ရာဇဝင် ရိုင်းတယ်

ခင်များတို့ အိုင်ဒီယော်လော်ဂျီတွေကို ခေါင်းကိုက်တယ်
ဆီးရီးယား ပဋိပက္ခ စိတ်မဝင်စားအားဘူး
ဘယ်သူ သမ္မတ ဖြစ်ချင်သေးတာလဲ
နေပါအုံး.. နောက်နေ့မှ ဆွေးနွေးကြပါ။

ရာဇဝင် ရိုင်းတယ်
"ဦးသန့်" လမ်းမကြီးနဲ့ ကွာလာလမ်ပူမြို့တော်မှာ
ဦးသန့်နိုင်ငံသားတွေ လမ်းမလျှောက်ရဲကြဘူး။

***နိုင်ငံအစိုးရချင်း ရှင်းရမယ့် ပြဿနာ***

(နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးတို့ တစ်ခုခု လုပ်မှရမယ်။ အင်ဒိုနဲ့ မြန်မာ အများဆုံး ဖမ်းမိနေတယ်။ ခံရတာချင်း အတူ တူ မြန်မာက ပိုနာမယ်။ သတင်းတွေက ဝမ်းနည်းဖွယ်တွေချည်းပဲ။)

Sent: Tuesday, 3 September 2013 10:56 AM
Subject: ရင်နင့်ကြေကွဲစရာ ဖေ့ဘုတ်ထဲကမှတ်ချက်တခု

ကျနော်မှားသွားရင်၊ မဟုတ်တာရှိရင်ဝင်ပြောပါနော်။ ကျနော်တို့အခု မလေး မှာ အလုပ်လုပ်နေသူတွေဟာ ဈေးဝယ်ဖို့တောင်အပြင်မထွက်ရဲပါဘူး။
ပြီးတော့ ဖမ်းတဲ့သူတွေက ရဲတွေရှိမယ်။ လဝကတွေ ရယ် ၊ ရေလာဆိုတဲ့ စွမ်းအားရှင်အဖွဲ့တွေရှိတယ်။ သူတို့တွေဖမ်းတော့မယ်ဆို တွေ့သမျှ အကုန် သိမ်းကျုံးပြီးကားပေါ်တင်သွားတာပါ။ တရားဝင်တာရော တရားမဝင်တာေ ရာပေါ့ ဗျာ။

ဘာလို့အဲလိုလုပ်လဲဆိုတော့အရင်ကဆိုအလုပ်သမားတွေအတွက်ကဒ်ပြားလေးတွေထုတ်ပေးတယ်။ အခုကအဲလိုကဒ်ပြားလေးတွေမထုတ်ပေးတော့ဘူး။ နိုင်ငံကူးစာအုပ် (ပတ်စ ပို့စ်) မှာ ဗီဇာလိုမျိုး အပြာရောင်စာရွက်လေးကပ်ပေးတယ်။ နိုင်ငံကူး စာအုပ် ကတော့သိတဲ့အတိုင်းပဲ။ အတော်များများ ၉၀ % လောက်က အလုပ်ရှင်တွေ သိမ်းထားတာလေ။ အလုပ်ရှင်တွေက ကာလာမိတ္တူလေးပဲပေးထားတော့ အဲဒါပြလည်းဖမ်းတာပဲလေ။ အနည်းဆုံးတော့ ရဲစခန်းမှာစစ်လို့မပြီးမချင်း တစ် ပါတ်လောက်တော့ကြာတာပေါ့။ အချုပ်ဆိုတော့လည်းသိတဲ့အတိုင်းလေ။ ကိုယ်ချင်းစာကြည့်ပေးပါဗျာ။

ပြီးတော့ အရင်ကသိထားတာပေါ့နော်။ (အခုတော့သေချာမသိပါ)။ တရား မဝင်အလုပ်သမားတွေမိသွားရင် အနည်းဆုံးအချုပ်ထဲမှာ ၂ လ ၃ လေ လာက်နေရပါတယ်။ ပြီးရင် အပြင်ကအသိတစ်ယောက်ယောက်ကနေ ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ လောက်ပေးပြီးလာရွေးပေးရင်ပြန်လွှတ်ပေးပါတယ်။ အကယ်၍ မပေးနိုင်ရင်ရဲတွေက မလေး-ထိုင်းနယ်စပ်မှာ ထိုင်း ငါးဖမ်းလှေေ တွဆီမှာသွားရောင်းစားပစ်ကြပါတယ်။ တံငါသည်တွေပေါ့ဗျာ။

အဲလိုရောင်းစားခံခဲ့သူတွေဟာ မိန်းကလေး ယောင်္ကျားလေး မရွေးပါဘူး။ အရောင်းစားခံရသူတွေအဖို့ကအတော်များများဟာ ပြန်လမ်းမရှိကြပါဘူး။ ယောက်ျားလေးတွေအဖို့ကတော့ အဲဒီလှေတွေပေါ်မှာ သူတို့တွေမလုပ်ခြင် တဲ့အလုပ်တွေအကုန်လုပ်ရပါတယ်။ တစ်ပြားမှမရပါဘူး။ ဘယ်သူနဲ့မှ အ ဆက် အသွယ်မရပါဘူး။ အကယ်၍မလုပ်နိုင်ရင် ပင်လယ်ထဲမှာ အစွန့်ပစ် ခံကြရပါတယ်ဗျာ။

မိန်းကလေးတွေအရောင်းစားခံရပြီဆိုရင်တော့ လိင်အလုပ်သမားအဖြစ် အဓမ္မအကျင့်ခံရတော့တာပါပဲ။ စိတ်ပါပါ မပါပါပေါ့ဗျာ။ စဉ်းစားကြည့်ပါဗျာ။ ကိုယ့်နိုင်ငံသားချင်းကိုယ်ချင်းစာပေးပါ။

ကျနော်တို့ဒီမှာအလုပ်လာလုပ်နေတာ ကျနော်တို့ဘဝအတွက် အလုပ် လာ လုပ်နေတာပါ။ ရှိတာလေးပေါင်နှံရောင်းချပြီးထွက်လာခဲ့ရတာပါ။ အခုလဲအဖမ်းအဆီးကလဲကြမ်းဆိုတော့ တရားဝင်ရော တရားမဝင်ရောက အရင်ဆုံးအဖမ်းခံကြရတာပါပဲဗျာ။

အခုမျှော်လင့်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် တတ်နိုင်သလောက်လေးကူညီပေးပါအုံးဗျာ။ အခုဆိုရင် ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံမှတာဝန်ရှိသူတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးထိရောက်စွာဆွေးနွေးပြီး တတ်နိုင်သမျှ အသက်ဆုံးရှုံးမှု နည်းစေ ရန်၊ အနှိပ်စက်ခံရမှုနည်းစေရန်၊ ဖမ်းဆီးလွှတ်ရက်ရောက်ပါက မြန်မာနိုင်ငံ သို့ပြန်ရန် လေယာဉ်လက်မှတ်အခက်အခဲများကို ဖြေရှင်းပေးပါလို့မလေးရှားမှသူများကိယ်စားမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

Aung Win Htut Kyaw Thu Soe

ဆန်းသစ်ခြင်း (Innovation) ဆိုတာ

Innovation, Invention နဲ့ Creation ဆိုတဲ့ စကားသုံးလုံးရဲ့ အဓိပ္ပါယ်တွေ က ဆင်တူရိုးမှား ရှိလှပါတယ်။ (ကျနော် ပြောလိုတာက စကားလုံးတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တော့ မဟုတ်ပါဘူး)

Innovation ဆိုတာ အသစ်တစ်ခုခုကို ဖန်တီးလိုက်ခြင်း၊ တည်ထွင် လိုက်ခြင်းမဟုတ်ဘဲ ရှိပြီးသားကို ပြန်လည်ဆန်းသစ်ခြင်းဖြစ်တယ်။ အတွေး အခေါ်ဟောင်းနှစ်ခု၊ နည်းပညာဟောင်း နှစ်ခု၊ ပစ္စည်းဟောင်းနှစ်ခု စတာတွေ ကို ပေါင်းစပ်ပြီး တစ်မျိုးတစ်ဖုံဖြစ်အောင် ဆန်းသစ်ပေးလိုက်ခြင်းပဲ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒီ အဆိုအရ ကမ္ဘာမှာ တည်ထွင်ခဲ့ကြလမျှ အားလုံးလိုလိုဟာ Innovation (ဆန်းသစ်ခြင်း) သဘောတရားသာဖြစ်တယ်။

ဒီ Innovation ဆိုတဲ့ စကားလုံးကို ၁၅ ရာစုခန့်က စတင် အသုံးပြုခဲ့ပြီး ရေ ငုတ်သင်္ဘောနဲ့ ဟယ်လီကော်ပတာကို တည်ထွင်ခဲ့သူ Leonardo de Vinci နဲ့ တယ်လီစကုတ်နဲ့ ပထမဆုံး ကြယ်တာရာတွေကို ကြည့်ခဲ့တဲ့ Galileo Galili တို့နဲ့ ဆက်စပ်ပြီး အသုံးပြုခဲ့တာပါ။

ဒါကို သက်သေပြုဖို့ ပိုလန်ဖွား သိပ္ပံပညာရှင် Jacob Bronowski ရဲ့ "The Ascent of Men" ကို ညွှန်းဆိုပါတယ်။
လူသားဟာ ကမ္ဘာပေါ်ကို လွန်ခဲ့တဲ့ နှစ် ငါးသောင်းခန့်က စတင်ရောက်ရှိ လာခဲ့ပေမဲ့ နှစ် တစ်သောင်းငါးထောင်ကမှ စပြီး Innovation စတင်ခဲ့တယ်။ ဆိုလိုတာက နေရာမရှိ ခြေဦးတည့်ရာ လျှောက်သွားရာကနေ တဖြည်းဖြည်း အိမ်ယာတည်ဆောက်မှု၊ မွေးမြူမှု၊ သီးနှံစိုက်ပျိုးမှု စတာတွေကို ပြုလုပ် လာ ခဲ့ကြတယ် ဆိုတာပါ။

အဲသလိုပဲ ဘီစီ သုံးရာစုခန့်က "ဘီး" နဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရုရှား မှာ တွေ့ခဲ့ပေမဲ့ ဒီနေ့ အသုံးပြုနေတဲ့ ကားတာယာဘီးကိုတော့ ၁၈၈၇ ခုနှစ်ရောက်မှ စကော့လူမျိုး Jhon Dunlop က တည်ထွင်နိုင်ခဲ့တယ်။

ရှေးဟောင်း ဂရိတွေ လက်ထက်ကတည်းက လျပ်စစ်နဲ့ပတ်သက်တဲ့ သဲလွန် စတွေ တွေ့ခဲ့ပေမဲ့ ၁၈၈၀ နှစ်တွေ ရောက်မှပဲ ဒီနေ့ အသုံးပြုနေတဲ့ လျပ်စစ် ပုံစံကို သောမတ်အယ်ဒီကြောင့် ရောက်ရှိလာခဲ့ပါတယ်။
စသဖြင့်..စသဖြင့်...

ဒီဆောင်းပါးရဲ့ အချုပ်က စီးပွားရေးပဲ လုပ်လုပ်၊ ပစ္စည်းတစ်ခုခုကိုပဲ တည် ထွင် တည်ထွင် အဓိကအချက်က ရှိပြီးသားအချက်အလက်၊ အတွေးအခေါ်၊ ပစ္စည်း စတာတွေကို ပေါင်းစပ်ပြီး ပုံသဏ္ဍာန်အသစ်ဖြစ်အောင် ဆန်းသစ်ေ ပးနိုင်ဖို့ အရေးကြီးတယ် ဆိုတာပါ။ ဘာမှ အသစ်ရယ်လို့မရှိသေးဘူးပေါ့ ။ေ ပါင်းစပ်၊ ဆန်းသစ်နိုင်ရင် အောင်မြင်တယ်။ Innovation ဖြစ်တယ်လို့ ခေါ်ပါ သတဲ့။
ဂျပန်က ၁၇ ရာစုမှာ စက်ရုပ်လုပ်နည်းပညာကို ဒတ်ခ်ျ လူမျိုးတွေဆီက ရယူ ခဲ့တယ်။ သူတို့က Innovation ဖြစ်တော့ သူတို့ကို ဒတ်ခ်ျ တွေ လိုက် မမှီလောက်အောင် ဖြစ် သွားရတယ်လို့ ကိုးကားပြထားတယ်။
ရွှေမြန်မာတို့ Innovation ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း.......

