တရုတ်နှစ်သစ်ကူးနဲ့ ကျနော်စီးခဲ့ဖူးသော မြင်းတစ်ကောင်အကြောင်း


ကျနော်ငယ်စဉ်က မြင်းတစ်ကောင်ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုမြင်းက မြင်းေ ပါက်ဖြစ်သဖြင့် လူတော့ရွေးသည်၊ သူ့သခင်မဟုတ်ဘဲ တက်စီးဖို့ အလွန်ခက် သည်။ မထင်ရင်မထင်သလို လုပ်သည်။ သူနဲ့ကျနော့်ကြားမှာတော့ ဆက် ဆံရေးက ချောချောမွေ့မွေ့ပါ။ ဒါတင်မကပါ။ သူဘယ်လောက် သစ္စာရှိတယ် ဆိုတာ အခု ပြောပြချင်ပါသည်။

ထိုစဉ် အဖေက ဝါပွဲစားလုပ်နေသောအချိန်ဖြစ်သဖြင့် ငွေရှင်း၊ ငွေသိမ်း၊ ဝါသိမ်းစသည့်ကိစ္စတို့ဖြင့် ဟိုရွာ ဒီရွာသွားရတတ်သည်။ အဲဒီအချိန်မှာ ကျနော့်အသက်က ၁၂ နှစ်သားလောက်ပဲ ရှိလိမ့်မည်ထင်ပါသည်။ မသေခြာပါ။
တစ်နေ့ ငွေသိမ်းရန် အရှေ့နယ်ဖက်သို့သွားရန်ရှိလာသည်။ အရှေ့နယ်က နည်းနည်းကြမ်းသဖြင့် သူနဲ့အဖော်လိုက်ခဲ့ရန် အဖေက ကျနော့်ကိုခေါ်သည်။ ထိုအခါ ကျနော်က ကျနော့်မြင်းကိုစီးပြီး အဖေကတော့ အနောက်ဖက်အိမ် က မြင်းမကြီးကို ငှားစီးကာ နေ့လယ်ခင်းလောက်မှာ ရွာမှထွက်ခဲ့ကြသည်။
"သတိတော့ ရှိမှ၊ ဒီနယ်က လူမိုက်များတယ်"
လို့ အဖေကသတိပေးပါသည်။ ထိုရွာကို ရောက်သည့်အခါမှာတော့ ရွာသား တို့၏ ဖော်ရွေပျူငှာမှုကိုမြင်ရပြီး အဖေက အစိုးရိမ်လွန်တာဖြစ်မှာပါ လို့ ပင် တွေးလိုက်မိသေးသည်။ အဖေကတော့ ဖော်ရွေလေလေ၊ အစား အသောက်များဖြင့် အချိန်ဆွဲ ဧည့်ခံလေလေ အန္တရာယ်ရှိလေလေ ဟု တွေး ထင်နေပုံရပါသည်။ သူ့ကို အရက်များဖြင့် ဧည့်ခံသလို ကလေးသာဖြစ်သော ကျနော့်အတွက်လည်း စားစရာတွေက စုံလင်လှသည်။ နေမဝင်မီ ထိုရွာမှပြန် ရန် စိတ်ကူးရှိခဲ့ကြသော်လည်း တော်တော်မှောင်မှ ထိုရွာကထွက်နိုင်ခဲ့သည်။ ဝါ ဖောက်သည်များဖြစ်နေသဖြင့် သူတို့ဖိတ်ကြားဧည့်ခံမှုကို အဖေက အငြင်း ခက်နေသောကြောင့် နောက်ကျသွားရခြင်းဖြစ်သည်။




