( ကမ်းလက် လပတ်လည်အတွက် ရေးထားတာ ကြာနေပြီဖြစ်တဲ့ ဒီဆောင်း ပါးလေးကို တင်လိုက်ပါတယ် )
၁ ။ အဲလက်(စ်) ဖာဂူဆန်
ဘောလုံးစွဲ၊ မန်ချက်စတာ ယူနိုက်တက်စွဲ ဆရာသမားကြောင့် ကျနော့်ဘဝ ထဲကို အရင်ဆုံး ဝင်လာသူကတော့ ဆယ်ကျော်သက်ဘဝကတည်းက ရင်းနှီး ကျွမ်းဝင်ခဲ့ရတဲ့ ရွာအနောက်ခြမ်းက လူကြီးတစ်ယောက်ပါ။ သူ့နာမည်က ဖာဂူဆန်။ ယဉ်ကျေးမှုနဲ့အညီ ပြောရရင် ဆာ အဲလက်(စ်) ဖာဂူဆန်ပါ။ သူနဲ့ ဆက်စပ်ပြီး သိလာရတဲ့လူတွေ အများကြီးပဲ။
ဖူဂူဆန်နဲ့ ပတ်သက်လို့ နာမည်ကြီးတာတွေက
၁။ Men-management (လူကို ထိမ်းသိမ်းမှုစွမ်းရည်)
၂။ Mind game (တစ်ဖက်သားကို စကားနဲ့ ကလိတာ)
၃။ Hair dryer treatment (အလိုမကျရင် နားနားကပ်ပြီး အော်တော့ စိုနေတဲ့ဆံပင်တောင် ခြောက်သွားတာ)
ဘောလုံးအသင်းတွေသာ ပြောင်းသွားတယ်၊ အောင်မြင်တဲ့ ဖာဂူဆန်ရဲ့ အ သင်းပုံစံက ပြောင်းမသွားဘူး။ သစ္စာရှိရင် ရှိသလို ဆက်ဆံတယ်။ ရိုင်ယံဂစ် တို့၊ ပေါ့လ်စခိုးတို့ဆိုရင် ဒီနေ့အထိ ဘောလုံးကန်နေ ကြ၊ ခြေစွမ်းပြနေကြ တုန်းပဲ။ အဲ့သလိုပဲ၊ ဘောလုံးသမားတစ်ယောက်ကြောင့် အသင်းရဲ့ စည်း လုံးရေးကို ထိခိုက်မယ်ဆိုရင်လည်း ဘယ်လောက်ကြီးတဲ့ အကောင်ကြီး ပဲဖြစ်ဖြစ် ရောင်းထုတ်တာပဲ။ တော်တော် ရက်စက်တယ်။
ပထမ ရှိုင်ကိန်း၊ သူ့နောက် ဒေးဗစ်ဘက်ခမ်း၊ ပြီးတော့ နစ်စတယ်ရှိုင်း ၊ နောက်ဆုံး ရော်နာဒို။ သူတို့ မရှိရင် အသင်းထိခိုက်မယ်၊ ဖာဂူဆန်ဟာ သူ့အတ္တကြောင့်ပဲကျရှုံးရတော့မယ်ဆိုတဲ့ တောင်ရောက် မြောက်ရောက် ပြောတတ်တဲ့ပါးစပ်တွေ ပိတ်ကုန်အောင် ဖာဂူဆန်က ဖလားတစ်လုံး ယူပြသွားခဲ့ တယ်။ တကယ်တော့ ဖာဂူဆန်အတ္တက အသင်းအပေါ်မှာထား တဲ့ စေတနာ နဲ့ ရောနေပါတယ်။
No man is bigger than the team ပါပဲ။
ဂျစ်ကန်ကန် ဝိန်းရွန်နီကို ဖာဂူဆန်က မိန်းမပေးစားလိုက်တယ်။ သူ့တာဝန် တစ်ဝက်ကို သူ့မိန်းမကို ခွဲပေးလိုက်တာပါ။ အခုဆိုရင် ရွန်နီက ရင့်ကျက်နေ ပြီ။
ဗုဒ္ဓဘာသာအနေနဲ့ (ဗုဒ္ဓဘာသာကို သိသလိုလိုနဲ့) ပြောရင် အတ္တကြီးတယ် လို့ ဆိုမလား။ ဒါပေမယ့် ဒီလောက်မှ မမာရင် အောင်မြင်မှုက ဘယ်အပေါက် က ဝင်လာမလဲ။ ဖာဂူဆန်အကြောင်း ရေးစရာတွေ များပေမယ့် သိပ်မချဲ့ လိုတော့ပါဘူး။