Ref:The Big Idea in history-making the old new again
ST, Aug, 3rd, 2013

ဗလာဒီမာ ပူတင်က မိုက်သားပဲ

ရုရှားနိုင်ငံမှာ ရုရှားလူမျိုးတွေနေတယ်၊ဘယ်အရပ်ကရောက်လာတဲ့ လူနည်း စုမဆို ရုရှားမှာနေ၊ ရုရှားမှာအလုပ်လုပ်၊ ရုရှားက ကျွေးတာကို စားမယ်ဆို ရင် ရုရှားစကားပြောသင့်တယ်။ ရုရှား ဥပဒေကို လေးစားသင့်တယ်။

သူတို့က ရှာရီယား ဥပဒေ (Sharia Law ဆိုတာ တကယ်တော့ ကမ္ဘာကျော် (ဘယ်လိုပဲ ကျော်ကျော်) အစ္စလာမ်မစ် ဥပဒေပါ) ကို ပိုနှစ်ချိုက်တယ်ဆိုရင် သူတို့ကို အဲဒီ ဥပဒေ ကျင့်သုံးနေတဲ့နေရာတွေကိုသွားနေကြဖို့ အကြံပြုပါ တယ်။

ရုရှားနိုင်ငံက လူမျိုးစုတွေကို မလိုအပ်ဘူး (မရှိလည်း ဖြစ်တယ်) လူမျိုးစုတွေ ကတော့ ရှရှားကို လိုအပ်တယ်၊ ဒီတော့ သူတို့ကို အထူးအခွင့်အရေး ထူးေ တွ ပေးမထားနိုင်ဘူး၊ ဘယ်လောက်ပဲ အဆင့်အတန်း ခွဲခြားပါတယ် လို့ အော်နေ အော်နေ သူတို့ကြောင့် တည်ရှိဆဲဥပဒေကို ပြောင်းလဲ မပေးနိုင် ပါဘူး။

ကိုယ့်သေတွင်းကို တူးနေကြတဲ့ အမေရိက၊ အင်္ဂလန်၊ ဟော်လန်၊နဲ့ ပြင်သစ် တို့ဆီက သင်္ခန်းစာတွေကို ယူရမယ်။

ရုရှားယဉ်ကျေးမှု ဓလေးထုံးစံတွေကို ယဉ်ကျေးမှုမဲ့ လူနည်းစုတွေ ရဲ့ ကျောက်ခေတ် အမူအကျင့်တွေနဲ့ နှိုင်းဆလို့ မရနိုင်ပါဘူး။

ဂုဏ်သရေရှိ ဥပဒေ ပညာရှင်များအဖွဲ့က ဥပဒေအသစ်ရေးဆွဲတော့မယ် ဆိုရင် အမျိုးသားရေးကို အရင်ကြည့်ကြပါ။ လူနည်းစုအဖွဲ့တွေဟာ ရုရှား လူမျိုးတွေမဟုတ်ဘူးဆိုတာကို သတိရပါ။

Duma မှာ ပေးခဲ့တဲ့ ပူတင်ရဲ့ ၅ မိနစ်ကြာ မိန့်ခွန်းအပြီးမှာ နိုင်ငံရေး သမားတွေက အကြီးအကျယ် ဩဘာပေးခဲ့ကြတယ်။
(ချက်ချင်းတင်လိုက်လို့ ဘာသာပြန်မှားသွားတယ်။ ၅ မိနစ်ကြာအောင် မတ်တပ်ရပ် ဩဘာပေးတယ် ဖြစ်ရမှာ။ မစစ်လိုက်မိဘူး။ ဆောရီးပါ ရောင်းရင်း တို့။ )

ဗလာဒီမာ ပူတင် ပြောသွားတဲ့ ရှာရီယား ဥပဒေ (Sharia Law) ကို ခြေရာ ခံနိုင်ဖို့ အောက်မှာ သတင်းခေါင်စဉ်တချို့ ပေးထားပါတယ်။

မူရင်း ဖတ်လိုသူများ အတွက်

Putin's Speech on Feb. 04, 2013
On February 4th, 2013, Vladimir Putin, the Russian president, addressed the Duma, (Russian Parliament), and gave a speech about the tensions with minorities in Russia :

"In Russia live Russians. Any minority, from anywhere, if it wants to live in Russia , to work and eat in Russia , should speak Russian, and should respect the Russian laws. If they prefer Sharia Law, then we advise them to go to those places where that's the state law. Russia does not need minorities. Minorities need Russia , and we will not grant them special privileges, or try to change our laws to fit their desires, no matter how loud they yell 'discrimination'. We better learn from the suicides of America , England , Holland and France , if we are to survive as a nation. The Russian customs and traditions are not compatible with the lack of culture or the primitive ways of most minorities. When this honorable legislative body thinks of creating new laws, it should have in mind the national interest first, observing that the minorities are not Russians.
The politicians in the Duma gave Putin a standing ovation for five minutes.

ပြဿနာ အပိုင်းအစ တချို့

**Islamist Group in America: We’ll Impose Sharia on Christians

**Sharia law incompatible with human rights legislation, Lords say

**In Islamic law (sharia), marriage (zawaj زواج) is a legal bond and social contract between a man and a woman. Islam recommends marriage, with the age of marriage being whenever the individuals feel ready, financially and emotionally. Polygyny is permitted in Islam under some conditions, but polyandry is forbidden.

မြန်မာ ဖောရမ်

Look,
...Listen,
......Learn and
................Leave.

Due to

terrible roads,
...the lack of electricity,
.....overwhelmed government officials and
..........eager but very under-educated workforce.

(New York Times)

စောနေသလား? နောက်တောင်ကျနေပြီ

စထရိတ်တိုင်းမှာပဲ မြန်မာနဲ့ပတ်သက်တဲ့ သတင်း၊ဆောင်းပါး လေး ပုဒ်ေ တာင်ဖော်ပြထားတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတာက တစ်ခုပေး၊ တစ်ခုယူပေါ်လစီအကြောင်း ရေးထားတဲ့ Nehginpao Kipgen ရဲ့ "Quid pro quo diplomacy in US-Myanmar relations" ဆိုတဲ့ဆောင်းပါးပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရန်သူတော်ကြီးတွေ အခုတော့ တစ်စားပွဲတည်း အတူထိုင်ပြီး စီးပွားရေး၊ နိုင်ငံရေးတွေ ဆွေးနွေးနေကြတာ ဟာ နိုင်ငံရေးေ လ့လာသူတွေအဖို့ ပဟေဠိ ဆန်နေမယ်တဲ့။ ဒါပေမဲ့ ဒါတွေဟာ အမေရိ က ရဲ့ ပေါ်လစီ လို့ ဖော်ပြထားတယ်။

၂၀၁၁ခု အောက်တိုဘာ ၁၁ ရက်မှာ နိုင်ငံရေး အကျဉ်းသား ၂၂၀ လွှတ်ပေး ခဲ့တယ်။ ဒီမှာ အမေရိကရဲ့ တုန့်ပြန်မှုက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် သုံးရက်ကြာခရီး မြန်မာပြည်ကို သွားတယ်။

၂၀၁၂ခု လွတ်လပ်ရေးနေ့ နဲ အမျိုးသားနေ့တွေမှာ နိုင်ငံရေး အကျဉ်း သားေ ပါင်း ၆၀၀ ကျော် လွှတ်ပေးခဲ့တယ်။ ဒီနောက် အမေရိကန် သံတမန်ရေးရာ ကနေ စပြီး ဆက်ဆံရေး စလုပ်လာတယ်။ အဲဒါရဲ့ အကျိုးဆက်က စီးပွားရေး ပိတ်ဆို့ထားတာတွေ ရွှေ့ဆိုင်းခဲ့တယ်၊ အမေရိကန်ဘဏ်တွေ မြန်မာပြည်နဲ့ ဆက်ဆံမှု ခွင့်ပြုခဲ့တယ်။

လက်ရှိ ဦးသိန်းစိန်ရဲ့ အိမ်ဖြူတော်ခရီး မထွက်မီလေးမှာပဲ နိုင်ငံရေးအကျဉ်း သား ၂၀ ကျော်ကို လွှတ်ပေးခဲ့ပြန်တယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရက အကျဉ်းသားတွေကို အသုံးချနေတယ်ဆိုတဲ့ ဝေဖန်သံတွေတော့ ရှိတာပေါ့။

ဒီအတိုင်း ဆက်သွားရင် နှစ်နိုင်ငံ
၁။ စီးပွားရေး
၂။ နိုင်ငံရေး
၃။ မဟာဗျူဟာတွေမှာ အကျိုးရှိစေနိုင်မယ်။

အမေရိက ရတဲ့ အမြတ်
၁။ စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖွင့်ပေးလိုက်ရင် မြန်မာအတွက်သာမက အမေရိကအတွက်လည်း အကျိုးအမြတ်ရှိမယ်။
၂။ နိုင်ငံရေးအရ အမေရိကန်တွေက ကမ္ဘာ့ခေါင်းဆောင်၊ ဒီမိုကရေစီ ချန်ပီယံ အနေနဲ့ ကမ္ဘာမှာ ရှိနေချင်တယ်။ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ ဖိတ်ပြီး စကားပြောလိုက်တော့ မြန်မာရဲ့ ပြောင်းလဲလာမှုကို အသိအမှတ်ပြု ရာရော က် သလို အကူအညီ ပေးဖို့လည်း အဆင်သင့်ဆိုတာ ပြသရာရောက်တယ်။
၃။ မဟာဗျူဟာအရ မြန်မာနဲ့ဆက်ဆံနေရရင် အရှေ့တောင်အာရှနဲ့လည်း ပိုပြီးရင်းနှီး၊ နီးကပ်လာမယ်။ နောက်ပြီး ဒါဟာ တရုတ်ကို ယှဉ်ပြိုင်လိုက်တာ လည်း ဖြစ်တယ်။

မြန်မာရမယ့် အမြတ်
၁။ ရင်းနှီးမြှတ်နှံမှုတွေကို ဆွဲဆောင်နိုင်ရုံသာမက အပြန်အလှန် သွင်းကုန် ထုတ်ကုန် စီးပွားရေး အခွင့်အလမ်းတွေပါရမယ်။ အမေရိကနဲ့ ဆက်စပ်နေတဲ့ အခြားနိုင်ငံ၊ အဖွဲ့အစည်းတွေဆီက ချေးငွေ စတာတွေရမယ်။
၂။ လက်ရှိ မြန်မာ့အစိုးရထဲမှာ ခေါင်းမာမာနဲ့ ဗိုလ်ချုပ်ကြီးတွေရှိတယ်။ သူတို့ကို ဦးသိန်းစိန်က" ကြည့်၊ တို့ကပြောင်းလဲရင် ကမ္ဘာက အားပေးတယ်" ဆိုတာမျိုး ပြောနိုင်၊ စည်းရုံးနိုင်မယ်။
၃။ မဟာဗျူဟာ အရလည်းမြန်မာ နိုင်ငံရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် အမေရိကရဲ့ အကူအညီတွေ အများကြီး ရလာနိုင်မယ် လို့ သုံးသပ်ထားတယ်။

အနည်းဆုံး မြန်မာအစိုးရလိုက်တာကတော့ အိုဗားမားပါးစပ်က " မြန်မာ" ဆိုတဲ့အသံပါပဲ။ အခြားနိုင်ငံတွေလည်း လိုက်လာကြလိမ့်မယ်။
ကြိုက်သလိုခေါ်ကြ။ ဘယ်လိုပဲခေါ်ခေါ် ငတ်မနေဖို့၊ တိုးတက်လာဖို့ပဲ အရေးကြီးတယ်။
ရီပတ်ဘလင်ကန် တချို့နဲ့ တရုတ်အဖို့ကတော့ အိုဗားမားရဲ့ အရွေ့ဟာ မြန် လွန်းနေမလားပေါ့။
ဒါပေမဲ့ ဦးသိန်းစိန်အတွက်၊ အိုဗားမားအတွက်၊ မြန်မာပြည်သူပြည်သားတွေ အတွက်ကတော့ နှေးတောင် နှေးနေသေးတယ်။ လိုက်ယူရမယ့် အကွာ အဝေးက မသေးလှဘူး။

