ဖွံ့ဖြိုးမှုကွာဟချက်က အခြားပြဿနာတစ်ခုကိုလည်း သယ်ဆောင်လာနိုင်ပြန်တယ်။ ဆင်းရဲတဲ့ဒေသ တွေမှာ နေနေကြတဲ့ လူတွေဟာ ချမ်းသာတဲ့ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်လိုလာကြတယ်။ ကျေးလက်က နေ မြို့ပြပေါ်တက်လာတဲ့ နေ့စဉ်လူဦးရေကလည်း စုစုပေါင်းတရုတ်ပြည်လူဦးရေရဲ့ တစ်ရာခိုင်နှုန်း ပုံမှန်ရှိနေ တယ်။ တရုတ်ပြည်မှာ “hukou” လို့ခေါ်တဲ့ အိမ်ယာပိုင်ဆိုင်မှု မှတ်ပုံတင်စနစ်ရှိတယ်။ ဒီတော့ ခွင့်ပြုချက်မရဘဲ (က)ပြည်နယ်မှာနေသူက (ခ)ပြည်နယ်ကို ရွှေ့ပြောင်းလို့မရဘူး။ သူတို့ကိုခွင့်ပြုလိုက်မယ်ဆိုရင်လည်း သူတို့ ရောက်သွားတဲ့မြို့တွေမှာ ကျန်းမာရေး၊ အိုးအိမ်၊ ကလေးတွေအတွက် စာသင်ကျောင်း စတာတွေ ဖြည့်ဆည်း ပေးနိုင်ဖို့ မလွယ်ကူတော့ဘူး။
ကျေးလက်ကအလုပ်သမားတွေဆိုရင်လည်း မြို့ကြီးတွေပေါ်တက်ပြီး လေးပင်တဲ့အလုပ်တွေ၊ မသန့် ရှင်းတဲ့အလုပ်တွေ လုပ်ကိုင်ရင်း သူတို့အတွက်ရော၊ ကလေးတွေအတွက်ရော အခြေခံလူမှုရေးအထောက်အပံ့ တွေမရှိဘဲ နေနေကြရတယ်။ ဒါဟာ လက်မခံနိုင်စရာအခြေအနေပဲ။ သူတို့လည်း ဒါကို သိကြတယ်။ ဒါပေမဲ့ ဒါကို ခွင့်ပြုလိုက်ပြန်ရင်လည်း မြို့ကြီးတွေပေါ်မှာ လူဦးရေက ပုရွက်ဆိတ်အုံလို ဖြစ်သွားမယ်။ ဒီတော့ အခု ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်း ရှာဖွေနေကြမှာပေါ့။ အခု သူတို့က ဒေသပိုင်အာဏာရှိတွေကို မြို့ပေါ်တက် လာတဲ့ လူတွေအတွက် တာဝန်ဝတ္တရားတချို့ကို လက်ခံဆောင်ရွက်ပေးဖို့ လမ်းညွှန်နေကြတယ်။ ဒီအလုပ် သမားတွေမရှိရင်လည်း မြို့ကြီးတွေက တိုးတက်လာမှာ မဟုတ်ပြန်ဘူး။ ဒါ့ကြောင့်ပါ။
တရုတ်ပြည်အလယ်ပိုင်းမှာ တစ်မြို့နဲ့တစ်မြို့ အလွယ်တကူဆက်သွယ်သွားလာနိုင်မယ့် မြို့ကြီးခြောက် မြို့လုပ်ယူဖို့ စီမံကိန်းရှိတယ်။ မြို့တစ်မြို့စီတိုင်းမှာ လူဦးရေ သန်း(၄၀)ကျော် နေထိုင်နိုင်လိမ့်မယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ကြပါသေးတယ်။ ကျေးလက်ကတက်လာတဲ့ လူတွေကို ကမ်းခြေကမြို့တွေအစား အဲဒီမြို့ကြီးတွေမှာ လာရောက်နေထိုင်ကြဖို့ ဆွဲဆောင်နိုင်မယ်လို့ သူတို့က မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကလည်း ထိန်းချုပ်ထားနိုင်မှသာ အဆင်ပြေနိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် ဒီမြို့ကြီးတွေကလည်း ကမ်းခြေက မြို့တော်ကြီးတွေကပေးနိုင်တဲ့ အခွင့်အလမ်းမျိုးတွေ ပေးနိုင်မှာမဟုတ်လို့ပါ။
