အစၥလာမ္ဘာသာ နိုးထခြင်း


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

အစ္စလာမ်ဘာသာ နိုးထခြင်း
********************

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အာရှရဲ့ယုံကြည်မှု ပြင်းပြခိုင်မာလာနေ သလို အရေအတွက် များပြားလွန်းလှတဲ့ မွတ်စလင် လူဦးရေကလည်း အစ္စ လာမ်ဘာသာရဲ့ အိုင်ဒင်တတီ (အမှတ်အသားလက္ခဏာ)၊ အဓိပ္ပါယ်၊ တည်ငြိမ်မှု၊ တရားဝင်မှု၊ ဖွံ့ဖြိုးမှု၊ ပါဝါနဲ့ မျှော်လင့်ချက် အားကောင်းလာဖို့ အတွက် အကြောင်းတစ်ရပ် ဖြစ်လာနေပါတယ်။
မျှော်လင့်ချက်ဆိုရမှာ သူတို့ရဲ့ ဆောင်ပုဒ်ကကို ပဲ“အစ္စလာမ်ဟာ ပြသနာရဲ့ အဖြေ Islam is the solution)”ဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာ နိုးထလာခြင်းရဲ့ ပမာဏနဲ့ အရှိန်အဟုန်က အနောက်တိုင်း စီဗီလိုက်ဇေးရှင်းကို လှမ်းပြီးအားပြိုင်လိုက်တဲ့ နောက်ဆုံး အပြောင်းအလဲ တစ်ခု၊ ပြဿနာရဲ့အဖြေကို အနောက်တိုင်း အိုင်ဒီယော်လော်ဂျီနဲ့ အညီ ရှာမှာ မဟုတ်။ အစ္စလာမ် အဆုံး အမနဲ့အညီ ရှာဖွေယူမယ်ဆိုတဲ့ အားထုတ်မှု တစ်ခုပါ။
အစ္စလာမ်က ခေတ်မီခြင်းကိုလက်ခံတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို ငြင်းဆန်တယ်။ ခေတ်သစ်ကမ္ဘာကြီးထဲမှာ နေထိုင်နိုင်ဖို့ အစ္စလာမ် ဘာသာဟာ လမ်းညွှန်ချက်ဖြစ်တယ်။ ဆော်ဒီဲရဲ့ ထိပ်တန်း အရာရှိ တစ်ယောက် ၁၉၉၄ ခုနှစ်က ရှင်းပြသလိုဆိုရင် “နိုင်ငံခြား သွင်းကုန်တွေ ဟာ ကောင်းတယ်၊ တောက် တောက်ပပရှိတယ်(သို့မဟုတ်)နည်းပညာ အဆင့်မြင့်တဲ့ ရုပ်ဝတ္ထုတွေသာဖြစ်တယ်။ ဒါပေမဲ့ ကိုင်တွယ်ထိတွေ့လို့ မရတဲ့(သိမ်မွေ့တဲ့) လူမှုရေးနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာတော့ နိုင် ငံခြားပို့ကုန် (ယဉ်ကျေးမှု) တွေဟာ သေလုမြော ပါး အန္တရာယ်ကြီးလွန်းလှ ပါတယ်.....အီရန်က ရှား(ဘုရင်)ကို မေးကြည့်ပါ … ကျွန်တော်တို့အတွက် အစ္စလာမ်ဘာသာဟာ ဘာသာရေးတင် မဟုတ်ပါဘူး ဘ၀လမ်းညွှန် လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆော်ဒီတွေလည်း ခေတ်မှီလိုကြပါတယ်။ ဒါပေမဲ့ အနောက် တိုင်းဟန်နဲ့ ခေတ်မှီစရာတော့ မလိုအပ်လှပါဘူး။” (Note 17)