ပြေးခုန်ပစ် နိုင်ငံတော်


နိုင်ငံတစ်ခုရဲ့ ဖြတသန်းမှုမှာ အဆင့်လေးဆင့် ရှိတယ်လို့ မှတ်သားရဖူးပါ တယ်။ ဒါတွေကတော့..
၁။ Athletic stage ( ပြေးခုန်ပစ် အဆင့်)
၂။ warrior stage (တိုက်ခိုက်ရေး အဆင့် )
၃။ big brother stage (အကိုကြီး အဆင့်) နဲ့
၎။ intellectual stage (ပညာရှင်အဆင့်) တို့ ဖြစ်ပါတယ်။

ကမ္ဘာ့စစ်ပြီးစ လွတ်လပ်ရေးရပြီးတဲ့နောက် ကမ္ဘာ့ဇာတ်ခုံပေါ်ကို အပြိုင်း အရိုင်းတက်လာတဲ့ နိုင်ငံလေးတွေကို ပြေးခုန်ပစ် အဆင့်လို့ ဆိုလိုပါတယ်။ သူတို့ထက် ပို ရှေ့ရောက်နေပြီး စီးပွားရေး၊ နိုင်ငံရေးပါဝါ အထိုက် အလျောက် ရှိတဲ့ နိုင်ငံတွေ၊ ဒါတွေကို သူများတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်း ဂုဏ် ယူနိုင်၊ ဝါကြွားနိုင်၊ မောက်မာနိုင်တဲ့ နိုင်ငံတွေကိုတော့ တိုက်ခိုက်ရေး အ ဆင့် လို့ဆိုပါတယ်။

အကိုကြီး အဆင့်နိုင်ငံတွေကတော့ စူပါ ပါဝါကို ရရှိပြီးဖြစ်ပြီး သူတို့ ကျင့်သုံး တဲ့ ပေါ်လစီဟာ ဘယ်လောက်ကောင်းတယ် စတဲ့ အိုင်ဒီယော်လော်ဂျီတွေနဲ့ သူများနိုင်ငံအပေါ် ဩဇာသက်ရောက်ဖို့ ကြိုးစားတဲ့ နိုင်ငံကြီးတွေကို ဆိုလိုပါ တယ်။ ဒီအဆင့်ကိုကျော်တော့မှ ပညာရှင်အဆင့်ကို ရောက်သွားတယ်။ ဒါပေမဲ့ပညာရှင်အဆင့်ကိုရောက်သွားတဲ့နိုင်ငံတွေဟာ ဘယ်နိုင်တွေလည်း ဆို ရင်တော့ တိတိကျကျ လက်ညှိုးထိုးပြဖို့ ခက်ခဲဆဲလို့ ဆိုပါတယ်။

ဒီ အဆင့်လေးဆင့်နဲ့ကြည့်ရင် ကျနော်တို့ဟာ လွတ်လပ်ရေး ရခဲ့တာစောပေ မဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ ပြေးခုန်ပစ် အဆင့်မှာပဲရှိသေးတယ် ဆိုတာ သေချာပါတယ်။
ပြေးခုန်ပစ် အဆင့်ဆိုတာ
၁။ အတွေ့အကြုံနုနယ်ပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ခြင်း။
၂။ ပြိုင်ဆိုင်မှုနယ်ပယ် ကျဉ်းမြောင်းပြီး ခက်ခဲတဲ့ ပြိုင်ဆိုမှုကို ကိုယ်တွေ့ မကြုံတွေ့ရသေးခြင်းလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။


ဒီအဆိုဟာ အစိုးရနဲ့သာ သက်ဆိုင်တာမျိုးမဟုတ်ဘဲ ပြည်သူတရပ်လုံးနဲ့ပါ သက်ဆိုင်ပါတယ်။ အစိုးရမှာ အတွေ့အကြုံ မရှိလှသေးသလို ပြည်သူ က လည်း သိပ် မရင့်ကျက်သေးဘူးလို့ ဆိုလိုပါတယ်။ မရင့်ကျက်ခြင်းကို ဘာနဲ့ ကြည့်ရမလဲ ဆိုရင် အလွယ်ဆုံး၊ အရှင်းဆုံးနည်းကတော့ အကောင်းပြောမှ ကြိုက်ပြီး အပြုသဘောဝေဖန်မှု၊ သဘောထား ကွဲလွဲမှုတွေကို လက်မခံနိုင်ခြင်းပါပဲ ( ဦးသိန်းစိန်လက်ထက်မှာ လုံးဝတိုးတက်လာတယ်၊ ဦးအောင်မင်းဆိုရင် သူတို့မစွံသေးကြောင်းဝန်ခံတာ နည်းနည်းတောင် များနေသလိုလို)။ ခပ်ရိုင်းရိုင်းပြောရင် အမြှောက်ကြိုက်ဘဝက မလွတ်သေး ဘူးဆိုတာမျိုးပါ။ ဒါပေမဲ့ ယှဉ်ပြိုင်လိုစိတ်တော့ အားကောင်းလှပါတယ်။

ဒီနေ့ နိုင်ငံတော်ကို ပြန်ကြည့်ရင် သမ္မတကအစ ပြည်သူအဆုံး ယှဉ်ပြိုင်လို စိတ်တွေ သိပ်အားကောင်းတယ်ဆိုတာ တွေ့ရတယ်။ သမ္မတကြီးကဆိုရင် ( အမှတ်မှားရင် ခွင့်လွှတ်ပါ) မကြာမီ စင်္ကာပူပုံစံမျိုး ရောက်စေရမယ် ဆိုတာမျိုး၊ ပြည်သူတွေဖက်ကလည်း မကြာမီ ရင်ဘောင်တန်းနိုင်မယ်၊ မြန်မာတွေ မခေဘူး၊ စလုံးတွေ တို့လောက် အင်္ဂလိပ်မတတ်ဘူး ဆိုတာမျိုးတွေ ရှိနေတတ်ပါတယ်။

ဒီမှာ စင်္ကာပူကို မမီနိုင်ဘူး၊ မြန်မာတွေ ခေပါတယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း ပြောခဲ့ချင်ပါတယ်။ ဒါပေမဲ့ ဖြစ်တတ်တဲ့ သဘာဝက ကိုယ့်ရှိတာသိပြီး သူ့မှာရှိတာ မသိရင် ဒီ အဖြေမှန်ဖို့က ခက်ပါတယ်။ စင်္ကာပူမရောက်ခင်က မြန်မာပြည်ဟာ ဘယ်လောက်စိမ်းစို လှပကြောင်း၊ မင်္ဂလာဒုံ လေယာဉ်ကွင်းကနေ မြို့တွင်းအဝင်မှာ လမ်းဘေး ဝဲယာက သစ် ပင်တွေ ဘယ်လောက်လှပကြောင်း စာသင်ခန်းထဲမှာ ဆရာက ခဏ ခဏပြောနေတော့ (အဲဒီဆရာက ဗြိတိန်က ဒေါက်တာဘွဲ့ကြီးနဲ့ပါ) ဘုမသိ ဘမသိ ဂုဏ်ယူခဲ့ရဖူးတယ်။ ဒီခံစားမှု ပျောက်သွားတာက ချန်ဂီလေဆိပ် ကနေ စင်္ကာပူမြို့ထဲအဝင် လမ်းဘေး ဝဲယာကသစ်ပင်တွေကို မြင်လိုက် မိတော့မှပါ။ ကိုယ့်နိုင်ငံရဲ့ ပထဝီ အနေအထားကြောင့် ကိုယ့်နိုင်ငံကို အထင်မသေးမိပါဘူး။ အောက်ခြေလွတ်နေတာတော့ ပြန်ထိသွားပါတော့တယ်။

ပြေးခုန်ပစ် ပြိုင်ပွဲက ဘောင်ကျဉ်းတယ်၊ သေရေး ရှင်ရေး မဟုတ်သေးဘူး။
ကျနော်တို့ ဘောင်ကျဉ်းနေသေးတယ်။ ဘာကိုကြည့်ပြီး ပြောလို့ရမလဲ။ အလွယ်ဆုံးကတော့ လူးဦးရေ သန်းခြောက်ဆယ်မှာ သတင်းစာ ဘယ်လောက်ဖြန့်ချီရသလဲဆိုတာသာကြည့်ပါ။ ဟ..သတင်းစာက ယုံကြည်စရာမှ မရှိတာ။ ပြောစရာ ရှိပါတယ်။ နာမည်ရ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေ လည်း သိန်းချီပြီး မဖြန့်ရသေးဘူး ( ရှိများရှိမလား၊ ရှိလည်း လက်ချိုးလို့ရမယ်)။

အခြား မီဒီယာကရော???
မွဲပြာကျသွားတဲ့ ပညာရေး စနစ်ကြောင့် အင်္ဂလိပ်လို ကြည့်နိုင်၊ နားထောင်နိုင်သူ အရေအတွက်က သိပ်မရှိပြန်ဘူး။ ပြည်တွင်းရေးက ကျပ်တည်းလွန်းတော့ ကမ္ဘာ့သတင်းကိုလည်း လူတွေ အာရုံသိပ်မစိုက်နိုင်သလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ကမ္ဘာ့သတင်းဖော်ပြထားပုံကလည်း အပျင်းပြေ သဘောလောက်ပဲ ပါတော့တယ်။ အများစုဟာ ဗဟုသုတ အရ ကျဉ်းနေတယ်။ ( မြန့်မာ့ လူဦးရေ အားလုံးကိုခြုံပြောတာပါ)

စီးပွားရေး အနေနဲ့ကြည့်တော့လည်း မြန်မာ့သူဌေးဆိုသူတွေက အာရှဈေး ကွက်၊ ကမ္ဘာ့ဈေးကွက်ထဲဝင်လို့ ချမ်းသာတာမျိုးမဟုတ်ဘဲ အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်ပြီး အိမ်သားချင်း ညစ်ပြီးဖဲရိုက်လို့ နိုင်တာ မျိုးလောက်ပဲရှိတယ်။ ဘယ်လောက်နိုင်နိုင် ဒီ အိမ်ထဲကပိုက်ဆံပဲ၊ အပြင်က မပါဘူး။ အခု နိုင်ငံရေး၊ စီးပွားရေးတံခါးဖွင့်လိုက်တာဟာ warrior stage (တိုက်ခိုက်ရေး အဆင့် ) ကို တက်ဖို့ ခြေလှမ်းပြင်တာလို့ ယူဆလို့ရပါတယ်။ ပိုပြီး ပြင်းထန်တဲ့ သူသေကိုယ်သေ အားပြိုင်မှုတွေ ရင်ဆိုင်ရတော့မယ်။

စင်္ကာပူကိုမီဖို့ တော့ ကျနော်တို့ တော်တော်ကြိုးစားရးဦးမှာပါ။ သူတို့က warrior stage မှာ အခြေခိုင်ပြီး အကောင် သေးသေးလေးက ဘစ် ဘရားသားဆင့် (big brother) ကို မရဲတရဲ မျက်စောင်းထိုးနေကြတယ်။
(အကြောင်းသင့်မှ ဆက်ပါဦးမယ်)


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( နေကျော်တဲ့ ပဲကြီးလှော်မှ)


"ဒီပွဲကို ဒီဇင်ဘာလကတည်းက စလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကျွန်တော် ဒီမလာခင်မှာ ဖတ်ရတဲ့ ဦးဇင်ဝေသော် ရေးထားတဲ့အထဲမှာ "ဦးအောင်မင်းက တရုတ်ကို ကြောက်နေရတယ်" လို့ ပြောတဲ့အတွက် အ စည်းအဝေးကို ရွှေ့ရတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီအထဲမှာ ဘာ ပါလဲဆိုတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်"
ဆိုတဲ့ စားသားလေးကို ဖတ်လိုက်ရတဲ့အခါမှာ ကျွန်တော် စိတ်မကောင်း ဖြစ် ရပါတယ်။ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်ဟာ တရုတ်ကို ကြောက် တဲ့သူ မဟုတ်ပါဘူး။ တရုတ်က ကျောထောက်နောက်ခံပြုထားတဲ့ ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲမှာ ကျွန်တော် သူရဲကောင်းမှတ်တမ်းဝင် ရခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။"
(ဦးအောင်မင်း)

ဒီတစ်ခါ ပြန်ရမယ့် ကွန်မင့်က ဝန်ကြီးကိုယ်တိုင်ဖြစ်တော့ နည်းနည်း တာဝန် ကြီးတယ်။
"ဒါပေမဲ့ "တရုတ်ကို ကြောက်နေရတယ်" စကားနဲ့ ဦးအောင်မင်းက ပြည်သူ့ အ သည်းကို ခွဲလိုက်တော့ ဘာနဲ့ ကုစားရမှန်းမသိဖြစ်ပြီး ဒီပွဲကို ရက်ရွှေ့ လိုက် ရတယ်"
ဆိုတာ ကျနော်ရေးခဲ့တဲ့ဝါကျပါ။