တရုတ်စီးပွားရေးယန္တယားကြီးရဲ့ အောက်ဆုံးအရင်းအမြစ်တွေကလည်း ကုန်ခန်းလာနေပါတယ်။ လာ မယ့်ဆယ်စုနှစ်တွေရဲ့စီးပွားရေး ဒီတိုးတက်မှုအတိုင်း ဆက်ရှိနေဖို့ဆိုရင် စီးပွားရေးမဟာဗျူဟာကို ပြန်လည် ပြင်ဆင်ယူမှ ရပါလိမ့်မယ်။ လုပ်အားခဈေးချိုမှုကြောင့် တရုတ်ပြည်ရဲ့ လက်ရှိစီးပွားရေးအရှိန်အဟုန်ဟာ ဆက် လက်တိုးတက်မှု အချိန်အတော်ကြာအောင် အထိတော့ တောင့်ခံထားနိုင်လိမ့်မယ်။ အနောက်ပိုင်းပြည်နယ် တွေမှာ ရှိနေသေးတဲ့ လူထုလုပ်အားကြောင့် လာမယ့်(၁၀)နှစ်၊ (၁၅)နှစ်အထိတော့ စီးပွားရေးတိုးတက်မှု ၇၊ ၈၊ ၉ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်နေပါလိမ့်ဦးမယ်။ အဲဒီအချိန်ကာလရဲ့ နောက်ပိုင်းမှာတော့ စီးပွားရေး တိုးတက်မှုနှုန်းဟာ အချိန်အတူတူ ကန့်သတ်မှုအတွင်းမှာ ဘယ်လောက်များများ ကုန်ထုတ်လုပ်နိုင်အောင် သူ တို့ရဲ့လူထုကို ဘယ်လိုလေ့ကျင့် သင်ကြားပေးနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဆိုလို တာက တက္ကသိုလ်တွေ၊ ပိုလီကျောင်းတွေ၊ အင်စတီကျုတွေမှာ မတူညီတဲ့အရည်အချင်းတွေ၊ အထောက်အကူ ပစ္စည်းတွေနဲ့ အချိန်တိုတိုအတွင်းမှာ ပိုများများကုန်ထုတ်လုပ်နိုင်အောင် လူထုကို လေ့ကျင့်သင်ကြားပေးခြင်း မျိုးပါ။
တရုတ်အစိုးရရင်ဆိုင်ရမယ့် ဒီထက်အရေးကြီးတဲ့ ပြဿနာက သိပ်ပြီးထိရောက်မှုမရှိလှတဲ့ နိုင်ငံတော် ပိုင် စီးပွားရေးတွေပါ။ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ရေးရာပြဿနာဟာ တရုတ်ပြည်ရဲ့ အဓိကပြဿနာပါ။ သူတို့အရာရှိတွေကို ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်တွေလို ကြိုးစားအားထုတ်ကြဖို့ သူတို့ကြိုးစားစည်းရုံးနေကြတယ်။ ဒါက ဖြစ်လာမှာမဟုတ်ဘူး။ လူတစ်ယောက်က စီးပွားရေးထဲမှာ သူကိုယ်တိုင်(၂၀)ရာခိုင်နှုန်းလောက် ရှယ်ယာ ၀င်ထားပါမှ ရှုံးမှာကြောက်ပြီး နေ့မနား၊ ညမနား ကြိုးစားအားထုတ်တတ်တာပါ။ ဒီလိုပိုင်ဆိုင်မှ တစ်ခုခုဖြစ်တိုင်း ကြောင့်ကျစိုက်ပြီး အားထုတ်မှာပါ။ စီးပွားရေးတက်နေတာပဲဖြစ်ဖြစ်၊ ကျနေတာပဲဖြစ်ဖြစ် ဒီလစာကဒီလစာပဲဆို ရင် ဒီစိတ်ဓာတ်မျိုး ထွက်လာစရာလည်းမရှိပါဘူး။ စီးပွားရေးထဲကို ကိုယ်တိုင်အရှုံးအမြတ်နဲ့ ပါဝင်ပတ်သက်နေ ပါမှ ဒီလူက စိုးရိမ်စိတ်နဲ့အတူ တစ်ရက်မှာ(၂၄)နာရီလုံးလုံး ကုမ္ပဏီထဲက သူ့စတော့ရှယ်ယာအတွက် သူ့အ သက်မွေးဝမ်းကြောင်းမှုအဖြစ် အားစိုက်ထုတ်လာမှာဖြစ်ပါတယ်။
နိုင်ငံပိုင်စီးပွားရေးတွေကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးဖို့ တရုတ်အစိုးရက ကြိုတင်ပြင်ဆင်နေပြီ လား။ သူတို့က အရာရှိတွေကို စီးပွားရေးအမြတ်အခွန် ပိုထွက်လာအောင် လည်ပတ်ပေးကြဖို့ တိုက်တွန်းနေကြ တယ်။ ဒီအရာရှိတစ်ယောက်က စီးပွားရေးပိုင်ရှင်တစ်ယောက်လို စိတ်ဓာတ်တွန်းအားမှုမျိုး ဘယ်လိုလုပ် ရလာ နိုင်မှာလဲ။ တရုတ်ပြည်ကိုယ်တိုင် စီးပွားရေးနှေးကွေးမှု အကြီးအကျယ် ရင်ဆိုင်လာရပြီဆိုတော့မှ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးဖို့ စိတ်ကူးလာစရာရှိပါတယ်။ စီးပွားရေးနှေးကွေးမှုဆိုတာကလည်း မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။
