Myo Kyawzwer Bo အကျယ်ရေးပေးပါအုံး လိပ်ပတ်လယ်အောင် နားမလည်လို့ပါ။


ပြောချင်နေတဲ့စကားပါ။ အရှင် အရိယဝံသရဲ့ အမေးအဖြေကိုအခြေခံပြီး ယေရှုဟာ ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်တယ်ဆိုတဲ့ အဆိုကို သံသယတစ်ဝက်နဲ့ စိတ်ဝင်စားမိရာကနေ အခုတလော ဒီနောက်ကို ခြေရာခံလိုက်နေမိပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဘီဘီစီရဲ့ အထောက် အထားတွေကလည်း တိုနံ့နံ့ပါပဲ။ ဒါနဲ့လိုက်ရင်း လိုက်ရင်း ဒီ စာအုပ်ကိုတွေ့မိ တယ်။ ဒီအထဲမှာ ဒီပြသနာအပြင် အိန္ဒိယ၊ မြေထဲပင်လယ်ရပ်ဝန်းရဲ့ ရှေးဟောင်း ဘာသာရေး ရောထွေးရှက်တင်ဖြစ်နေပုံတွေကို ထပ်တွေ့ရပါတယ်။ (အခြား စာအုပ်တွေကိုလည်း လက်လှမ်းမှီသလောက် လိုက်နေပါတယ်) ဆောင်းပါး တိုနံ့နံ့နဲလည်း ကိုမျိုးကျော်စွာဘိုရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်မှာ သေချာပါ တယ်။

ယေရှုဟာ ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်တယ်ဆိုတဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ လက်ခံသူလည်း ရှိတယ်၊ လက်မခံသူလည်း ရှိတယ်။ စိတ်ဝင်စားစရာက လက်ခံသူတွေဟာ လစ်ဘရယ်ဆန်တဲ့ သိပ္ပံနဲ့သမိုင်းပညာရှင်တွေ အများစုဖြစ်နေခြင်းပါ။
ပုဂ္ဂလိက ရည်မှန်းချက်အရ နိုင်ငံရေးလေးအုပ် (လီကွမ်းယု နားဝင်မချိုနဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ ဟန်တင်တန်ရဲ့ လူ့ယဉ်ကျေးမှု နှစ်တွဲ) ပြီးရင် မူရင်းတာဝန်ဖြစ်တဲ့ ဘာသာရေးဘက်စီ လှည့်ဖို့ပါပဲ။ သမိုင်း၊ မနုသဗေဒ၊ သိပ္ပံနဲ့နှီးနွယ်တဲ့ ဘာသာရေးမျိုးပါ၊ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ပါဘူး။ စိတ်ဝင်စားကြတဲ့ ညီငယ်ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာတွေအတွက် ဒီ(အရိယဝံသရဲ့ အမေးအဖြေ)ထက် ရှည်လျား၊ အသေးစိတ်ကျမယ့် စာအုပ်တစ်အုပ်ဖြစ်စေဖို့ ရည်စူးပါတယ်။ လီကွမ်းယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ပဲ" လက်စသတ်ဖို့ ကျန်တော့တာမို့ စနိုင်တော့မှာပါ။
အဲဒီအချိန်ရောက်မှပဲ ကိုမျိုးကျော်စွာဘိုနဲ့စိတ်ဝင်စားသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ စိတ်ဝင်စားမှုအတွက် ကျေးဇူးစကား ထားခဲ့ပါရစေ။

Post a Comment