အလွမ်းပြေ

ရိုးသားမှု
မေး ။  ။ ရိုးသားမှုကို ငွေပေးဝယ်လို့ မရဘူး ဆိုတာကို လက်ခံပါသလား။
ဖြေ ။  ။ လက်ခံပါတယ်။
မေး ။  ။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။  ။ ရောင်းတဲ့လူ မရှိလို့ပါ။
မေး ။  ။ ဘာလို့  ရောင်းတဲ့လူ မရှိတာလို့ ထင်ပါသလဲ။
ဖြေ ။  ။ ရိုးသားမှုကို ရောင်းရင် ပုံမှန်ဝင်ငွေလည်း မရှိနိုင်လောက်ဘူး လေ။

အနားသတ် မျဉ်း
" အုတ် က မာတယ် "
" ကျောက်က  မာတယ် "
လူ နှစ်ယောက် ငြင်းခုံနေကြတာ။ သူတို့  ငြင်းခုံနေစဉ် နောက်ထပ် လူ နှစ်ယောက် ရောက်လာပြန်တယ်။
" ဘာတွေ  ငြင်းခုံနေကြတာလဲ ဗျ "
" အုတ် နဲ့  ကျောက် ဘယ်ဟာကပိုမာသလဲ  ငြင်းခုံနေကြတာပါ "
နောက်ထပ် ရောက်လာတဲ့ လူ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။
ပြီးတော့ သူတို့ ခေါင်းမှာရှိတဲ့ " ဖု " တွေကို ကိုယ်စီ စမ်းကြည့်ရင်း
" အုတ် ရယ် ကျောက်ရယ် မဟုတ်ပါဘူးဗျာ။ ကိုယ့်ခေါင်းပေါ် ကျလာတဲ့ အရာတိုင်း မာကျောတာချည်းပါပဲ " တဲ့။
ပြိုင်တူဖြေချလိုက်ကြတယ်။


ကျနော်ချစ်ခင်လေးစားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို လွမ်းလို့
အလွမ်းပြေ ဝတ္ထုတိုလေးတွေ ( သူ့စကားအတိုင်း ) ရေးကြည့်တာပါ။
ကျနော်လည်း လေးကြောင်း၊ ခြောက်ကြောင်းပါ ဒိုင်ယာလော့ တွေကို ဝတ္ထုတို လို့ ခေါ်ချင်ပါတယ်။
စာဖတ်သူ အလွမ်းပြေ မပြေက ကျနော့် ညံ့ဖျင်းမှု အားနဲ့ပဲ ဆိုင်ပါတယ်။


လေးစားလျက်
ဇင်ဝေသော်

3 comments

စာဖတ်သူ တွေ အလွမ်းပြေမပြေတော့ မသိဖူး ကျမတော့ အလွမ်းပြေပါတယ်ရှင့်

Reply

ကျေးဇူးတင်ပါတယ် မစန်းထိပ်ထားဦး။

Reply

ကျေးဇူးတင်ပါတယ် မစန်းထိပ်ထားဦး။

Reply

Post a Comment