✿◕ ‿ ◕✿ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း ✿◕ ‿ ◕✿


စင်္ကာပူရောက် ပထမဒုတိယမျိုးဆက် မြန်မာကလေးငယ်များအတွက်

ဗုဒ္ဓဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း

မှတ်တမ်းဓါတ်ပုံများ (အဘိဓမ္မာ အသင်းကြီး၏ Facebook မှ)
၁။ ၁၂-၀၂-၂၀၁၂ (ပြည်ထောင်စုနေ့)
၂။ ၁၉-၀၂-၂၀၁၂
၃။ ၂၆-၀၂-၂၀၁၂


ပထမနှစ်တွင် စတင်သင်ကြားပေးမည့် ဘာသာရပ်များ -
 ╰⊰⊹✿ ဗုဒ္ဓဘာသာ ✿⊹⊱╮
- သြကာသ၊ သရဏဂုဏ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊
- ခုနစ်နေ့ ဘုရားရှိခိုး၊ ဗုဒ္ဓ၀င်အကျဉ်း၊
- ဘုရားရှင်၏ နာမည်ကျော် သာဝကများ စသည်။


╰⊰⊹✿ မြန်မာ့ယဉ်ကျေးမှု ✿⊹⊱╮
- ရွှေတိဂုံ ပုဂံ စသည့် ဘာသာရေးနှင့် လူမျိုးရေး အမွေအနှစ်များ၊
- မြန်မာပြည်တည်နေရာ၊ ရာသီဥတု၊ အစားအစာ၊
- တိုင်းရင်းသားလူမျိုးစုများ၊ ၀တ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှု စသည်။
- မြန်မာနှစ်၊ လ၊ ပွဲလမ်းသဘင် နှင့် ရာသီပန်း စသည်။

[စာသင်ချိန် နာရီ (၄၀)ခန့်၊ အီလီနွိုက်တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းကို မှီးသည်]

နေရာ - မင်္ဂလ၀ိဟာရ၊ 30 Jalan Eunos, Singapore 419495
နေ့ရက် - ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၉ရက်မှ စ၍ တနင်္ဂနွေနေ့တိုင်း
အချိန - ညနေ (၇)နာရီမှ (၉)နာရီအထိ
သင်တန်းကာလ - သုံးနှစ် ။

★နှစ်စဉ် စာမေးပွဲ စစ်မည်။ အောက်လက်မှတ်နှင့် ဆုများ ချီးမြှင့်မည်။
★မိဘကိုယ်တိုင် လက်မှတ်ထိုး၍ အပ်နှံရမည်။
★ကျောင်းသားဦးရေ ကန့်သတ်ချက် ရှိသည်။

ဆက်သွယ်ရန်
၁။ ဦးမြင့်သိန်း ၊ ☎ ၈၁၅၉ ၃၉၈၉ ၊ ✉mtheingeo@gmail.com
၂။ ဒေါ်မြင့်မြင့်သန်း၊ ☎ ၉၄၂၄ ၂၇၁၃ ၊ ✉mamyintthan@gmail.com

“ပစ္စုပ္ပန်ကို မကျေနပ်လို့ အနာဂတ်နောက်ကို အသဲအမဲ လိုက်နေရင်း အတိတ်က ခမ်းနားတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု အမွေတွေ ကျကျန်ခဲ့မှာစိုးလို့ ဒီ သင်တန်းကို စခဲ့ကြပါတယ်။

သင်တန်းဖြစ်မြောက်ရေးအဖွဲ့

╰⊰⊹✿ ဒုတိယအကြိမ် လောကချမ်းသာ သဲပုံစေတီ ပူဇော်ပွဲ ဖိတ်ကြားနှိုးဆော်လွှာ ✿⊹⊱╮

စင်္ကာပူနိုင်ငံ East Coast ကမ်းခြေတွင် စုပေါင်းတည်ထား ကိုးကွယ် ပူဇော် မည့် လောကချမ်းသာ သဲပုံစေတီတော်ကြီးအား မူလသတ်မှတ်ရက်ဖြစ်သော
( ၂၄-၀၂-၂၀၁၂ ~ ၂၆-၀၂-၂၀၁၂) အစား (၀၉-၀၃-၂၀၁၂ ~ ၁၁-၀၃-၂၀၁၂) သို့ပြောင်းလဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဓမ္မမိတ်ဆွေ သူတော်ကောင်း တို့အား လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။




