ဒုတိယအကြိမ်မြောက် အဘိဓမ္မာဆုနှင်းသဘင် (၂ဝ၁၃) ဖိတ်ကြားလွှာ


ab-award

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ...
စင်္ကာပူနိုင်ငံ အဘိဓမ္မာမိသားစုများမှ ညီညာပေါင်းစု၍ ၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့အနေဖြင့် ကြွရောက်အားပေးကုသိုလ်ယူနိုင်ကြစေရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အချိန်။ ။ နေ့လည် ၃း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီ
နေ့ရက်။ ။၁၉-၁၀-၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် (30 Jalan Eunos, Singapore 419495)
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)
**အဘိဓမ္မာမိသားစုများမှ သီးစုံထောပတ်ထမင်းဖြင့်အာဟာရဒါနပြုကြမည်ဖြစ်ပါသည်။

အခမ်းအနားအစီအစဉ်
  • နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း။
  • သံဃာတော်အရှင်သူမြတ်တို့ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း။
  • သံဃာတော်အရှင်သူမြတ်တို့ ထံမှ ဩဝါဒတရား နာကြားခြင်း။
  • စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ သာသနာရေးဆိုင်ရာများ လျောက်ထားရန်။
  • အဘိဓမ္မာစာမေးပွဲ(၂၀၁၃)တွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်သူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း။
  • အဘိဓမ္မာတရားတော်များသင်ကြားပို့ချဖြန့်ဝေပေးသောဆရာများအား ဂါရဝပြုပူဇော်ခြင်း။
  • “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခြင်း။
  • ဆရာတော်များ ပြန်လည်ကြွချီခြင်း။
  • ကြွရောက်လာကြသော ဧည့်ပရိသတ်များအား သီးစုံထောပတ်ထမင်း ၊ သစ်သီး ၊ အအေး ၊ အချိုပွဲတို့ဖြင့် အာဟာရဒါနပြုခြင်း။

၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသူများစာရင်း
အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲ
  • သုံးဆင့်လုံး အောင်မြင်သူ = ၉ ဦး
  • ပထမဆင့် နှင့် ဒုတိယဆင့် အောင်မြင်သူ = ၁ ဦး
  • ဒုတိယဆင့် နှင့် တတိယဆင့် အောင်မြင်သူ = ၁ ဦး
  • ပထမဆင့် အောင်မြင်သူ = ၆၂ ဦး
  • ဒုတိယဆင့် အောင်မြင်သူ = ၁၁ ဦး

အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲ
  • သုံးဆင့်လုံး အောင်မြင်သူ = ၁ ဦး

အောင်မြင်သူစုစုပေါင်း (၈၅) ဦး 

အဘိဓမ္မာ မြတ်ဒေသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ထွန်းကားပြန့်ပွားရန်အတွက် သဒ္ဓါတတ်အားနည်းများမဆို ချီးမြှင့်ထောက်ပံ့လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော် ၍နှိုးဆော်တိုက်တွန်း အပ်ပါသည်။
ဆက်သွယ်ရန်အကျိုးတော်ဆောင်များ
အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) - ကိုဇော်မျိုးမင်း: 90479374 ၊ မမူယာနွဲ့: 81800620
ပညာပါရမီအသင်း(စင်္ကာပူ) - မမြမြမွန် : 83223535 ၊ မမြင့်မြတ်ဆွေ : 90069742
ထားဝယ်မိသားစုပရဟိတအသင်း(စင်္ကာပူ) - ကိုထိန်လင်းဦး : 91955332 ၊ ကိုကျော်ကျော်ထွေး : 91250701



အဘိဓမ္မာ မိသားစုများကိုယ်စား
လေးစားစွာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)

Post a Comment