အကျပ်အတည်းတွေနဲ့ ထိပ်မှာ(Troubled but still on top)
ပါဝါချိန်ခွင်လျှာဟာ ရွေ့လျားနေပါတယ်။ အာရှတိုက်ထဲမှာရှိတဲ့  ပစိဖိတ်သ မုဒ္ဒရာဒေသတွေမှာ သူတို့ သြဇာလွှမ်းမိုး နေဖို့ အမေရိကန်တွေအတွက် ပိုပြီး အခက်ကြုံလာရဖွယ် ရှိနေပါပြီ။ အရင်လိုတော့ ဘယ်နည်းနဲ့ မှပြန် မဖြစ်နိုင်တော့ပါဘူး။ တရုတ်ပြည်က ဒီဒေသထဲမှာ ရှိနေတော့ အင်အားဖြည့်တင်းရာမှာ ပိုမိုနီးကပ် ပိုမိုလွယ်ကူနေပါတယ် ။ ဒါဟာတရုတ်ပြည်အတွက် အရေးကြီး တဲ့ အားသာချက်တစ်ခုဖြစ်နေတယ်။ အမေရိကန်တွေအနေနဲ့  အင်အားဖြည့် ဆည်းဖို့ ခရီးအကွာအဝေးက မိုင်ရှစ်ထောင်လောက်ရှိတယ်။ ဒီတော့ တရုတ် ပြည်နဲ့ လုံးဝမတူညီတဲ့ အနေအထားမှာ ရှိနေပါတော့တယ်။ အားစိုက်ထုတ်မှု တူညီနေလို့ မရတော့ဘူး။ ပစ္စည်းပစ္စယ သယ်ယူနေရာချထားမှုတွေ ရှုပ်ေ ထွးလာမယ်။ ဒါဆိုရင်ကုန်ကျစရိတ်က စဉ်းစားစရာဖြစ်လာမယ်။ ပြီးတော့ အမေရိကန်ရဲ့လူဦးရေက ၃၁၄ မီလီယံ၊ တရုတ်လူဦးရေက ၁.၃ဘီလီယံ၊ ဒါကလည်းစိန်ခေါ်မှုကိုထပ်ဆောင်းပေးလိုက်တဲ့ အချက်တစ်ချက်ပါပဲ။
ဒါပေမယ့် ပါဝါချိန်ခွင်လျှာက ချက်ချင်းကြီးပြောင်းသွားမှာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ရှေ့ကိုအများကြီး ကြိုရောက်နေတဲ့ အမေရိကန်ရဲ့  နည်းပညာကြောင့်ပါ။ တရုတ်တွေ လေယာဉ်တင် သင်္ဘောတွေ လုပ်လာနိုင် ပြီ ဆိုတာ မှန်ပေမယ့် အမေရိကန် နည်းပညာနဲ့ တည်ဆောက်ထားတဲ လေ ယာဉ်တင်သင်္ဘောတွေရဲ့အဆင့်ကိုမှီဖို့ တော့ တော်တော်အချိန်ယူကြရလိမ့် အုံးမယ် ။ အမေရိကန် သင်္ဘောတွေ ပေါ်မှာက စစ်သားဦးရေငါးထောင်နဲ့  အ တူ နူကလီးယားစွမ်းအင်တပ်ဆင်ထားတဲ့  လက်နက်တွေပါ သယ်ဆောင် လာနိုင်တယ်။ နောက်ဆုံးတော့လည်း အမေရိကန်တွေအတွက် ခရီး အကွာ အဝေးအားနည်းချက်ဟာ အဆုံးအဖြတ်ပေးလာမယ့် အချက်ဖြစ်လာပါလိမ့် မယ်။ ဒီတော့အမေရိကန်တွေ အနေနဲ့  ဒီဒေသတွင်းမှာ သူတို့ ရပ်တည်နေ ပုံနဲ့  ပေါ်လစီအချို့ကို ပြင်ဆင်ညှိနိုင်ယူဖို့ လိုအပ် လာပါတော့မယ် ။
