စတုတ္ထအကြိမ်မြောက် လောကချမ်းသာ သဲပုံစေတီတည်ထားကိုးကွယ် ပူဇော်ပွဲ နှိုးဆော်လွှာ


 
Sand-Pagoda-4

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့...
သာသနာတော်နှစ် ၂၅၅၇ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခု တပေါင်းလဆန်း (၁၄) ရက် ၊ ခရစ်သက္ကရာဇ် ၂၀၁၄ ခု မတ်လ (၁၄)ရက် သောကြာနေ့ မင်္ဂလာညနေ(၆း၀၀) နာရီမှ စ၍ မတ်လ (၁၆)ရက် တနင်္ဂနွေနေ့မနက် (၉း၀၀) နာရီ အထိ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေတွင် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) ၊ စင်္ကာပူရောက် မြန်မာ ပရဟိတအသင်းများနှင့်တကွ ဗုဒ္ဓဘာသာဝင်များစုပေါင်း၍ မဟာလေးဆူဓါတ်ပုံ ရွှေတိဂုံပုံတူ "လောကချမ်းသာ" သဲပုံစေတီတော် စတုတ္ထအကြိမ်မြောက် တည်ထားကိုးကွယ် ပူဇော်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပါသည်။

သဲပုံစေတီ တည်ထား ကိုးကွယ်လိုသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်း များသည် သောကြာနေ့ညနေ (၆း၀၀) နာရီမှစ၍ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေ ( East Coast Park - Sand Castle ) တွင် လာရောက်စုရုံးကြပြီး Rock 14 မျက်နှာစာ ကျွန်းဦး သောင်ဦး မြေပြန့် နေရာတွင် တာဝန်ရှိအကျိုးတော်ဆောင်များ၏ ညွှန်ကြားချက်အရ ပင်လယ်သဲသန့်များကို စုပုံသွန်းလောင်း ကြမည်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းမှ မိမိတို့နိုင်ရာ သဲ တစ်ဆုပ် ရေတစ်ပုံး ပါဝင်သွန်းလောင်း ပူဇော်ကြရမှာဖြစ်ပြီး သဲပုံစေတီကို ပန်းဆီမီး ရေချမ်း အမွှေးနံသာတို့ဖြင့် စိတ်တိုင်းကျ ပူဇော်ကြကာ စေတီတော် တည်ပြီးသော စနေနေ့ညနေ (၇း၀၀) နာရီခန့်တွင် အနေကဇာတိ သံသာရံ အစချီသော ဥဒါန်းဂါထာဖြင့် ဆရာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဒကာဒကာမများမှ စေတီတော်ရင်ပြင် ပင်လယ်ကမ်းစပ် ကျွန်းသောင်တော်ဦး မြေပြန့်ခင်းသာတွင် မိမိတို့ နှစ်သက်ရာ ဒါန၊ သီလ၊ သမထ ၊ ၀ိပဿဿ နာ ဘာဝနာ တရားများကို ဆန္ဒရှိသ၍ တစ်ညလုံး ပူဇော်သွားကြမည်ဖြစ်ပါ၍ ဘုရားတည်ခြင်း ကုသိုလ်တော် ပါဝင်နိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော် နိုးဆော်တိုက်တွန်းအပ်ပါသည်။
သဲပုံစေတီတည်ထားကိုးကွယ်ပူဇော်ပွဲအတွက် ၀တ္ထုငွေ နှင့် အာဟာရဒါနလှူဒါန်းလိုသူများ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (ပြီးခဲ့သောနှစ်များ၏အတွေ့အကြုံအရ စာရင်းပေးသွင်းခြင်းမရှိဘဲ လာရောက်လှူဒါန်းသော အာဟာရဒါနများဖြင့် အလေအလွင့်များစွာဖြစ်ရပါသောကြောင့် စာရင်းပေးသွင်းခြင်းဖြင့် ကုသိုလ်တော်ယူပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

Join Event on Facebook
sand-pagoda-fb-event


စတင်မည့်နေ့ရက် ။ ။ ၁၄-၃-၂၀၁၄ (သောကြာနေ့)
(ညနေ ၆း၀၀ နာရီမှ စတင်၍ လုပ်အားအလှူဒါနများဖြင့်ကုသိုလ်ပြုနိုင်ကြပါသည်။)

ပူဇော်ပွဲနေ့ရက် ။ ။ ၁၅-၃-၂၀၁၄ (စနေနေ့)
(ညနေ ၇း၀၀ နာရီခန့်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပပါမည်။)
**၁၆-၃-၂၀၁၄ မနက် ၉ နာရီခန့်တွင် သဲပုံစေတီတော်မြတ်ပူဇော်ပွဲအား ရုပ်သိမ်းပါမည်။

ကျင်းပမည့်နေရာ ။ ။ East Coast Park - Sand Castle, Car Park E2, Rock no - 14, near PIT 52E, Singapore.
လမ်းညျွန်မြေပုံ
Sand Pagoda Map

အကျိုးတော်ဆောင်များ
ဦးအံ့ထူးနိုင် - 90254909 ၊ ကိုဇော်မျိုးမင်း - 90479374 ၊ မဆုရည်မွန် - 90662407 ၊ ဒေါ်ခင်စန်းယု - (SMS-82986297)၊

http://www.abhidhammafoundation.org/

Post a Comment