လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)
သက်ဆင် ရှီန၀ါတရာ နိုင်ငံရေးထဲရောက်လာခြင်းဟာ ထိုင်းနိုင်ငံရေးရဲ့ အပြောင်းအလဲပါပဲ။ သူ နိုင်ငံရေး ဆင်မြင့်ပေါ် မရောက်ခင်က ဘန်ကောက် အခြေစိုက် လူတွေကပဲ နိုင်ငံရေးကို အုပ်စီးထားပြီး နိုင်ငံရဲ့ အရင်းအမြစ် မှန် သမျှကလည်း သူတို့ အကျိုးစီးပွားအတွက်ပဲ ဖြစ်နေခဲ့ပါတယ်။ ဘန်ကောက် အခြေစိုက် ထိပ်သီးတွေကြားမှာ သဘောထားကွဲလွဲမှု ရှိတယ်ဆိုရင်တောင် ဘယ်သူ့ကြောင့်မှ အပြင်ကို မပေါက်ကြား ခဲ့သလို သက်ဆင်အာဏာ ရှိစဉ်နဲ့ သက်ဆင်ရဲ့နှောင်းပိုင်းမှာ ရှိတတ်တဲ့ အငြင်းပွားမှုမျိုးလည်း သူတို့ကြားမှာ မ ရှိခဲ့ဖူးပါဘူး။ သက်ဆင် လုပ်ဆောင်ခဲ့တာတွေက သမားရိုးကျ ထိုင်းနိုင်ငံရေး ရဲ့ ထိပ်သီးအုပ်စုကို ကသိကအောက် ဖြစ်စေခဲ့တယ်။ ယခင်က ဘန်ကောက် မြို့ပေါ်ရှိ အထက်တန်းစားနဲ့ လူလတ်တန်းစားတွေက ခံစားခွင့်ရခဲ့တဲ့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ဆင်းရဲသားတွေပါ ခံစားခွင့်ရအောင် သူက ပြောင်း လဲေ ပးခဲ့တယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ လယ်သမား လူတန်းစားတွေဆီ မျှဝေပေးနိုင်ခဲ့ခြင်းအားဖြင့် သက်ဆင် ရဲ့ နိုင်ငံရေးသမားဘ၀ဟာ ထင်ရှားလာခဲ့ပါတယ်။ သူ့ရှေ့ အာဏာရှိ နေ ခဲ့ကြတဲ့ ဘန်ကောက် ဗဟိုပြု လူတစ်စုရဲ့ လက်ထက်ကတည်းက လူတန်း စားကွာဟမှုက ရှိနေခဲ့ပြီးသားပါ။ သူ လုပ်ခဲ့တာက ဒီ မတရားမှု လူထု သိရှိ လာစေရန်ဖြစ်ပြီး မတရားမှုကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကို ပေးခဲ့ခြင်း ပါပဲ။
တကယ်လို့ သူမလုပ်ခဲ့ဘူးဆိုရင်တောင် အခြားတစ်ယောက်တက်လာပြီး ဒါကို လုပ်ပါလိမ့်မယ်။
၂၀၀၁ ခု၊ အာဏာရတဲ့အချိန်မှာ သူဟာ အောင်မြင်တဲ့ စီးပွားရေးသမား ဘီ လီယံနာ ဖြစ်နေခဲ့ပြီး ဖြစ်ပါတယ်။ တချို့ လူချမ်းသာ ထိုင်းလူမျိုးတွေက သက်ဆင်ဟာ သူတို့နဲ့ တစ်စိတ်တစ်ဝမ်းထဲ ရှိနေမယ်လို့ မျှော်လင့်ထား ကြတော့ အမှန်တကယ်ထင်သလိုဖြစ်မလာတဲ့အခါ သက်ဆင်အပေါ် စိတ် ပျက်ခဲ့ကြရပါတယ်။ သူ တကယ်ကျင့်သုံးတဲ့ ပေါ်လစီဟာ ဆင်းရဲသား လူ တန်းစားကို လုံးဝ ဦးစားပေးတဲ့စနစ် ဖြစ်နေခဲ့ပါတယ်။ လယ်သမားတွေအတွက် ချေးငွေတွေ ပိုတိုးပေးခဲ့တယ်။ မပြည့်မစုံ မိသား စုတွေထဲက ကလေးတွေကို နိုင်ငံခြား ပညာသင်လွှတ်ခဲ့တယ်။ မြို့ပေါ်နေ ဆင်းရဲသားတွေအတွက် အိမ်ဝယ်ဖို့ အစိုးရက ငွေတွေ ထုတ်ပေး တယ် ။ ကျေးလက်နေ လူထု တော်တော်များများဟာ ဆင်ခြေဖုံးမှာပဲ နေရနေရ မြို့ပေါ်တက်ပြီး အလုပ်ရှာ လာကြ တယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ ကျန်းမာရေးအတွက် အာမခံမရှိတဲ့ ဆင်းရဲသား တွေကို ဆေး ရုံဆေးခန်း တစ်ခါသွားတိုင်း အစိုးရက ဘတ်ငွေ (၃၀) ပေးတယ်။
