အို... နိုး...... ဘုရားဆင်းတုတော်ကိုမှ ကွယ်.......!


ပြင်သစ် နိုင်ငံသား သုံးယောက်  ဘုရားဆင်းတုတော်ရဲ့ နှုတ်ခမ်းတော်ကို နမ်းမှုကြောင့် သိရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာ အဖမ်းခံခဲ့ရပါတယ်။ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် ဖြစ်ပြီး အဲသလို ဓာတ်ပုံရိုက်တာက အမျိုးသမီး ဖြစ်ပါတယ်။ ဓာတ်ပုံကို ကူးရာမှာ ဖလင်ဆေးသူက တွေ့ရှိပြီး ရဲကို အကြောင်းကြားရာမှ တဆင့် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ ပြစ်ဒဏ် အနေနဲ့ ငါးနှစ်အတွင်း ထောင်ဒဏ် ခြောက်လ ကျခံရမှာဖြစ်ပြီး  ထောင်ဒဏ်ကို ရွှေ့ဆိုင်းလိုက်တဲ့ အတွက် သူတို့သွားလိုရာကိုတော့ သွားနိုင်တယ် လို့ ဆိုပါတယ်။

အရင်လကပဲ ဗုဒ္ဓဘာသာ ကျမ်းစာများကို အသရေ ဖျက်မှုကြောင့် အာရပ် တိုးရစ်  ငါးယောက်လည်း အဖမ်းခံခဲ့ရကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြထားပါတယ်။ ထို့အပြင် အမေရိကန် ရပ်ပ် ( Rap star ) အဆိုကျော် အကွန် ( Akon )ကိုလည်း ဘုရားဆင်းတုတော်ရှေ့ မတော်တရော် အမျိုးသမီးပုံနဲ့ တွဲပြီး မြူးဇစ် ဗွီဒီယိုထုတ်ခဲ့မှုကြောင့် ၂၀၁၀ ခု မတ်လကပိတ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်က ဗုဒ္ဓ ဘား မြူးဇစ် ( Buddha bar music ) နဲ့ ဘီကီနီဝတ်းထားတဲ့ ဘုရားပုံတော်ကို တွေ့ရပြီး ရဟန်းတော်တွေက ဘာသာရေး စော်ကားမှုဖြစ်ကြောင်း တင်ပြလာလို့ အားလုံးကို ရှာဖွေ ဖမ်းဆီးဖို့ တရားရုံးချုပ်က ရဲ နဲ့ ကာစတန် ဌာန ကို အမိန့် ထုတ်ခဲ့ရပါသေးတယ်။

သီရိလင်္ကာ နိုင်ငံဟာ ဘာသာရေးနဲ့ ပတ်သက်လို့ ဥပဒေ တင်းကြပ်ကြောင်း ၊ မတော်တရော် အဝတ်အစားများနဲ့ ဘုရား ကျောင်း ကန်တွေထဲ ဝင်ခွင့်ပင် မရှိကြောင်း သိရပါတယ်။

Ref: S.T. 23,8.2012.


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment