ကလေးနိုင်ငံရေး


(တစ်)
"ဖေဖေ၊ နိုင်ငံရေးဆိုတာ ဘာလဲ ဟင်"
"အင်း သားသိတဲ့စကားနဲ့ပြောရရင်
(က) ဖေဖေက ပိုက်ဆံရှာပေးနေရတာဆိုတော့ "အရင်းရှင် စီးပွားရေး သမားပေါ့၊"
(ခ) သား မေမေက စီမံခန့်ခွဲနေရတာဆိုတော့ "အစိုးရ"
(ဂ) ဟိုဖက်အိမ်ကတော့ ဖေဖေတို့နဲ့ သဘောထားချင်းမတူလို့ "အတိုက် အခံပါတီ"
(ဃ) အိမ်ဖော် မနီကတော့ တစ်အိမ်လုံးရဲ့အလုပ်တွေကို သူပဲ ဒိုင်ခံလုပ်နေ ရတော့" ပြည်သူလူထု"
(င) သားကတော့" ကျောင်းသား"
(စ) သားရဲ့ ညီလေးက ကျောင်းမတက်နိုင်သေးတော့ "အနာဂတ်" ပေါ့။

(နှစ်)
ညပိုင်းရောက်တော့ ကျောင်းသားနဲ့အတူတူအိပ်ရတဲ့ အနာဂတ်လေးက အပေါ့အပါးတွေ ဘောင်းဘီထဲ ပါချလိုက်ရော။ ဒါနဲ့ ကျောင်းသားက သူမေမေအခန်းကို အကူအညီတောင်းဖို့သွားတယ်။ ဒါပေမဲ့ သူမေမေ က ဟောက်သံတွေနဲ့ အိပ်ပျော်နေတယ်။ သူက အိမ်နီးချင်းဆီ ဆက်သွား တယ်၊ ဟိုက ဘာပြောသလဲမသိဘူး၊ သူပြန်လာခဲ့ရတယ်။ နောက် မနီအခန်း ကိုသွားပြန်တော့ မနီအခန်းထဲက ကုဋင်ပေါ်မှာ သူ့ဖေဖေကိုပါ တွေ့လိုက် ရတော့တယ်။ နောက်ဆုံးတော့ သူ့အခန်းထဲပြန်လာပြီး နှာခေါင်းပိတ်၊ နား ပိတ်ပြီး အိပ်လိုက်တော့တယ်။

(သုံး)

မနက်ရောက်တော့
"ညက ဖေဖေပြောတဲ့ နိုင်ငံရေးကို သား သဘောပေါက်သလား"
"ဟုတ်ကဲ့၊ ပေါက်ပါတယ်ဖေဖေ၊ ညက
(က) "အနာဂတ်လေး"က အီးအီးပါတယ်၊" ကျောင်သား" က
(ခ) အကူအညီတောင်းမလို့ "အစိုးရ" ဆီသွားတော့ အစိုးရက အိပ်နေတာ သိုးလို့၊ ခေါ်လည်း မကြားဘူး၊ မကြားချင်ယောင်ဆောင်တာလည်း နေမှာ။ ဒါနဲ့ ကျောင်သားက
(ဂ) "အတိုက်အခံပါတီ" ဆီဆက်သွားတယ်။ အတိုက်အခံပါတီက
"ဒါကို ကျမတို့က လုပ်မပေးနိုင်ပါဘူး၊ ကျမတို့ လုပ်မပေးနိုင်တာကို လုပ်ပေးနိုင်ပါတယ်လို့လည်း မျှော်လင့်ချက်အမှားတွေ ပြည်သူကို မပေးနိုင်ပါဘူး" တဲ့။ တကယ်က အနာဂတ်လေး အီးအီးပါတာလောက် ပါ ဖေဖေ ရာ။ နောက် ကျောင်သားက
(ဃ) " ပြည်သူလူထု" ဆီသွားတယ်။ ပြည်သူလူထုခမျာကလည်း "အရင်းရှင် စီးပွားရေးသမား" ရဲ့ အမြတ်ကြီးစားမှုကို မလူးသာမလွန့်သာ ခံနေရတော့ ကျောင်သားနဲ့အနာဂတ်လေးရဲ့ အခက်အခဲကို မော်လို့တောင် မကြည့်နိုင်ခဲ့ပါဘူး။



(င) နောက်ဆုံးတော့ ကျောင်သားလေးလည်း နံ၊ စော်၊ အနာဂတ်လေး လည်း အီးအီးတွေ ပေ၊ ပွ။
နိုင်ငံရေးဆိုတာ အဲဒါမဟုတ်လား ဖေဖေ"
(အွန်လိုင်းမူရင်းကို ပွားထားတာပါ)

Post a Comment