(ဗက်ကလပ် ဟာဘယ်(လ်))
လှမ်း ကြည့်လိုက်ကွာ၊ ပြူတင်းပေါက် မစုံ၊ လူမစုံတော့တဲ့ အိမ်အိုတွေ
မော့ ကြည့်လိုက်ဦးကွာ၊ အရုပ်ဆိုးဆိုး တိုးလို့တွဲလောင်း မီးကြိုးတွေ
ငုံ့ ကြည့်လိုက်ဦးကွာ၊ ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းမ၊ လူလျှောက်လို့ မရတဲ့ ပလက်ဖောင်းတွေ
လာ၊ တို့ ရှေ့ဆက်လျှောက်ရအောင်.......
ကြည့်လိုက်ကွာ
အက်စစ်မိုးတွေကြောင့် သေသူ သေ၊ မဝေသူ မဝေ၊ ငါတို့သစ်တောတွေ
ဒါတွေအားလုံးကို ငါတို့ ပြုပြင်ကြရမှာနော်
စိတ်ဓာတ်ခိုင်မှ ရမယ်။
နေဦး
ဒါတွေက ဆယ်စုနှစ်တစ်ခုအတွင်း ပြုပြင်လို့ရနိုင်တယ် ကွ။
ပြူတင်းပေါက် မစုံ၊ လူမစုံတော့တဲ့ အိမ်အိုတွေထဲက လူတွေ
အရုပ်ဆိုးဆိုး တိုးလို့တွဲလောင်း မီးကြိုးတွေအောက်က လူတွေ
ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းမ၊ လူလျှောက်လို့ မရတဲ့ ပလက်ဖောင်းတွေပေါ်က လူတွေ
သူတို့ စိတ်ဓာတ်၊ သူတို့ ကိုယ်ကျင့်တရား၊ သူတို့ အနာဂတ်တွေကို ပြုပြင်ဖို့
ဘယ်ဆယ်စုနှစ်နဲ့မှ လုံလောက်မယ် မဟုတ်ဘူး။
မင်း အဆင်သင့်ဖြစ်ပြီလား။
ထောင်ကလွတ်စ၊ တစ်စစီမြို့ပြကို ကြည့်ရင်း ချက် တော်လှန်ရေး၊ ပြုပြင်ရေး ခေါင်းဆောင် ဗက်ကလပ် ဟာဘယ်(လ်)က သူ့လက်ရုံးကို ပြောပြနေတဲ့ စကားတွေပါ၊ အတိအကျ မဟုတ်ပါ၊ ဒါပေမဲ့ ဒီအဓိပ္ပါယ်ပါ။ ကျနော် ခံစားရသလို ပြန်ဆို ရေးထားတာပါ။
Post a Comment