ဒီနေ့ တက်လာတဲ့ ဖေ့စ်ဘုတ်စတေးတပ်တချို့

(18/03/2014)
ပိုးဟပ်ရဲ့စတေးတပ်။ ။ ဟူး၊ အမူးသမားအခန်းထဲဝင်လာတာကို ကြိုမသိ ခဲ့ဘူးကွာ။ မနည်းရှောင်လို့ သူ့ဖနောင့်ရန်က လွတ်လာရတာ သယ်ရင်း တို့ရေ၊ ခံလိုက်ပေါ့ ကိုယ့်ဘဝနဲ့ကိုယ်ပဲကွာ။

ကြက်မရဲ့စတေးတပ်။ ။ အားလုံး မင်္ဂလာပါရှင်။ မနက်ဖြန် မင်္ဂလာပါလို့ စတေးတပ်မတက်လာရင် KFC ထဲရောက်သွားပြီလို့ မှတ်ယူပေးကြပါ။ အခုတော့ မင်္ဂလာပါရှင်။

ဝက်ရဲ့စတေးတပ်။ ။ ခွီးပဲကွာ၊ သူတို့ဖာသာသူတို့ ဖလူးဖြစ်တာ ငါ့ကို ဆွဲ ထည့်နေကြတယ်။ ရေရေလည်လည် လေတယ်ကွာ။ စဉ်းစားကြည့်ကြ ပါအုံး သယ်ရင်းတို့ရာ။

ဆိတ်ရဲ့စတေးတပ်။ ။ သူတို့ ဟောလီးဒေးနီးလာပြီ၊ ကိုယ်တော့ လည်တ ဆန့်ဆန့်နဲ့ လျှောက်မသွားရဲတော့ဘူး။ အပြင်မှာမတွေ့လို့ တစ်မျိုးမထင်ကြ နဲ့နော်။ ဘိုင်။

သူတို့လည်း လူတွေနဲ့ သိပ်မကွာလှဘူး။

Post a Comment