အစ္စလာမ်ဘာသာ နိုးထလာခြင်းဟာ ဒီရည်ရွယ်ချက် အထမြောက်လာစေဖို့ မွတ်စလင်တွေရဲ့ အားထုတ်မှုပါ။ ဒါဟာ အစ္စလာမ်ကမ္ဘာ အနှံ့အပြား ပျံ့နှံ့စေ တဲ့ပညာရပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဆိုင်ရာ၊ လူမှုရေးရာနဲ့ နိုင်ငံရေးရာ လှုပ် ရှားမှုကြီးပါပဲ။ အစ္စလာမ်ဘာသာရေးစာအုပ်ကြီးဝါဒကို ယေဘုယျအားဖြင့်"အစ္စလာမ် နိုင်ငံရေး" အနေနဲ့ သဘောပေါက် ထားလို့ရပါတယ်။ အစ္စလာမ် အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေ ပြန်လည်ရှင်သန်လာရေးအတွက် မွတ်စလင်တွေက အစ္စလာမ်ဘာသာကို ပေးဆပ်မှုတွေထဲမှာ ဒီလှုပ်ရှားမှုဟာ တစိတ် တပိုင်းလေး တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။ အစ္စလာမ် ဘာသာ နိုးထလာခြင်းက ပင်မရေစီးကြောင်းဖြစ်ပြီး အစွန်းရောက်ဝါဒီ မဟုတ်ပါဘူး။ နေရာအနှံ့ ပျံ့နှံ့နေပြီး တသီးတသန့် ရှိနေတာလည်း မဟုတ်ပါဘူး။
ဒီလှုပ်ရှားမှုက နိုင်ငံတိုင်းမှာရှိတဲ့ မွတ်စလင်တွေကိုရိုက်ခတ်စေပြီး ဒါဟာ လူ့အဖွဲ့အစည်းတွေအတွက် လမ်းညွှန် ချက်၊ မွတ်စလင်နိုင်ငံ အများစု အတွက် နိုင်ငံရေးလည်းဖြစ်တယ်။ ဂျွန်အယ်(လ်) အက်(စ်)ပိုစီတို (John L.S Posito) “တစ်ဦးချင်း ဘ၀တွေအတွက် နိုးထလာတဲ့ အစ္စလာမ် လက်စွဲကျမ်း” မှာ ဒီလိုရေးထားတယ်။
"လမ်းညွှန်ချက်တွေ အများအပြားရှိပါတယ်။ ဘာသာရေး ကိုင်းရှိုင်းဖို့အတွက် အာရုံစိုက်ခြင်း (ဗလီတက်ခြင်း၊ ဆု တောင်းဝတ်ပြုခြင်း၊ ဥပုသ်စောင့်ခြင်း) ဘာသာရေး အစီအစဉ်တွေဖြန့်ဝေခြင်း၊ ဘာသာရေးဆိုင်ရာ ကျမ်းစာတွေ ပုံနှိပ် ဖြန့်ဝေခြင်း၊ အစ္စလာမ်ထုံးတမ်းစဉ်လာအတိုင်း ဝတ်စားဆင်ယင်ခြင်း နဲ့ အစ္စလာမ်တန်ဖိုးကို အလေး ထားခြင်း၊ စူဖီဝါဒကို ပြန်လည် အသက် သွင်းခြင်း (Sufism = mysticism) တွေ ပါဝင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆန်းသစ်လာတဲ့ အစ္စလာမ်လှုပ်ရှားမှုကို လူထု ကြီးတစ်ရပ်လုံးရဲ့ အစ္စလာမ်ဘာသာ အပေါ်ယုံကြည်သက်ဝင်မှု ပြန် လည် အားကောင်းခြင်းက ၀န်းရံပေးထားတယ်။ အစ္စလာမ်ဘာသာ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတွေ၊ အဖွဲ့ အစည်းတွေ၊ ဥပဒေတွေ၊ ဘဏ်တွေ၊ လူထု အကျိုးပြုလုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကျောင်းတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အစိုးရတွေကရော အတိုက်အခံတွေ ကပါ အစ္စလာမ်ဘာသာကို ခြေကုတ်ယူပြီး ထောက်ခံမဲတွေရအောင် ကြိုးစား ကြတယ်။ သူများထက်ပိုပြီး ဘာသာရေးဘက်မလိုက်ဝါဒဆန်တဲ့ တူရကီလို၊ တူနီးရှားလို နိုင်ငံ တွေအပါအ၀င် နိုင်ငံအစိုးရအများစုဟာ အစ္စလာမ်ရဲ့ အားကို အသိအမှတ်ပြုလာကြပြီး အစ္စလာမ်နဲ့ ပါတ်သက် တဲ့ကိစ္စ တွေမှာ စိတ်ဝင်စားမှုတွေ ပြသလာနေကြပါတယ်"

