သေချင်လျက် မသေရသူများ

လူတွေမှ မဟုတ်ပါဘူး၊ သိပ္ပံပညာတွေလည်း တစ်ခုနဲ့တစ်ခုသဘောထားခြင်း မတိုက်ဆိုင်ကြပါဘူး။ အချင်းချင်း ငြင်းခုံနေကြတာပါပဲ။ မယုံရင်ကြည့်ပါ။

ဆိုရှယ်ဆိုင်းယင့်က ပြောတယ်
"အိမ်ထောင်ရှင် အမျိုးသားတွေဟာ အိမ်ထောင်မရှိတဲ့ အမျိုးသားတွေထက် အသက်ပိုရှည်ရှည်နေရတယ်"
ဒီအဆိုကို စိတ်ပညာသိပ္ပံက မငြင်းပါဘူး။ လက်ခံတယ်ရယ်လို့လည်း မဟုတ် ဘူး။

စိတ်ပညာဆိုင်းယင့်က
"ဒီအဆိုဟာ မှန်ပါတယ်။ ဒါပေမဲ့ သေချင်စိတ်ပေါက်တဲ့ အကြိမ်ရေအနေနဲ့ ကြည့်ရင်တော့ အိမ်ထောင်မရှိတဲ့ အမျိုးသားတွေထက် အိမ်ထောင်ရှင် အမျိုး သားတွေက အများကြီးပိုနေတာ တွေ့ရပါတယ်" တဲ့။

ဒီ အဆိုနှစ်ခုကို ပေါင်းပြီး ကျနော် ကောက်ချက်တစ်ခု ဆွဲလိုက်ပါတယ်။ ဒါကတော့...
"သေချင်လျက် မသေရတဲ့ လူတွေဟာ အိမ်ထောင်ရှင် အမျိုးသားတွေဖြစ် တယ်"

အိမ်ထောင်ရှင် အမျိုးသားတွေ သဘောတူနိုင်ပါမလား မသိဘူး။ ဒါပေမဲ့ ဒါဟာ သိပ္ပံနည်းကျပါပဲ။

(27/07/2013 10:00)

Post a Comment