ပြန်ချင်တဲ့ ကွန်မင့်များ

"ဒါနဲ့ အချို့ကဆိုကြတယ်. မတရားမှုတစ်ခုမှာ ကြားနေရင် ဖိနှိပ်သူဘက်က လိုက်တာတဲ့.. ဟုတ်လားဟင် ??"

မသန်းလဲ့ ရေ..
ကြားနေတာက ကြားနေတာပဲထင်ပါတယ်။ ဘယ်ဘက်ကိုမှ မလိုက်ပါဘူး။ ကြားနေတယ်ဆိုရာမှာ..
၁။ ကိုယ်နဲ့မဆိုင်၊ ကိုယ့်ကိစ္စမဟုတ်လို့ ဘာသိဘာသာနေတာနဲ့
၂။ ကိုယ်နဲ့ဆိုင်ပေမဲ့ ကိုယ်ထောက်ခံ၊ ပါဝင်ပတ်သက်တဲ့ လူ (သို့) အဖွဲ့ အစည်းက လုပ်နေတာတွေဟာ မဟုတ်တော့ဘူးလို့ ယုံကြည်မိရင်လည်း (ဟိုဘက်ကိုလည်း မထောက်ခံနိုင်) စိတ်ပျက်ပျက်နဲ့ ကြားနေတတ်ကြပါ တယ်။

ဒီအထိတော့ ဘယ်ဘက်ကိုမှ မလိုက်သေးဘူးထင်ပါတယ်။ အလွန်အမင်း မတရားဘူးလို့ ယုံကြည်လာရင်တော့ ဆန့်ကျင်ဖက်ကို ရောက်ချင် လည်း ရောက်သွားနိုင်တာပေါ့ လေ။
အခု ထင်မြင်မိတာက နိုင်ငံရေး ကြားနေဝါဒနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေး ကြားနေဝါဒကတော့ နိုင်ငံကြီး၊ စူပါ ပါဝါကြီး နှစ်နိုင်ငံကြားမှာ လှုပ်မရလို့ ကုတ်နေလိုက်နေရတာမျိုးတွေ ရှိမှာပေါ့။ အများကြီးပါ။

အဲ..တချို့ အမြင်က "ငါ့ကို (ငါတို့ကို) မထောက်ခံရင် မင်းက ဟိုဘက်ကလူ" ဆိုတာမျိုးပါ။ သဘာဝမကျတဲ့ တစ်ယူသန် စွပ်စွဲမှုလို့ ယူဆမယ်ဆို ယူဆလို့ ရတဲ့ အမြင်ပေါ့ ဗျာ။ ဒါက ပုဂ္ဂလိက အမြင်ပါ။
လေးစားစွာဖြင့်

Post a Comment