အလားတူပါပဲ နောက် ထင်ရှားတဲ့ အစ္စလာမ်ပညာရှင် အလီ အီး ဟီ လယ်ဒက်ကီး (Ali-E-Hilla Dessouki) ကတော့ အစ္စလာမ် ဘာသာ နိုးထ လာခြင်းဟာ အရင်ကရှိခဲ့တဲ့ အနောက်တိုင်းဥပဒေ နေရာမှာ အစ္စလာမ်မစ် ဥပဒေကို အစားထိုးနိုင်ရေး၊ ဘာသာတရားနဲ့ ဆိုင်တဲ့ ဘာသာစကား၊ သင်္ကေတတွေကို ပိုအသုံးပြုကြရေး၊ အစ္စလာမ် ပညာရေးတိုးချဲ့ရေး (အစ္စလာမ်မစ်ကျောင်းတွေ တိုးပွားလာရေးနဲ့ အစိုးကျောင်းတွေမှာ အစ္စလာမ် ဘာသာရေးတွေ ထည့်သွင်းပြဌာန်းရေး)၊ အစ္စလာမ်မစ် ကိုယ်ကျင့်တရားတွေ ကျင့်သုံးလာရေး (အမျိုးသမီးများ မျက်နှာဖုံးထားခြင်း၊ အရက်သေစာ ရှောင် ကြဉ်ခြင်း) ဘာသာရေး ၀န်ပြုဆုတောင်းပွဲတွေမှာ တက်ရောက်သူ ပိုမိုများပြား လာရေး၊ မွတ်စလင်နိုင်ငံတွေမှာ ရှိနေတဲ့ ဘာသာရေးဘက်မလိုက် အစိုးရေ တွရဲ့နေရာကို အစ္စလာမ်ဗ်အဖွဲ့တွေက နေရာယူနိုင်ရေး၊ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်နိုင်ငံ၊ အစ္စလာမ်လူ့အဖွဲ့အစည်းတွေကြား ဆက်ဆံရေးတွေ ပိုမို အားကောင်းခိုင်မာလာရေးတွေအတွက် (အစ္စလာမ် ဘာသာ နိုးထခြင်း လှုပ်ရှားမှုက) အားကြိုးမာန်တက် ပါဝင်ခဲ့တယ်လို့ ရှုမြင်ပါတယ်။(Note 18)

La revanche de Dieu ထာဝရဘုရားရှင်ရဲ့ပစ်ဒဏ်ခတ်ခြင်းကတော့ တစ် ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ အလ္လာ ရှင်မြတ်ရဲ့ ပြစ်ဒဏ် စီရင်ခြင်း ကတော့ နယ်ပယ်အကျယ်ဆုံး ပျံ့နှံ့နေပြီး မွတ်စလင် လူ့အဖွဲ့အစည်းတွေရဲ့ ဆန္ဒကို ဖြည့် ဆည်းပေးလျက်ရှိနေပါတော့တယ်။
နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ အစ္စလာမ်လှုပ်ရှားမှုဟာ မာ့က်(စ်) ၀ါဒနဲ့ ဆင်တူပါတယ်။ လမ်းညွှန်ချက် လက်စွဲကျမ်းစာနှင့်အတူ အရာခပ်သိမ်း ပြီးပြည့်စုံတဲ့ ဘ၀အမြင်ရှိတယ်။ လိုအပ်တဲ့ အခြေခံပြောင်းလဲမှုတွေဖြစ်ဖို့ အား စိုက်ထုတ်တယ်။ ပါဝါကို ဆန့်ကျင်တယ်၊ အမျိုးသားနိုင်ငံတော်ကို ဆန့် ကျင်တယ်၊ ဒီအထဲမှာ တရားမျှတတဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ အကြမ်း ဖက်တော်လှန်ရေးဆိုတဲ့ အဆုံးအမ နှစ်ခုကွဲပြားစွာပါဝင်ပတ်သက်နေတယ်။


