အိပ်ဆေး


ဆေးခန်းဆိုတော့ လူမျိုးစုံ၊ အမှုစုံ ကြုံရတတ်တယ်။ တလောကပဲ အသက် ၈၀ ကျော် အဖွားကြီးတစ်ယောက်က ကိုယ်ဝန်တားဆေးလာဝယ်လို့ အံဩရ မိတယ်။
" အဖွားအရွယ်နဲ့ ဒီဆေးက ဘာမှမဆိုင်ပါဘူး၊ ဘာအတွက် လာဝယ်တာလဲ "
" ဒီဆေးရိုရင် အိပ် ကောင်းလို့ပါ "
" ဒုက္ခပါပဲ၊ ဒီဆေးက အိပ်ဆေးမဟုတ်ပါဘူး " ဆိုတော့
" ဒီဆေးက အိပ်ဆေးမဟုတ်မှန်းတော့ အဖွားလည်းသိတာပေါ့၊ အဖွားမြေး မလေးသောက်မယ့် လိမ္မော်ရည်ခွက်ထဲ သုံးလ တစ်ခါလောက် သူ မသိအောင် ထည့်ထည့်ပေးလိုက်ရရင် အဖွားလည်း စိတ်အေးလက်အေး အိပ်ရလို့ပါကွယ် " တဲ့။

R.D, Nov,2012.


 ဇင်ဝေသော်

Post a Comment