ရွာကထွက်တော့
"စပ်ကြား(လှည်းလမ်းကို ဘေးနှစ်ဖက်မှ ခြုံပုတ်များဖြင့် ကာဆီးထားသည့် လမ်းကျဉ်း) မရောက်ခင် သတိထားရအောင်၊ စပ်ကြားထဲမှာဆို ရှေ့ဆက် မရ၊ နောက်ဆုတ်မရ၊ ဘေးထွက်မရ ညှပ်ပူးညှပ်ပိတ်မိသွားနိုင်တယ်။ ဒီ လူတွေကို အခု ပိုပြီးသံသယရှိလာတယ်"
လို့ ထပ်သတိပေးသည်။ မှန်ပါသည်၊ ကွင်းပြင်မှာဆို သူတို့မှာဓားကိုယ်စီ ပါတယ်ဆိုဦး မြင်းပေါ်မှလူက ကြောက်စရာမလိုပါ။ ကျနော်တို့မှာလည်း ဓားကိုယ်စီပါသည်။ အဖေပြောသည့် စပ်ကြားထဲ မဝင်မီ ခပ်လှမ်းလှမ်းမှစပြီး ကျနော်က မြင်း တင်ပါးကို ခပ်စပ်စပ်ပုတ်ပေးလိုက်ပြီး အသာကျ မောင်း လိုက်သည် ။ ပြေးနေသော်လည်း စပ်ကြားနားနီးသောအခါ မြင်းရဲ့ နှာမှုတ် သံတွေ ပြင်းပြင်းလာသည်။ သူ့နှာမှုတ်သံကို မကြားချင်ယောင်ဆောင်ပြီး စပ်ကြားထဲ အတင်းမောင်းနေသောအခါ နှာမှုတ်ရုံသာမက ဟီးသံပေး၊ ပတတ်ရပ်ပြီး ညင်းဆန်လေတော့သည်။

ဒါဆို သေချာပြီ။ လူစိမ်းစောင့်နေသည်၊ အန္တရာယ်ရှိနေပြီ။ ထိုသို့သိလိုက်ချိန် ဓားကိုယ်စီနဲ့ လူငါးယောက် မလှမ်းမကမ်းကလိုက်လာသည်ကို တွေ့လိုက်ရ သည်။ ထို့အတူ ရှေ့မှာ စောင့်နေသည့်အုပ်စု ရှိနေမည်ကလည်း သေချာလှ ၏။
"သေချာပြီ။ ဒါပေမဲ့ ခြုံသိပ်မထူသေးတော့ ဒါလောက်တော့ ငါတို့မြင်းတွေ ခုံနိုင်တယ်၊ မင်း မြင်းကိုအရင် အခုန်ခိုင်းလိုက်"
ဒါနဲ့ ဇက်ကြိုတင်းပြီး တင်ပါးပုတ်ပေးလိုက်ရာ အလွယ်တကူပင် အပြင်ေ ရာက်သွားသည်။ အဖေလည်း နောက်က ပါလာသည်။ စပ်ကြား အပြင်ရောက်တော့ လမ်းမဟုတ်သည့် မြေပဲခင်းထဲကနေပဲ မြင်းစီးလာခဲ့ ရတော့သည်။
အဖေကတော့ စပ်ကြားထဲက လူအုပ်ကို
"ခွေးမသားတွေ သတ္တိရှိရင် တို့ရွာအထိလိုက်ခဲ့ကြလေ" လို့တောင် လှမ်းပြီးစိန်ခေါ်လိုက်သေးသည်။

ထိုညက ဘေးမသီရန်မခ ရွာပြန်ရောက်ခဲ့သည်မှာ လူစိမ်းအစီးမခံချင်သော၊ ဂျစ်ကပ်ကပ် ကျနော့်မြင်း၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။
စဉ်းစားမိပါ၏။ ပိုက်ဆံရှိလို့ မာစီးဒီးဝယ်စီးမည်ဆိုလျင်ပင် ရှေ့မှာ အန္တရာယ် ရှိလို့ဆိုပြီး ကားဟွန်းကို အလိုလိုမည်ပေးမည်မဟုတ်ပါ။
ဤသို့သော ဆက်ဆံရေးက သက်ရှိသတ္တဝါများ ကြားမှာသာရှိနိုင်လေသည်။
တရုတ်နွယ် စာဖတ်ပရိသတ်များသို့ ကုန်းချီဖဆိုင်။

Post a Comment