လော့ဂျစ်များ (New Version)


တစ်မိနစ်
ပထမလူ။ ။ တစ်မိနစ်ဆိုတဲ့ ဆိုတဲ့ အချိန်က ဘယ်လောက်ကြာပါသလဲ။
ဒုတိယလူ။ ။ ဒါက ခင်ဗျားက အိမ်သာထဲမှာလား ၊ အိမ်သာအပြင် က စောင့်နေတာလား ဆိုတာအပေါ် မူတည်ပါတယ်။

အထီး အမ
ပထမလူ။ ။ ယင်ကောင်ကို အထီး အမ ဘယ်လိုခွဲပါသလဲ။
ဒုတိယလူ။ ။ လွယ်ပါတယ်။ ဘီယာဘူးပေါ်မှာ နားနေတာက အထီး။ တယ်လီဖုန်းပေါ်မှာ နားနေတာက အမ။

အသား နဲ့ အစာ
ပထမလူ။ ။ တိရစ္ဆာန်တွေကို ချစ်ရင် အသား မစားသင့်ဘူး ဆိုတာ လက်ခံပါသလား။
ဒုတိယလူ။ ။ လက်ခံပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေရဲ့ အစားအစာဖြစ် တဲ့ အသီး အရွက်တွေကိုပါ ရှောင်လိုက်ရင် ဘယ်လိုလဲ။

ခေတ်
ရှေးလူကြီး။ ။ မင်းတို့လူငယ်တွေ လှေနံ နှစ်ဖက်နင်း မလုပ်ရဘူးကွ။
ခေတ်လူငယ်။ ။ ကျနော်တို့က ဒါကို ဒိုင်ဗာစီဖိုင်း (Diversify) လုပ်တယ် လို့ ခေါ်ပါတယ်ခင်ဗျား။ ဘစ်စနစ်မှာ အရေးကြီးတဲ့ မဟာဗျူဟာ တစ်ခုပါ။

ကြွက် နဲ့ လူ
ပထမလူ။ ။ ဂျာမန်ပညာရှင် တစ်ယောက်က ပြောတယ် " အံ့ ရောဗျာ။ ကြွက်တွေ ကြွက်ထောင်ချောက် တီထွင်တယ် မကြားဖူးပါဘူး၊ လူတွေက အဏုမြူ ဗုံး တီထွင်ကြ သတဲ့ "
ဒုတိယလူ။ ။ ကျနော်လည်း ကြွက်တွေ စိတ်ဆိုး စိတ်တိုနေတုန်း ကွန်မင့်ရေးတယ်၊ အီးမေးပြန်ကြတယ် လို့ မကြားဖူးဘူး ။

Post a Comment