ဒါက ဦးအောင်မင်းပါးစပ်ထဲမှာကျတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်" လို့ဖြစ်သွားတယ်။
သူ တရုတ်ကို မကြောက်ဘူးဆိုတာ သက်သေထူသွားပုံကလည်း ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲဖြစ်နေပြန်တယ်။ တရုတ်က ကျောထောက်နောက်ခံပြုထားတယ် ဆိုပေမဲ့ တကယ် တိုက် ခိုက်နေရတာက တိုင်းရင်းသားတွေပါ။ တရုတ်မဟုတ်ပါဘူး။
ဝန်ကြီးတစ်ယောက်နဲ့ စကားအချေအတင်ပြောရတဲ့ကိစ္စက မမိုက်လှပါဘူး။

ဒီမှာ ရွှေရောင်အနားကွတ်လေး တွေ့လိုက်ရတာက လူကြီးတွေ ပြည်သူ့ အသံကို တကယ် နားထောင်လာပြီ၊ မှားနေတယ်ထင်ရင် ရှင်းပြလာပြီ ဆို တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကဆို လုံးဝမျှော်လင့်လို့မရတဲ့ ကိစ္စပါ။

ဒါနဲ့ မဆိုင်လှပေမဲ့ သတိရလို့ ပြောချင်မိတယ်။ ဆရာမောင်စိမ်းနီရယ်၊ ဆရာ သစ္စာနီရယ် ကားပေါ်မှာရိုနေစဉ် ဆရာမောင်စိမ်းနီက
" ဒီ အစိုးရက လုပ်တော့ လုပ်ရှာတယ်" လို့ သူ့ဘာသာသူ ပြောနေရင်း တော်တော်ကြာတော့မှ သူ့ဝါကျသူ အဆုံးသပ် တယ်။
"တလွဲတွေ" တဲ့။

သူပြောတာကို ရယ်မိကြရင်း ကားမောင်းနေတဲ့ မင်းမင်းသန့်က
"နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်" ဆိုတဲ့ သီချင်းလေးကို ကောက်ဆိုလိုက်တယ်။




 ဇင်ဝေသော်

ဦးအောင်မင်းတို့လာမယ့် စင်္ကာပူက ဆွေးနွေးပွဲ (သို့) နေကျော်တဲ့ လောကဓံအတွက် ပဲကြီးလှော် တစ်စေ့


နေကျော်တဲ့ လောကဓံပဲလေ
ဒီလောက်တော့ ခါးမှာပေါ့ 

(ဇင်ဝေသော်)

မေလ တစ်ရက်နေ့မှာ လုပ်ကြမယ့် ဒီ အတွေ့အကြုံဖလယ်ပွဲကတော့ လခ စားတွေက စပွန်ဆာခံဖိတ်တဲ့ ဝန်ကြီးတို့ ပြောဟောပွဲဆိုရင် ၅၀ ရာခိုင်နှုန်းေ ကျာ် မှန်ပါလိမ့်မယ်။ အဲသလိုပဲ သူတို့ပြောချင်နေတဲ့ ရင်တွင်းက စေတနာကို တစ်ဦးချင်းစီ ခပ်ပါးပါးလည်း သွန်ချထားခဲ့ကြလိမ့်မယ်။ ပန်လိုက ပန်၊ ဒါ ဂန္ထ ဝင်မြောက် နှင်းဆီတစ်ပွင့်။

ဘာအတွက်လုပ်တယ်၊ ဘယ်သူတွေ လာမယ်၊ ဘာတွေကို ဘယ်သူတွေေ ဆွးနွေးကြမယ်စတဲ့ ဖော်မယ်သတင်းတွေကတော့ ဂျာနယ်နဲ့ အွန်လိုင်း မီဒီ ယာမှာ အခန့်သား ရှိနေပါပြီ။ ပိုပြီးအသေးစိပ်သိလိုသူတွေ အတွက် အေးငြိမ်း ဘလော့ဂ်ကို အလည်အပတ်သွားနိုင်ကြောင်း ကြမ်းခင်းပေးလိုက်ပါရစေ။

ကျနော်ပြောချင်တာက ဒီပွဲကို မရ ရအောင် စီစဉ်သူတွေရဲ့ အခက်အခဲတချို့ နဲ့ ချစ်စရာ စိတ်ဓာတ်ပါ။ သဘောမတူရင် ခွင့်လွှတ်ပါ။ ကျနော်ကဒါကို နေကျော်တဲ့ လောကဓံအတွက် ပဲကြီးလှော် တစ်စေ့လို့ ခံစား နာမည်ပေးလိုက်မိတယ်။

တကယ်က ဒီပွဲဟာ ဒီဇင်ဘာမှာ စခဲ့ဖို့ တဲ့။ အဲဒီတုံးက စ နိုင်ရင် ပြည် တွင်း ပြည်ပလက်တံရှည်တဲ့သူဆီက စပွန်စာတွေ ရနိုင်တယ်။ ဒါပေမဲ့ "တရုတ်ကို ကြောက်နေရတယ်" စကားနဲ့ ဦးအောင်မင်းက ပြည်သူ့ အ သည်းကို ခွဲလိုက်တော့ ဘာနဲ့ ကုစားရမှန်းမသိဖြစ်ပြီး ဒီပွဲကို ရက်ရွှေ့လိုက် ရတယ်။ အဲသလိုပဲ စပွန်ဆာတွေနဲ့ လာသူလည်း ပြန်ပေါ်မလာတော့ဘူး။ ရှိစေ။

ဒီပွဲအတွက် ဖိတ်ကြားရာမှာ (ယုံရခက်တဲ့) အခက်အခဲက နာမည်ကြီး နိုင် ငံရေးပါတီကြီးနဲ့ ဆက်စပ်နေတယ်။ သူတို့ဖိတ်ကြားလိုတာက
၁။ လက်ရှိအစိုးရထဲက ဥပဒေပြု လွှတ်တော် အမတ်တွေ၊ လုပ်ပိုင်ခွင့် ရှိသူတွေ
၂။ အတိုက်အခံ နိုင်ငံရေးပါတီက ဥပဒေပြု လွှတ်တော် အမတ်တွေ၊ လုပ်ပိုင်ခွင့် ရှိသူတွေ နဲ့
၃။ ပွင့်လင်းအဖွဲ့အစည်းထဲက စွမ်းဆောင်နိုင်သူတွေ ( ဦးကိုကိုကြီးက ဒီအဖွဲ့ကို ကိုယ်စားပြုပါတယ်)

၁ နဲ့ ၃ က လျောလျူခဲ့ပေမဲ့ ၂ က ထစ်နေတယ်။ ဖိတ်ကြားတဲ့အဖွဲ့ကလည်း (ဘာအဖွဲ့မှ မဟုတ်တဲ့အဖွဲ့ လို့နာမည်ပေးရင် ရနိုင်မယ်) ကြီးကြီးမားမား မဟုတ်လေတော့ အဆက်အသွယ်ရှိတဲ့ အတိုက်အခံ နိုင်ငံရေးပါတီက လွှတ်တော်အမတ်တွေဆီ ဖိတ်စာပို့လိုက်ကြတာပေါ့။ ဒီဖိတ်စာက ပါတီကို ဖိတ်ပေမယ့် ဘိုင်နိမ်းဖြစ်နေလေတော့ ဒီလိုလာလုပ်လို့ မရဘူး အပေါက် ဖြစ် သွားပြန်ရော။ ဒါနဲ့ ပြန်ပြင်ပြီးဖိတ်ကြားလိုက်ပေမယ့် အရင်တစ်ခါ လေသံက မာထားတော့ ..ဒီအဖွဲ့ရဲ့ဖိတ်စာကို အဂျင်ဒါထဲ ထည့်မထားရဲတဲ့ အပြင် အဲနီး အားသား ဘစ်စနစ် (Any other business) နဲ့တောင် ကကြိုးရှုပ်သွားတော့.... စောင့်သူကစောင့် သတင်းမပြန်သူက မပြန်။ အင်း... မြန်မာတွေ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှူက ဘာမှ ပြန်မပြောရဲခြင်းနဲ့ မှတ်ကျောက်တင်ဟန်တူရဲ့။ ကန်တော့ပါရဲ့။ ဒီစံနဲ့ ဆက်သွားရင် အဏာရှင် များ ဆန်သွားလေမလား။

ငါ့ကောင်းကင်မှာ နက္ခတ်တွေကြမ်းပြီး
ငါ့လမ်းက တောင်ပြိုနေတယ်
ငါ့နောက်ကို ဘယ်သူမှ မလိုက်ခဲ့နဲ့
ငါ့အရိပ်တောင် ငါ့နောက် မလိုက်ခဲ့နဲ့ 

(တာရာမင်းဝေ)

မိတ်ဆွေတချို့ကလည်း ဒီပွဲမျိုးတွေလုပ်ဖို့ အချိန်မရောက်သေးဘူး။ စော လွန်းသေးတယ်လို့ ယုံကြည်ကြတယ်။ တချို့ကတော့ မစောတော့ဘူး။ လုပ်ကို လုပ်ရတော့မယ်။ အင်တာနေရှင်နယ် ကုမ္ပဏီကြီးတွေဝင်လာလို့ ဒါလေးတွေမှ မသိသေးရင် ခံသွားရမယ်။ Agree to disagree ပေါ့ ။ နောက်ပြီး စင်္ကာပူရဲဆီက အချိန်မီ ခွင့်ပြုမိန့်ရဖို့။ ဒါတွေကတော့ လက်ပွတ်တတီး လောကဓံပါ။ မထူးတော့ပါဘူး။ ရွှေဝါရောင်တော်လှန်ရေး မှာကတည်းက ရဲ မျက်စေ့ကျခဲ့တဲ့ အဖွဲ့ပဲ။ ချိုမြမြ လောကဓံပါ။

မနေ့ညကမှ စပွန်ဆာအကြောင်း ဦးတင်မောင်ဝင်းနဲ့ ထပ်ပြီး ကွန်ဖန်း လုပ်တော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ MAI နဲ့ ရနံ့သစ်တို့ဆီကပဲ ရကြောင်း ထပ်သိရပါတယ်။
ဒါဖြင့် ကျန်တဲ့ ကုန်ကျစရိတ်တွေကရောဆိုတော့ "အရင်အတိုင်းပေါ့၊ အိပ် စိုက်။ တို့ လေးယောက် တစ်ယာက် တစ်ထောင်ဆီစုထားတယ်" တဲ့။

ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်
တစ်နေ့နေ့တော့ တွေ့ကြမယ်။

( တာရာမင်းဝေ)

သူတို့နဲ့ ကျနော် စ သိကြတာက ၂၀၀၇ မှပါ။ ဒီမတိုင်ခင်ကတည်းက နာ မည်တွေ မြေကြီးပေါ်ပစ်ချ၊ ကိုယ့်အိပ်ကပ်ထဲကစိုက်ပြီး (အခုတော့မသိဘူး၊ အရင်ကတော့ စေတနာရှင် မျက်စေ့ကျတဲ့ အလုပ်မျိုးလည်း မဟုတ်ဘူးလေ၊ ၂၀၀၇ ခု ရဲအလိုက်ခံနေရတုံးကဆို သူတို့ကို ရှောင်ပြေးနေတဲ့လူတွေ အများ ကြီး၊ စတေးထိမှ ကြောက်လို့၊ အခုတော့ ဒီမိုကရေစီက လွတ်လွတ်လပ်လပ် စီလို့ရပြီ) ယုံကြည်ရာလုပ်နေခဲ့ကြတဲ့ ဒီ အဖွဲ့လေးရဲ့ အလုပ် သမားနေ့ေ အာင်မြင်မှုကို ခံစားရသမျှလေး အသိပေးရင်ဖွင့်ချင်စိတ်တွေ ပေါက်နေတာနဲ့......။

စာကြွင်း။ ဘုဘောက်ချင်း တည့်တယ်ဆိုရမလား။ ရန်ဖြစ်နေသလိုပြောတတ် တဲ့ (ဦး)သီဟနာဒ နဲ့ ဆရာဦးတင်မောင်ဝင်းတွေ့တော့လည်း အချောပဲ။ ဦးတင်မောင်ဝင်းက "လေးယောက် တစ်ယာက် တစ်ထောင်ဆီစုထားတယ်" ဆိုတော့ "မလုပ်နဲ့လေ၊ ကျုပ်လည်း တစ်ခြမ်းတော့ ပါမှာပေါ့၊ ၅၀၀ ထား။ ဘုန်းကြီးတော့ လျှော့ဈေးနဲ့ ပေးပေါ့" ဆိုပြီး ၅၀၀ ထည့်တော့ လေးယောက် ခွဲ ဖြစ်သွားတယ်။ (ဦး)သီဟနာဒက "ကောင်းတယ်၊ ဒီအလှူမျိုးက ရေစက်ကို မချရတာ" လို့ ကျနော့ကို ပြန်ပြောပြတယ်။

ပွဲဖြစ်မြောက်ရေးအတွက် တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကူညီကြသူတိုင်း ကို လေးစား။ ဂုဏ်ယူမိစွာဖြင့်..........

