ဘာသာစကားနဲ့ လော့ဂျစ်

ဘာသာစကားမှာ လော့ဂျစ်မရှိဘူးလို့ ဆိုကြပါတယ်၊ မဆိုးလှဘူးလို့လည်း ထင်မိတယ်။ ကိုးယို့ကားယား ဖြစ်နေတဲ့ မြန်မာ စကားလုံးနှစ် ခုလောက် ထုတ်ပြကြည့် ချင်ပါတယ်။
ဥပမာ "များနေတာ (ပိုနေတာ) မလွန်ပါဘူး" ဆိုတာမျိုးပေါ့။ များလေကောင်းလေဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမဲ့ များနေတာ မလွန်ပါ ဘူး ဆိုတော့ တစ်မျိုးလေး ဖြစ်သွားတယ်၊ များနေမှတော့ ပိုမှာပေါ့၊ နည်းနေမှ မပိုမှာ၊ ဒီလိုမဟုတ်လား။ တချို့ဆို "ပိုနေတာမလွန်ပါဘူး" လို့တောင် သုံးတတ်ကြတယ်။ ပိုနေမှတော့ လွန်နေပြီပေါ့။ လိုနေမှ မလွန်တာ။

ပြီးတော့ "ဟင်းကလည်း ငန် (စပ်) လိုက်တာ၊ ဘာ အရသာမှ မရှိတော့ဘူး" ဆိုတာမျိုး။ အငန် (အစပ်) ကလည်း အရသာ ၆ မျိုးထဲက တစ်မျိုးဆို တာ မေ့သွားကြတယ်။ ငန်ရင် ငန်တဲ့အရသာ ရှိတာပဲ။ ဘာ အရသာမှ မရှိဘူး ပြောလို့ မရတော့ဘူး။ ပြောချင်ရင် ငန်လွန်းတော့ တခြားအရသာတွေ မရှိတော့ဘူး ဆိုရင်တော့ မှန်တာပေါ့။ ဒါပေမဲ့ ဘာသာစကားကို ကွန်ပလိန်း တက်လို့မှ မရတာပဲ။

အဲသလို စကားလုံးတွေကို အင်္ဂလိပ်လို "Oxymoron" လို့ ခေါ်ပါတယ်။ အပျင်းပြေ ဖတ်ကြည့်ဖို့ လူနောက်တွေ ထုတ်ထားတဲ့ စကားလုံးတချို့ ပေး လိုက်ပါတယ်။ ရှေ့နောက် မညီတဲ့ စကားလုံးတွေလို့ ဆိုရင် ရပါလိမ့်မယ်။

1) Religious Tolerance
2) Exact estimate
3) Legally drunk
4) Small crowd
5) Business ethics
6) Soft rock
7) Clearly misunderstood
Plastic glasses
9) Pretty ugly
10) Peace force
11) Sweet sorrow
12) Military intelligence
13) Politically science
14) Government organization
15) Happily married

ကျနော် သဘောအကျဆုံးက ၁၊ ၁၂၊ ၁၄ နဲ့ ၁၅ ပါ။

ဘာသာရေးလို့လည်းဆိုသေး သည်းခံခြင်း တဲ့။ မစ်လစ်ထရီလို့ ရှေ့ကဆိုပြီး နောက်မှာတော့ အင်တယ်လေးဂျင့်စ် တဲ့။ ပြီးတော့ အစိုးရလို့လည်းဆိုသေး အော်ဂနိုက်ဇ် ဖြစ်တယ်လို့လည်း ဆို ထားပြန်တယ်။
နောက်ဆုံးက Happily married တဲ့။
ကဲ ကိုးယို့ကားယားတွေ မဟုတ်ဘူးလား။

Post a Comment