မွတ်စလင်ဟောင်းမိသားစု လှူခဲ့တဲ့ကျောင်း


မနက်ဖြန် လပတ်လယ်(ပြိတ္တာနဲ့ ရေစက်ချခြင်း အစဉ်အလာ)ဖိုရမ်မှာ ပြောမယ့် အကြောင်း တစ်ရပ်ပါ။
မန္တလေးမြို့၊ မိုးကောင်းတိုက်၊ အလယ်တိုက်ကြီးကျောင်းအလှူရှင်တွေဟာ မွတ်စလင်တွေဖြစ်ကြပါတယ်။
သမီးအငယ်ဆုံးလေး ဆုံးပါး။ ပြိတ္တာဘဝရောက်၊ အိပ်မက်တွေ ဆက်တိုက်ပေး။ စားရာမဲ့၊ ဝတ်ရာမဲ့ ဘဝ။
အစ္စလာမ်ရဲ့ ဘာသာရေးထုံးတမ်းစဉ်လာတွေလုပ်ပေမဲ့ အကျိုးသက်ရောက်မှု မရှိခဲ့။ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အကြံပေးမှုနဲ့ ဘုန်းကြီးငါးပါး ဆွမ်းကပ်၊ သင်္ကန်းကပ်လိုက်မှ စားစရာ ရ၊ ဝတ်စရာ ရ လို့ အိပ်မက်ထပ်ပေး။
ဒီနောက် မိသားစုလိုက် ဗုဒ္ဓဘာသာပြောင်း။ ဧရာမကျောင်းတော်ကြီး ဆောက်လှူ။ သမီးငယ်အတွက် နေစရာ ရစေဖို့။
ကျောက်စာထဲမှာတော့ နောက်ခံဇာတ်လမ်းထည့်မထားပါ။
ဒါပေမဲ့ အမရပူရမြို့နေ ဦးယွန်း၊ ဒေါ်မိန်းကလေးတို့မိသားစု မွတ်စလင်တွေ ဖြစ် ကြတယ်၊ နောက် ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်သွားတယ်ဆိုတာ အဲဒီခေတ် က လူတိုင်းလိုလို သိကြပါတယ်။ သူတို့က နာမည်ကြီးသူဌေးတွေပါ။



Post a Comment