ဇင်ဝေသော်
(ကမ်းလက်ကိုယ်စား)


**ပြည်ပရောက် တစ်ဦးချင်းဆီကို 'ထိ' လာနိုင်ပြီး နိုင်ငံ အတွက် ကောင်းလာနိုင်တဲ့ အနေအထား**


ခေါင်းစဉ်က ရှည်နေပေမဲ့ ရေးချင်တာက တိုတိုပါ။ လတ်တလော စင်္ကာပူမှာ (အခြား အာရှနိုင်ငံတွေမှာလည်း သိပ်မထူးခြားလောက်ပါဘူး ) ကြားနေရတဲ့ သတင်းနှစ်ခုက
၁ ။ စလုံးကုမ္ပဏီတချို့ ရန်ကုန်ကို တော်တော်အာရုံကျနေကြတယ်။ အကြီး စား တီမာဆက်၊ ဆင်းတယ်လ်၊ စထရိတ်တိုင်းတို့ အပါအဝင်ပဲ။ တချို့က သွားကြည့်၊ ကုမ္ပဏီရုံးခွဲဖွင့်၊ တချို့က စောင့်ကြည့်ရုံ စောင့်ကြည့် ၊ စုံလိုပဲ။
၂ ။ မြန်မာတွေလည်း တော်တော် တပ်ခေါက်နေကြတယ်။

ဒီ ဒုယအချက်မှာက ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ တချို့က တပ်ခေါက်တာ။ တချို့က 'ထိ' တာ။ ဘာလို့ထိတာလဲဆိုတော့...
၁ ။ စင်္ကာပူက မြှင့်လာတဲ့ ခရိုက်တီးရီးယားကြောင့် ( လစာ၊ ပညာအရည် အချင်း၊ လုပ်သက်၊ ကွန်ထရီဗြူးရှင်း )၊
၂ ။ စီးပွားရေးသမားတွေရဲ့ စီးပွားရေး ကျားကွက် ရွှေ့မှု (သို့ ) ပေါ၊ ချောင် ၊ ကောင်း အလုပ်သမားဈေးကွက်ကို ဈေးချိုနိုင်သမျှ ချိုအောင် အားထုတ်မှု။

ဒုတိယအချက်ကတော ပုံသေကားချ ပြောလို့မရပါဘူး။ ဒါပေမဲ့ ငြင်းဖို့တော့ ခက်မယ်။ ဒါဟာ အက်သစ်ကယ် ဖြစ် မဖြစ်ဆိုတာကလည်း ပါးစပ်နဲ့ပဲ ငြင်း လို့ရမယ်။


၁ ။ စင်္ကာပူက မြှင့်လာတဲ့ ခရိုက်တီးရီးယား


လစာသိပ်မကောင်း၊ သာမန်ဘွဲ့လောက်နဲ့ဆိုရင် ကွန်ထရီဗြူးရှင်းလည်း မကယ်ဘူးဆိုရင် မနှစ်က၊ ဒီနှစ်ကစလို့ လာမယ့်နှစ်တွေမှာ ဆက်ထိနေဖို့ များပါတယ်။ ဒါက နိုင်ငံခြားသား အားလုံးနဲ့ ဆိုင်ပါတယ်။ ဒါကို သဘောမပေါက်ရင် ယုံထင် ကြောင်ထင် ထင်စရာတွေ အများကြီးပါပဲ။
ဒီမှာ စလုံးအစိုရက ဘယ်လောက်အလေးအနက် ထားသလဲဆိုတာ ရှင်းပြလို့ ရတဲ့အချက်တွေရှိတယ်။ အလုပ်သမားတစ်ယောက်က ပညာအရည်အချင်း၊ လုပ်သက်၊ ကွန်ထရီဗြူးရှင်း အားလုံးကောင်းနေတယ်၊ လစာပဲ နည်းနေတယ် ဆိုရင် အလုပ်သမားရဲ့ အားနည်းချက် လုံးဝမဟုတ်တော့ပဲ အလုပ်ရှင်ပေးတဲ့ လစာနဲ့ပဲ ဆိုင်တော့တယ်။ ဒါဆို ( နိုင်ငံခြားသား အလုပ်သမားက တကယ် အဆင့်ရှိရင်) အစိုးရကပါ အလုပ်ရှင်ကို လစာတိုးပေးဖို့ မသိမသာ ဖိအားပေးတယ်။
ဆိုလိုတာက ဒီလစာနဲ့ပဲ ထပ်တင်ရင် ရီဂျက်ထပ်ထိမယ်။ တကယ်လိုအပ်ရင် လစာတိုးပေးပါ ဆိုတာမျိုးပေါ့။ ကျန်တာကတော့ အလုပ်ရှင်နဲ့ပဲ ဆိုင်တော့ တယ်။ အလုပ်ရှင်ကလည်း သူ့အတွက် ဒီအလုပ်သမားက ဘယ်လောက် ကွန်ထရီဗြူးရှင်းလုပ်ပေးနိုင်သလဲ ဆိုတာကိုကြည့်ပြီး လစာ တိုး မတိုး ဆုံးဖြတ်ပါလိမ့်မယ်။
ဒီမှာပဲ ထိသူထိ မထိသူမထိ ဇာတ်လမ်းတွေ ဖြစ်တော့တာပါပဲ။ ဒါကြောင့် စင်္ကာပူကနေ တပ်ခေါက်သူ၊ တပ်ခေါက်ရသူ ပိုများလာမယ်။ အလုပ်အကိုင် အတွေ့အကြုံရှိသူတွေ ပြည်တွင်းပြန်ရောက်သွားခြင်းဟာ နိုင်ငံအတွက် ကောင်းပါတယ်။

၂ ။ စီးပွားရေးသမားတွေရဲ့ စီးပွားရေး ကျားကွက် ရွှေ့မှု

ဒီအတွေးက နည်းနည်း ရက်စက်ရာရောက်နေမလားလို့တောင် ထင်မိတယ်။ ကျနော်က စင်္ကာပူကို ဦးတည်ပြောနေပေမယ့် ဒီအချက်က အခြားနိုင်ငံတွေ နဲ့လည်း ဆိုင်ပါတယ်။ စင်္ကာပူက ရီဂျက်ထိတဲ့ မြန်မာတစ်ယောက်ဟာ မြန် မာပြည်ပြန်ရောက်သွားပြီး မြန်မာပြည်မှာပဲ (စီတီဇင် ခံထားသူတွေ၊ ပီအာ တချို့ ဒီအထဲမှာ မပါပါဘူး၊ ပီအာတချို့ဆိုတာက ပီအာလည်း အာမခံချက် သိပ်မရှိလို့ပါ ) အလုပ်လုပ်ရတော့မှာပါ။
နိုင်ငံခြားကုမ္ပဏီတွေကလည်း မြန်မာပြည်ရောက်ရင် လုပ်အားခ ဈေးချိုချိုနဲ့ ရသလို အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံမရှိသေးတဲ့ အလုပ်သမားတွေ ရဲ့ဒဏ်ကိုလည်း တော်တော်သည်းခံကြရလိမ့်မယ်။ ဒီမှာ မြန်မာတွေ ညံ့ တယ်လို့ဆိုတာမဟုတ်ဘဲ အတွေ့အကြုံမရှိသေးတာကိုပဲ ဆိုလိုတာဖြစ်ေ ကြာင်း ထပ်ပြောခဲ့ချင်ပါတယ်။( အမျိုးချစ်တာ ချစ်တာပေါ့၊ ဒီနေရာမှာတော့ ကိုယ့်အားနည်းချက်ကို လက်ခံကြရအောင်၊ သာကီမျိုး မဟုတ်ဘူးလို့ မပြောပါဘူး )။
ဒီတော့ ဈေးလည်းချို ပြည်ပ အတွေ့ကြုံလည်းရှိတဲ့ အလုပ်သမားကို နိုင် ငံခြား ကုမ္ပဏီတွေက အလိုရှိမှာ အသေအချာပဲ။ ကဲ ဒီတော့... တကယ်ပြန်တွေ့ဖို့ ရာခိုင်နှုန်း များတာက ပြည်ပက လာဖွင့်တဲ့ကုမ္ပဏီ နဲ့ ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာတွေပါပဲ။ မမိုက်ဘူးလား။ စင်္ကာပူမှာ ဒေါ်လာ၂၀၀၀ နဲ့ ၃၀၀၀ ( ကျော်ရင် ကျော်နိုင်တာပေါ့ ) ပေးရ မယ့် အလုပ်သမားကို မြန်မာပြည်မှာ ၁၀၀၀ လောက်ဆိုရင် ရနေပြီ။ ဒါကြောင့် ပြည်ပရောက် မြန်မာတွေအတွက်အစိုးရ ပေါ်လစီကြောင့်တင် မဟုတ်တော့ဘဲ ဈေးကွက် အရွှေ့အပြောင်းကြောင့်ပါ အထိများလာနိုင်ပါ တယ်။

ဒီမှာ ချွင်းချက်က အောက်စတန်းဒင်းဖြစ်တဲ့ မြန်မာတွေပါပဲ။ သူတို့ ကုမ္ပဏီ မြန်မာပြည်အသွားမှာ သူ့ကို စင်္ကာပူကခန့်တဲ့ အလုပ်၊ ပေးတဲ့လစာ စတဲ့ စံနှုန်းတွေနဲ့ ဆက်လက်ခန့်ထားပြီး မြန်မာပြည်မှာ လည်ပတ်ဖို့ တာ ဝန်ပေးပါလိမ့်မယ်။
ဒီပေါ်လစီက ကမ္ဘာလုံးဆိုင်ရာ ပေါ်လစီပါ။ အမေရိက ကုမ္ပဏီတစ်ခုက စင်္ကာပူမှာ ရုံးစိုက်တော့မယ်ဆိုရင် ပိုပြီးတိုးအားကောင်း၊ လူမျိုးဘာသာစကား လည်း ပြဿနာ မရှိနိုင်တဲ့ စလုံးကို ရွေးပြီး လည်ပတ်ခိုင်းသလိုပါပဲ။ ဒါကြောင့် ကိုယ်က တော်တော် အရေးပါတဲ့အထဲမှာ မပါဘူးဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာအလုပ်သမားတွေကို "See you In Myanmar." သဘောထား ရှိနေနိုင်ပါတယ်။
ဒီလူ၊ ဒီအရည်အချင်းကို ဒီတစ်ဝက်မရှိတဲ့လစာနဲ့ရတာ ဘယ်သူ မပျော် ဘဲ နေမလဲ။

နောက်ဆုံးကျန်နေတာက တကယ်ကို တပ်ခေါက်ပြန်သွားသူတွေပါ။ ဒီမှာ အဆင်တပြေရှိလျက် တပ်ခေါက်ပြန်သွားသူတွေက နယ်ကထက် ရန်ကုန် က ဖြစ်ဖို့များတယ်။ ရန်ကုန်မှာ မိသားစု၊ အခြေခံစီးပွားရေး စတာတွေ ရှိပြီးသားတွေ ဖြစ်မယ်။ ဒီမှာ မိသားစု၊ ကလေးတွေနဲ့လူတွေ ဖြစ်ဖို့ထက် လူလွတ်တွေ ပိုများလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီလိုမှ မဟုတ်ရင်တောင် ဒီမှာ လခစားလုပ်တာထက် ဟိုမှာ ကိုယ်ပိုင် အလုပ် ပြန်လုပ်ကြည့်မယ်၊ အရဲစွန့်ကြည့်မယ်ဆိုတဲ့ Risk ယူသူတွေ ဖြစ်နိုင် ပါတယ်။ ရေလိုက် ငါးလိုက်လေးပဲ နေချင်သူတွေကတော့ ဒီမှာ အဆင်ပြေေ နသရွေ့ ဒီမှာပဲ နေနေကြဦးမယ့် သဘောပါ။ မြန်မာဟာ စင်္ကာပူမဟုတ်သေး ဘူး ဆိုတာလောက်တော့ သူတို့လည်း သိတာပေါ့။ ဒါကြောင့်လည်း Risk ယူတယ်လို့ သုံးရတာပါ။

