သမ္မတအိပ်မက် ကတောက်ကတက်

သမ္မတကြီးက အခု ဥရောပတောင် ခြေဆန့်နေပြီဆိုတော့နည်းနည်းေ တာ့ နောက်ကျသွားတယ်။ မတတ်နိုင်ဘူး၊ ဒါပေမဲ့ ရေးတော့ရေးရမှာပဲ။
ဦးသိန်းစိန် အမေရိကရောက်ချိန် သူ့စိတ်ထဲမှာ အမေရိကကို တည်ထောင် သွားတဲ့ သမ္မတကြီးတွေအကြောင်းပဲ စိုးမိုးလို့နေတယ်။ သူလည်းပဲ မြန်မာ့ အနာဂတ်ကို ဖန်တီးခွင့်ရနေသူဆိုတော့ သူတို့ခြေရာကို လိုက်နင်းနိုင်းဖို့ ဆန္ဒတွေပြင်းပြနေတာပေါ့။ ဒါနဲ့ အမေရိကန်သမ္မတကြီးတွေအကြောင်း စဉ်း စားရင်း အိပ်ပျော်သွားလိုက်တာ ဂျော့ဂ်ျ ဝါရှင်တန်က သူ့အိပ်မက်ထဲအထိ ပါလာခဲ့တယ်။

ဂျော့ဂ်ျ ဝါရှင်တန်ကို တွေ့တယ်ဆိုရင်ပဲ ဦးသိန်းစိန်က
"သမ္မတကြီး မစ္စတာ ဝါရှင်တန်ခင်ဗျား၊ ကျနော်ဟာ မြန်မာနိုင်ငံက ရီဖောင်းမစ်တ် ချန်ပီယံဘွဲ့ရ သမ္မတသိန်းစိန်ပါ။ ကျနော့်နိုင်ငံကို လူကြီးမင်း တို့နိုင်ငံလို ဖြစ်လာဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကြုံတုံး ကျနော့် ကို အဒဗိုက်ဇ် ပေးခဲ့ပါအုံး"
ဆိုတော့ သမ္မတကြီး ဂျော့ဂ်ျ ဝါရှင်တန်က
"Son, set an honest and honorable example as I did." လို့ ပြန်ပြောခဲ့တယ်။
စားချင်တဲ့မုန့်ရသွားတဲ့ ကလေးလေးလိုပဲ သမ္မတကြီးဦးသိန်းစိန်ဟာ ကျေေ ကျနပ်နပ်နဲ့ပဲ အိပ်မောကျသွားတယ်။

အစွဲကြောင့် ထင်ပါရဲ့ သန်းခေါင်ကျော်လောက်ရောက်တော့ ဦးသိန်းစိန်ရဲ့ အိပ်မက်ထဲ သောမတ် ဂျက်ဖာဆင် ရောက်လာပြန်တယ်။ အရင်အတိုင်းပါပဲ။ သမ္မတကြီးကတော့ သူ့ကိုသူ ရီဖောင်းမစ်တ် ချန်ပီယံကနေ တစ်ပြားသားမှ မလျှော့ပါဘူး။
"သမ္မတကြီး မစ္စတာ သောမတ် ဂျက်ဖာဆင်ခင်ဗျား၊ ကျနော်ဟာ မြန်မာနိုင် ငံက ရီဖောင်းမစ်တ် ချန်ပီယံဘွဲ့ရ သမ္မတသိန်းစိန်ပါ။ ကျနော့်နိုင်ငံကို လူကြီး မင်းတို့နိုင်ငံလို ဖြစ်လာဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကြုံတုံး ကျနော့်ကို အဒဗိုက်ဇ် ပေးခဲ့ပါအုံး"
ဆိုတော့ သမ္မတကြီး သောမတ် ဂျက်ဖာဆင်က
"Preserve the land for future generations and stay out of foreign affairs."
အရင်အတိုင်းပါပဲ သမ္မတကြီးဦးသိန်းစိန်ဟာ ကျေကျေနပ်နပ်နဲ့ပဲ အိပ်မော ကျသွားတယ်။

လင်းအားကြီးရောက်တော့ ဦးသိန်းစိန်ရဲ့ အိပ်မက်ထဲ အေဗရာဟင် လင် ကွန်းရောက်လာပြန်တယ်။
ဟဲဟဲ။ သမ္မတကြီးကတော့ သိကြတဲ့အတိုင်း ရီဖောင်းမစ်တ် ချန်ပီယံပေါ့။

"သမ္မတကြီး မစ္စတာ အေဗရာဟင် လင်ကွန်းခင်ဗျား၊ ကျနော်ဟာ မြန်မာနိုင် ငံက ရီဖောင်းမစ်တ် ချန်ပီယံဘွဲ့ရ သမ္မတသိန်းစိန်ပါ။ ကျနော့်နိုင်ငံကို လူကြီး မင်းတို့နိုင်ငံလို ဖြစ်လာဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကြုံတုံး ကျနော့်ကို အဒဗိုက်ဇ် ပေးခဲ့ပါအုံး"
ဆိုတော့ သမ္မတကြီး အေဗရာဟင် လင်ကွန်းက အိပ်ရေးမဝသေးလို့လားေ တာ့ မသိဘူးပေါ့
"ရုပ်ရှင်ရုံ မကြာမကြာသွား" တဲ့။

ဒီတော့မှ ကျနော်တို့သမ္မတကြီး ဇောချွေးတွေပြန်ပြီး လန့်နိုးလာသတဲ့။ လင်း အားကြီးအိပ်မက်ကတော့ ကတောက်ကတက်ပေါ့လေ လို့လည်း တွေးနေမိ ရှာသတဲ့။
ဥရောပမှာ ဘယ်လိုအိပ်မက်တွေ မက်နေရလဲတော့ မသိရသေး။ သိရင် ရေး လိုက်မယ်လေ။ 

15/07/2013

Post a Comment