အသေးစိတ်ကို အဘိဓမ္မာ အသင်းကြီး(စင်္ကပု) ၏ Facebook တွင်ကြည့်ရှုကြပါရန်
Event Link : click here
Note Link : click here








Copyright © 2011 ကမ်းလက်. All rights reserved.

✿◕ ‿ ◕✿ ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု သင်တန်း ✿◕ ‿ ◕✿

 ╰⊰⊹✿ ဗုဒ္ဓဘာသာ
လေး ငါး နှစ် အရွယ်ကလေးတွေရဲ့ ပါးစပ်တဲ သရဏဂုဏ် နဲ့ ငါးပါး သီလ ရောက်သွားရင်ကော နည်းသလား၊
( ၇ ) နေ့ ဘုရားရှိခိုးတွေ၊ရွတ်လို့ကောင်းတဲ့ ကဗျာ လေးတွေ ရသွားရင် ဘောနပ်စ်။
နိဗ္ဗာန် အထိ မှန်းကြရင်တော့ ကိုယ်တိုင်ပဲ ဆက်လုပ်ကြတော့ပေါ့။

မြန်မာ့ယဉ်ကျေးမှု ✿⊹⊱╮
သူတို့လေးတွေ ရင်ထဲ မျိုးချစ်စိတ်ပါ တွဲပြီး အင်စတောလ်လုပ်ရမယ်၊
အနည်းဆုံး နိုင်ငံတော် သီချင်းတော့ ပါးစပ်ထဲ ရောက်သွားစေရမယ်၊
အဲ..နောက်မှ စီတီဇင်တွေ အခြေအနေ အရ ကွဲကုန်တာတော့ သင်တန်းနဲ့ မဆိုင်လှဘူး။  ။


အမှတ်တရ ဓါတ်ပုံများ (အဘိဓမ္မာ အသင်းကြီး၏ FB မှတဆင့် ပြန်လည်ဝေမျှထားပါသည်။)
၁။ ပြည်ထောင်စုနေ့
၂။ ၁၉-၂-၂၀၁၂











Copyright © 2011 ကမ်းလက်. All rights reserved.

အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖိတ်ကြားလွှာ

 
သာသနာတော်နှစ်- ၂၅၅၅ ခုနှစ်                                                         ကောဇာသက္ကရာဇ်- ၁၃၇၃ ခုနှစ်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


အဘိဓမ္မာအသင်းကြီးနှင့်မင်္ဂလဝိဟာရကျောင်းတိုက်တို့မှကြီးမှူးပြုလုပ်သည့်
ပထမအကြိမ် စုပေါင်းရဟန်းခံပွဲ နှင့် ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖိတ်ကြားလွှာ

သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွှတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို ရည်သန်သမှုအာရုံပြု၍ ပထမအကြိမ် စုပေါင်းရဟန်းခံပွဲနှင့် ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတော်ကြီးကို အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
စုပေါင်းရဟန်းခံပွဲအစီအစဉ်

၂၁.၀၁.၂၀၁၂ - ခုနှစ်၊ စနေနေ့ နံနက် (၁၀) နာရီတွင် ပဗ္ဗဇ္ဇမင်္ဂလာ( ရှင်ပြုမင်္ဂလာ ) ၊ ညနေ (၃) နာရီတွင် ဥပသမ္ပဒမင်္ဂလာ (ရဟန်းခံမင်္ဂလာ) ၊ညနေ (၆) နာရီတွင် စုပေါင်းသိမ်ဆင်းလောင်းကုသိုလ်ပွဲ ကိုကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
* သိမ်ဆင်း ရဟန်း ၃၂ ပါးခန့်  ရှိပါသည်။ 