အတွေ့အကြုံရှိတဲ့ အလုပ်သမား ရှားပါးချိန်မှာ အတွေ့အကြုံရှိပြီးသား မြန် မာတွေ ပြည်တွင်းထဲ ပြန်ရောက်သွားခြင်းကြောင့် ပြည်တွင်းက အလုပ်သ မားတွေကို လက်တွဲပြီး ခေါ်သွားနိုင်သလို ပြည်ပ ကုမ္ပဏီတွေ ပြည်တွင်းထဲ မှာ မြန်မြန် ဝင်လာပြီး လည်ပတ်ဖြစ်စေဖို့ အထောက်အကူလည်း ဖြစ်ပါလိမ့် မယ်။
ဘာပဲဆိုဆို စလုံးအစိုးရရဲ့ ခရိုက်တီးရီးယား မြှင့်လာတဲ့ ပေါ်လစီကြောင့် တစ်ဦးချင်းဆီမှာ ရီဂျက်တွေ ဆက်ထိလာပြီး ( နိမိတ်မရှိ၊ မင်္ဂလာမရှိ တာတွေ လျှောက်ရေးနေတယ်ထင်ရင် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက နှစ်နှစ်ေ လာက်ကတည်းက စနေတဲ့ ပေါ်လစီပါ၊ ထိလည်း တော်တော်ထိနေပါပြီ ) နိုင်ငံအတွက်တော့ ဇိကုပ် နတ်ပြည်တင်လို့တောင် မြင်မိပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါ်လို့ ပြန်ချင်မှ ပြန်မှာ ရီဂျက်ထိရင်တော့ ပြန်ကို ပြန် ရတော့တာ မဟုတ်လား။

ကျနော်ကတော့ ဒါဟာ ငိုစရာမဟုတ်သလို ထိသွားသူအတွက်လည်း ဘေး က ဝင်ငိုပေးနေစရာ မလိုလှဘူး ထင်ပါတယ်။ ကိုယ့်နိုင်ငံသာ ကိုယ့်နိုင်ငံပါ။ ဒီမှာ ကျနော်တို့ ယာယီလာနေကြတာ။ အဲ တစ်ခုခုကြောင့် ထွက်လာခဲ့ကြ တာ။ ဒါပဲ။

နိုင်ငံတစ်ခု ကုန်းထနေရတဲ့ အချိန်မှာ နိုင်ငံသားတိုင်းရဲ့ အနစ်နာခံမှု အနည်း အများ လိုပါတယ်။ အနုမြူဗုံး ခေါင်းပေါ်မကျပေမဲ့ နိုင်ငံက ဒီထက်ဆိုးတဲ့ စစ် တပ်အစိုးရရဲ့ အကြမ်းမြူဗုံးဒဏ်ကို ဆယ်စုနှစ်ပေါင်းမျာစွာ ခံထားကြရတာ မဟုတ်လား။

ပုဂ္ဂလိကအမြင်မတူတာ၊ တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ကို ထိပါးတာမျိုး မရည်ရွယ်ဘဲ ဖြစ် ခဲ့ရင် တောင်းပန်ပါတယ်။

လေးစားစွာဖြင့်
ဇင်ဝေသော်


အစိုးရလည်း ပါတယ်၊ အစိုးရချည်းလည်းမဟုတ်


လေးငါးနှစ်ကာလကတည်းက မြုံနေတဲ့ သတင်းတစ်ပုဒ်က ပွင့်လင်းလာ တဲ့ ပြည်တွင်းနိုင်ငံရေးကြောင့် စထရိတ်တိုင်းစာမျက်နှာပေါ် ခုန်တက် လာတော့တယ်။ အဲဒါက ပြည်တွင်းထဲက ဒရက်ကူလာ အေးဂျင့်များနဲ့ စင်္ကာ ပူကို ရွှေရောင်အိပ်မက်တွေနဲ့ ရောက်လာတဲ့ အိမ်ဖော်မိန်းကလေးတွေ ရဲ့ ဖက်မမျှတဲ့ သတင်းတစ်ပုဒ်ပါ။ မြန်မာအိမ်ဖော်မိန်းကလေးတွေ ထွက်ပြေး တာ ပိုများ သတဲ့။ ဒီသတင်းရဲ့ နောက်ဆက်တွဲ သတင်းက ၂၀၁၀ ကတည်း က လစာ တစ်ပြားမှ မရ တဲ့။ ဒီသတင်းနှစ်ပုဒ်ခေါင်းစည်းကို ဆက်စပ်ကြည့် ရင်ပဲ ဘာကြောင့် သူတို့ ထွက်ပြေးကြတယ်ဆိုတာက ပေါ်လွင်နေပါပြီ။

ထွက်လာကတည်းက ဘယ်တော့မှ ကျေမှာမှန်းမသိတဲ့ အကြွေးတွေနဲ့ ထွက်လာခဲ့ကြရတယ်။ ခြောက်လဆိုရင် ကျေပါပြီ၊ တစ်နှစ်ဆိုရင်ကျေပါပြီနဲ့ ဒီမှာ ဝင်တဲ့ဝင်ငွေက ဟိုမှာတင်ခဲ့တဲ့ အကြွေးရဲ့ အတိုးကို ကာမိလေဟန် မတူကြဘူး။ ဒါနဲ့ပဲ့ သုံးလေးနှစ်ကြာသည်အထိ လစာက ကိုယ့်လက် ထဲ ရောက်မလာခဲ့ဘူး။ မြန်မာ အိမ်ဖော်တစ်ယောက်ရဲ့ လစာက ဆင်းဒေါ်လာ ၄၀၀ နဲ့ ၄၂၀ ကြားမှာရှိတယ်လို့ သိရတယ်။ ဒါဆို တစ်နှစ်မှာ အကြွေး သုံးထောင်ကျော်တော့ ကျေနေပြီပေါ့။ သင်တန်းကြေး၊ လေယာဉ်ခ၊ အေးဂျင့်ဖီးလ် စတာတွေက ဒီထက် ဘယ်လောက်များ ပိုကုန်ကျနေသလဲ။ ဒီမေးခွန်းရဲ့ အဖြေက ပြည်တွင်း ဒရက်ကူလာတွေရဲ့ ပါးစပ်ထဲမှာပဲ ရှိတယ်။ တချို့က ရပါတယ်။ တစ်လ ကို ဒေါ်လာ တစ်ဆယ်စ နှစ်ဆယ်စ တဲ့။ သူတို့ထွက်ပြေးတော့ လူမှု ကူညီစောင်ရှောက်ရေး အဖွဲ့တွေဆီ။

ဝမ်းနည်းစရာကောင်းတာက ဒါတွေကို ဖန်တီးသူတွေက နိုင်ငံခြားသားတွေ မဟုတ်ဘဲ ကိုယ့်လူမျိုးတွေ။ နိုင်ငံခြားသားတွေကရော ဘယ်လောက် သူတော်ကောင်းနေလို့လဲ လို့ မေးစရာရှိပါတယ်။ လူကတော့ ဘယ်နိုင်ငံသား မဆို လူပါပဲ။ ဒါပေမဲ့ သူတို့မှာက တင်းကြပ်တဲ့ ဥပဒေရှိတယ်။ အဲဒီ ဥပဒေက တားထားတယ်။ နှစ်နိုင်ငံ နီးစပ်ရေးကို အသေအလဲ ကြိုးစားနေတဲ့ ( သို့ ) အပျိုစင် ဈေးကွက်ထဲကို လက်ဦးမှု စောစောစီးစီးရယူနေချင်တဲ့ စလုံး အစိုး ရနဲ့ စီးပွားရေးသမာတွေဟာ မြန်မာ့အရေးကို အရင်ထက် စိတ်ဝင်စားလာ ကြတယ်၊ အနည်းဆုံး စိတ်ဝင်စားဟန် ပြလာကြတယ်။

လတ်တလော ကူညီစောင့်မဖို့ ( တတ်နိုင်သလောက် ကြားဝင်ဖြေရှင်းပေး တာမျိုး ) တာဝန်ရှိနေတာက မြန်မာသံရုံးပေါ့။ မြန်မာသံရုံးကရော ဒီလို ကိစ္စကို အသေးအမွှားကိစ္စ၊ သံရေး တမန်ရေးကိစ္စမဟုတ်လို့များ ထင်နေ မလား။ မထင်လောက်ဘူးလို့တော့ တွက်ရတာပါပဲ။
ကိုယ့်ဖက်က မှားတာ၊ ဥပဒေဖောက်တာမျိုးဆိုရင်တော့ သံရုံးလည်း မကယ်နိုင်ပါဘူး။ ဒါပေမဲ့ "မိဘရှိတဲ့ကလေးနော်၊ မတရားတာတော့ လာ မလုပ်နဲ့" လို့ ဟန့်ထားလို့ရတာပေါ့။

အသက် ၁၉ နှစ်ကတည်းက အသက်လိမ်ပြီးထွက်လာတဲ့ မိန်းကလေး ကတော့ အလုပ်ရှင်တွေ အကြိမ်ကြိမ်ပြောင်းတာတောင် သုံးနှစ်ကြာသည် အထိ လစာ တစ်ပြားမှ မရသေးပါ တဲ့။
အုပ်ချုပ်ပုံ မစွံတော့ ဆင်းရဲ၊ ဆင်းရဲရာက လိမ်၊ လိမ်ရာက ဒုက္ခရောက်။ ဘယ်ယတြာက ဒါတွေပျောက်အောင်လုပ်ပေးနိုင်မှာလဲ။

သေချာတာက အေးဂျင့် ဒရက်ကူလာတွေကိုတော့ "သူတို့ကံနဲ့ သူတို့ " ဆိုပြီး "ကံ" လက်ထဲပဲ ဝကွက်မအပ်သင့်ဘူး။
ကံမလာခင် ဥပဒေနဲ့ကို နာနာဆော်ပါမှ။ နို့မို့ အိမ်ဖော်လုပ်ဖို့တောင် အလိမ် အညာကမလွတ်။ ဒီလောက်လိမ်တာတောင် အဆင်မပြေ။
အဲဒီ လိမ်လည်မှုကပင် ဒရက်ကူလာကို ပိုပြီး လက်ရဲဇက်ရဲ ဖြစ်စေတယ်။



 ဇင်ဝေသော်

အရှေ့တောင်အာရှက ကျူပီအာများ


အိပ်ရေးတစ်ညလုံးပျက်တာတောင် သတင်းစာလာတော့ မြန်မာ့သတင်းနဲ့ အားကစားစာမျက်နှာဆီ မျက်စေ့ရောက်သွားတယ်။ ကိုယ့်နိုင်ငံရဲ့ သတင်း ကလည်း အခုတလော " No news is good news " ဖြစ်နေတာကိုး။ စထရိတ်တိုင်းမ် သတင်းထောက်ကတော့ ဦးဝီရသူ လေသံပြောင်းသွားပြီ လို့ ခေါင်းစည်းတင် ရေးထားတယ်။ ဒါပေမဲ့ အခု ပြောချင်တာက အဲ့ဒီကိစ္စ မဟုတ်ပါဘူး။ တစ်နှစ်လုံး ဇယားအောက်ဆုံးမှာနေခဲ့တဲ့ ကျူပီအာက ဇယား မှာ တစ်ဆင့်တက်သွားတဲ့ ကိစ္စပါ။ အိပ်ချင်စိတ် နည်းနည်းပြေသွားတယ် ။ ခေတ် စကားနဲ့ ဘိုကြီးလဲပေါ့။ အဲ ရေးချင်တာက ဘောလုံးကိစ္စလည်း မဟုတ်ပြန်ဘူး။

ကျူပီအာ ဇယားမှာ တစ်ဆင့်တက်သွားပုံ။ နိုင်သွားလို့များလား အောက်မေ့ တယ်။ မဟုတ်ရှာဘူး။ ဒီအသင်းက ဒီတပတ်ပွဲစဉ် မကန်ရသေးတော့ အရှုံး မရှိ၊ အနိုင်မရှိ၊ သရေမရှိ။ ဒါပေမဲ့ တစ်ဆင့်တက်သွားတယ်။ သူတော်လို့ မ ဟုတ်ဘူး၊ သူ့အထက်က Reading ရှုံးသွားလို့။
ပြုံးမိတယ်။

