လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)
"အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှု အဆင့် အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာတွေက သစ်ပင်ေ အာက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေလည်း ပညာ မ တတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့"
(လီကွမ်းယု)
မေး။ ။ အိန္ဒိယရဲ့ မတူညီကွဲပြားမှုတွေအကြောင်းကို မစ္စတာလီ ပြောခဲ့ တယ်။ ဒါပေမဲ့ ဘာသာစကား၊ ဇာတ်စနစ်တွေမပါဝင်ဘဲ ဂန္ဓီတို့၊ နေရူး တို့ နောက်မှာ အားလုံးညီညီညွတ်ညွတ် ထောက်ခံခဲ့ကြတာမဟုတ်လား။
ဖြေ။ ။ အဲသလိုမဟုတ်ဘူး။ ညီညီညွှတ်ညွှတ်ရှိတယ်ဆိုတာ ညီညွှတ်ရ မယ့်အကြောင်းနောက်ခံ ရှိနေလို့။ ဂန္ဓီက ဆားအခွန်ကို ဆန့်ကျင်တော်လှန် ခဲ့တယ်။ ဒါ့ကြောင့် လူတွေကြားမှာ သူက အိုက်ကွန်ဖြစ်ခဲ့တာ။ နေရူးက ပထ မဆုံး တစ်သီးပုဂ္ဂလခေါင်းဆောင်၊ ဒါကြောင့် သူဆီက မျှော်လင့်ချက်တွေ လည်း အများကြီးရှိခဲ့ကြတယ်။ ၁၉၄၇၊ သြဂုတ်လ၊ ၁၄ ရက်၊ အိန္ဒိယ လွတ် လပ်ရေးနေ့မှာ တော်တော်ကောင်းတဲ့မိန့်ခွန်း အင်္ဂလိပ်လိုပြောခဲ့တယ်။ မိန့်ခွန်းအဖွင့်က “သန်းခေါင်ယံအချိန်မှာ ကမ္ဘာက အိပ်မောကျနေစဉ် အိန္ဒိယက ဘဝနဲ့ လွတ်လပ်ရေးအတွက် နိုးထနေမယ်” တဲ့။
“At the stroke of the midnight hour, when the world sleeps, India will awaken to life and freedom.”
ဒါပေမဲ့ အိန္ဒိယလူဦးရေရဲ့ ခြောက်ပုံတစ်ပုံကပဲ သူ့စကားကို နားလည်တယ်။ သူ့ ကက်ရှပီးယားလေသံဝဲတဲ့ ဟိန္ဒီကလည်း ပြေပြေပြစ်ပြစ်မရှိလှဘူး။ ဒီအတွက် သူနောင်တရတဲ့အကြောင်း ပြောဖူးတယ်။ သူက ဟာရိုး (Harrow) နဲ့ ကိန်းဘရေ့ခ်ျမှာ ပညာသင် ဘွဲ့ရခဲ့သူ။
မေး။ ။ သူ့စကားကို လုံးဝနားမလည်တဲ့လူတွေကြားမှာတောင် နေရူးဟာ နတ်ဘုရားတစ်ပိုင်းလို ကိုးကွယ်ခံနေရတာပဲ။
ဖြေ။ ။ မဟုတ်ဘူး။ ဒါက ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အတိတ်ကို ပြန်လည်တမ်း တခြင်း သဘောလောက်ပဲ။ အသက်အရွယ်ရလာလေလေ ငါတော့ စိတ် မကောင်းဖြစ်ရလေလေပဲ။ တကယ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့နေရူး အသက် ရှင်လျက်ရှိနေမယ်ဆိုရင်တောင် အိန္ဒိယ လူထုအဖွဲ့အစည်းကို သူပြောင်း လဲပေးနိုင်မှာ မဟုတ်ဘူး။ ငါ ငယ်စဉ်တုန်းကတော့ သူ ဒီထက် ပိုလုပ်ပေး ခဲ့သင့်တယ်လို့ စိတ်ထဲမှာ ဖြစ်ခဲ့မိသေးတယ်။ အခုမှ ငါသဘောပေါက်လာ တာက အထူးသဖြင့် ဇာတ်ခွဲခြားမှု တစ်ယူသန်အစွဲကို ဘယ်နည်းနဲ့မှ သူ ချွတ်ပေးလို့ မရနိုင်ဘူးဆိုတာပဲ။
