အားကစားနဲ့နိုင်ငံရေး


အားကစားနဲ့နိုင်ငံရေးက တိုက်ရိုက်တော့ ဆက်စပ်မနေပါဘူး။ ဒါပေမဲ့ ဒီနေ့ ပညာရှင်နှစ်ယောက်ရဲ့ ဆောင်းပါးနှစ်ပုဒ်ကတော့ အချက်အလက်ဆင်တူ တစ် ရက်တည်း၊ သတင်းစာတစ်စောင်တည်း၊ စာ တစ်မျက်နှာတည်းမှာ ပေါ်လာ ပါတယ်။
သူတို့နှစ်ပုဒ်ကို ချုပ်ကြည့်ရင်......

၁။ ၁၉၄၅ ကမ္ဘာ့စစ်မှာ အရှက်တကွဲ အရှုံးကြီးရှုံးခဲ့ရပြီး ၁၉၅၄ မှာ ကမ္ဘာ့ဖလား ရခဲ့တော့ လူမျိုးရေးသိက္ခာ အဖတ်ဆယ်နိုင်ခဲ့။

၂။ ၁၉၇၄ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးမကြာမီမှာပဲ စီးပွားရေးချန်ပီယံလည်း ဖြစ် လာခဲ့။

၃။ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံ မဖြစ်မီလေးမှာ အရှေ့အနောက် ပူးပေါင်းလိုက်နိုင် ခဲ့။

၎။ ပဲရစ်က လှပတဲ့ ပြတိုက်တစ်ခုမျှ၊ ရောမက ပြိုလဲရဲတိုက်၊ လန်ဒန်က ဈေးကြီး၊ ရှုပ်ပွမြို့တော်ဖြစ်နေချိန် ဘာလင်က လူငယ်တွေ အိမ်ဝယ်နေနိုင်တဲ့ မြို့တော် အနေနဲ့ တိတ်တဆိတ်၊ တစ်ရိပ်ရိပ်တက်လာ။

၅။ ဂျာမန်တွေရဲ့တန်ဖိုးက စည်းကမ်း၊ ဇွဲ၊ အလုပ်ကြိုးစား၊ လုပ်ချလိုက်ရင် အားလုံး ကလပ်စစ်။

၆။ ပဲရစ်နဲ့ လန်ဒန်က ကုလသမဂ္ဂ ဗီတိုအာဏာကြီးတွေကိုင်ထား၊ ဒါပေမဲ့ ဥရောပ တစ်တိုက်လုံးက ဂျာမန်တွေရဲ့ ခေါင်းငြိမ့်ခေါင်းခါကို စောင့် အကဲခတ်နေကြရ။




၇။ ၁၉၅၄ ကမ္ဘာ့ဖလားပွဲမှာတော့ လှလှပပကစားတတ်တဲ့ ဟန်ဂေရီနဲ့ဟော်လန် ကို အနိုင်ရလိုက်လို့ အကျည်းတန် ချန်ပီယံ တွင်ခဲ့။

၈။ ၁၉၇၄နဲ့ ၁၉၉၀ မှာတော့ သူတို့ရဲ့ ထိရောက်တဲ့စနစ်၊ ကြိုးစားမှုအတွက် ဂျာမန် အင်ဂျင် နာမည် မွှေးခဲ့။

၉။ ၂၀၁၄။ ထိရောက်တဲ့စနစ်၊ ကြိုးစားမှုအပြင် ကစားဟန်နဲ့ ဘောလုံးအနုပညာပါ စီးဝင်လာခဲ့။ ကြားနေပရိသတ်တွေက ဂျာမန်တွေ ဖလားမြှောက်စေချင်ကြ။

၁၀။ တစ်ချိန်တုန်းက ဂျာမန်တွေက ပါဝါနောက်လိုက်ခဲ့၊ ဒီနေ့ ပါဝါက ဂျာမန်တွေနောက် လိုက်နေ။ ဥရောပ၊ ကမ္ဘာ့ ဇာတ်ခုံ။ ကုတ်ကုတ်လေးနဲ့ ဂျာမန်တွေ တက်လာနေ။
 

Post a Comment