စင်္ကာပူကနေထိုင်ပြီး ကိုယ့်နိုင်ငံအပေါ် ကျော်တက်သွားတယ်ဆိုတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို ကြည့်မိတယ်။ စင်္ကာပူကလွဲရင် အားလုံး ကျူပီအာတွေချည်းပဲ။ ထိုင်း၊ အင်ဒို၊ မလေး၊ ဖိလစ်ပိုင် စတာတွေ ပေါ့။ ထိုင်းကိုကြည့်၊ ကမ္ဘာစစ်ဒဏ်မခံရ၊ ကိုလိုနီလုပ်မခံရနဲ့ လုံးခြာလိုက်နေလိုက် တာ တခါတခါ လေယာဉ်ပျံတောင် ဆင်းလို့မရဘူး။
အင်ဒိုလား။ ဆူဟာတိုရှိတုန်းက တစ်ယောက်ကို လာဘ်ထိုးလိုက်ရင် ပြီးပြီ၊ အခု ဘယ့်သူ့ကိုလာဘ်ထိုးရမှန်းမသိလို့ လူတကာကိုပေးနေရသတဲ့။ မလေးကြည့်အုံး။ တရုတ်၊ ကုလားစည်းပွားရေးဖယ်လိုက်ရင် စားအုန်းဆီ ခြံတွေနဲ့ လုံးခြာလိုက်နေတုန်း။ မြို့ကြီးသား ပီသဖိုဆိုတာ ခဏထားပါအုံး။

စင်္ကာပူကတော့ ကိုလိုနီစနစ်လက်ကျန် ပညာရေးစတာတွေရယ်၊ လီကွမ်းယု သံလက်သီးရယ်ကြောင့် လုံးဝ ပုံစံကျနေတယ်။ ရှေ့က ပြေးနေလိမ့်ဦးမယ်။
အဲဒါ ပြောတာ။ ကျန်တဲ့နိုင်ငံတွေက တော်လို့မဟုတ်ဘဲ ကိုယ်ကကို မစွံလွန်း မက မစွံလွန်းလို့ ကျန်ခဲ့ရတာ။ သူတို့ဆီတွေ ရောက်ခဲ့ဖူးတယ်၊
အထင်ကြီးလေးစားစရာ၊ အတုခိုးစရာရယ်လို့ကို ( ကိုယ် ညံ့လို့လည်း ဖြစ်မယ် ) မတွေ့ မိဘူး။
ဘာဖြစ်ဖြစ် နိုင်ငံအလိုက် ကြည့်ရင်တော့ စင်္ကာပူကလွဲရင် အားလုံး ကျူပီ အာတွေချည်းပဲ။ လိုက်လို့ ရကိုရတယ်။
အဲ..... အချင်းချင်း အိမ်မီးရှို့တမ်း ကစား မနေကြရဘူးဆိုရင်ပေါ့။



 ဇင်ဝေသော်

ဆေးကြောင့် လေးနေကြဆဲ


မနေ့က သတင်းစာမှာ ဗုဒ္ဓဘာသာအများစု နိုင်ငံထဲက ဗလီကို မီးရှိ့နေ တဲ့ သတင်းနဲ့ မွတ်စလင်နိုင်ငံထဲက ခရစ်ယန်ချပ်ကျောင်းကို စက်ကြီးနဲ့ထိုပြီး ဖြိုနေကြတဲ့ သတင်းနှစ်ပုဒ် တွဲလျက်ပါလာတယ်။

နိုင်ငံ တစ်နိုင်ငံကလည်း ကိုးကွယ်မှုဘာသာတရားအနေနဲ့ အစ္စလာမ်နဲ့ ခရစ္စယန်ကိုပဲ အသိအမှတ်ပြုနိုင်မယ် တဲ့။
 
တစ်ချိန်တည်းမှာပဲ မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံတွေမှာ နေကြရတဲ့ ဗုဒ္ဓဘာသာတွေ အထူးသဖြင့် ဝတ်စားဆင်ယင်မှုမှာ အများနဲ့ ရောလို့မရတဲ့ ရဟန်းတွေရဲ့ဘဝဟာ ကျီးလန့်စာစားပဲ။
အဲ ပြည်ပမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဘုရားကျောင်းကန်တွေလည်း ပိုပြီး မလုံခြုံတော့ဘူး။

 
ဟို အရင်က ပြည်တွင်းမှာ ကုလား ဗမာ အရေးအခင်းဖြစ်တော့ ဘင်္ဂလားေ ဒ့ရှ် မှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတွေ အသတ်ခံခဲ့ရတယ်။ ကျောင်းတွေ မီးရှို့ ခံခဲ့ရတယ်။

အန္ဒိယထဲမှာကျတော့ ဟိန္ဒူတွေက ဇာတ်စနစ်နဲ့ မောက်မာပြီးမွတ်စလင်တွေ က ပေါင်းလို့သင်းလို့ ပိုကောင်းတယ်ဆိုလား။
ဘာပြောရမှန်းမသိအောင် ရှုပ်ထွေးလှတယ်။ သေချာတာကတော့တစ်နေရာ မှာ တစ်ခုခုဖြစ်ရင် အခြားတစ်နေရာမှာ တန်ပြန်အကျိုးရှိနေတတ်တယ် ဆို တာပါပဲ။

ဒီခေတ်မှာ ကံအကျိုးပေး ဆိုတာထက် မီဒီယာအကျိုးပေးက ပိုမြန်နေတတ် တယ်။
ဘာသာတရားတိုင်း ငြိမ်ချမ်းရေးကို ဆောင်နိုင်ပါစေ။

ဒါပေမဲ့ လက်ရှိမှာတော့ ဆေးကြောင့် လေးနေကြဆဲ။
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။


 ကမ်းလက် 

အမြစ်က တစ်မြစ်ထဲ


လမ်းပေါ်မှာ ကုန်တင်ကားကြီးတွေ၊ ဘတ်စ်ကားတွေနဲ့ ကားတိုက်မှုဖြစ်ရင် ကုန်တင်ကားကြီးတွေ၊ ဘတ်စ်ကားတွေက သူတို့ရှေ့မှာရိုတဲ့ကားတွေကို ဝင် တိုက်တာများတယ်။ ၉၀ ရာခိုင်နှုန်းကျော်က အဲသလို ဝင်တိုက်မှုတွေ တဲ့။ ကဲ ဒါတော့ သူတို့ ပြောမှလား။

ဒီထက်အဓိပ္ပါယ်ပိုရှိတာလေးဆို ပိုမကောင်းဘူးလား။ ဥပမာ ကမ္ဘာတစ်ဝှမ်း လုံးမှာ ဘယ်လိုပုဂ္ဂိုလ်တွေရှိရင် ဘာသာရေး၊ လူမှုရေးပြဿနာတွေဖြစ်တတ် တယ်ဆိုတာမျိုးလေ။

"ဆိုင်တစ်ဆိုင်ကို ငှက်ပြောသီးစားချင်လို့ သွားဝယ်တယ်၊ ငါရောက်မှ ငှက်ပြောသီးကုန်သွားတယ် တဲ့။ ဘယ်နည်းနဲ့မှ သည်းခံလို့ မရတဲ့ကိစ္စ။ ဒီဆိုင်ကို မီးရှို့ရမှ ကျေနပ်မယ်"

"မုန့်ဟင်းခါးသည်ကောင်မလေးက ငါရောက်မှ ဆိုင်သိမ်းတယ်။ ခွင့်လွှတ်မရ တဲ့ ပြစ်မှုပဲ၊ လူစုပြီး ဒင်းကို အဓမ္မကျင့်ရမှ ကျေနပ်မယ်"

"ဒီ သံမှူးက ငါတို့ တမန်တော်ရဲ့နာမည်ကို အသံမှန်အောင် မထွက်နိုင်ဘူး။ ဒါဟာ ခွင့်လွှတ်လို့ မရတဲ့ ဘာသာရေး စော်ကားမှုကြီးပဲ၊ အဲဒီ သံရုံးကို မီးရှို့ ကြ"

"ဘယ်သူက ဖန်တီးတာပဲ ဖြစ်ဖြစ် ဘာသာရေးစော်ကားတဲ့ ခြောက် စက္ကန့် ကြာ ဗွီဒီယိုအတွက် လူခြောက်သန်း ဒုက္ခရောက်ရမှ ကျေနပ်နိုင်မယ်။ အဲဒီနိုင်ငံရဲ့ သံရုံးတိုင်း၊ အလံတိုင်းကိုမီးရှို့။ သံအမတ်နဲ့ မိသားစုကိုပါ သတ်"

"သူများဘာသာရဲ့ အထွတ်အမြတ် ရုပ်ထုတွေ ငါတို့ ကြိုက်သလို လုပ်ခွင့်ရှိ တယ်၊ ငါတို့ဘာသာကိုတော့ လာမထိနဲ့"

ဒီလိုလူတွေနဲ့ကမ္ဘာဟာ ဘယ်မှာ ငြိမ်းချမ်းနိုင်ပါ့မလဲ။

အဆုံးအမတွေကို လေးစားပါတယ်။ ရန်မူလိုစိတ်တွေနဲ့ လူရမ်းကားတွေ ထွက်ထွက်လာတာကလည်း ဒီအပေါက်ကပဲ။ ဒီအတွက် ကမ္ဘာသက်သေ။

သူတော်ကောင်းဖြစ်ဖို့ထက် ဘာသာဝင်တိုးပွားဖို့ အားပေးတဲ့ ဘာသာတိုင်း ဟာ ဘာသာအမည်ခံတဲ့ စစ်ပွဲဖန်တီးသူတွေပါပဲ။
ဝမ်းနည်းပါတယ်။


 ကမ်းလက် 

ရာထူးတက်သွားတဲ့ စကားပုံ


" ဟိုတုန်းကတော့ ဖောင်စီးရင်း ရေငတ် " ပေါ့။
အခု ဘယ်လိုပြောကြမလဲ၊ ရေနံနဲ့ ဓာတ်ငွေ့တွေပေါ်က မှောင်နေတဲ့ နိုင်ငံ တစ်ခု။
ကြာတော့ ကြာပြီ၊ ပင်လယ်ငါးဖမ်း သင်္ဘောသားတစ်ယောက်ပြောတာ ကြားရဖူးတယ်။ ငါးတွေက ထိုင်းရေပိုင်နက်ထဲမှာထက် မြန်မာရေပိုင်နက် ထဲမှာ ပိုများတယ် တဲ့။ သဘာဝအရများတာဖြစ်နိုင်သလို ခေတ်မီ နည်း စနစ်တွေနဲ့ ထိထိရောက်ရောက် မဖမ်းနိုင်လို့ ငါးတွေပေါနေတာလည်း ဖြစ်နိုင် ပါတယ်။ ထိုင်း ငါးဖမ်းသင်္ဘောတွေဆို မြန်မာရေပိုင်နက်ထဲက ငါးတွေကို ကြည့်ပြီး အသည်းကို ယားနေတာပဲလို့ ဆိုပါတယ်။ ဒါတင်မကဘူး။ သူတို ကပြောတယ်။ မြန်မာတွေက ခေတ်မီနည်းစနစ်တွေနဲ့ ထိထိရောက်ရောက် မဖမ်းနိုင်တော့ ပင်လယ်ထဲက ငါးတချို့ အသက်ကြီးပြီး သူ့အလိုလို သေ သွားကြတယ်၊ နှမြောစရာတဲ့။ မဟုတ်ဘူး ငြင်းဖို့တော့ ခက်လိမ့်မယ်။

ဒီနေ့ထုတ် စထရိတ်တိုင်းမှာ ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ အကြီးစား ကြီးတွေ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့အပေါ် စိတ်ဝင်တစားနဲ့ ပြေးဝင်လာကြတဲ့ အကြောင်းဖော်ပြထားတယ်။ တော်တော်များများထွက်မယ့်ပုံ ရှိတယ်လို့ ခန့်မှန်းနိုင်ပေမဲ့ စနစ်တကျ ခေတ်မီပညာရပ်နဲ့ လေ့လာထားတာ မဟုတ်လေတော့ ဘာမှလည်း တိတိကျကျ မဖော်ပြနိုင်သေးဘူး။ မြန် မာ့ ကျောက်မျက်က ခန့်မှန်းချက်နဲ့ စင်ထရယ် အေဂျင်စီရဲ့ ခန့်မှန်းချက် ကလည်း တော်တော်ကွာတယ်။
ရွာက ဘကြီးစကားငှားရရင်တော့ " အေးလေ၊ မြေကြီးအောက်ကပစ္စည်း ဘယ်သူ အတိအကျပြောနိုင်မှာလဲ " ပေါ့။