သူဟာ ယုံကြည်မှုရှိတယ်။ ပြတ်သားတယ်၊ ရက်စက်တယ်၊ အောင်မြင်မှုကို လိုလားတယ်။ ဒါတွေဟာ လိုအပ်တဲ့ အရည်အချင်းတွေလို့ ထင်ပါတယ်။ သူ့အပေါ် သစ္စာရှိရင် သူကလည်း သစ္စာပြန်ရှိတယ်။ ဒီလောက် ကိုယ့်အပေါ် မှာ လွမ်းမိုးမှုရှိနေတော့ သိသိသာသာရော၊ မသိမသာပါ ခူးကူးမိတဲ့ ဖာဂူဆန် ရဲ့ စာမျက်နှာတွေ ဘဝထဲမှာ ရှိကောင်းရှိနေနိုင်ပါတယ်။
တစ်ခုရှိတာက ဖာဂူဆန်ကို လေးစားပေမယ့် မချစ်ဘူး။
+++++++++++++++++++
၂ ။ လီကွမ်းယု
နောက်တစ်ယောက်ကတော့ လီကွမ်းယုပါ။ လီကွမ်းယုကလည်း အတ္တတော့ ခပ်ကြီးကြီးထဲကပါ။ အဓိပ္ပါယ်မရှိတာ လုပ်လို့ကတော့ တစ်ကြိမ်ပါပဲ။ ဒီနေရာ မှာ “အတ္တ” ဆိုတာက ပြောဖို့ တော်တော် ခက်တယ်။ တံငါရွာ စင်္ကာပူဟာ ကမ္ဘာထဲဝင် ရင်ဘောင်တန်းနေတာ လီကွမ်းယုကြောင့်ပါ။ ဒါတွေက လူတိုင်း သိတဲ့ကိစ္စ။
သူကလည်း တကယ်တာ့ “Team Player” ပါ။ သူ့အသင်းကို သူတည်ေ ဆာက်တယ်။ လူရွေးတယ်၊ လူမွေးတယ်၊ သူ့ကို သစ္စာရှိရင် သူက သစ္စာ ရှိတယ်။ အသင်းကို ထိခိုက်လာအောင် လုပ်ရင်တော့ သူကလည်း ကန်ထုတ် ဖို့ လက်မနှေးဘူး။
လွန်ခဲ့တဲ့နှစ်က ဘာသာရေးအလှူခံ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿ နာတွေ တက်တယ်။ အဲ့ဒီပြဿနာထဲမှာ သူ့ Team ထဲက လူငယ်၊ လူထက် ဆရာဝန်ပါလီမန်အမတ်လည်း ပါဝင် ပတ်သက်နေတယ်။ ကျနော်ကတော့ တစ်နိုင်ငံလုံးရဲ့ သူ့ပါတီထက် ဒီပါလီမန်အမတ်ကို လီကွမ်းယု ဘာလုပ်မလဲ လို့ စိတ်ဝင်စားနေမိတယ်။ မကြာပါဘူး။ ရွေးကောက်ပွဲဝင်မယ်လည်းဆိုရော အဲ့ဒီ ပါလီမန်အမတ်ရဲ့နာမည် ပါမလာဘူး။ ဒါပါပဲ။
ဒါက လက်တလောကိစ္စပါ။ ဒီလို လီကွမ်းယု ခေါက်ထားခဲ့တဲ့ လူတော်တွေ အများကြီးပါ။ နာမည်ပျက် (သိသိသာသာကြီး) သိပ်မရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့(ဂ်ျ)ယိုးတို့လို ပုဂ္ဂိုလ်ကျတော့ ရွေးကောက်ပွဲမှာ ရှုံး တာတောင် ဆွဲထားတုန်းပါ။ အဆင်ပြေတဲ့ အချိန်မှာ ဂျော့(ဂ်ျ)ယိုးဟာ တစ်နေရာကနေ အသင်းထဲ ဝင်ပါလာပါလိမ့်ဦးမယ်။ အဲ့ဒါ လီကွမ်းယုပါပဲ။
မမှားသင့်တဲ့အမှားကို လုပ်မိရင်တော့ လီကွမ်းယုကလည်း တစ်ကြိမ်ဆို လုံလောက်တယ်။ သူလည်း ရဲရင့်တယ်၊ ရက်စက်တယ်၊ သူ့ကို သစ္စာရှိရင် သူက သစ္စာရှိတယ်။ အောင်မြင်မှုကို လိုလားတယ်။ အသင်းကို ထိုခိုက်ရင် ခွင့်မလွှတ်တတ်ဘူး။
လီကွမ်းယုနဲ့ ဖာဂူဆန် တော်တော် ဆင်ပါတယ်။ ဖာဂူဆန်ကလည်း အဘိုးကြီးတစ်ယောက် အနေနဲ့ နည်းပြတုန်း၊ လီကွမ်းယုကလည်း (၉၀) နားသာ ကပ်နေတယ်၊ သူ့စင်္ကာပူကို နောက်ကွယ်က သူ ထိမ်းထားတုန်းပဲ။