၂၀၁၁ခုမှာ အိုဘားမားအစိုးရက အမေရိကန်တွေဟာ အာရှပစိဖိတ်ဒေသကို စိတ်ဝင်စားမှု အသစ်နဲ့ ပြန်လည်ချည်းကပ်မယ်လို့  ကြေငြာချက် ထုတ်ပြန် ခဲ့တယ်။ ဒါကိုသူတို့ က ပစိဖိတ်ဆုံမှတ် (Pacific Point) လို့ ခေါ်ကြတယ်။ အိုဘားမားရဲ့ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ရဲ့  နိုင်ငံခြားရေးမူဝါဒ စာတန်းမှာလည်း ပေါ်လစီရဲ့ နောက်ခံသုံးသပ်မှုတစ်ချို့ရေးပြထားတယ်။
“အာရှစီးပွါးရေးဈေးကွက်ထဲဝင်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု ၊ကုန်သွယ်မှု၊ နည်းပညာဖြန့်ဝေမှုစတဲ့  အကျိုးအမြတ်တွေအများကြီး အမေရိကန်နိုင်ငံက ရရှိနိုင်ပါတယ် ။မဟာဗျူဟာအရလည်း အာရှပစိဖိတ်ရပ်ဝန်းမှာ ငြိမ်းချမ်း လုံခြုံမှုရရှိခြင်းဟာ ကမ္ဘာအတွက် အလွန်အရေးကြီးလှပါတယ်။ တောင် တရုတ်ပင်လယ်ထဲမှာ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက်ပဲ ဖြစ်စေ၊ မြောက်ကိုရီးယားရဲ့ အနုမြူကိစ္စကို စောင့်ကြည့်ကိုင်တွယ်ခြင်းအတွက်ပဲဖြစ်စေ၊ဒေသတွင်းမှာရှိတဲ့  စစ်အာဏာရှင်အဖွဲ့ အစည်းတွေရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးပွင့်လင်းမြင်သာအောင် ဆောင်ရွက်ဖို့ ပဲဖြစ်စေ၊ ဒီဒေသတွင်းမှာ အမေရိကန်တွေရှိနေဖို့  အလွန်အမင်းအရေးကြီးပါတယ်။”
၂၀၁၂ခု ဧပြီလထဲမှာ ဒီဒေသတွင်းမှာ အမေရိကန်တွေရှိနေသေးတယ် ဆိုတာကို အသိပေးဖို့  အင်အားဖြည့်ဆည်းတဲ့ အနေနဲ့  ဒီဒေသရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ သြစတြေးလျနိုင်ငံ ဒါဝင်ဆိပ်ကမ်းမှာ အမေရိကန်တေပ် သား၂၀၀ ကိုပထမအရစ်အနေနဲ့  ထပ်မံဖြည့်ဆည်းခဲ့ကြပါတယ်။
အမေရိကန်တွေဖက်က ဒီလိုလုပ်ဆောင်လာမှုကို အာရှနိုင်ငံတော်တော် များများက ကြိုဆိုခဲ့ကြပါတယ်။ ဒီဒေသတွင်းတည်ငြိမ်အေးချမ်းနေဖို့ အတွက် အမေရိကန်တွေရှိနေခြင်းဟာ အလွန်အရေးကြီးလှပါတယ်။ ဒီအတိုင်း လည်းပဲဆက်ရှိနေအုံးမယ်ဆိုရင် လက်ရှိငြိမ်းချမ်းတည်ငြိမ်မှုကို အထောက် အကူဖြစ်စေမှာပါ။ တရုတ်နိုင်ငံရဲ့ပမာဏကို ကြည့်တော့ အမေရိကန်တွေ နဲ့ အတူ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အာဆီယံနိုင်ငံ အချို့ပါ ပူးပေါင်းနေမှ တရုတ်ရဲ့လွှမ်းမိုးလာမှုကို ညီမျှအောင်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ ရည်ရွယ်ချက်ကို ရေရှည်မှာဆက်လက်ပြီး အကောင် အထည်ဖော်နိုင်မလား၊ မဖော်နိုင်ဘူးလားဆိုတာကတော့ စောင့်ပဲကြည့် ရတော့မှာပါ။ ရည်ရွယ်ချက်ကသက်သက်၊ တကယ် အကောင်အထည်ဖော် တဲ့နေရာမှာ စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်မှုပမာဏက သက်သက်ပါ။ လက်ရှိမှာတော့ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ဂွမ်တိုမှာ အမေရိ ကန်စစ်သားတွေရှိနေပါတယ်။ ( အမေရိကန်တွေထွက်ခွာသွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ရေရှည်အကျိုးဆက်တွေကို မကြည့်ဘဲ စူးဘစ် ပင်လယ်ကွေ့ မှာ (Subic Bay) ကျောက်ချထားတဲ့ အမေရိကန်တွေကို နှင်ထုတ်တာဟာ ဖိလစ်ပိုင်ရဲ့ညံ့ဖျင်းမှုပါ ။အခုမှသူတို့ က “ကျေးဇူးပြုပြီး ပြန်လာပါ” ပြောနေကြတယ်။)
တရုတ်ရေတပ် သြဇာရဲ့ ဟန်ချက်ကို ဒီဒေသတွင်းမှာ ထိန်းပေးထားနိုင်ဖို့ သူ တို့ မှာ စစ်ရေးအစီအမံတွေ အလုံအလောက်ရှိတယ်ဆိုတာကို အမေရိ ကန်တွေက ယုံကြည်ထားကြပါတယ် ။ ဒါအပြင် ဒီပင်လယ်ရဲ့ ရေမျက်နှာပြင် က သိပ်ပြီး မနက်တော့ တရုတ်ရေငုတ်သင်္ဘောတွေ လှုပ်ရှားသွားလာနေ တာက အစ အမေရိကန်တွေက စောင့်ကြည့်နေနိုင်တယ်။ ဒါပေမယ့် ဒီ အားသာချက်က ဘယ်လောက်ထိခံမလဲ။ နှစ်ပေါင်းတစ်ရာလား။ ဒါတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် နှစ်ပေါင်းငါးဆယ်လား။ ဒါလည်းမဖြစ်နိုင်ဘူး။ နှစ်ပေါင်းနှစ်ဆယ် ။ ဖြစ်နိုင်ကောင်းဖြစ်နိုင်မယ် ။ နောက်ဆုံးတော့ ပါဝါချိန်ခွင် လျှာ ည်ီမျှဖို့ က လာမယ့်ဆယ်စုနှစ်တွေ အတွင်း အမေရိကန်တွေ ရဲ့စီး ပွါးရေးနဲ့  သက်ဆိုင်နေပါတော့တယ်။ စစ်ရေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ စစ်တယ်လိုက်အခြေစိုက်စခန်းတွေ ချဖို့ဆိုတာ ဘဏ္ဍာငွေ အထောက်အပံ့ ကလည်း ပြည့်စုံနေမှ ရတာပါ။