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအစီအစဉ်
နေ့ရက်      ။         ။ ၂၂. ၀၁.၂၀၁၂ - ခုနှစ်၊ တနင်္ဂနွေနေ့ မှ ၂၆. ၀၁.၂၀၁၂ - ခုနှစ်၊ ကြာသပတေးနေ့ အထိ
ဖွင့်ပွဲအချိန်  ။         ။ ၂၂. ၀၁.၂၀၁၂ - ခုနှစ်၊ တနင်္ဂနွေနေ့ နံနက် ၉း ၀၀ နာရီ
နေရာ        ။         ။ မင်္ဂလဝိဟာရကျောင်းတိုက်

မဟာပဋ္ဌာန်းဒေသနာတော်ကြီးကို ငါးရက်ငါးညတိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေများနှင့် အတူတကွ စုပေါင်းရဟန်းခံပွဲ နှင့် အသံမစဲမဟာပဋ္ဌာန်းပွဲဖွင့်ပွဲ တွင် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှုတို့ကို သာဓုအနုမောဒနာ ခေါ်ယူမည်ဖြစ်ပါသဖြင့် အထက်ပါအစီအစဉ်အတိုင်းကြွရောက်ချီးမြင့်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

 လေးစားစွာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)
















Copyright © 2011 ကမ်းလက်. All rights reserved.

Classes @ Mangala Vihara



 I.        BUDDHANUSSATI RECITATION


The 108 times chanting of the 9 virtues of the Buddha.
1st Sunday of the month – 1pm to 2:30pm














II.        MANDARIN CLASSES

Every Friday – 7:00pm to 9:30pm



III.        MANDARIN  MEDITATION CLASSES


         (Conducted by Bhante Raja)

Every Thursday – 7:45pm to 9:30pm


     







 IV.        ENGLISH MEDITATION CLASSES

(Conducted by Bhante Cittara)

March 9, 16, 23, 30 & April 6( Friday)
Retreat -14 April ( Saturday)

June 8,15,22,29 & July 6 (Friday)
Retreat -14 July ( Saturday)

September 7, 14, 21, 28 & October 5 (Friday)
Retreat -13 October ( Saturday)


V.        QUARTERLY NIKAYA CLASSES IN BURMESE LANGUAGE


Every Saturday – 5:00pm to 6:00pm















VI.        ABHIDHAMMA CLASSES IN BURMESE LANGUAGE

Every Saturday – 7:30pm to 9:30pm



Contact Us

Phone: 6744 4285 for class I, II, III & IV
Phone: 9743 6992, 9066 2407, 859 3989, 826 9581 for Class V & VI

Mangala Vihara Buddhist Temple
30 Jalan Eunos, Singapore 419 495.
Nearest MRT Station: Eunos





Copyright © 2011 ကမ်းလက်. All rights reserved.

❋ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီး ဖိတ်ကြားလွှာ❋



လေးစားရပါသော တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့…

မင်္ဂလ၀ိဟာရကျောင်းဆရာတော်များ၏ ဦးဆောင်ကမကထပြုမှုဖြင့် အဘိဓမ္မာအသင်းကြီး (စင်ကာပူ) မှကြီးမှူး ကျင်းပအပ်ပါသော ဒုတိယအကြိမ်မြောက်လူပုဂ္ဂိုလ်များ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကြီးတွင် ကျွန်ုပ်တို့နှင့်အတူတကွပါဝင်ဆင်နွှဲ ကုသိုလ်တော်ယူနိုင်ကြပါရန် ချစ်ခင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ။

