ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့ ( စိန် ) အောင်မင်း ရယ်


မထူးတော့ပါဘူး စိန်အောင်မင်း ရယ်။
( မတင်ဘူးလို့ ထားတဲ့ ဆောင်းပါးပါ။ အက်ဒမင်က တင်လိုက်တော့ အဆုံးသတ် ပေးလိုက်ရပါတယ် )

အပြည်ပြည်က ဖတ်လို့ရတဲ့ ဘာသာစကား နဲ့ ဇာတ်မင်းသားကြီးရဲ့ စကားကို ဘာသာပြန်တော့...
" We have to be respectful of of China. When our country was in shambles after 1988 and we had nothing to eat, ( food ) was imported from China through
the Muse ( border route ), allowing us to survive. And we have to show gratitude for that."
" We can't afford to have a fight with China. " တဲ့။ သေရော။

တရုတ်ကျွေးထာတာနဲ့ အသက်ရှင်နေခဲ့ရတာ တဲ့။ ဒါတော့ မဟုတ်ပါဘူး။
ဟုတ်မယ်ဆို...
တရုတ်ကျေးဇူးကြောင့် စစ်အစိုးရ အသက်ရှည်ပြီး
တရုတ်ကျေးဇူးကြောင့် ပြည်သူတွေ အသက်တိုခဲ့ရတာပါ ဇာတ်မင်းသားကြီးရာ။

တကယ် ပြည်သူကြား ဖြစ်နေရတာက..
တရုတ်ပြည်ပို့ဖို့ အညာသားတွေ သူတို့ စိုက်တဲ့ပဲ ဆီရွှဲရွှဲ နဲ့ မစားနိုင်တာ။
တရုတ်ပြည်ပို့ဖို့ သရက်ခြံပိုင်ရှင်တွေ သရက်ခြံစောင့်တွေဖြစ်နေရတာပါ။
အလုံးလှလှတွေ တရုတ်တွေဖို့ ခူး၊ ငှက်တွေ ဦးသွားတဲ့ အပဲ့အရွဲ့ ပဲ သူတို့ စား။ အဲဒါ အညာတလွှားက တကယ့် အဖြစ်အပျက်။
ဗြိတိသျှခေတ် ဖောင်စီးရင်း ရေငတ်တဲ့အကြောင်းတွေ သမိုင်းမှာ သင်ခဲ့ရ တယ်။ အခု ပဲစိုက်ရင်း ပဲငတ်၊ သရက်စိုက်ရင်း သရက် ငတ်။
ခက်ရချည့် ဇာတ်မင်းသားကြီးရယ်။ သိပ်လည်း ရိုမက်တစ် ဆန်မပြပါနဲ့။

စင်္ကာပူမှာ ၁၂ လ ပတ်လုံး အသီးမျိုးစုံ ရတယ်။ စင်္ကာပူမှာက ဘာသီးပင်မှ ဟုတ်တိပတ်တိ ရှိတာမဟုတ်ဘူး။
အာရှက၊ အော်ဇီ၊ နယူးဇီလန်က၊ အမေရိက က ပို့ကြတာ။
ခင်ဗျားလို ဆိုရင်တော့ စင်္ကာပူက ကမ္ဘာကို တစ်နေ့ ဦးသုံးကြိမ်ချ မှ ကျေးဇူး ကျေတော့မယ့်သဘော။
မလိုလှပါဘူးဗျာ။ ငွေပေးလို့ အသီးရ။ ဘယ်သူကမှ အလကားမပေးပါဘူး။

ဒီကျေးဇူးတွေကြောင့် သုံးသန်းပဲ ရှိခဲ့တဲ့တဲ့ စင်္ကာပူက တရုတ်ကို ဦးချခဲ့ လို့လား။
မင်းမူနဲ့မင်း၊ ငါ့ မူနဲ့ ငါ။ တရုတ်ကြီး တရုတ်လေး လာမလုပ်နဲ့၊ အဲဒါက ချိုင်း နား၊ ဒါက စင်္ကပူ။
ခေါင်းဆောင်လုပ်မယ့်လူက အဲသလောက်တော့ အရေ ထူရဲမှ ရမယ်လေ။

အစိုးရပဲ ဆုံးဖြတ်စရာရှိရင်တော့ တစ်ခုခု ဆုံးဖြတ်ရမှာပေါ့။ အစိုးရ နဲ့ ပြည်သူ ထပ်တူကျတာကတော့ နည်းပါတယ်။
ဒါပေမယ့် အထက်က အကြောင်းပြချက်မျိုးနဲ့ကတော့ ညံ့လွန်းတယ်။
ဂျပန်၊ ကိုရီယား၊ စင်္ကာပူ။ တရုတ်နဲ့ ပေါင်းပြီး ချမ်းသာလာတာလား။

ဒီမှာ.......
ဂလိုဘယ်စားနပ်ရိက္ခာ ပြဿနာတက်ရင် တရုတ်နဲ့ အိန္ဒိယ က စမယ် လို့ ပညာရှင်တွေ ပြောနေကြတယ်။
တခြားနေရာတွေမှာ ဖြစ်ရင် ရှင်းလို့ရတယ်၊ အဲဒီ တရုတ်နဲ့ အိန္ဒိယ မှာဖြစ်ရင် ကမ္ဘာလည်း ကယ်နိုင်မှာ မဟုတ်။
ဖြစ်ဖို့ အလားအလာကလည်း တရုတ်နဲ့ အိန္ဒိယ မှာ ပိုများသတဲ့  ဇာတ်မင်းသားကြီးရေ။
ကြည့်ပေါင်း၊ မင်သားကြီးလို ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့။ ။


 ဇင်ဝေသော်

Post a Comment