နောက်ဆုံးမှာတော့ တရုတ်ပြည်ဟာ ပြည်ပပို့ကုန်နဲ့ မောင်းနှင်တဲ့စီးပွားရေးထက် ပြည်တွင်းဝယ်ယူသုံး စွဲမှုကို အားပြုတဲ့ စီးပွားရေးပုံသèန်ဖြစ်အောင် ပြောင်းလဲယူရမှာပါ။ ဒီအစီအစဉ် အထမြောက်ဖို့ဆိုပြန်တော့ လည်း လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲပေးနိုင်မှရလိမ့်မယ်။ ဒီလူ တန်းစားတွေက အချိန်ကာလအတော်ကြာအောင် ဆင်းရဲနွမ်းပါးလာခဲ့တော့ သူတို့ရှာထားတဲ့ငွေတွေကို ဘဏ်တွေနဲ့ ခေါင်းအုံးအောက်မှာပဲစုထားဖို့ အလိုလို စိတ်ကူးမိလျက်သား ဖြစ်နေတတ်တယ်။ သူတို့အနာဂတ် အတွက် လုံလောက်ပြီလို့ ယုံကြည်လာတော့မှ သူတို့က ရှာထားတဲ့ပိုက်ဆံကို သုံးစွဲကြမှာဖြစ်ပါတယ်။
အမေရိကန်တွေက အသုံးအစွဲကြီးတယ်။ ချေးငှားပြီးတော့ကို သုံးစွဲတယ်။ သူတို့ အနာဂတ်အကြောင်း ကို ခေါင်းထဲကိုထည့်မထားကြဘူး။ အဲဒီပြည်တွင်းဝယ်ယူသုံးစွဲမှုအားက အမေရိကကို လမ်းကြောင်းမှန်ပေါ် ရောက်စေတာပါ။ သူတို့စီးပွားရေး တက်လာတယ်ဆိုတာကကို ပြည်တွင်းဝယ်ယူသုံးစွဲမှုအားကြောင့် တက်လာ တာပါ။ တရုတ်လည်း ဒီလမ်းကို လိုက်ရမှာပါပဲ။ ဒါပေမဲ့ ဒီအပြောင်းအလဲကို သူတို့ ဘယ်လိုပြောင်းလဲယူ ကြမလဲ။
ဆင်းရဲတဲ့လူက ချမ်းသာလာတာတောင် ဆင်းရဲသားအတွေးပဲရှိတယ်။ သူတို့က အချိန်အကြာကြီး ဆင်းရဲလာတော့ ပိုချမ်းသာဖို့၊ ဘဏ်ထဲမှာငွေပိုစုထားဖို့ပဲ စဉ်းစားတယ်။ ပြန်ပြီးဆင်းရဲသွားမှာကို သူတို့က ကြောက်နေကြတာ။ အခုလို ကြွယ်ဝချမ်းသာမှုဟာ ပျောက်မသွားဘူး။ ဒါကိုပဲ မသုံးရက်၊ မစွဲရက်ဖြစ်နေတာဟာ ရူးသွပ်မှုတစ်ခုသာဖြစ်တယ်ဆိုတဲ့ အတွေးမျိုးဝင်လာတော့မှ သူတို့က စတင်သုံးစွဲလာကြမှာ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းကို ထိမ်းထားနိုင်ဖို့ဆိုရင် ဒီအဆင့်ကိုရောက်နေမှ ရလိမ့်မယ်။ သူတို့(တရုတ်အစိုးရ)မှာ အချိန်သိပ်မရှိဘူး။ ဒီလမ်းစဉ်ပေါ်ရောက်ဖို့၊ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုအတွင်း ကြိုးစား နိုင်မှ ရလိမ့်မယ်။
ဒါပေမဲ့ နိုင်ငံရဲ့ကြွယ်ဝချမ်းသာမှုဆိုတာ ဒီထက်ပိုပြီးအညီအမျှ ခံစားစေရတယ်။ ၀င်ငွေကွာဟမှုအချက် ဟာ နိုင်ငံရဲ့ ပြည်တွင်းဝယ်ယူစားသုံးမှုကို နှေးကွေးစေတယ်။ အခု သုံးစွဲနေကြတယ်ဆိုတာက ပင်လယ်ကမ်း ခြေကပြည်နယ်တွေ၊ မြို့တွေက လူတွေလောက်ပဲ။ လူဦးရေပိုပြီး ထူထပ်များပြားတဲ့ ကုန်းပြင်ရှိ မြို့တွေ၊ ပြည် နယ်တွေက လူထုက ဒီလို မသုံးစွဲကြဘူး။
စီးပွားရေးတိုးတက်မှုနဲ့ တိုးတက်လာခြင်းရဲ့ အကျိုးအမြတ်ကို သူတို့ ဘယ်လိုပြန်လည်မျှဝေနိုင်ကြမလဲ။
ရေမြင့်လာရင် ရေပေါ်မှာရှိတဲ့ သင်္ဘောတိုင်းမြင့်လာမှလည်း ရမယ်။
(ဆက်ရန်)
Post a Comment