သမိုင်းသင်္ခန်းစာ


ဘိုင်ဇန်တိုင်းအင်ပါယာနဲ့ ပါရှန်းအင်ပါယာကြီးနှစ်ခု အပြန်အလှန်တိုက်ကြ ခိုက်ကြ၊ ဒီကြားထဲ ပလိပ်ရောဂါက ဝင်ဒုက္ခပေး၊ ဒီအနေအထားမှာ တမန်တော် မိုဟာမက်နဲ့အဖွဲ့က အဲဒီအင်ပါယာကြီးနှစ်ခုလုံးကို အလွယ်တကူ ဝင်ရောက်သိမ်းပိုက်သွားတယ်ဆိုတဲ့ သမိုင်းသင်္ခန်းစာနဲ့ ကစ်ဆင်းဂျားက အမေရိကန်နဲ့တရုတ်ကို မသိမသာ သတိပေးသွားသလိုပဲ။ ကန္တာရနေ ခြေသလုံးအိမ်တိုင်သာသာ လူနည်းစုလေးက အင်ပါယာကြီးနှစ်ခု လုံးကို သိမ်းပိုက်နိုင်တယ်ဆိုတာကို ရှေ့ဆယ်စုနှစ်က အသက်ရှင်ခဲ့တဲ့ လူတွေအတွက် ဘယ်နည်းနဲ့မှ ယုံကြည်စရာဟုတ်မှာမဟုတ်ဘူး ဆိုတာနဲ့ အတူ မြို့တော်ရယ်လို့တောင် တူတူတန်တန်မရှိတဲ့ သူတို့အုပ်စုလေးက ဒီလောက်အထိ နယ်ချဲ့နိုင်မယ်မဟုတ်ဘူးလို့ အင်ပါယာကြီးနှစ်ခုလုံးက အထင်သေးထားမှုကိုလည်း မပွင့်တပွင့်ပြောတယ်။ သူက နိုင်ငံရေးသမားဆိုတော့ ဟန်တင်တန်လောက် နှုတ်ထွက်မရဲဘူး။

Post a Comment