ဒီထက်ပိုအသုံးကျမဲ့ နှိုင်းယှဉ်မှုကတော့ အစ္စလာမ်နိုးထခြင်းဟာ ပရိုတက် စတင့် (ခရစ်ယာန်အယူဝါဒ) ပြန်လည် တည်ဆောက်ရေးနဲ့ တူပါ တယ်။ နှစ်ဖွဲ့စလုံးဟာ လက်ရှိအဖွဲ့အစည်းတွေရဲ့တက်ကြွမှုမရှိခြင်း၊ ကိုယ် ကျင့်တရားပျက်ခြင်းကို တော်လှန်ဖို့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်တယ်။ ပို့ပြီး သန့်စင်၊ ပိုပြီးတောင်းဆိုမှုများတဲ့ မူလဘာသာတရားဆီ ပြန်သွားမယ် လို့ကြွေးကြော်ကြတယ်။ အလုပ်၊ အမိန့်နဲ့ စည်းကမ်း အကြောင်းတွေ ကို ဟောပြောကြတယ်၊ အင်အားကောင်းတဲ့ လူလတ် တန်းစာတွေ ပါဝင် လာဖို့ စည်းရုံးတောင်းဆိုကြတယ်။ လှုပ်ရှားမှုအားဖြင့်လည်း နှစ်ဖွဲ့စလုံးဟာ ရှုပ်ထွေးများပြား လွန်းလှတယ်။ ရပ်တည်ချက်တွေမတူကြဘူး။ ဒါပေမဲ့ အဓိကနှစ်ချက်ကတော့ တူနေတယ်။ (ခရစ်ယန်မှာ) လူသာရင်ဝါဒနဲ့ ကာ(လ်)မင်ဝါဒရှိခဲ့သလို၊ (အစ္စလာမ်မှာ) ရှိယိုက်နဲ့ ဆွန်နီ ဘာသာရေး စာအုပ်ကြီးဝါဒတို့ရှိကြတယ်။ နောက်ပြီး ဂျွန်ကာ(လ်)မင်နဲ့ အယာ တိုလာ ခိုမေနီတို့တောင် တစ်ယောက်နဲ့တစ်ယောက် ဆင်တူနေပြီး ဘာသာရေး ဥပဒေတွေကို လူထုလိုက်နာကျင့်သုံးဖို့ ကြိုးစားခဲ့ ကြတယ်။

(Lutheranism လူသာရင်နစ်ဇင်ဆိုတာ ခရစ်ယန်ဂိုဏ်းကွဲတစ်ခု၊ ဂျာမန်ဘုန်းတော်ကြီး မာတင်လူသာ (ရ်) တို့ရဲ့ အဆုံး အမတွေကို အစွဲပြုပြီး၊ ခေါ်ဝေါ်ထားတဲ့ အမည်ဖြစ်ပြီး Calvinism ကတော့ ပရိုတက်စတင့်ဂိုဏ်း၊ John Colvin ကို အစွဲပြုပြီး၊ ခေါ်ဝေါ်တဲ့အမည်ပါ) ဘာသာပြန်သူ။)

ခရစ်ယန်ဘာသာ ပြန်လည်တည်ဆောက်ရေးနဲ့အစ္စလာမ်ဘာသာ နိုးထေ ရး နှစ်ခုလုံးရဲ့ အခြေခံ စိတ်ဓါတ်က စနစ်တကျ ပြန်လည်တည်ဆောက်ရေး ပါပဲ။
“ ပြန်လည်တည်ဆောက်ရေးဟာ ကမ္ဘာ အနှံ့အပြားမှာ ဖြစ်နေရမယ်။ နေ ရာတွေ၊ လူတွေ၊ အမည်နာမတွေ အားလုံးပြောင်းလဲရမယ်။ တရားခုံရုံးတွေ ကို ပြောင်းရမယ်၊ မျှတမှုမရှိတဲ့ တရားသူကြီးတွေကို ပြောင်းလဲ ရမယ်။ တက္ကသိုလ်တွေ၊ မြို့တော်တွေ၊ နိုင်ငံတွေကို ပြောင်းလဲရမယ်၊ ပညာရေး၊ မကောင်းတဲ့ကျောင်းတွေ၊ ဥပုဒ်ကျောင်း တွေ၊ တရားနာပရိတ်သတ်တွေ၊ ဘုရားရှိခိုးပုံတွေ ပြောင်းလဲရမယ် ” လို့ပြုပြင် ပြောင်းလဲ ရေး ခရစ်ယန် တရားဟောဆရာ တစ်ယောက်က ပြောခဲ့ဘူးပါတယ်။

