ရာသီဥတုပူရင် စိတ်တိုလွယ်တယ်

သိပ်မထူးခြားလှပေမဲ့ စိတ်ဝင်စားစရာ သိပ္ပံဆောင်းပါးတစ်ပုဒ်ပါ။ အပူချိန် တက်လာမှုကြောင့် ရာဇဝတ်မှု၊ ပြည်တွင်းမသင့်မမြတ်ဖြစ်မှုတို့အပြင် ရဲ အရာ ရှိတွေရဲ့ ဆုံးဖြတ်ချက်တွေလည်း ပိုပြီးမှားယွင်းတတ်တယ် လို့ ဆိုထား ပါ တယ်။ ဒီ သုတေသနကို ကာလီဖိုးနီးယား တက္ကသိုလ်က ထုတ်ပြန်လိုက် တာပါ။

၁။ အမေရိကမှာ ၅.၄ အပူဒီဂရီ ဖာရင်ဟိုက်တက်လာတိုင်း ရာဇဝတ်မှုက နှစ် ကနေ လေး ရာခိုင်နှုံးအထိ တက်လာတယ်။

၂။ အီကွေတာနဲ့ နီးတဲ့ အာဖရိကနိုင်ငံတွေမှာ အပူဒီဂရီ ဖာရင်ဟိုက် တက် လာတာနဲ့အမျှ အုပ်စုချင်း မသင့်မမြတ်ဖြစ်မှုက ၁၁ ကနေ ၁၄ ရာခိုင်နှုံးအထိ တက်လာတယ်။

၃။ ပိုပြီး ပူပြင်းတဲ့ ရာသီ၊ ပတ်ဝန်းကျင်မှာဆို ရဲ အရာရှိတွေရဲ့ တရားခံကို အသေ ပစ်ခတ်ဖမ်းဆီးမှုက ပိုများလာတယ်။

၎။ အပူလှိုင်းကျရောက်ခြင်း ခံရတဲ့နိုင်ငံတွေမှာ မသင့်မမြတ်ဖြစ်ဖို့၊ ပြည်တွင်း စစ်ဖြစ်ဖို့ ရာခိုင်နှုံးပိုများလာတယ်။

သိပ်မထူးခြားလှဘူးဆိုတာ ဒါပါ။
မြန်မာပြည်ကိုကြည့်ပါ
အပူပိုင်းနိုင်ငံ၊ ရေ ရှားပါးစ ပြုနေပြီ၊
အဲယားကွန်း ဟုတ်တ်ပတ်တိ မရှိ၊ ရှိလည်း မီးမလာ၊
နေစရာအိမ်တွေက ပြွတ်ကျပ်သိပ်။ (အုပ်စုချင်း မသင့်မမြတ်ဖြစ်မှုက ၁၁ ကနေ ၁၄ ရာခိုင်နှုံးအထိ တက်လာလေအုံးမလား????)
ဘုရား ဘုရား

ဒါပေမဲ့ ဒီအဆိုကို အမေရိကန် တက္ကသိုလ်က International Relationship ပရော်ဖက်ဆာ၊ "Winning The War On War" စာအုပ် ပြုစုသူ ကမ္ဘာကျော် စာရေးဆရာကြီး Joshua Goldstein ကတော့ သဘောမတူလှပါဘူး။ ဒီ သုတေသနနဲ့ ရာဇဝတ်မှုတွေ ဆက်စပ်လို့မရဘူး။ အပြုသဘောဆောင်လာ တဲ့ နည်းပညာ၊ လူမှုရေး၊ စီးပွားရေး စတာတွေကြောင့် ရာဇဝတ်မှုဖြစ်ပွားနှုံး ဟာ အတိတ်နဲ့နှိုင်းစာရင် ကျဆင်းလာနေတယ်၊ ဆက်ပြီးလည်း ကျဆင်း လာနိုင် စရာရှိတယ်လို့ ဆိုပါတယ်။

Post a Comment