သူတို့ကလည်း အားစမ်းသည် တဲ့ (ပြုံးစိစိ)


လူမသိ သူမသိ ကလောင်သစ်များမွေးကာ နှစ်နှစ်ခန့် စာရေးနေမိသည်။ စာအုပ်များ မိတ်ဆက်အပြီးမှာတော့ စင်္ကာပူရှိ ဆွမ်း၊ ကွမ်း ဒကာ၊ ဒကာမတို့ က သိကြလေပြီပေါ့။ (ကွမ်းဟူသည် ဆွမ်းနှင့်ကာရန်ညီအောင် သုံးခြင်း မ ဟုတ်၊ တကယ်စား၊ တကယ်လှူကြခြင်း ဖြစ်ပါသည်။)
သို့သော် ကလောင်သစ်ကို အားစမ်းသည့်အနေဖြင့် မျက်နှာပြောင်တိုက်ကာ ဘယ်သူ့ကိုမှ စာအုပ်လက်ဆောင်မပေးဘဲ နေခဲ့မိ၏။ အမှန်ပင် မျက်နှာ ပူပါ သည်။
နှစ်ပတ်ခန့်ကြာတော့မှ စ ပေးသည်။ ကလောင်သစ်ကို အားစမ်းသည့် အေ နဖြင့် မပေးဖြစ်ကြောင်းကိုလည်း ရှင်းပြမိသည်။ ထိုစဉ် ဒကာမတစ်ယောက် က
"တပည့်တော်မတို့ကလည်း အရှင်ဘုရားကို အားစမ်းနေတာပါ၊ အရှင်ဘုရား က ပေးလိမ့်မယ်၊ မပေးသေးတာသာဖြစ်မယ်ဆိုပြီး ဘယ်ဆိုင်ကမှ မဝယ်ပါ" ဟုဆို၏။
တော်သေး၏။ သူတို့အားစမ်းတာကို အမှန်ပင် မသိခဲ့။ ဒကာ၊ ဒကာမများ မခေကြ။

Post a Comment