စီးပွားရေး အကောင်းမြင်ဝါဒရှိနေ


ဒီနေ့ စထရိတ်တိုင်းမ်းမှာ မြန်မာနဲ့ပတ်သက်တဲ့ဆောင်းပါးရှည် နှစ်ပုဒ်တောင်ပါဝင်ပါတယ်။
ပုံ ၁ နဲ့ ၂ က နိုင်ငံရေး ကမောက်ကမတွေ ရှိနေတဲ့ကြားကပဲ စီးပွားရေး အကောင်းမြင်ဝါဒရှိနေကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ တိုးလာနိုင်ကြောင်း၊ စင်္ကာပူက ဘဏ်နှစ်ခုလည်း အခြေကျနေပြီဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေ တိုးလာနိုင်ကြောင်း ဖော်ပြထားပါတယ်။ (ဦးရွှေမန်းတို့က တစ်ဦးချင်းဝင်ငွေ တိုးပြီးတောင်နေပြီ)

၃ နဲ့ ၄ ကတော့ စီးပွားရေးကနေ နိုင်ငံရေးဆီ လက်ညှိုး လှမ်းထိုးပြလိုက် တဲ့ နောက်ဆက်တွဲဆောင်းပါးပါ။ တိုင်းမ် မဂ္ဂဇင်းအချစ်တော် ဦးဝိရသူပေါ့။ ကောင်းပါတယ်၊ စထရိတ်တိုင်းမ်းက အင်တာဗျူးတော့ အင်တာနေရှင်နယ် သတင်းစာကြီးမှာ သူပြောချင်တာလေးတွေ တရားဝင်ပြောခွင့်ရတာပေါ့။

ပုံ ၄ ကတော့ ကိုယ့်လာမှန်မှာစိုးလို့ ငုံ့ရှောင်ပေးလိုက်မိပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို "ာသည်"လို့ ခေါ်တာနဲ့ ပတ်သက်တဲ့အမေးကို "ဒီတစ်ခါလာရင် ဖိနပ်နဲ့ပေါက်မှာ" လို့ ဆိုထားပါတယ်။




Post a Comment