ပါလီမန်ထိပ်သီး အစည်းအဝေး


နိုင်ငံတစ်နိုင်ငံရဲ့ ဝန်ကြီးအဆင့် ပါလီမန် အစည်းအဝေးမှာ နိုင်ငံတော် အတွက်ရေးကြီးတဲ့ ကိစ္စလေးခု အကြောင်းဆွေးနွေးနေကြတယ်။

၁ ။ လူဦးရေ တိုးပွားမှုနှုန်း မြင့်မားခြင်း

ပြည်ထဲရေး ဝန်ကြီး။ ။ လူဦးရေ တိုးပွားမှုနှုန်း မြင့်မားခြင်းနဲ့ ပတ်သက်လို့ စနစ်တကျသုတေသနပြုချက်အရ တာဝန်မကင်းသူ နှစ်ယောက် ကိုတွေ့ရပါ တယ်။အဲဒါ မွေးလာတဲ့ ကလေးတွေနဲ့ သေချိန်မှာ မသေတဲ့လူတွေကြောင့်ပါ။ ကလေးတွေမွေးမလာဘူးဆိုရင် လူဦးရေတိုးလာစရာ မရှိပါဘူး။ အလားတူ ပဲ မွေးလာတဲ့နှုန်းထားနဲ့အတူ သေနေကြမယ်ဆိုရင်လည်း လူဦးရေ တိုးလာ စရာအကြောင်း မရှိပါဘူး။
မွေးလာတဲ့ ကလေးတွေကို မမွေးကြနဲ့ဦး တချို့ကို မြန်မြန်သေကြလို့ ပြော လိုက်ရင် ဒီပြဿနာက ပြေလည်သွားပါပြီ။
( ၅၀ ရာခိုင်နှုန်းထက်ကျော်တဲ့ ဝန်ကြီးများက ပြည်ထဲရေး ဝန်ကြီးအဆိုကို လက်ခံအတည်ပြုကြတယ်။)

၂ ။ ကျန်းမာရေးနဲ့ ဆေးရုံ၊ ဆေးခန်း မလုံလောက်မှု

ကျန်းမာရေးဝန်ကြီး။ ။ ဒီပြဿနာက ဆေးရုံတွေ၊ ဆေးခန်းတွေက ကျဉ်းသွား လို့ မလုံမလောက်ဖြစ်ရတာမဟုတ်ပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေက အရင် အတိုင်းပါပဲ။ သေးမသွားပါဘူး။ အဓိကပြဿနာက ဖျားနာတဲ့လူတွေ။ သူတို့ အရေအတွက် များလွန်းနေလို့ပါ။ သူတို့ကို သိပ်ပြီး မဖျားနာကြနဲ့လို့ ပြော လိုက်ရင် ဒီပြဿနာက ပြေလည်သွားပါပြီ။
( ၅၀ ရာခိုင်နှုန်းထက်ကျော်တဲ့ ဝန်ကြီးများက ကျန်းမာရေး ဝန်ကြီးအဆိုကို လက်ခံအတည်ပြုကြတယ်။)

၃ ။ အလုပ်လက်မဲ့ ပြဿနာ

အလုပ်သမား ဝန်ကြီး။ ။ အလုပ်လက်မဲ့ ပြဿနာက ကျနော် တင်ပြခဲ့သလိုပါ ပဲ။ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ရှေ့ကလူတွေက ရှိရှိသမျှ အလုပ်တွေကို အ ကုန် လုပ်သွားလို့ ကျနော်တို့လက်ထက်မှာ လုပ်စရာမရှိ ဖြစ်ရတာပါ။ လူထုကို ဖြည်းဖြည်းလုပ်ကြလို့ ပြောထားလိုက်ရင် ဒီပြဿနာက ပြေလည် သွားပါပြီ။
( ၅၀ ရာခိုင်နှုန်းထက်ကျော်တဲ့ ဝန်ကြီးများက အလုပ်သမား ဝန်ကြီးအဆိုကို ( အားတက်သရော ) လက်ခံအတည်ပြုကြတယ်။)

၎ ။ စိုက်ပျိုးရေးနဲ့ စီးပွားရေး

လယ်သမား ဝန်ကြီးး။
အများသိပြီးဖြစ်လို့ မဖော်ပြတော့။ ကျနော်ကတော့ အားနာလို့ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ စိတ်ထဲမှာတင်ပဲ သူ့ကို " တစ်နပ်စားဉာဏ် ဝန်ကြီးး " လို့ ဘယ်သူမှမသိအောင် ခေါ်လိုက်တယ်။

တိုက်ဆိုင်မှုရှိရင် နည်းတောင်နည်းသေးတယ်လို့ မှတ်ယူပေးကြပါ။


 ဇင်ဝေသော်

Post a Comment