သူနဲ့အလားတူပါပဲ၊ အယ်(လ်) တူရဘီ (al-Turabi) ကလည်း ဒါကိုထပ်ပြီး ခိုင်မာစေတယ်။
"အစ္စလာမ်ဘာသာ နိုးထလာမှုဟာ အဓိပ္ပါယ် အလွန်လေးနက်ပါတယ်။ ဒါဟာ တစ်ကိုယ်ရေ ဘာသာတရား ကိုင်းရှိုင်းတာမဟုတ်ပါဘူး။ အသိ ဥာဏ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ကိုးကွယ်မှုလည်း မဟုတ်ဘူး။ အထက်က အရာတွေ အားလုံး ပါဝင်ပြီး၊ အထက်ဆုံး ကနေ အောက်ဆုံးအထိ ရှိနေတဲ့ လူတန်းစားအားလုံးကို တစ်ပေါင်း တည်း ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကျယ်ဝန်းလေးနက်မှုမျိုးပါ။" (Note 19)

၂၀ ရာစု နှောင်းပိုင်း အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲက အစ္စလာမ် နိုး ထခြင်းရဲ့ အကျိုးသက်ရောက်မှုကို မျက်ကွယ် ပြုခြင်းဟာ ၁၆ ရာစု နှောင်းပိုင်း၊ ဥရောပနိုင်ငံရေးထဲက ပရိုတက်စတင့် ပြန်လည် တည်ဆောက်ရေးရဲ့ အကျိုး သက် ရောက်မှုကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပါပဲ။ အစ္စလာမ် နိုးထခြင်းက ခရစ်ယန်ပြန်လည်တည်ဆောက်ရေး ထက်ထူးခြား တာဆိုလို့ တစ်ခုပဲရှိပါတယ်။ ပရိုတက်စတင့် ပြန်လည် တည်ဆောက်ရေးရဲ့ အကျိုးသက်ရောက်မှုက ဥရောပ အနောင်တိုင်းထဲ တင်သာဖြစ်ပြီး၊ စပိန်၊ အီတလီနဲ့ ဥရောပအရှေ့ပိုင်းတွေမှာ သက်ရောက်မှု သိပ်မရှိခဲ့ဘူး။ အစ္စလာမ် ဘာသာ နိုးထခြင်းက မွတ်စလင်နိုင်ငံတိုင်းကို ပျံ့နှံ့သွားခဲ့တယ်။

၁၉၇၀ ခုနှစ်တွေကစလို့ အစ္စလာမ်မစ် သင်္ကေတတွေ၊ ယုံကြည်မှု၊ အကျင့်၊ ဖွဲ့စည်းပုံဥပဒေတွေ၊ ပေါ်လာစိတွေနဲ့ အဖွဲ့အစည်းတွေဟာ မော်ရိုကိုကနေ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားကနေ ကာဇက်စတန် (တစ်) ဘီလီယံရှိတဲ့ မွတ်စ လင်တွေရဲ့ တခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့တယ်။ ဒီလှုပ်ရှားမှုက အစမှာတော့ ယဉ်ကျေးမှုနယ်ပယ်ထဲလောက်တင်ပါ။ နောက်ပိုင်းမှာတော့ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ် တွေထဲအထိကျယ်ပြန့်သွားခဲ့တယ်။ ပညာရေး၊ နိုင်ငံရေးခေါင်းဆောင် တွေအနေနဲ့ သဘောကျသည်ဖြစ်စေ၊ မကျ သည်ဖြစ်စေ၊ အသိ အမှတ်မပြုလို့ မရသလို ရှောင်လွှဲလို့ လည်းမရတော့ ပါဘူး။ မျိုးဆက်ကြီး တစ်ခုလုံးကို သိမ်းကျုံး ခေါ်ယူသွားနိုင်ခြင်းဟာ အမြဲတမ်း အန္တရာယ်ရှိပြီး အများအားဖြင့်မှာလည်း မှားနေတတ်တယ်။ ဒါပေမဲ့ မှန်သလို လိုလည်း ထင်နေရတတ်တယ်။ ၁၉၉၅ ခုရောက်တော့ အီရန်ကလွဲရင် မွတ် စလင်လူမျိုး အများစုရှိတဲ့ နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးအရ ပိုပြီး အစ္စလာမ်မစ်တွေ ဖြစ်လာခဲ့ကြတော့ တယ်။(Note 20)