အမေရိကန်နဲ့ တရုတ်တို့  ပစိဖိတ်သမုဒ္ဒရာထဲ သြဇာလွှမ်းမိုးမှုလုနေကြ တဲ့ ပွဲထဲမှာ သူတို့ လောက်အင်အားမရှိတဲ့ အာရှနိုင်ငံတွေကတော့ အခြေ အနေကိုအကဲခတ်ပြီး နေကြရမယ့်သဘောပါ။ သုစီဒီဒေးစ် (Thucydides - ဂရိအတွေးအခေါ်ပညာရှင်) ကကမ္ဘာကျော်အဆိုအမိန့် တစ်ခုရေးထားခဲ့ပါ တယ်။ “ The Strong do what they can and the weak suffer what they must” တဲ့ ။ ( အားရှိသူက သူလုပ်နိုင်တာကိုသူလုပ်ပြီး အားမဲ့သူက သူခံစားစရာရှိတာကို ခံစားရတယ်။) အာရှထဲနိုင်ငံငယ်ငယ်လေးတွေဟာ သူ့ အထဲမှာ ပြောသလောက်အထိတော့ဒုက္ခရောက်နိုင်စရာ မရှိပါဘူး။
ဒါပေမယ့် ပစိဖိတ်ဒေသထဲမှာ အမေရိကန်တွေရဲ့ လွှမ်းမိုးမှုလျော့ကျသွား တာနဲ့  နိုင်ငံခြားရေးမူဝါဒတွေကို ပြင်ဆင်ပြောင်းလဲပြီး ကျင့်သုံးရ လာစရာ ရှိနေပါလိမ့်မယ်။ ရုတ်တရက်ကြီးစီးပွါးရေးအားကောင်းလာတဲ့တရုတ်အပေါ် ကြိုက်မကြိုက်နိုင်ငံတွေရဲ့သဘောထားကို ပိုပြီးအာရုံစိုက်ထားရပါလိမ့်မယ်။ အဲသလိုပဲ နောက်ထပ်အရေးကြီးတာက ဘယ်နိုင်ငံမှ တရုတ်ရဲ့ သြဇာခံ သက်သက်ဖြစ်မသွားစေဖို့  သေချာအောင်ဆောင်ရွက်သွားနိုင်ကြဖို့ ပါပဲ။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့ တရုတ်တွေကိုယ်တိုင်ကလည်း အမေရိကန်တွေ အနောက်ပိုင်းသမုဒ္ဒရာထဲကနေ ထွက်သွားအောင်မောင်း ထုတ်နိုင်မှာ မဟုတ်ဆိုတဲ့  ကျွန်တော့်ယုံကြည်မှုပါပဲ။
ဥပမာအနေနဲ့ ဗီယက်နမ်နိုင်ငံကိုကြည့်ပါ။ တရုတ်စီးပွါးရေးအင်အားကောင်း လာတာနဲ့ ပါတ်သတ်ပြီး မပျော်မရွှင်အဖြစ်ရဆုံးက ဗီယက်နမ်တွေပါ။ ဗီယက် နမ်က ကမ္ဘောဒီးယားကို ကျူးကျော်စစ်ဆင်နွှဲတာကို လက်စားချေတဲ့အနေ နဲ့ တိန့် ရှောင်ဖိန်က မြောက်ဗီယက်နမ်ကို ၁၉၇၉ ခုမှာ ၀င်တိုက်ခိုက်ခဲ့ပါ တယ်။ မြို့ ရွာတစ်ချို့ ကို ဖျက်ဆီးခဲ့ ပြီး တပ်ပြန်ဆုတ်ခဲ့တယ်။ “ဟနွိုင်းအထိရောက်အောင်တိုက်ပြီး တစ်နိုင်ငံလုံးကို ငါသိမ်းပိုက် လို့ ရ တယ်။” ဆိုတာက ဗီယက်နမ်တွေဆီ ပို့လိုက်တဲ့ သူ့ သတိပေးစကားပါ။ ဒီသင်ခန်းစာကို ဗီယက်နမ်တွေ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ဗီယက်နမ် အစိုးရအနေနဲ့  အရေးကြီးတဲ့ မဟာဗျူဟာ တစ်ခုကိုတောင် သူတို့ ချင်း ညှိနိုင်းပြီး ဖြစ်နေလောက်ပြီးလို့ ကျွန်တော်ထင်ပါတယ်။ ဒါကတော့ အမေရိ ကန်တွေနဲ့  လုံခြုံရေးအရ ရေရှည်မှာအတူလက်တွဲနိုင်ဖို့ အားထုတ်မှုပါ။