အထူးသဖြင့်စာမျက်နှာ(၂၆၄၀)ရှိသောပဋ္ဌာန်းကျမ်းတော်ကြီးကို(၅)ရက်တိုင်တိုင်အသံမစဲလူပုဂ္ဂိုလ်များတစ်ဦးချင်း အလှည့်ကျပူဇော်မည်ဖြစ်ပါ၍ သဒ္ဓါကြည်လင်ပါရမီရှင် ညီအစ်ကိုမောင်နှမများအား ကိုယ်တိုင်ပါဝင်ရွတ်ဖတ် ပူဇော်ပြီး ကုသိုလ်တော်ယူကြစေလိုပါသည်။ ယင်းသို့ကုသိုလ်တော်ယူနိုင်ရန်အတွက်လည်းပဋ္ဌာန်းရွတ်ဖတ် ပူဇော်နည်းကို မင်္ဂလဝိဟာရကျောင်းတွင် သံဃာတော် အရှင်သူမြတ်များမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ညနေ ၂း၀၀ မှ ၄း၀၀ နာရီ အထိ  စနစ်တကျ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည်။

ပါဝင်ရွတ်ဖတ်ပူဇော်လိုသူများနှင့် ဝေယျာဝစ္စကုသိုလ်တော်ပါဝင်လိုသူများသည် အောက်ဖော်ပြပါ အချိန်ဇယားများတွင်ကြည့်ရှု၍ ကော်မတီဝင်များသို့ ဆက်သွယ်စားရင်းပေး နိုင်ပါ ကြောင်း နိဗ္ဓာန်အကျိုးမျှော်၍ နှိုးဆော် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။။

၁။ ဒုတိယအကြိမ် မဟာပဋ္ဌာန်း ပူဇော်ပွဲ အချိန်ဇယား
၂။ ဒုတိယအကြိမ် မဟာပဋ္ဌာန်းပူဇော်ပွဲ ဝေယျာဝစ္စကုသိုလ်တော်

နေ့ရက်။        ။ ၂၀၁၂-ခုနှစ်၊ ဇန်န၀ါရီလ(၂၂)ရက် မှ (၂၆)ရက် နေ့အထိ။
                    (တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်များ)
                    ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၄)ရက်မှတပို့တွဲလဆန်း(၃)ရက်နေ့အထိ။

အချိန်။        ။“ဖွင့်ပွဲအခမ်းအနားကို တနင်္ဂနွေနေ့ နံနက် (၉) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပါသည်။”

နေရာ။        ။မင်္ဂလ၀ိဟာရကျောင်းတိုက်၊ ယူးနို့စ်ဘူတာအနီး ၊ စင်္ကာပူနိုင်ငံ။
                   Mangala Vihara Buddhist Temple, 30 Jalan Eunos, S419495.

နတ်လမ်းညွှန်  ☞ Eunos MRT, Exit C, Map


ဆက်သွယ်ရန်
၁။ ဦးမြင့်သိန်း            ☎ ၈၁၅၉ ၃၉၈၉ ၊ ✉mtheingeo@gmail.com
၂။ ဦးစည်သူအေးကို   ☎ ၉၁၀၈ ၃၆၇၈ ၊ ✉sithuayeko07@googlemail.com
၃။ ဦးဇော်မျိုးမင်း        ☎ ၈၂၆၁ ၉၅၈၁ ၊ ✉zawmyomin09@gmail.com
၎။ ဦးအောင်ထွန်း       ☎ ၈၅၁၀ ၇၂၂၃ ၊ ✉maharpahtan@gmail.com
၅။ ဦးမြင့်ထွန်း            ☎ ၉၃၉၀ ၁၆၉၄ ၊ ✉soewaithu@gmail.com
၆။ ဒေါ်ခင်စန်းယု        ☎ ၈၂၉၈ ၆၂၉၇ ၊ ✉khinsanyu07@googlemail.com
၇။ ဒေါ်ရွှေဇင်ထွန်း     ☎ ၉၇၅၇ ၅၈၉၀ ၊ ✉shwezintun@gmail.com
၈။ ဒေါ်ဆုရည်မွန်       ☎ ၉၀၆၆ ၂၄၀၇ ၊ ✉sarsanamyoset@gmail.com
(မဟာပဋ္ဌာန်းပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့)