မေး။ ။ အင်ဒီရာ ဂန္ဓီကတော့ စိတ်ဓာတ်တော်တော်မာတဲ့ အမျိုးသမီးပဲလို့ တစ်ခါက မစ္စတာလီ မှတ်ချက်ပေးဖူးသလားလို့။
ဖြေ။ ။ ဟုတ်တယ်။ သူက စိတ်ဓာတ်တော်တော်မာတဲ့ အမျိုးသမီးကြီး။
မေး။ ။ သူ အိန္ဒိယကို အုပ်ချုပ်ခဲ့တဲ့စနစ်က အာဏာရှင်ဆန်သလားလို့။ အဲသလိုခေါင်းဆောင်မှု အိန္ဒိယက လိုနေတယ်လို့များ သူမက ထင်မြင်ခဲ့ လို့လား။
ဖြေ။ ။ ဟုတ်မယ်။ အိန္ဒိယဟာ အားကောင်းတဲ့ခေါင်းဆောင် လိုတယ်လို့ ငါထင်တယ်။ နိုင်ငံရဲ့ သဘာဝကကို ကိုယ်ထင်ရာ ကိုယ်စိုင်းနေကြတာ။
မေး။ ။ သူတို့ မှာ အားသာချက် မရှိတော့ဘူးလား။
ဖြေ။ ။ သူတို့ အားသာချက်ဆိုတာကပဲ သူတို့အားနည်းချက်ဖြစ်နေတယ်။ သူတို့က အရောင်အသွေးစုံတယ်။ မတူညီဘူး။ မြေငလျင်လှုပ်မှုဖြစ်ပြီ ဆို ပါတော့၊ ကျောက်ခဲ၊ မြေခဲတွေက နေရာရွေ့သွားပေမဲ့ သူ့အစုလေးနဲ့သူ ရှိနေတယ်။ တရုတ်ငလျင်ကတော့ ကျောက်ခဲ၊ မြေခဲတွေ ဖွာကြဲသွားတယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အိန္ဒိယရဲ့ အနေအထားကျတော့ သူ့ပြည်နယ်နဲ့ သူ့ အစိုးရနဲ့သူပဲ။ သူတို့ကို ပြောင်းရွှေ့လိုက်ပေမဲ့ ပုံစံတစ်မျိုးမျိုးနဲ့ အစု
လိုက်ပြန်ဖြစ်နေတတ်တယ်။
မေး။ ။အိန္ဒိယ လူဦးရေရဲ့ အသက်ပျမ်းမျှကွာဟမှု အကြောင်းကရော ဘယ်လိုလဲ၊ သူတို့မှာ အသက်(၁၅)နှစ်နဲ့ (၃၅)နှစ်အကြား လူငယ်တွေ အများကြီးရှိနေတယ်။ ဒါက စီးပွားရေးအတွက် အားသာချက် မဟုတ်ဘူး လား။
ဖြေ။ ။ လူငယ်ထုရဲ့ မောင်းနှင်အားတော့ ရှိမှာပေါ့။ သူတို့ ကလေးမွေး ဖွားနှုန်းက ၂.၅ ရှိတယ်။ တရုတ်ထက် ပိုများတာပေါ့။ တရုတ်လည်း ကလေး တစ်ယောက်ပေါ်လစီနဲ့ပတ်သတ်လို့ တချိန်ချိန်မှာ နောင်တရစရာတော့ ရှိ တယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှုအဆင့်အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာေ တွက သစ်ပင်အောက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေရင် လည်း ပညာမတတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့။
