက်တုံးကြီး တစ်တုံးအတွက် စစ်ပြင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် သမိုင်းပညာရှင်တို့ အဆိုဖြစ်သော  " ဘာသာရေးအခြေခံသော စစ်ပွဲ " လည်း မှားလေတော့သည်။ ကျောက်တုံးအခြေခံသော စစ်ပွဲ ဖြစ်၏။

" ကမ္ဘာ့သတင်း "
၁ ။ အမေရိကန် နိုင်ငံ State of Tennessee က ကလေးအမေ အမျိုးသမီးတစ်ယောက်ဟာ အသက် ၁၁ နှစ် အရွယ်ရှိ သူ့ကလေး ပစ်လိုက်တဲ့ ကျည်ဆန်နဲ့ သူမခေါင်းကို ရှပ်မှန်သွားတဲ့အတွက် ( အဲဒီ အမျိုးသမီး) အဖမ်းခံခဲ့ရပါတယ်။ ဖမ်းတဲ့ အမှုကတော့ " child neglect -ကလေးကို ဂရုစိုက် မထိမ်းသိမ်းခြင်း "  ဖြစ်ပါတယ်။

၂။ နာမည်နဲ့ ပတ်သက်လို့ အလေးထာသူတွေ ရှိသလို လုံးဝ အလေးမထားသူတွေလည်းရှိတယ် ဆိုတာ အမေရိကန်တွေကပဲ ဦးဆောင် ပြသခဲ့တယ်လို့ ဆိုပါတယ်။ မယုံရင် သူတိုအချို့ မြို့တွေရဲ့အမည်ကို ကြည့်ပါ။
    Bland မြို့ ( Missouri )
    Flat မြို့  ( Alaska )
    Ordinary  မြို့ ( Virginia )
    Dowdy မြို့ ( Arizona )
    Pitts မြို့( Georgia )
    Mount Misery မြို့ ( New Jersey )
    Dull မြို့ ( Ohio )
    Plain မြို့( Wisconsin )
    Mousie မြို့( Kentucky )
    Low Point မြို့ ( Arizona )
   Swastika မြို့( New York )
မကျေနပ်သေးရင် Michigan ကို သွားပါ၊ Hell  မြို့ ကို တွေ့ရပါလိမ့်မယ်။


ဇင်ဝေသော် ( ဦးကိုမောင် ကိုယ်စား အပြုံးတစ်ပွင့် :)

Post a Comment