အရှေ့အလယ်ပိုင်း
အမျိုးသားနဲ့ အမျိုးသမီး တက္ကသိုလ်တက်ရောက်တဲ့နှုန်း တူညီတယ်ဆိုတဲ့  နိုင် ငံတစ်ချို့ မှာတောင် စိတ်တိုင်းကျ ပညာသင်ကြားခွင့်မရအောင် နည်းပေါင်းစုံ နဲ့ ကန့် သတ်ထားတာတွေရှိနေပါတယ်။ အရေးကြီးတဲ့ ပညာရပ်တွေဖြစ် တဲ့ သိပ္ပံပညာ၊ စက်မှုလက်မှုပညာ၊ ဥပဒေရပ်ဆိုင်ရာပညာတွေကို လေ့လာ ခွင့်မရကြပါဘူး။ ယဉ်ကျေးမှုအရ အမျိုးသမီးတွေရဲ့ အလုပ်လို့ ယူဆတဲ့ “ပညာသင်ကြားရေး” နဲ့ဆိုင်တဲ့ ပညာတွေလောက်ပဲ သင်ကြားခွင့်  ရနေကြ ပါတယ်။ ပညာသင်ကြားခွင့် တန်းတူအခွင့်အရေးရပြီဆိုတဲ့ နောက်မှာတောင် ပါဝင်လာမဲ့လုပ်အားက အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံတွေေ နာက် ရောက်ရှိနေအုံးမှာပါ။ အလုပ်ထဲမှာ ခွဲခြားဆက်ဆံခြင်း ခံရတာ၊ လစာ တန်းတူမရတာ၊ ထိကပါးရိကပါး အလုပ်ခံရတာ စတာတွေကို အမျိုးသမီးတွေ အနေနဲ့ မနည်းသည်းခံနေကြရပါတယ်။ နောက်ပြီးအမျိုးသမီးတစ်ယောက် တည်း အဖော်မပါဘဲ လူထုကြား သွားလာခွင့်မရှိတာ၊ အိမ်ထောင်ရှင် အမျို သမီးတစ်ယောက်က အိမ်မှုကိစ္စတွေကို လုပ်ရမယ့်အစား အပြင်ထွက်ပြီး အလုပ်လုပ်တာကို လူများစုက လက်မခံနိုင်တာ စတဲ့နေ့ စဉ်ကြုံတွေ့ ရမယ့် အခက်အခဲတွေဟာ အများနဲ့ တန်းတူစီးပွါးရေးကဏ္ဍတွေ အားကောင်းလာဖို့  ဟန့် တားထားတဲ့ ပြသနာတွေပါ။
အမှန်တကယ် စီးပွါးရေးကောင်းမွန်လာအောင် ဆောင်ရွက် မပေးနိုင်တဲ့ ဒီမို ကရေစီအစိုးရ သက်တန်းရှည်ဖို့ ကလည်း မဖြစ်နိုင်ပါဘူး။ သူ့ မှာ ဘာခံစား ခွင့်မှ မရရှိဘူးဆိုရင် လမ်းပေါ်ကလူတစ်ယောက်အတွက် ဒီမိုကရေစီ ဆိုတာ ကရော ဘာအဓိပ္ပါယ် ရှိတော့မှာလဲ။
ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံရတဲ့ အစိုးရဆိုပေမယ့် ရွေးကောက်ပွဲ သက် တန်းတစ်ခုနှစ်ခု အတွင်းမှာ ဒီစနစ်ကို ဆက်လက်မကျင့်သုံးနိုင်တော့ဘဲ အရင်လို အာဏာရှင်စနစ်ဆီ ပုံစံတစ်မျိုးမျိုးနဲ့  ပြန်ရောက်သွားတော့တာပါပဲ။ အီဂျစ်မှာဆိုရင် မွတ်ဆလင်ညီရင်းအစ်ကို အဖွဲ က ပထမဆုံး အာဏာရရှိ လာခဲ့တယ်။ အာဏာရရှိလာပြီးနောက် သူတို့ အရေးတကြီးလုပ်ရမယ့် လုပ် ငန်းတွေကို သဘောပေါက်ကြပုံရပါတယ်။ ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေဆက်လုပ်ရမယ်ဆိုတာ လေ့လာဖို့ သူတို့ ကိုယ်စားလှယ်အဖွဲ့ တွေကို အခြားနိုင်ငံတွေကို စေလွှတ်ခဲ့တယ်။ ဒီကိစ္စကို သူတို့ဘယ်လောက် အလေး ထားတယ်ဆိုတာ ဒီအချက်နဲ့ ပြနေတာပါပဲ။ ဒါပေမယ့် သူတို့ အောင်မြင်နိုင် ပါ့မလား။
သူတို့ ပြောင်းလဲယူရမှာတွေက ဘာသာရေးသိပ်ဆန်လွန်းပြီး ရရှိတဲ့ အချိန်က မလုံမလောက်ဖြစ်နေပါတယ်။ နိုင်ငံရေးမူဝါဒတွေ အားလုံး ပြောင်းလဲပစ် ဖို့ ဆိုပြန်တော့ စစ်အစိုးရလက်ကျန် စစ်အရာရှိကြီးတွေကရှိနေပြန်တော့ အဟန့် အတားတွေအများကြီး ရှိနေအုံးမှာပါပဲ။ ဥပမာ.. အစိုးရ၀န်ထမ်း၊ ပြည့် သူ့ ဝန်ထမ်းတွေထဲမှာ အရင်သမ္မတ ဟောစ်နီမူဘာရတ် ( Hosni Mubarak ) ရဲ့လူတွေ အများကြီးရှိနေမှာပါ။ သူတို့ အားလုံးကိုဖြုတ်ချပြီး အစိုးရ အသစ် နဲ့ ရုတ်တရက်ကြီးလည်ပတ်နိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
ကမ္ဘာကြီးက ပိုပိုပြီး ဂလိုဘယ်ဆန်လာတော့ သူတို့ လည်း အချိန်နဲ့ လိုက်ေ လျာညီထွေ ကျင့်သုံးရမယ်ဆိုတာ အရှေ့ အလယ်ပိုင်း အစိုးရတွေလည်း သဘောပေါက်ကြပါတယ်။ ဒါပေမယ့် တစ်ဆင့်ချင်းပဲ လုပ်ကြလိမ့်မယ်။ တင်းကြပ်တဲ့ အစ္စလာမ်ဘာသာရေးပုံစံနဲ့ ဆိုတော့ ဆော်ဒီအာရေဗျမှာဆိုရင် အမျိုးသမီးတွေဟာ လူထုထဲသွားတိုင်း တစ်ကိုယ်လုံးအ၀တ်တွေနဲ့ လွှမ်း ထားရတယ်။ ကားမောင်းခွင့် မရှိဘူး။ သူတို့ သွားလာခွင့်မရှိတဲ့ နေရာတွေ လည်းအများကြီးပါပဲ။ ဒါပေမဲ့ ရှေးရိုးစွဲ လူ့ အဖွဲ့ အစည်းမှာတောင် ပြောင်းလဲမှု တစ်ချို့ တော့ရှိလာနေပါပြီ။ ဥပမာအားဖြင့် ဘုရင် အဗ္ဗဒူလာ ရဲ့ သိပ္ပံနဲ့  နည်း ပညာတက္ကသိုလ် ( The King Abdulla University of Science and Technology ) ( KAUST) ကို၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့ ပါ တယ်။ ရှေး ရိုးစွဲနိုင်ငံထဲမှာ လွတ်လပ်မှုရှိတဲ့ နေရာလေးတစ်ခုပေါ့။ အဲဒီတက္ကသိုလ်က စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore –NUS) ရဲ့ ဗွိုက်ချန်ဆယ်လာ ( Vice-Chancellor) ဖြစ်ခဲ့ ဖူးတဲ့ ပါမောက္ခ ရှိချွန်းဖောင် ( Shih Choon Fong) ကို ဥက္ကဌ အဖြစ်ခန့် အပ်ပါတယ်။ အဲဒီတက္ကသိုလ်ဝင်ထဲမှာဆိုရင် အမျိုးသားနဲ့  အမျိုးသမီး သာတူညီမျှ ဆက်ဆံ ခံကြရပါတယ်။ လူတွေဟာ အဲဒီအထဲမှာတော့ တကယ့် အနောက်နိုင်ငံ လူ့ အဖွဲ့ အစည်းတွေထဲက လူတွေလိုပါပဲ။
ဒါဟာ တိုးတက်လာမှုတစ်ခုဖြစ်ပါတယ်။ ဒါဖြေပမယ့် တက္ကသိုလ်က ဘွဲ့ ရ လာမယ့် ပညာတတ်တွေလောက်နဲ့ တစ်နိုင်ငံလုံးကိုပြောင်းလဲပေးနိုင်မယ်လို့  ကျွန်တော်တော့မထင်မိပါဘူး။ ရှေးရိုးစွဲ ပဒေသရာဇ်စနစ်ကြီးတစ်ခုလုံးကို လူငယ်လူရွယ် ဘွဲ့ ရပညာတတ် အနည်းငယ်လောက်က ပြောင်းလဲမပစ်နိုင် ပါဘူး။ နောက်ပြီး သူတို့ဆက်ဆံနေရတာက မူဆလင်ဘာသာရေးခေါင်းေ ဆာင် ၀ါဟာဘီတွေ။ သူတို့ က အာရပ်ကမ္ဘာမှာ အာဏာအရှိဆုံး၊ ကွန်ဆာေ ဗးတစ်အဖြစ်ဆုံး ဘာသာရေးခေါင်းဆောင်တွေပါ။ သူတို့ ရရှိနေတဲ့ အာဏာ ကလည်း တော်ဝင်မိသားစုနဲ့ အပြန်အလှန် အသိအမှတ်ပြုထားတဲ့ အာဏာ ပါ။ တော်ဝင်မိသားစုက နိုင်ငံရဲ့ သယံဇာတတွေကို စိတ်ကြိုက်စီရင်ပိုင်ခွင့်  ရှိပြီး ဘာသာရေးခေါင်းဆောင်တွေကလည်း ဘာသာရေးကိစ္စမှာ စိတ်ကြိုက် လုပ်ကိုင်ခွင့်ရထားကြတယ်။
အဗ္ဗဒူလာဘုရင်နဲ့တွေ့လို့ စကားပြောကြည့်တော့ သူတို့ နိုင်ငံ ဒီပုံစံနဲ့ အကြာ ကြီး ခရီးဆက်မနေနိုင်ဘူးဆိုတာ သူတို့လည်းယုံကြည်ကြောင်း ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ရှောင်လွှဲလို့ မရဘူး။ ပြောင်းလဲ မှုကို တစ်ဆင့်ချင်းသူတို့ လုပ်ယူကြလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက် အမြန်နှုန်းနဲ့ ပြောင်းလဲကြမှာလဲဆိုတာတော့ ကျွန်တော်လည်း မခန့်မှန်း တတ်ပါဘူး။ ဖြစ်နိုင်တာကတော့ KAUST တက္ကသိုလ်ရဲ့ လူမှုရေးပုံစံတွေ အစပိုင်းမှာ နီးစပ်ရာပတ်ဝန်းကျင်ကိုပြန့် ၊ တဖြည်းဖြည်းနဲ့  တစ်နိုင်ငံလုံးပြန့်  နှံ့ တဲ့ အထိ စောင့်ရမယ့်ပုံပါပဲ။