နိုင်ငံအများစုတွေထဲမှာ အစ္စလာမ်မစ် လှုပ်ရှားရေးသမားတွေ အဓိက လုပ်ဆောင်ကြတဲ့ အချက်က အစ္စလာမ်မစ် လူမှုရေး အဖွဲ့အစည်းတွေ တိုးတက်အားကောင်းအောင် ပြုမူခြင်းနဲ့ ရှိရင်းစွဲ လူ့အဖွဲ့အစည်းတွေကို အစ္စလာမ်မစ် အဖွဲ့တွေက သိမ်းပိုက်ယူခြင်းပါပဲ။ အစ္စလာမ်မစ်တွေ အထူး အာရုံစိုက် လုပ်ဆောင်တာက အစ္စလာမ်စာသင်ကျောင်းတွေ တည်ထောင်ခြင်းနဲ့ အစိုးရကျောင်းတွေမှာ အစ္စလာမ်အဆုံးအမတွေ လွှမ်းမိုး လာအောင် ကြိုးစားယူခြင်းပဲဖြစ်တယ်။ အကျိုးဆက် အနေနဲ့ အစ္စလာမ်မစ် အဖွဲ့တွေဟာ လူထုအဖွဲ့အစည်းထဲ တစိမ့်စိမ့် တိုးဝင် တည်ရှိ လာခဲ့ခြင်း ပဲပါတယ်။ အခြား အဖွဲ့အစည်းတွေနဲ့ အားပြိုင်တယ်၊ ဖိနှိပ်တယ်၊ ဘာသာရေး လျော့ရဲပြီး အားနည်းတဲ့ အဖွဲ့အစည်းတွေရဲ့ နေရာမှာ အရေ အတွက် ပမာဏအားဖြင့်ရော ကူညီဆောင်ရွက်ချက်တွေ အားဖြင့်ပါ နေ ရာဝင်ယူ လာကြတော့တယ်။ ၁၉၉၀ ခုနှစ်တွေရဲ့ စောစော ပိုင်းက အီဂျစ်နိုင် ငံထဲ အစ္စလာမ်မစ် အဖွဲ့အစည်း တွေ အားကောင်းလာပြီး၊ အစိုးရက ဖြည့် ဆည်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ကွက်လပ်နေရာ(လှည့်မကြည့်နိုင်တဲ့နေရာ)တွေ ကိုသူတို့ကဖြည့်ဆည်းပေး လာခဲ့ကြ တယ်။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး နဲ့ အခြားအကူအညီတွေ ဆင်းရဲသား အီဂျစ်တွေကို အလုံးအရင်းနဲ့ ပေးခဲ့ ကြတယ်။ ၁၉၉၂ ခုနှစ် ကိုင်ရိုမြို့မှာ ငလျင်ကြီးလှုပ်တော့ သူတို့အဖွဲ့တွေက နာရီပိုင်းအတွင်း လမ်းတွေပေါ်ရောက်လာပြီး၊ အစားအသောက်တွေဝေ ကြ၊ စောင်တွေပေးကြတော့ အစိုးရအဖွဲ့တွေက သူတို့နောက် အများ ကြီး ပြတ်ကျန်နေရစ်ခဲ့ကြ တယ်။

ဆက်ရန်

Post a Comment