မေး။ ။ တရုတ်ကိုတော့ အမေရိကားနဲ့နှိုင်းယှဉ်ပြီး စီးပွားရေးတောင့်တင်း၊ အာရှမှာ လွှမ်းမိုးမှုရှိလာနိုင်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့တယ်။ ဒါဆိုရင် အိန္ဒိ ယကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာနိုင်မလဲ။
ဖြေ။ ။ အိန္ဒိယသမုဒ္ဒရာထဲမှာတော့ သူတို့အားကောင်းနေလိမ့်မယ်။ သူတို့က တစ်သီးတစ်ခြားစီပေမဲ့ ဗြိတိသျှလက်ထက်က ရှိခဲ့တဲ့ ကြည်းတပ် နဲ့ရေတပ်အဆင့်အတန်းကို သူတို့ ထိန်းထားနိုင်တယ်။ ဒေလီမှာရှိတုန်းက သူတို့ရဲ့ Republic Day အခမ်းအနားကို ငါတက်ခဲ့ရဖူးတယ်။ ၁၉၉၆ ခု အိန္ဒိ ယခရီးစဉ်ကို သွားတုန်းကပေါ့။ သူတို့ စစ်ရေးပြအခမ်းအနားက တော်တော် အထင်ကြီးစရာကောင်းတာပဲ။ ခေါင်းပေါင်းတွေနဲ့ ပန်ဂျာဗီ(ပန်ချာပီ)ကြီးေ တွရော၊ အခြားတိုင်းရင်းသားစစ်သားတွေရောပဲ။ လူမျိုးတွေ ကွဲပြားနေပေ မဲ့ လေတပ်ကလည်း အားကောင်းတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာတော့ သူတို့ ကို အလွယ်တကူအနိုင်ယူလို့မရဘူး။
မေး။ ။ အိန္ဒိယ လူ့အဖွဲ့အစည်းက မစည်းလုံးဘူးဆိုရင် သူတို့ (စစ်တပ်ထဲ မှာ) ကရော ဘာဖြစ်လို့ စည်းစည်းလုံးလုံးရှိနေရတာလဲ။
ဖြေ။ ။ စစ်တပ်မှာ ယူနီဖောင်းရှိတယ်လေ။ မင်းစစ်တပ်ထဲဝင်ရင် စစ်တပ် အမိန့်ကို နာခံရမှာပဲ။ ဒါပေမဲ့ နိုင်ငံရေးလောကမှာတော့ ပြည်နယ် အရာရှိ က ဒေလီကအမိန့်ကို နာခံချင်မှ နာခံတာ။ နောက်ပြီး နိုင်ငံရဲ့ လုံခြုံရေးဟာ အရေးကြီးဆုံးလို့ သူတို့ ယုံကြည်ကြတယ်။ ဒီတော့ ဒေလီကနေ မိုင်ထောင် ချီဝေးတဲ့ အက်ဒမန်ကျွန်းအပါအဝင် ကာကွယ်ရေးအတွက် ပိုပြီးတော့လည်း အားစိုက်ကြတယ်။
မေး။ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာရော သူတို့ပါဝါ ဝင်ရောက်လာနိုင်မလား။
ဖြေ။ ။ အိန္ဒိယရေတပ်က ပစိဖိတ်ထဲ ဝင်လာမယ်လို့ ငါတော့ မထင်မိပါ ဘူး။ ငါထင်တာကတော့ တရုတ်ပဲ။ တရုတ်ဟာ မြန်မာနဲ့ ပါကစ္စတန်မှာ ဆိပ် ကမ်းကြီးတွေ တည်ဆောက်လာလိမ့်မယ်။ တကယ်တော့ ဒီဆိပ်ကမ်းတွေက အာဖရိက ကနေ ကုန်တင်ဝင်လာမယ့် သူတို့သင်္ဘောတွေ လုံခြုံရေး အတွက် ပဲ။ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာထဲသွားပြီး တရုတ်က ဗိုလ်ကျချင်လို့တော့ မရဘူး။
ဆက်ရန်
Post a Comment