တို့ မညံ့ခဲ့ဘူး


သမိုင်းပွင့်ကိုသီတော့
တို့ ပန်းကုံးက တိုကောင်းတိုမယ်
ဒါပေမဲ့
တို့ အပွင့်တွေက ပိုစွင့်တယ်။

ပါဠိ စကောလားတွေ ရေးချက်ကြောင့်
ဒုဋ္ဌဂါမိဏိ
အဘယစစ်သူကြီး
ပရက္ကမဗာဟု စသည်
ပါဠိရာဇဝင်မှာ
မော်မကြည့်ရဲလောက်အောင် ခမ်းနားပေမဲ့
တူးဖော်တွေ့ရှိသမျှကတော့
အနော်ရထာရဲ့ ပုဂံလောက် မခမ်းနားပါဘူး ကွယ်တို့
။

အနော်ရထာသာ
သီဟိုဠ်မင်းတစ်ပါးဆိုရင်
ဘယ်လို ညွှန်းမလဲ သိချင်တော့ရဲ့။


image source
 

Post a Comment