စနေ ဘောလုံး ( ဂွာဒီယိုလာ ဂယက် )


တီတာလင်း ရေ ( လန့်မသွားပါနဲ့ )

ဟိုလိုလို ဒီလိုလို ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်ကို ရွေး လိုက်တော့ အောင့် ထားတဲ့ နည်းပြတချို့ရဲ့ သက်ပြင်းတွေ အခုမှ " ဟူး " ကနဲ ချနိုင်ကြတော့ တယ်။
ဂွာဒီယိုလာရဲ့ ရွေးချယ်မှုနဲ့ ဆက်နွှယ်ပြီး သက်ရောက်လာတဲ့ အကျိုးတွေက ဘိုင်ယန်မြူးနစ်နဲ့ ဂွာဒီယိုလာအပေါ်သာမက တော်တော်များများအပေါ်မှာ ရှိနေခဲ့တယ်လို့ ဂါးဒီးယန်း သတင်းစာက ဆိုထားတယ်။

Biggest Winners
သူက ဥရောပ ချန်ပီယံ လေးကြိမ်ပိုင်ရှင် ဘိုင်ယန်မြူးနစ်ပါ။ ဂွာဒီယိုလာရောက်လာတဲ့နောက် လူငယ်ခြေတက်တွေပေါ၊ ဘဏ္ဍာရေး လည်း တောင့်တင်းတဲ့ ဘိုင်ယန်မြူးနစ်ဟာ ငါးကြိမ်မြောက်ဖြစ်ဖို့ အလား အလာတွေ ကောင်းနေပါလိမ့်မယ်။

Winners
Jose Mourinho
ဂွာဒီယိုလာကို ရွေးချယ်ခွင့်မရတော့ဘူးဆိုတဲနောက် တစ်ယောက်တည်း ကမ္ဘာ့ " အေ " အဆင့်နည်းပြအနေနဲ့ ထီးထီးကြီး ရှိနေတော့တာ ကတော့ မော်ရင်ညိုပါပဲ။ ရီယယ်မက်ဒရစ်ရဲ့ အဓိက အာကစားသမားတွေ၊ ပရိသတ်တွေ၊ စပိန်မီဒီယာတွေနဲ့ သူ့ဆက်ဆံရေးကလည်း ဂဟေဆက်ဖို့ ခပ်ခက်ခက်ပါ။ သူလာမယ်ဆို လက်ကမ်းကြိုမယ့် ကလပ်တွေ မနည်းနိုင်ဘူး။

David Moyes
မော်ရင်ညိုနဲ့အတူ ကြားထဲက အမြတ်ထွက်သွားသူကတော့ အယ်ဗာတန် နည်းပြ ဒေးဗစ် မိုယေးပါပဲ။ မန်ယူက အသက် ၇၁ နှစ်ရှိ ဖာဂီ အနားယူသွား ရင် အစားထိုးဖို သူ တစ်ပြေးနေကြောင်း ခန့်မှန်းချက်တွေ ထွက်လာနေပြန် တယ်။

Losers
Manchester City
လက်ရှိနည်းပြ မန်ချိနီကို ထုတ်ပစ်ပြီး မော်ရင်ညိုကလည်း ခပ်စိမ်းစိမ်း ပဲ နေလိုက်မယ်ဆိုရင် ပရီမီးယားလိဂ် ချန်ပီယံဟာ " ဘီ " အဆင့်သာရှိတဲ့ နည်းပြနဲ့ ကျေနပ်ရတော့မယ့် သဘောရှိနေပြန်တယ်။

Jupp Heynckes
နောက်တစ်ယောက်က ဘိုင်ယန်မြူးနစ်က အသက် ၆၇ နှစ်ရှိလက်ရှိနည်းပြ ဂျက်ပ် ဟေးနက်စ်ပါ။ စတိုင်ပါပါ နှုတ်ဆက်ချင်လို့ ဘိုင်ယန်ကို ချန်ပီယံဖြစ်အောင် ကြိုးစားနေပေမယ့် ချန်ပီယံဖြစ်ခဲ့ရင်တောင် ဒီသတင်းကို ဂွာဒီယိုလာရောက်လာတဲ့ ဓာတ်ပုံတွေက လွှမ်းသွားလိမ့်မယ်။

Biggest Loser
Roman Abramovich
ဒီတစ်ပတ်မှာ ဘောလုံးမကန်ရခင် အရှုံးကြီး ရှုံးခဲ့ရသူကတော့ ရိုမန် အေဘ ရာမိုဗစ်ပါ။ ဂွာဒီယိုလာအရောက် ချယ်လ်ဆီးကို ဘာစီလိုနာပုံစံပေါက်အောင် ဆိုပြီး မက်ခဲ့ရတဲ့ အိပ်မက်ကလည်း ရှည်သာရှည်တယ် ထမင်းလုံး တစ္ဆေခြောက်ရုံနဲ့ လမ်းဆုံးသွားခဲ့တယ်။ ပညာရှင်ရဲ့ရည်မှန်းချက် နဲ့ သိက္ခာ။ ငွေနဲ့ ပုံအောလို့ ဝင်ဆက်တာတောင် စတန်းဖို့ တံတားက ဂွာဒီယို လာ ဆီ ရောက်မသွားခဲ့ဘူး။
ဂွာဒီယိုလာနဲ့လွဲတော့ ဇိုလာ တို့တောင် တော်ကောက်ခံရကိန်းရှိတယ် လို့ ပြောနေကြလေရဲ့ ကွာ။
Ref: The Guardian. London.



ဇင်ဝေသော်

Post a Comment