ဘယ်ဆိုင်က ကော်ဖီလဲ


ဇနီးက မီးဖိုထဲမှာအလုပ်ရှုပ်နေချိန် အမျိုးသားက ဧည့်ခန်းထဲမှာ သတင်းစာ ဖတ်နေတယ်။ သူတို့ရဲ့ သုံးနှစ်အရွယ်သမီးလေးကတော့ သူ့ ဖေးဘရိတ် အ ရုပ်လေးတွေနဲ့ကစားနေတာပေါ့။ ဖေးဘရိတ်အရုပ်ဆိုတာ ကော်ဖီကရားနဲ့
ကော်ဖီပန်းကန် အစုံပါ။ ကလေးက သတင်းစာဖတ်နေတဲ့ သူ့အဖေအ တွက် ကော်ဖီဖျော်လာတယ်ဆိုပြီး လာလာချပေးတယ်၊ တကယ်တော့ ရေေ တွပါ။ အဖေလုပ်သူကလည်း သူ့သမီးလေးကစားနေတာကိုကြည့်ပြီး ကျေနပ် မဆုံး တပြုံးပြုံးပေါ့။ လာချပေး သမျှကိုလည်း တော်လိုက်တဲ့သမီးလေးဆိုပြီး သောက်ပေးတယ်။

ခဏနေတော့ သူအမေဘေးမှာ ရှိနေတုန်း သမီးလေးက ကော်ဖီလာတိုက် လို့ သောက်မယ်လုပ်နေစဉ် ဇနီးက သေသေချာချာကြည့်လိုက်ပြီး

" ရှင့်နှယ်နော်၊ ဒါလေးမှမစဉ်းစားမိဘူးလား။ သမီးလေးအရပ်နဲ့ ခပ်လို့မီနိုင် တဲ့ရေက တစ်အိမ်လုံးမှာ အိမ်သာထဲမှာပဲရှိမယ် "
( Ref: R.D.May, 2012 )


ဇင်ဝေသော်

Post a Comment