သက်ဆင်ရဲ့ အတိုက်အခံတွေ အတွက်ကတော့ သူဟာ နိုင်ငံကို ကမောက် ကမဖြစ်အောင် လုပ်နေ ခြင်းဖြစ်ပြီး သူ့ကို လက်ပိုက်ကြည့်မနေနိုင်ကြတော့ ပါဘူး။ အတိုက်အခံတွေက သူ့ကို လူကြိုက်များ အောင် လုပ်ဆောင်နေသူ၊ သူ့ရဲ့ ပေါ်လစီကလည်း ရေရှည်မှာ နိုင်ငံတော် ပျိုလဲစေမယ့် ပေါ်လစီလို့ စွပ်စွဲ လာကြတယ်။ (အံ့သြစရာကောင်းတာက သူတို့ အဲသလိုတွေ ပြောခဲ့ ကြပေမဲ့ သူတို့ အာဏာရစဉ် ဒီဇင်ဘာ ၂၀၀၈ ကနေ သြဂုတ် ၂၀၁၁ အထိ သက်ဆင်နဲ့ ဆင်ဆင်တူ ပေါ်လစီတွေကို သူတို့ကိုယ်တိုင် ကျင့်သုံးနေ ကြခြင်းပါပဲ။) သူ့ကို ကိုယ်ကျင့်တရားပျက်သူ၊ မိသားစုပိုင် စီးပွားရေးကို ဦး စားပေးသူလို့လည်း စွပ်စွဲခဲ့ကြတယ်။ ဒါကို သက်ဆင်က ညင်းတယ်။ သက်ဆင်ရဲ့ စီးပွားရေး ကုမ္ပဏီနဲ့ ပတ်သက်လို့လည်း တချို့က သဘော မတွေ့ ကြဘူး။ မီဒီယာကို ကိုင်တွယ်ရာမှာ အာဏာရှင်ဆန်တယ်။ ထိုင်းနိုင် ငံတောင်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲဟာလည်း အငြင်းပွားဖွယ် ရာတွေ ဖြစ်တယ်။ ဒီ စစ်ပွဲအတွင်း အတွင်းမှာ လူ့အခွင့်အရေးတချို့ ကို ချိုးဖောက်ကောင်း ချိုးဖောက်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရေအတွက် အားဖြင့် အများကြီး ပိုနေတဲ့ ဆင်းရဲသား လယ်သမား လူတန်းစားတွေ ကတော့ ဒီလို ဝေဖန်သံတွေကို နားထောင်မနေကြဘဲ ၂၀၀၅ ခုနှစ်မှာ သက်ဆင်ကိုပဲ ပြန်ပြီး ရွေးကောက်တင်မြှောက်ကြပြန်ပါတယ်။ ဘန်ကောက်က ထိပ်သီးအုပ်စုကတော့ သူ့ကို လုံးဝကြည့်လို့မရတော့ ဘူး ဖြစ်သွားပါတယ်။ ဒါနဲ့ ၂၀၀၆ ခုမှာ စစ်တပ်က အာဏာသိမ်းပြီး သူ့ကို
လည်း ဖြုတ်ချ လိုက်ကြတော့တယ်။
အဲဒီအချိန်ကတည်းက ထိုင်းနေပြည်တော်ဟာ ပြဿနာ အကြီးအကျယ် ကြုံတွေ့ကြရတော့တာပါပဲ။ ၂၀၀၈ ခုနှစ်က စပြီး ဘန်ကောက်လမ်းမတွေပေါ် မှာ ရုတ်ရုတ်သဲသဲ မြင်ကွင်းတွေ တွေ့ကြရတော့တယ်။ ဆန္ဒပြမှုတွေထဲမှာ သက်ဆင်ကို ဆန့်ကျင်တဲ့ အင်္ကြီအ၀ါရောင် အုပ်စု ဖြစ်ချင်ဖြစ်မယ်။ သူတို့ က တော်ဝင် မိသားစုကို ကာကွယ်ရမယ် ဆိုတဲ့ အမြင်နဲ့ပေါ့။ နောက်ပြီး သက်ဆင်ကို ထောက်ခံတဲ့ အနီရောင်အင်္ကြီနဲ့ အဖွဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ နောက်ဆုံးရွေးကောက်ပွဲ ဖြစ်တဲ့ ၂၀၁၁ ခု ရွေးကောက်ပွဲမှာ သက် ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်ကို ထောက်ခံမဲပေးလိုက်ကြတာဟာ ထိုင်းနိုင် ငံအတွက် သက်ဆင် ရွေးခဲ့တဲ့လမ်းကို လူထုက ထောက်ခံနေတယ် ဆို တာ ပြသလိုက်ခြင်းပါပဲ။