လီကွမ်းယုကိုလည်း လေးစားမိပေမယ့် ချစ်လို့ မရဘူး။
+++++++++++++++++++
ဆရာတော်တစ်ပါးကို "ချစ်" ဆိုတဲ့ ဝေါဟာရသုံးလို့တော့ အဆင်မပြေတော့ ပါဘူး။ မဟာဂန္ဓာရုံ ဆရာတော်ကိုကျတော့ လေးစားတာရော၊ ကြည်ညို ချစ် ခင်တာရော ရောနေပါတယ်။ အကြောင်း တိုက်ဆိုက်မှ စာနဲ့ ကြည်ညိုပါဦး မယ်။
နောက်ပြီး ဒီနေ့အထိ စာတွေ ဖတ်ရင်း စိုးမိုးလာတဲ့ ဆရာတွေကတော့ ဆရာ သစ္စာနီနဲ့ တာရာမင်းဝေတို့ပါပဲ။ သူတို့နှစ်ယောက်စလုံးရဲ့ ရေးဟန်တွေက ရိုး ရိုးသားသားနဲ့ ရေးချင်တာ၊ ရေးချင်သလို ရေးချလိုက်ကြတာပါ။ အနုပညာဗီဇတွေကြောင့် သူတို့စာတွေဟာ မူကွဲပြီး လေးစားစရာ ဖြစ်နေ တယ်။ ဆိုလိုတာကတော့ ရိုးသားမှုကို ခံစားလို့ရ ချစ်သွားတာပါပဲ။
ဆရာတော်တစ်ပါးနဲ့ စာရေးဆရာနှစ်ယောက်ကိုတော့ လေးစား တဲ့အထဲ မှာရော၊ ချစ်တဲ့အထဲမှာပါ ထည့်ထားရပါတော့တယ်။ သူတို့လောက် မစွံပေမယ့် သူတို့ရဲ့ စာမျက်နှာတစ်ချို့ကိုလည်း (သိသိသာသာရော၊ မသိ မသာပါ) ခိုးကူးမိတာတွေ ရှိမှာပါ။ သူတို့နဲ့ ပတ်သက်လို့လည်း သိပ် ပြော စရာ မလိုတော့ မပြောတော့ပါဘူး။ ဒီသုံးဦးဟာ ကျနော်တို့ ဖေ့စ်ဘုတ်ရဲ့ "Likes" တွေပါဘဲ။ စာပေဖက်မှာတော့ ထပ်တိုးဖို့လည်း စိတ်ကူးမရှိသေး ပါဘူး။
နောက်ဆုံးပြောစရာရှိတာက ချစ်စရာလည်းကောင်း၊ ကိုယ့်စိတ်ထဲမှာလည်း အမြတ်တနိုးရှိတဲ့ မိတ်ဆွေတွေ အများကြီး ရှိပါတယ်။ ချစ်စရာကောင်းတဲ့ မိတ်ဆွေတွေဟာ အများအားဖြင့် ရောင့်ရဲတတ်ကြ သူတွေ ဖြစ်နေတတ်ပါ တယ်။ စိန်ခေါ်မှုကို သိပ်မလိုချင်ကြဘူး။ သူတို့ကိုကျတော့ ချစ်ပေမယ့် လေး စားမှု လျော့နေတတ်ပြန်ရော။ ဒီတော့ ခိုးကူးစရာ စာမျက်နှာက သိပ် မရှိပြန်တော့ဘူး။ (မရှိဘူး မဆိုလိုပါ။)
ဒါတွေအားလုံးကို ခြုံကြည့်တော့...
ခိုးကူးမိတဲ့ စာမျက်နှာ တချို့ဟာ မချစ်ပေမယ့် လေးစားမိသူတွေဆီ က ဖြစ်နေတာကို အံ့ဩဖွယ် တွေ့ရပါတယ်။ (ဖာဂူဆန်နဲ့ လီကွမ်းယုတို့က ဥပမာ သဘောမျှသာပါ။)
သူများဆီမှာ ဘယ်လိုရှိတယ် မသိပေမယ့် အတုခိုးဖို့တော့ ချစ်စရာ မလိုဘူး ဆိုတာ (ချစ်စရာ ကောင်းဖို့လည်း မလိုဘူး) ကိုယ့်အတ္တကနေ ပြန်ကြည့် မိ တယ်။
အကောင်းဆုံးကတော့ ကိုယ်တိုင်လည်း လေးစား၊ ချစ်မြတ်နိုးမှုလည်းရှိ သူတွေဆီက ယူစရာတွေဟာ စိတ်ချမ်းသာမှုကိုတော့ ပေး မှာ သေချာပါ တယ်။
ဘဝဆိုတာကပင် " ကျောင်း " လို့ပြောကြတယ် မဟုတ်လား။
ဇင်ဝေသော်
Post a Comment