မလေးရှားရောက် ဦးသိန်းစိန်နဲ့ မြင်တွေ့လာကြရမယ့် ကရုဏာ ပြပွဲ


စီးပွားရေးဆိုင်ရာခရီးစဉ်လို့ ယူဆရတဲ့ မလေးရှားခရီးစဉ်ကို မြန်မာသမ္မတ ထွက်လာချိန်မှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ ပြည်တွင်းက ကျောင်းသားအရေးပါပဲ။

ကျောင်းသား. ၁၄ ယောက် လွတ်ပေးသတဲ့။ ဒီနောက်မှာတော့ အစိုးရ သတင်းတွေအရ အပြစ်မရှိသူတွေကို စနစ်တကျ စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေါ့။ ၁၀၀ ကျော် အဖမ်းခံရပြီး ၁၄ ယောက်လွတ်လာတယ်ဆိုတော့ အရေအတွက်ကတော့ တော်တော်နည်းနေဆဲပါပဲ။

ဦးသိန်းစိန်အစိုးရကတော့ နည်းနည်းချင်း လွတ်လွတ်ပေးပြီး သူတို့ ကရုဏာပြပွဲကို ရေရှည်ပြသွားမယ့်သဘော ရှိနေပါတယ်။


Post a Comment