နားဝင်မချိုတဲ့ အမှန်တရားကို .... နားဝင်မချိုတဲ့ လက်ခုပ်သံနှင့် ခံစားကြည့်ခြင်း (Kyaw Nyein Thant)


ကမ်းလက် shared Kyaw Nyein Thant's post.
 Kyaw Nyein Thant

,,,နားဝင်မချိုတဲ့ အမှန်တရားကို ....
နားဝင်မချိုတဲ့ လက်ခုပ်သံနှင့် ခံစားကြည့်ခြင်း,,,,,,,

မလိုက်နာနိုင်ဘူး
ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ အိုဇုန်းလွာပေါက်ပြဲမှု့ဆိုတာ
ငါတို့သုံးတဲ့ ပစ္စည်းတွေကထွက်တာမဟုတ်ဘူး
ကမ္ဘာသုံးပစ္စည်း အပြည်ပြည်ဆိုင်ရာသုံးပစ္စည်းတွေထုတ်လုပ်လို့ဖြစ်တာကွ
လူခြောက်သန်း တာဝန်ကို မင်းတို့ထည့်မတွက်တာ
ငါ့ကို သတ်တာနဲ့ အတူတူပဲ(လီကွမ်ယု)

ဒီမှာတော့ လူသန်းခြောက်ဆယ်အတွက် လူတစ်ရာလောက်က
ငါနဲ့မတူ ငါ့ရန်သူ လုပ်နေတုန်း
ဘာလင်တံတိုင်းနဲ့ စစ်အေးတိုက်ပွဲတောင်ပြိုကျပြီးလို့
အိုင်တီ,ဆိုတဲ့ ကလေးတစ်ယောက်တောင် လူလားမြောက်နေပြီ
ငါနဲ့မတူ ငါ့ရန်သူ တိုက်ပွဲကတော့
ဒီမှာ နှစ် ၆၀ ယမ်းငွေ့တွေနဲ့ လူးလွင့်လို့
သမိုင်းကို တရားခံကြည့်,ကြည့်တော့ ရန်သူတွေကို မိတ်ဆွေမဖွဲ့နိုင်ခဲ့ ....
မိတ်ဆွေတွေသာ ရန်သူတွေဖြစ်ခဲ့ပေါ့ .....
သမိုင်းကို တရားခံကြည့်, ကြည်ြ့ပီး
လမ်းပေါ်ပြေးပြေးတက်လာတော့လဲ
အမှားထဲက အမှားဟောင်းတွေပဲ ထပ်မှား
လူသန်းခြောက်ဆယ်အတွက် လူတစ်ရာလောက်က မကြည့်ရက်လို့ဆိုတာ
ကျွန်တော် နားလည်ပါတယ် ..
လူတစ်ရာကြောင့် လူသန်းခြောက်ဆယ်ရဲ့ အနာဂတ်တွေ
နောက်ပြန်လှည့်ခံရမှာကိုတော့ ..ကျွန်တော်နားလည်တာ
ခင်ဗျားတို့မတရားဘူး ........(Kyaw Nyein Thant )

ဘာသာပြန် စာအုပ် အတွက် ဘကြီးဘုန်းဘုန်းကျေးဇူး အများကြီးတင်ပါသည်။
(လွတ်လပ်စွာ,ကွဲလွဲခံစားနိုင့်ဖို့ ,,သင်္ဂဇာဆရာတော်ကြီး မိန့်ကြားတဲ့
ငရဲ မကြီးအောင် အဆဲပြီးဆေး ဆောင်ထား ,,ပါသည်။)
 

Post a Comment