အော်.. အင်း.... ဘယ်လိုထပ်ပြောရမလဲ???



"The good will always outnumber the evil."
မှန်ပါတယ် မစ္စတာဘလော့ဂါရယ်။ ဒါပေမဲ့ တော်တော်တော့ လုပ်ယူရလိမ့် မယ်။
ဘော်စတွန် ဗုးခွဲမှုအတွက် သံသယရှိရသူ ညီအကို နှစ်ယောက်အကြောင်း ဖတ်ရတော့ အကြမ်းဖက်သမားတွေဟာ ကင်ဆာဆဲလ်တွေနဲ့ အတူတူပဲ ဆို တဲ့ ဆရာဝန်တစ်ယောက်စကားကို ထပ်သတိရမိတယ်။
လူရိုး၊ လူအေး၊ လူတော်တွေပဲ။ မထင်ရက်စရာတွေ။ ဒါပေမဲ့ ထိမ်းမရ၊ သိမ်း မရဖြစ်ပြီး ကင်ဆာဆဲလ်တွေလို အဖျက်သဘောတွေ ဆောင်လာတာ။

ပြည်တွင်းအရေးက ရှိနေပြန်တော့ ပြောရမှာက အားနာစရာ။ အင်း.... သူတို့လည်း မွတ်စလင်တွေပဲ၊ မွတ်စလင်အများစုနေတဲ့ ချေချင်းညှာ အောရီဂျင်နယ်တွေ။
အမေရိကရဲ့ နည်းပညာကလည်း ကြောက်စရာကောင်းလောက်အောင် အကွက်စေ့နေတော့ ပြေးနေလည်း မိတော့မိမှာပါ။ အသေမိ၊ အရှင်မိပဲ ကွာမယ်။

အရှင်မိရင်တော့ နောက်ဆက်တွှဲဇာတ်လမ်းတွေ သိရဦးမယ်။ တွင်း တာဝါကို ဝင်တိုက်စဉ်ကတော့
" လေယာဉ်ပျံ တွင်း တာဝါဆီသွားဖို့ မြေပြင်က တက်လိုက်တာနဲ့ အလ္လာ အရှင်မြတ်ဆီကို ခရီးစနေပြီ။ တွင်း တာဝါနဲ့ နီးလာလေလေ အလ္လာ အရှင်မြတ်နဲ့ နီးလာလေလေ။ တွင်း တာဝါကို ဝင်တိုက်လိုက်ပြီဆိုရင် ဟို ဖက်မှာ အလ္လာအရှင်မြတ် စောင့်နေတယ်" တဲ့။

ဘာသာရေး အစွန်းရောက်တွေ အလ္လာအရှင်မြတ်နဲ့တွေ့ဖို့ ပေးလိုက်ရတဲ့ အသက်တွေက မနည်းလှဘူး။
ဒါပေမဲ့ မစ္စတာဘလော့ဂါရဲ့ စကားကို လက်ခံယုံကြည်ပါတယ်။
"The good will always outnumber the evil."



ဇင်ဝေသော် 

Post a Comment