" မြန်မာလူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာနေပြီး ရဖျူဂျီတွေဖြစ်နေရတာ" တဲ


လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကသိခဲ့တဲ့ အမေရိကန်စီတီဇင် တမီးလ်ဘုန်းကြီး ကခေါ်လို့ ဒီနေ့ သွားတွေ့ဖြစ်တယ်။ မြန်မာပြည်ကနေ အမေရိအပြန် စင်္ကာပူ ကိုဝင်လာတာ။ သူနဲ့ပြောဖြစ်တာတွေထဲမှာ နားထဲစွဲသွားတဲ့ စကားတစ်ခွန်းက
"စိတ်မကောင်းဘူး အရှင်ဘုရားရေ၊ မြန်မာလူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာနေပြီး ရဖျူဂျီတွေဖြစ်နေရတာ" တဲ့။
သူက ကရင်ပြည်နယ်၊ ချင်းပြည်နယ်ထဲအထိသွားခဲ့တာ။ နှိမ်တာမဟုတ်၊ သရော်တာမဟုတ်၊ ကရုဏာသံနဲ့ဆိုတော့ တပည့်တော်တို့လူမျိုး အဲသလောက် မညံ့ပါဘူးလို့တောင် ပြောမထွက်ခဲ့ဘူး။
သူပြောတာက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရည်ညွှန်းပြောတာပါ။ အစိုးရ လည်းပါ၊ စည်းကမ်းလည်းပါ၊ လူအများစုရဲ့ သဘောထားလည်းပါတာပေါ့။

Post a Comment