ထိုင်းမြို့တော် ဘန်ကောက်ထိ တက်ပြီး အောင်မြင်မှု အရသာကို တွေ့ သွားပြီဖြစ်တဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ လယ်သမား၊ အလုပ် သမား လူတန်းစား ကလည်း လက်လျှော့မှာ မဟုတ်တော့ဘူး။ သက်ဆင်နဲ့ သူ့အုပ်စုဟာ အခုဆိုရင် ရွေးကောက်ပွဲ ငါးပွဲဆက် တိုက် နိုင်ခဲ့ပြီးပါပြီ။ ၂၀၀၁ ခု၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၁၁ တို့ပါ။ အရင်လို ပြန်ဖြစ်ဖို့ ကြိုးစားနေ ကြတဲ့ သက်ဆင်ရဲ့ အတိုက်အခံတွေ အောင်မြင်မှု မရခဲ့ကြပါဘူး။
ထိုင်းနိုင်ငံရေးမှာ လတ်တလော မငြိမ်မသက်မှုတွေ ရှိနေပေမဲ့ ရေရှည် အ တွက် ကြည့်ရင်တော့ အကောင်းမြင်စရာတွေ တွေ့ရပါတယ်။ အနီရောင် အုပ်စုက အ၀ါရောင်အုပ်စုထက် ပိုပြီးအားကောင်းလာမှာ သေချာပါတယ်။ လူငယ်ထုရဲ့ တော်ဝင်မိသားစုအပေါ် ထားတဲ့ လေးစားမှုဟာ လျော့ပါး လာနေပါတယ်။ ဒါ့အပြင် လက်ရှိဘုရင် ဘူမိဘောကို အားလုံးက လေးစား ကြပေမဲ့ သူမရှိတော့ဘူးဆိုရင် သူ့ကို ဆက်ခံသူဟာ လူထုက သူ့ အပေါ်ထား ရှိတဲ့ လေးစားမှုမျိုး ဘယ်နည်းနဲ့မှ မရနိုင်တော့ပါဘူး။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ စစ်တပ်ကလည်း အဓိက အရေးပါနေပါတယ်။ ဘုရင်စနစ် ဆန့်ကျင်မှုတိုင်းကို သူတို့က ကာကွယ်ပေးနေရပါတယ်။ ဒါက လည်း ရေရှည်မှာ မနိုင်ဝန် ထမ်းနေရသလို ဖြစ်လာပါတယ်။ နောက် ဆုံးတော့ စစ်တပ်ကိုယ်တိုင်လည်း ရွေးစရာမရှိ၊ လက်ရှိအပြောင်းအလဲနဲ့ အညီ နေထိုင် ဆောင်ရွက်သွား ဖို့ပဲ ရှိပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ စစ်တပ်ရာထူးတွေမှာလည်း လူငယ်တွေက အစားထိုးလာကြမှာပါ။ တက် လာတဲ့ လူငယ်တွေက ဘုရင်စနစ်ကို အရင်က အရာရှိတွေလောက် လေးေ လးနက်နက်ကြီး ရှိနေမယ် မဟုတ်ပါဘူး။ စစ်တပ်ခေါင်းဆောင်တွေကလည်း တော်ဝင်တပ်မတော် ဆိုတဲ့ အမည်ကနေ သာမန် တပ်မတော် အဆင့် မရောက်ဖို့တော့ ကြိုးစားနေကြမှာပါပဲ။ ဒါပေမဲ့ တော်ဝင်တပ်မတော် ကိုယ်တိုင်ကပဲ သက်ဆင်နဲ့ အပေါင်းအပါတွေရဲ့ အုပ်ချုပ်ပုံမူနဲ့ လိုက်လျောညီထွေ ရှိနေဖို့ လိုအပ်ပါတယ်။ သက်ဆင်ကလည်း သူတို့နဲ့ အတူတကွ ဆောင်ရွက်သွားဖို့ ကတိပြု မယ် ဆိုရင် နောက်ဆုံး သက်ဆင် ပြန်ဝင်လာတာကိုပဲ လက်ခံရမယ့် သဘောအထိရှိပါတယ်။
သက်ဆင်မတိုင်မှီ ဘန်ကောက် အခြေစိုက် လူတစ်စုကပဲ အာဏာကို ကိုင် ထားတဲ့ ရှေးဟောင်း ပေါ်လစီ ဆီ ပြန်ရောက်ဖို့တော့ လမ်းမမြင်တော့ပါဘူး။ သက်ဆင်ပြခဲ့တဲ့ လမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံဟာ ရှေ့ခရီးဆက်နေပါ လိမ့်မယ်။ နိုင်ငံအလိုက် လူနေမှု အဆင့်အတန်း ကွာဟမှု ကျဉ်းလာမယ်။ လယ်သမား အများစုဟာ လူလတ်တန်းစားတွေ ဖြစ်လာပြီး နိုင်ငံတွင်း ၀ယ် ယူစားသုံးမှုအားလည်း တိုးလာလိမ့်မယ်။
ဒါဆိုရင် ထိုင်း နိုင်ငံရဲ့ ရှေ့ရေး ကောင်းလာပါလိမ့်မယ်။
ဆက်ရန်
Post a Comment