ပထမအကြိမ် ဒုလ္လဘရဟန်းခံပွဲ


မင်္ဂလဝိဟာရကျောင်း ဆရာတော်များနှင့် အဘိဓမ္မာအသင်း နာယကဆရာတော်များ၏ သြဝါဒကိုခံယူ၍ အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)မှ ကြီးမှူးကျင်းပအပ်သော စင်္ကာပူနိုင်ငံ ပထမဆုံးအကြိမ် ပရဟိတ အသင်းပေါင်းစုံ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲကို တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် ၂၀၁၂ခုနှစ်၊ ဇန္န၀ါရီလ ၂၁-ရက်ညနေမှ ၂၆-ရက်နေ့ထိ၊ မင်္ဂလဝိဟာရကျောင်းတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသောကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မင်္ဂလာနေရာ။           ။ မင်္ဂလ၀ိဟာရကျောင်း ၊  30 Jalan Eunos, Singapore 419495
မင်္ဂလာနေ့ရက်။         ။ ၂၀၁၂ ခုနှစ် ၊ ဇန္န၀ါရီလ ၂၁-ရက် မှ ၂၆-ရက်ထိ
မင်္ဂလာအချိန်။           ။ ၂၁-ရက်နေ့နံနက် (၁၀) နာရီတွင် ပဗ္ဗဇ္ဇမင်္ဂလာ( ရှင်ပြုမင်္ဂလာ )
ညနေ (၃) နာရီတွင် ဥပသမ္ပဒမင်္ဂလာ ( ရဟန်းခံမင်္ဂလာ )
ညနေ (၆) နာရီတွင် စုပေါင်းသိမ်ဆင်းလောင်းကုသိုလ်ပွဲ
ဒုလ္လဘရဟန်းခံခြင်း အတွက် ဒီဇင်ဘာလ ၃၁-ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။



ပစ္စည်းလေးဖြာ ကုသိုလ်ပြုလိုသူများ အောက်ပါ အတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၁။ ရှင်ရဟန်းတစ်ပါးအတွက် ပရိက္ခရာတစ်စုံ S$50
၂။ အာရုံဆွမ်းတစ်နပ်စာ                              S$80
၃။ နေ့ဆွမ်းတစ်နပ်စာ                                 S$120

မိမိ အစီအစဉ်ဖြင့် အာရုံဆွမ်း၊ နေ့ဆွမ်း ကပ်လှူလိုပါလျှင် သက်သတ်လွတ်ဆွမ်းဟင်းများ စီစဉ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဝေယျာဝစ္စ ကုသိုလ်ယူလိုသူများလည်း စာရင်းပေးသွင်းနိုင်ပါသည်။

၂၀၁၁ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စာရင်းပေးထားသော ဒုလ္လဘရဟန်း အပါး ၂၀-ပြည့်ပြီးသွားပြီ ဖြစ်ကြောင်းလေးမြတ်စွာ အသိပေးအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်
၁။ ဦးမြင့်သိန်း             ၈၁၅၉ ၃၉၈၉ ၊ e-mail : mtheingeo@gmail.com
၂။ ဦးစည်သူအေးကို   ၉၀၁၈ ၃၆၇၈ ၊ e-mail :sithuayeko07@gmail.com
၃။ ကိုဇော်မျိုးမင်း       ၈၂၆၁ ၉၅၈၁ ၊ e-mail : zawmyomin09@gmail.com
၎။ မခင်ရဲလွင်            ၉၇၄၃ ၆၉၉၂ ၊ e-mail : khinyelwin@gmail.com
၅။ မဆုရည်ဖြိုး           ၉၄၂၃ ၄၉၁၉ ၊ e-mail : soft.tune07@gmail.com
  

လေးစားစွာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာ အသင်းကြီး