ရွှေခြံရေ

မန်စီးတီး ၂၊ ဟူးလ်စီးတီး ၀ တဲ့။ အရင်အပတ်က မန်စီးတီး ကာဒစ်ကို ၃ ဂိုး ၂ ဂိုး အရှုံးဟာ ခြေချော် လက်ချော် ဟုတ်ဟန်မတူဘူး။
Negredo ရဲ့ ခေါင်းနဲ့ Toure ရဲ့ ဖရီးကစ်က လွဲရင် တိုက်ဂါးတွေရဲ့ တိုက် စစ်ကို ရုပ်ပျက်ဆင်းပျက် ခံနေရတာတွေ မနည်းလှဘူး။
ဟူးလ်စီးတီးကလည်း ပွဲဦးထွက် သုံးပွဲမှာ နှစ်ပွဲက ချဲလ်ဆီးနဲ့ မန်စီးတီး ဆိုတော့ ကံကောင်းလှသူတွေတော့ မဟုတ်လှဘူးလေ။
Pellegrini ရဲ့ ဘီလျံနာတွေက တစ်ဦးချင်းကြည့်တော့ ကြောက်စရာကြီး၊ အင်း.. ဒီပုံနဲ့ဆိုရင်တော့ အဝေးကွင်းမှာ ကာဒစ်တွေ မနည်းလောက်ဘူး။

လက်ရှိ တိုက်အားခိုက်အားနဲ့ဆိုရင် တိုက်ဂါးတွေ (ဟူးလ်စီးတီး) ဟာ ပရိသတ် အချစ်တော် ဖြစ်နေမှာသေချာတယ်။
အရင်တစ်ခါ အတန်းဆင်းရတုန်းကလည်း ပရိသတ် အချစ်တော် အနေနဲ့ ဆင်းသွားရတာ သူတို့ပဲ။
ဒီ တစ်ခါတော့ "ရဲသူတို့ မင်းဖြစ်ပါစေ" ဆုတောင်းနေမိတယ်။

Post a Comment