ဒီပါဝါချိန်ခွင်လျှာ အရွေ့ ကြောင့် ကျွန်တော်ကိုယ်တိုင်လည်း စိတ် မသက် မသာခံစားရမိပါတယ်။ အမေရိကန်တွေက ဇွတ်တရွတ် မလုပ်တတ်သလို သူများနိုင်ငံပိုင်နယ်မြေတွေကို သိမ်းယူထားဖို့ လည်း စိတ်မ၀င်စားကြဘူး ။ ဗီယက်နမ်ကို သူတို့ ဝင်တိုက်ပေမယ့် ဗီယက်နမ်ကိုသိမ်းပိုက်ချင်လို့ မဟုတ် ဘူး။ ကိုရီးယားကိုလည်းဝင်တိုက်တယ်။ ဒါကလည်း မြောက်ကိုရီးယား ကိုရော တောင်ကိုရီးယားကိုပါ သိမ်းပိုက်ထားချင်လို့ မဟုတ်ဘူး ။ သူတို့  စစ် တိုက်ခဲ့တာတွေက ကွန်မြူ နစ်ဝါဒကို တော်လှန်ဖို့  စစ်တိုက်ခဲ့ကြတာပါ။ ဒီ တစ်ကမ္ဘာလုံး ကွန်မြူ နစ်ဝါဒ စိုးမိုးသွားမှာ စိုးရိမ်လို့ ကာကွယ်ခဲ့ကြတာပါ။ သူတို့ သာ ဗီယက်နမ်နိုင်ငံရေးထဲ ၀င်မစွက်ခဲ့ရင် ဗီယက်နမ်ထဲမှာလည်း ကာ လအတန်ကြာ တပ်စွဲပြီး မနေခဲ့ ကြဘူးဆိုရင် ကွန်မြူ နစ်ဝါဒက ဗီယက်နမ် အပြင် အခြားအာဆီယံ နိုင်ငံတွေဆီကိုပါ ကူးစက်သွားနိုင်ပါတယ် ။ ဒါဆိုရင် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများ အနီရောင် ဒီရေလှိုင်းအောက် (ကွန်မြူ နစ်ကို ရည်ညွှန်းပါတယ်။) လုံးဝနီးပါး ရောက်သွားနိုင်ပါတယ် ။ နစ်ကဆင်က အချိန်ဆွဲပြီး တောင်ဗီယက်နမ်ကို သူတို့ ကိုယ်တိုင်တိုက်ပွဲ ၀င် နိုင်အောင် ကူညီပေးခဲ့တယ်။ ဒီတိုက်ပွဲ တောင်ဗီယက်နမ်က မနိုင်လိုက်ပေ မယ့် အရှေ့တောင်အာရှနိုင်ငံတွေကိုတော့ သူတို့ ချင်းပေါင်းစီးမိပြီး ဆက် ဆံရေးတိုးတက်ကောင်းမွန်လာစေဖို၊့  သဘောတူအခြေခံ ဥပဒေေ တွ ရေးဆွဲဖို့ အချိန်ပိုရလိုက်တယ်။ ဒီလိုနဲ့ အာဆီယံ ( Asean )ဆိုတာ ဖြစ်လာတာပါ။
စင်ကာပူအတွက်ကတော့ အမေရိကန်တွေ ဒီဒေသထဲမှာရှိနေတာကို သဘောကျပါတယ်။ တရုတ်က ဘယ်လောက် ဗိုလ်ကျစိုးမိုးချင်သလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ။ ၂၀၀၉ ခုနှစ်တုန်းက တရုတ်ရဲ့သြဇာ လွှမ်း မိုးလာမှုကို အားမျှသွားအောင်လုပ်ရမယ်လို့  ကျွန်တော်ပြောလိုက်မိတော့ သူတို့ ကဘာသာပြန်လွဲမှားပြီး ကျွန်တော့်ကိုပဲ “သစ္စာဖောက်” လို့ အမည် တပ်ခဲ့ကြပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်က တရုတ်လူမျိုးဖြစ်နေပြီး ဘာဖြစ်လို့ ဒီလိုစကားပြောရတာလဲ စတဲ့ ကြိမ်းမောင်းဝေဖန်တဲ့ အသံတွေ ညံသွားခဲ့တယ်။ သူတို့ ဟာ အလွန်အကဲခံစားမှုဝါဒီတွေပါ။ ကျွန်တော် ဆိုလို တာက ဒီအဓိပ္ပါယ်မျိုး မဟုတ်ပါဘူးလို့ ရှင်းပြတာတောင် သူတို့ က မကျေ နပ်နိုင်ဘူး ။ တရုတ်ပြည်မှာ အတွေ့ အကြုံမရှိ မရင့်ကျက်သေးတဲ့  အဲသလို မာန်တွေရှိနေတယ် ။
ဒီလိုတွေပြောင်းလဲလာနေတဲ့အချိန်မှာ တရုတ်ရဲ့စီးပွါးရေးအင်အား ဘယ်ေ လာက်ပဲကောင်းနေနေ ကမ္ဘာနဲ့ အထူးသဖြင့် အမေရိကန်တွေနဲ့ အဆက် အသွယ်မပြတ်ဖို့  အထူးအလေးပေးဆောင်ရွက်ရမယ့် မဟာဗျူဟာ တစ် ခုဖြစ်ပါတယ်။ အမေရိကန်တွေ အတွက် စင်ကာပူကလည်း အရေးကြီး တဲ့ နေရာမှာ ရှိနေပါတယ်။ သမုဒ္ဒရာထဲရှိ ကျွန်းစုလေးတွေကြားမှာ စင်ကာပူ ဟာ အဓိက အချက်အချာကျတဲ့နေရာမှာ ရှိနေတယ်။ ပစိဖိတ်ဒေသတွင်းမှာ သူတို့ သြဇာရှိနေစေချင်တယ်ဆိုရင် ဒီအချက်ကို ဘယ်နည်းနဲ့ မှ အမေရိ ကန်တွေမျက်ကွယ်ပြုထားလို့ မရပါဘူး ။
တရုတ်နဲ့ ကျွန်တော်တို့ ရဲ့ ဆက်ဆံရေးဒီထက်ပိုပြီး နီးကပ်လာမယ်ဆို ရင်တောင် သူတို့ နဲ့ ကျွန်တော်တို့ ကြားမှာ ရှိနေတဲ့  စီးပွါးရေး ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေး သဘောတူညီမှုတွေကို အားလျော့ မသွားစေပဲ ထိန်း ထားရမှာဖြစ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ကလည်း အာဆီယံနိုင်ငံတွေကို သူတို့ ကဖိနှိပ်လေလေ ဒီနိုင်ငံတွေက အမေရိကန်နဲ့ ပိုပြီး နီးကပ်သွားေ လလေဖြစ်မယ်ဆိုတာ သဘောပေါက်ထားကြပါတယ်။ အခု အမေရိကန်တွေ လို တရုတ်တွေက စင်ကာပူမှာ သူတို့ စစ်သင်္ဘောအတွက် ဆိပ်ကမ်းရှိနေစေ ချင်တယ်ဆိုရင် စင်ကာပူကကြိုဆိုနေမှာပါပဲ ။ သူ့ ကိုတော့လက်ခံ ဟိုလူ့  ကိုတော့ကန်ထုတ်ဆိုတာမျိုး စင်ကာပူက မလုပ်ပါဘူး ။ ဒီလို ရပ်တည်ထား ရင် ခရီးအရှည်ကြီး ရှေ့ဆက်သွားလို့ ရပါသေးတယ်။
(ဆက်ရန်)
Post a Comment