ခုန်ချသူ
မနေ့တစ်နေ့ကမှ
ကိုယ့်လေထီးကိုယ် ပြန်စစ်ကြည့်လိုက်တယ်
ကျွန်တော့်လေထီးက ဖွင့်လို့မှ မရတော့ဘဲ။
လေထဲမှာပဲ အေးအေးဆေးဆေး နေလိုက်တယ်
မြေပြင်ပေါ် မရောက်သရွေ့တော့
ကျွန်တော် သေဦးမှာ မဟုတ်ပါဘူး။။
(ရင်နင့်အောင်၊ ပိတောက်ပွင့်သစ်၊ အမှတ် ၅၃)
ထွန်ယက်လို့ မညက်သေးဘူး
အမှတ်တမဲ့ စိုက်ပျိုးမိတဲ့ ဆန္ဒအရိုင်းလေး ပွင့်လာလို့
ကမ်းလက် ကို ဆန့်လိုက်ကြတာ...
ရိတ်သိမ်းရဖို့ဆန္ဒ လွင်တီးခေါင်
ဘာမှမဟုတ်ဘူးရယ်... တကယ်
နှစ်ခြိုက်သူတို့ နမ်းပါစေ ...
Description: အမုန်းအာဃာတနဲ့ လက်စားချေလိုမှုတွေကိုတိုက်ဖျက်ရန်ရေးသားထားပီး မဖြစ်မနေ ဖတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်နော်...မွတ်စလင်တွေထဲမှာတင်...
Post a Comment