ပဉ္စမအကြိမ်မြောက် လောကချမ်းသာ သဲပုံစေတီတည်ထားကိုးကွယ် ပူဇော်ပွဲဖိတ်ကြားလွှာ


ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့...
ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် သဲပုံစေတီပွဲတော်ကို ဆင်နွဲကြရန် စင်္ကာပူနိုင်ငံ အရှေ့ဘက် ပင်လယ်ကမ်းခြေတွင် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) ၊ စင်္ကာပူရောက် မြန်မာပရဟိတအသင်းများနှင့်တကွ မိတ်ဆွေသင်္ဂဟများ စုပေါင်း၍ မဟာလေးဆူဓါတ်ပုံ ရွှေတိဂုံပုံတူ "လောကချမ်းသာ" သဲပုံစေတီတည်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ပင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြပါကြောင်း ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

Join Event on Facebook
စတင်မည့်နေ့ရက် ၁-၅-၂၀၁၅ သောကြာနေ့ ညနေ (၆း၀၀) နာရီ။
ပူဇော်ပွဲနေ့ရက် ၂-၅-၂၀၁၅ စနေနေ့ညနေ (၇း၀၀) နာရီ။
ပူဇော်ပွဲပိတ်သိမ်းမည့်နေ့ရက် ၃-၅-၂၀၁၅ တနင်္ဂနွေနေ့ မနက် (၈း၀၀) နာရီ။
ကျင်းပမည့်နေရာ East Coast Park - Sand Castle, Car Park E2, Rock no - 14, near PIT 52E, Singapore. (Near PIT 52E & Lagoon Food Village)
အကျိုးတော်ဆောင်များ ဦးအံ့ထူးနိုင်-90254909 ၊ မြတ်ကျော်လွင်-92770279 ၊ မမူယာနွဲ့-81800620 ၊
မနှင်းယုလွင်-94231787 ၊ မသီရိလှိုင်-93624272 ။
သဲပုံစေတီ တည်ထားကိုးကွယ်ပူဇော်ပွဲအတွက် ပန်း ၊ဆီမီး နှင့် အာဟာရဒါန လှူဒါန်းလိုသူများ ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် ကုသိုလ်တော်ယူပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျင်းပမည့် အစီအစဉ်
သဲပုံစေတီ တည်ထား ကိုးကွယ်လိုသော သူတော်ကောင်း များသည် ကဆုန်လဆန်း (၁၄) ရက် ၊ ၂၀၁၅ ခု မေလ (၁) ရက် သောကြာနေ့ မင်္ဂလာညနေ (၆း၀၀) နာရီမှ စ၍ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေ East Coast Park - Sand Castle, Carpark E2, Singapore (Near PIT 52E & Lagoon Food Village) တွင် လာရောက်စုရုံးကြပြီး Rock 14 မျက်နှာစာ ကျွန်းဦး သောင်ဦး မြေပြန့် နေရာတွင် တာဝန်ရှိအကျိုးတော်ဆောင်များ၏ ညွှန်ကြားချက်အရ ပင်လယ်သဲသန့်များကို စုပုံသွန်းလောင်း ကြမည်ဖြစ်ပါသည်။ မည်သူမဆို မိမိတို့နိုင်ရာ သဲတစ်ဆုပ် ရေတစ်ပုံး ပါဝင်သွန်းလောင်း လုပ်အားပေးနိုင်ကြပြီး စေတီတော် တည်ပြီးသော မေလ(၂) ရက် ကဆုန်လပြည့်နေ့ စနေနေ့ညနေ (၇း၀၀) နာရီခန့်တွင် သဲပုံစေတီကို ပန်းဆီမီး ရေချမ်း အမွှေးနံသာတို့ဖြင့် စိတ်တိုင်းကျ ပူဇော်နိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော် နိုးဆော်တိုက်တွန်းအပ်ပါသည်။ "လောကချမ်းသာ" သဲပုံစေတီ ကြီးပတ်လည်၌ မိမိတို့ကိုယ်တိုင်လည်း သဲပုံစေတီငယ်များကို တည်ထားနိုင်ကြပါသည်။ မေလ(၃) ရက်နေ့ နံနက် (၈း၀၀) နာရီတွင် သဲပုံစေတီ ပူဇော်ပွဲကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါသည်။
လမ်းညွှန်
Nearest MRT: Bedok MRT
Bus no: 401 (Sat - 2pm to 10pm, Sun - 10am to 8pm) from Bedok Bus Int.
To alight at Bus stop no: B93151 (Opp Cable Ski Pk)
To walk thru Lagoon Food Village

Source: www.abhidhammafoundation.org

Post a Comment