ဒါပေမဲ့ လတ်တလောမြင်တွေ့နေရတဲ့  အရှေ့အလယ်ပိုင်းရဲ့ အနာဂတ် ကတော့ အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံး ဆိုတဲ့အချက်ပါပဲ။ မဲနဲ့ ရွေးကောက်တင်မြှောက်တဲ့  အစိုးရစနစ်ကို ကျင့်သုံးနိုင်ပြီးဆိုရင်ေ တာင် ပြသနာက ရှိနေဆဲပါ။ ပြသနာက စီးပွားရေးတိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။ သန်း ၃၅၀ လူထုအတွက် အလုပ်အကိုင်ကောင်းတွေ ဘယ်လိုဖန်တီးပေးကြမလဲ။ ဒီကိစ္စက မစဉ်းစားလို့ ကိုမရပါဘူး။ အရှေ့  အ လယ်ပိုင်းဆိုတာ သယံဇာတအားဖြင့် ဘယ်ဒေသကမှ ယှဉ်လို့ မရအောင် ချမ်းသာတဲ့ ဒေသပါ။ ဒါပေမယ့် အဲဒီဒေသအတွင်းမှာပဲ ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲနေတဲ့ သူတွေ အများကြီးပါပဲ။
အဲဒီဒေသအတွင်းက နိုင်ငံတွေအတွက် စိန်ခေါ်မှုက သူတို့ သယံဇာတတွေ ကုန်ခမ်းသွားတဲ့ အခါ ကမ္ဘာနဲ့ လိုက်လျောညီထွေ ဘယ်လိုနေထိုင်သွားကြ မလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရေနံက ရတဲ့ စီးပွားရေးကနေ ရေရှည် ရပ် တည်နိုင်မယ့် စီးပွားရေးပုံစံကို သူတို့ ပြောင်းလဲယူကြရလိမ့်မယ်။ လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ဒီပြောင်းလဲမှု ကို လုပ်ယူကြမှ အချိန်မှီလိမ့်မယ်။ စီးပွားရေးအားပြိုင်မှုထဲကို အမြန်ဆုံးဝင်ရောက်ပြီး ဘဏ်၊ လေကြောင်း၊ နိုင် ငံခြား ခရီးသွားလာရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး စတာတွေလုပ်ကြ ရမယ်။ နောက်ပြီးသူတို့ လုပ်နိုင်တာက သူတို့ ရဲ့ အတော်ဆုံး လူငယ်တွေ ကို ရွေးချယ်ပြီး အမေရိကန် ၊ ဥရောပစတဲ့  စက်မှု ထွန်းကားတဲ့ နိုင်ငံတွေဆီ လွှတ်ပေးပြီး လေ့လာခိုင်းတာ၊ နောက်ပိုင်းမှာ သူတို့ ကိုပြန်ခေါ်ပြီး နိုင်ငံပိုင် စီးပွားရေးတွေကို လည်ပတ်ခိုင်းတာမျိုးတွေပါပဲ။
ကံမကောင်း အကြောင်းမလှစွာပါပဲ။ ရေနံက ရတဲ့ ငွေတွေနဲ့ ချမ်းသာနေ ကြလေတော့ လူထုကြီးကလည်း ကမ္ဘာကပဲ သူတို့ စားဝတ်နေရေးအတွက် တာဝန်ယူထားရမလို ထင်မှတ်နေတဲ့ စိတ်ဓါတ်ရှိနေကြတယ်။ ဒီလူထုကို အလုပ်လုပ်ချင်စိတ်တွေ ပေါက်လာအောင် စည်းရုံးပေးရမယ့်တာဝန် သူတို့  အစိုးရတွေမှာ ရှိနေပါတယ်။ ရေနံကရတဲ့  ကြွယ်ဝချမ်းသာမှုဟာ ထာဝရခံမှာ မဟုတ်ဘူးဆိုတာ လူထုလက်ခံလာအောင် ပညာပေးရမယ်။ ဒါဟာ အခက်ခဲ ဆုံး တာဝန်တစ်ရပ်လို့ ကျွန်တော်ထင်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း အရှေ့ အလယ်ပိုင်းနိုင်ငံတွေက သူတို့ ကျောင်း သားတွေကို ပညာသင်ကြားဖို့ စင်ကာပူကိုလွှတ်ကြတယ်။ ဒုတိယ မျိုးဆက် က ပေါက်ဖွားလာတဲ့  လူငယ်တွေကိုပြောင်းလဲပေးရင် ရနိုင်ကောင်းရဲ့လို့  လည်းသူတို့ ယူဆထားကြတယ်။ ဒါပေမဲ့ ထင်တဲ့ အတိုင်း ဖြစ်မလာခဲ့ပါဘူး။ သူတို့ တတွေက ဒီကိုရောက်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု၊ လုပ်အား တန်းဖိုး ချစ်မြတ်နိုးစိတ်တွေကို မလေ့လာမိခဲ့ကြပါဘူး။ သူတို့ အတွက် စင်ကာပူဟာ ထူးဆန်းတဲ့ နိုင်ငံတစ်နိုင်ပဲဖြစ်နေတယ်။ သူတို့ စဉ်းစားတာက “ဟုတ်ပြီ၊ ဒီမှာနေတုန်း ပျော်ပျော်နေမယ်။ ပြီးရင်ပြန်မယ်” ဆိုတာပါ။ ခြေထောက်နှစ်ချောင်းအောက်မှာ ရေနံကရလာမယ့် အလျံပယ် ကြွယ်ဝချမ်းသာမှုတွေရှိနေတဲ့နောက် လက်နှစ်ဖက်နဲ့  ဘာကြောင့် အပင်ပန်း ခံ အလုပ်လုပ်နေတော့မလဲ။
အရှေ့ အလယ်ပိုင်းဟာ အလည်အပတ်သွားဖို့ တော်တော်ကောင်းတယ်၊ လှလည်း တော်တော်လှပတဲ့ဒေသပါ။ ယဉ်ကျေးမှုအရ ကြွယ်ဝချမ်းသာသလို ရှည်လျားတဲ့ သမိုင်းလည်း ရှိပါတယ်။ ဥရောပတောင်ပိုင်း နဲ့ ဆက်စပ်နေ တဲ့ မော်ရိုကိုတို့ တူနီးရှားတို့ ဆိုရင် ပိုပြီးခေတ်မှီသလို အရှေ့ပိုင်းယွန်း တဲ့ နိုင်ငံတွေနဲ့ စာရင် ပိုပြီးတော့လည်း ပွင့်လင်းလွပ်လပ်ပါတယ်။
သူ ဖြုတ်ချတာ မခံရခင် ရှား မိုဟာမက် ရေဇာ ပါလ၀ီ(Shah Mohammad Reza Pahlavi)ရဲ့ဖိတ်ကြားချက်နဲ့  အီရန်နိုင်ငံကို ကျွန်တော် အလည်ေ ရာက်ခဲ့ပြီး ရှားနန်းတော်ထဲမှာ တည်းခိုခဲ့ပါတယ်။ နန်းတော်ထဲ ခင်းထား တဲ့ ကော်ဇောတွေကို အခုထိ ကျနော် အမှတ်ရနေဆဲပါ။ ကော်ဇောေ တွက ကောင်းလွန်းလို့  ကျွန်တော့်ကော်ဇောတွေသာဆိုရင် ကြမ်းပြင်ပေါ် ချမခင်းပဲ အပေါ်မှာ လွှားထားမယ်လို့ တောင် စိတ်ကူးမိပါသေးတယ်။ သူတို့ နန်းတော်ထဲမှာတော့ ဒီကော်ဇောတွေပေါ်နင်းပြီး သွားနေကြတာ။ သူတို့  မှာ ကော်ဇောယက်လုပ်တဲ့သူတွေ အများကြီးရှိတယ်။ ရှားကိုယ်တိုင် စင်ကာ ပူကို အလည်လာတဲ့ အခါမှာတော့ သူက (စင်ကာပူ) သမ္မတကို ကော်ဇော ကြီးတစ်ထည် ၊ ကျွန်တော့်ကို အသေးလေးတစ်ထည် လက်ဆောင်ပေး ခဲ့ပါတယ်။ ပိုးခြည်နဲ့ လုပ်ထားတဲ့ အဆင်တူကော်ဇောနှစ်ထည်ပါ။ ကျွန်တော် ကို ပေးခဲ့တဲ့ ကော်ဇောကတော့ အခု ကျွန်တော့သားအိမ်က ကြမ်းပြင်ပေါ် ခင်းထားပါတယ်။ ဒါပေမယ့် ကြမ်းပြင်က သန့် ရှင်းသလို ဖိနပ်ကို ချွတ်ပြီးမှေ က်ာဇောပေါ် သူတို့ တက်ကြတယ်။
အရှေ့ အလယ်ပိုင်း နိုင်ငံတွေထဲမှာ ကျွန်တော်အနေနဲ့ ထဲထဲဝင်ဝင် အသိ ဆုံးကတော့ အီဂျစ် ဖြစ်ပါတယ်။ အီဂျစ်သမ္မတ ဂမ်မယ် အဗ္ဗဒယ် နက်ဆာ ဟူစိန် ( Gamal Abdel Nasser Hussein) ဖိတ်ကြားလို့ သွားရောက်ရင်း ဖာရော့(က်)ဘုရင် ( King Farouk ) ရဲ့ နန်းတော်ထဲမှာ ကျွန်တော်တည်း ခိုခဲ့ပါတယ်။ နက်ဆာဟာ ရိုးရိုးလေးနဲ့ ခေတ်မှီသူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ လူမျိုး လွတ်လပ်ရေး အတွက်တော့ သူစွမ်းဆောင် မပေးနိုင်ခဲ့ပါဘူး။ ရုရှားတွေရဲ့ အကူအညီနဲ့ အစွမ်း ( Aswan ) ရေတာတမံ သူဆောက်ခဲ့ တယ်။ အဲဒီရေတာတမံက ရေစီးအားကို ထိန်းချုပ်ပေးနိုင်သလို ရေအား လျှပ်စစ်ပါ ထုတ်ယူနိုင်လို့ တော်တော်ကောင်းပါတယ်။ အကြီးအကျယ်ေ အာင်မြင်မှု တစ်ခုလို့ ပြောရင် ရပါတယ်။ သူ့ ကိုယ်ပိုင်လေယာဉ်နဲ့  ရေတာတမံ တစ်လျှောက်မောင်းပြီး ကျွန်တော့်ကို လိုက်ပြကြတယ်။ အဲဒီမှာရက်အနည်းငယ် ကျွန်တော်နေခဲ့ ပါတယ် ။ ခြောက်သွေ့ ပြီးတိတ်ဆိတ်နေတဲ့ နေရာတစ်ခုပါ။ ဂိုဘီကန္တာရနဲ့ (Gobi desert) ဂရင်းရေတမံ(Grand Canyon)ကို ရောက်ရင် ရရှိနိုင်တဲ့ ခံစားမှုမျိုး အဲဒီမှာရရှိနိုင်ပါတယ်။ ထူးခြားတာက ဂိုဘီကန္တာရ ထဲက ထွက်လိုက်ရင် ကိုယ့်အလုပ်နဲ့ ကိုယ် သက်ဝင်လှုပ်ရှားနေတဲ့  လူတွေကိုတွေ့ ရမယ်၊ ဂရင်းရေတာတမံကထွက်လိုက်ရင် ခင်းကျင်းပြနေတဲ့ အမေရိကန်တွေရဲ့  အိပ်မက်ကို တွေ့ ရမယ်ဆိုတာလောက်ပဲ။
ဆက်ရန်
Post a Comment