ဖြစ်ပုံကတော့ အထက်က ငါးတွေလိုပဲ။ ခေတ်မီနည်းပညာ မရှိတော့ ကိုယ့်မြေထဲရှိတာ ကိုယ်မသုံးရ ဖြစ်နေတာ။ မျောက်အုန်းသီးရထားသလို လို့ပြောရအောင်ကလည်း အားနာစရာ။ အမှန်က ဒီစကားပုံနဲ့က အလိုက် ဖက်ဆုံး။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေ ဝင်လာရင်တော့ အုန်ံး ရေလေးသောက်ကြရ၊ အုန်းဆံလေး စားကြရ ကောင်းပါရဲ့။ နို့ မိုတော့ ရေနံတွေ ရှိတယ်ကွ၊ ဓာတ်ငွေ့တွေ အလျံအပယ်ရှိတယ်ကွ နဲ့ပဲ အမှောင်ထဲမှာ အုန်းသီးပေါ်ဖင်ခုထိုင်ပြီး
ဗြိတိသျှခေတ်က " ရေနံမြေအလုပ်သမား " ပြဇာတ် ကို ခင်းနေကြရတယ်။
" တို့မှာလည်း ရေနံမြေအလုပ်သမားလုပ်နေရပြီး သားလေးနဲ့ သမီးလေး စာကြည့်ဖို့တောင် ရေနံ ............ "

အခုကော ဘာထူးနေလို့တုန်း။ ထူးတာက
အဲ... ဒီခေတ် ဖောင်သမားမှာ ရေသန့်ဗူး ပါတယ်။


ဇင်ဝေသော် 

စင်္ကာပူ ဖွင့်လာမယ့်တံခါး


ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်က သူဋ္ဌေးတချို့ စင်္ကာပူ ရောက်လာတဲ့အကြောင်း အရင် ဆောင်းပါးထဲမှာ အစချီခဲ့ပါတယ်။ ပစ္စည်းတွေကို ပြည်သူပိုင် သိမ်းတဲ့ခေတ်မို့လို့ ယူဆစရာ ရှိပါတယ်။ အဲဒီအချိန်မှာ စင်္ကာပူက တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးခိုက်ဆိုတော့ လူမျိုးစွဲ၊ နိုင်ငံစွဲ သိပ်မရှိတဲ့ သူဋ္ဌေးတွေ ဒီဘက်ကို ရှောင်ထွက်လာကြတာလို့ ယူဆနိုင်ပါလိမ့်မယ်။ ၂၀၀၂ - ခု မတိုင်မီ မြန်မာ့အဲယားဝေးရဲ့ ရှယ်ယာ ရာခိုင်နှုန်း တော်တော်များများပိုင်တဲ့သူဋ္ဌေးက မြန်မာပြည်ကနေ စင်္ကာပူ ရောက်လာတဲ့ စင်္ကာပူရီးယန်း တစ်ယောက်ပါ။ ကျနော်တို့နဲ့ သိပ်ပြီး အလှမ်းဝေး၊ သမိုင်းကိုလည်း စိတ်မဝင်စားလို့ ဒီကိစ္စ ဒီမှာပဲ ရပ်ပါတော့မယ်။

နောက်ပိုင်းကာလမှာတော့ တံငါရွာကနေ ကုန်းထလာနေတဲ့ စင်္ကာပူအတွက် မြန်မာ အင်ဂျင်နီယာတွေ အစုလိုက်၊ အဖွဲ့လိုက် ရောက်လာကြပြန်ပါတယ်။

၁၈ - နှစ်သားလောက်က ကြားဖူးတဲ့ အဖြစ်အပျက်က မြန်မာစစ်ဗိုလ်ချုပ်ကြီး ကျန်းမာရေးအတွက် ခွဲစိတ်ကုသဖို့ စင်္ကာပူ ရောက်လာချိန် သူ့ကို ခွဲစိတ်မယ့် ဆရာဝန်က မြန်မာဆရာဝန် ဖြစ်နေခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းပါ။ တကယ်ပဲလား၊ ကြံဖန်ပြောကြတာလားဆိုတာ မရေရာလို့ ဒီကိစ္စကိုလည်း ဒီမှာပဲ ရပ်ရပါလိမ့်ဦးမယ်။ ( လတ်တလော စာရင်းအရတော့ စင်္ကာပူကိုလာပြီး ဆေးကုသမှုခံယူတဲ့ တော့ပ် ဖိုက် နိုင်ငံခြားသားတွေထဲမှာ မြန်မာပါနေတယ် )

အခု စင်္ကာပူက မြန်မာတချို့အတွက် တံခါးဖွင့်ပေး လာပြန်ပါတယ်။ အဲဒါကတော့ အမျိုးသား သူနာပြု (သို့မဟုတ်) ထားလို အမျိုးသားတွေ အတွက်ပါပဲ။ သူတို့လူမျိုးတွေက ကွန်ပလိန်း ထူပေမဲ့ အစိုးရက ပြည်သူကို တော်တော် ဂရုစိုက်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ် လောက်ကတည်းက လမ်းကူး ပလက်ဖောင်းတိုင်း ဝှီးချဲယား တွန်းသွားလို့ရအောင် ဆင်ခြေလျှော လုပ်ပေးနေတယ်။ တစ်မြို့လုံး အနှံ့ပဲ။
ဒါနဲ့ ဆက်စပ်ပြီး ခဏနေမှ သတင်းစာမှာ ဖတ်လိုက်ရတာက လာမယ့် ၂၀၂၀၊ ၂၀၃၀ - မှာ ဝှီးချဲယားပေါ် ရောက်လာမယ့် သက်ကြီးရွယ်အိုတွေ ပိုများလာမယ်ဆိုတာ ကြိုတွက်ချက်မိလို့ သူတို့အတွက် ကြိုတင်ပြင်ဆင်တာလို့ သိလိုက်ရပါတယ်။ လေးစားစရာ စီမံကိန်းပါ။
သူ့လူမျိုးတွေ အသက်ကြီးရင့်လာတာရယ်၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာရယ်ကို အခြေခံပြီး  ဒီနေ့ သူတို့ပြောတဲ့ စက္ကူဖြူစီမံကိန်း စခဲ့တော့တာပါပဲ။ စာဖတ်သူတစ်ယောက်က ဒီအကြောင်း ဆောင်းပါးရေးဖို့ ပြောပေမဲ့ ကိုယ့်လူမျိုးနဲ့ တိုက်ရိုက်ကြီး ပတ်သက်နေတာ မဟုတ်လို့ အာရုံ မကျမိဘူး။

ကိုယ်နဲ့ ပတ်သက်နေတာက အဲဒီ အမျိုးသား သူနာပြုကိစ္စပါ။ အမျိုးသမီးဆိုတော့ လူနာကို ပွေ့ရာချီရာမှာ အား သိပ်မရှိဘူးပေါ့။ ဒါတင် မကပါဘူး၊ တခြား လူမှုရေးပြဿနာအချို့လည်း မစောင့်စည်းရင် ဖြစ်လာနိုင်ပြန်ပါတယ်။ သူနာပြု ဆိုပေမဲ့ ဆေးရုံသူနာပြုမှ မဟုတ်တာ။ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ အဘိုးကြီး၊ အဘွားကြီးတွေကို သီးသန့် စောင့်ရှောက်ရတဲ့ ကိစ္စပဲ။
အခုတော့ အကွက်မြင်တဲ့ အေဂျင်စီတွေက အမျိုးသား သူနာပြုတွေကို ခေါ်ယူပြီး သင်တန်းတွေ ပေးနေကြတယ်လို့ သတင်းစာမှာ ဖတ်လိုက်ရပြန်ပါတယ်။ မြန်မာတွေဖက်က ကြည့်ရင်လည်း ကိုယ့်နိုင်ငံထက်တော့ ဝင်ငွေကောင်းနေတော့ မလာချင်လှပေမဲ့ လာရမယ့် ခရီးမျိုးတော့ ဖြစ်နေမှာပေါ့။ နောက်ပြီး သက်ကြီးရွယ်အို တစ်ယောက်ကို စောင့်ရှောက်ရတာဟာ စိတ်အခန့်မသင့်တာ၊ အိပ်ရေး ပျက်ရတာမျိုးတွေ ရှိနိုင်ပေမဲ့ နေပူကျဲကျဲထဲ အလုပ်လုပ်ရတာမျိုး မဟုတ်သလို အဲဒီလစာထက်လည်း အနည်းနဲ့အများ ပိုနေမှာပဲလေ။

စင်္ကာပူမှာ သက်ကြီးရွယ်အိုတွေ တိုးပွားလာတာ တို့နိုင်ငံနဲ့ မဆိုင်ဘူးလို့ ထင်စရာ ရှိပေမဲ့ ကမ္ဘာကြီးက ဂလိုဘယ်ဖြစ်နေတော့ ဆိုင်တော့ ဆိုင်နေတာပဲ။ လာမယ့်နှစ်တွေမှာ S-pass ကိုင်ထားတဲ့ မြန်မာတွေရဲ့ အနာဂတ်က သိပ် မသေချာလှပေမဲ့ သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ လိုအပ်ချက်ကြောင့် အမျိုးသား သူနာပြုတွေရဲ့ တံခါးကိုတော့ စင်္ကာပူက လျောလျောလျူလျူ ဖွင့်ပေးလာတော့မှာ သေချာပါတယ်။

တချိန်က မြန်မာ (၁၀) ယောက်မှာ (၈) ယောက်က အင်ဂျင်နီယာ။
တဖြည်းဖြည်းနဲ့ မြန်မာ (၁၀) ယောက်မှာ အမျိုးသား သူနာပြုက (၅) ယောက် ဆိုတာများ ဖြစ်လာလေဦးမလား။

တံခါးဖွင့် စီပွားရေးစနစ်အစမှာ သူဌေးတချို့ရလိုက်သလို.....
တံငါရွာကနေ မြို့ပြအကူးမှာ အင်ဂျင်နီယာတွေ ရလိုက်သလို......
ဇရာတရားနဲ့ စင်္ကာပူဟာ မြန်မာသူနာပြုတွေကို အရယူမယ့်သဘောတော့ ရှိနေတယ်။

ဘာပဲပြောပြော သူတို့ဘဝတွေ အဆင်ပြေသွားကြရင် ကျေကျေနပ်နပ် သာဓုခေါ်ကြရမှာပါပဲ။
အဲ … တချိန်က မင်္ဂလာဒုံလေဆိပ်တွေ၊ သမ္မတရုပ်ရှင်ရုံတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေနဲ့ ခန်းနားခဲ့တဲ့ နိုင်ငံဟာ အမျိုးသား သူနာပြုတွေ ထုတ်ပေးနိုင်ရုံနဲ့တော့ ကျေနပ်စရာ မကောင်းလှတော့ဘူးလေ။
ပြုပြင်စရာ၊ ကြိုးစားစရာ များစွာနဲ့ … မြန်မာ။


ဇင်ဝေသော်
 

“သူတို့က ခြင်္သေ့ဆိုရင် ကျွန်တော်တို့က လူခြင်္သေ့” ( အပိုင်း - ၂ )


ကျွန်တော် အဓိကဆွေးနွေးချင်တာက စင်ကာပူမှာရှိတဲ့ မြန်မာတွေရဲ့ ဘဝ၊ အခက်အခဲ၊ မြန်မာပြည်ပြန်လာချင်စိတ် ရှိ၊ မရှိ ဆိုတာပါ။ ဒီခေါင်းစဉ်အောက် မှာတော့ ကျွန်တော်နဲ့ ဆက်စပ်နေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ အသံတစ်ချို့ လည်း ပါဝင်ပါလိမ့်မယ်။ ဒါကသည်ပင် အာဆီယံမှာ ကျားဖြစ်နေတဲ့ စင်ကာပူ နဲ့ ဆက်ဆံရေးကို တစ်စုံတစ်ရာ ပြောခဲ့ရာလည်း ရောက်ပါလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။

၁။ စင်ကာပူရောက် မြန်မာများ-
သူတို့ လုပ်ကိုင်နေတဲ့ အလုပ်တွေကို အခြေခံပြီး-
(က) အင်ဂျင်နီယာများ
(ခ) ဘူမိဗေဒ ပညာရှင်များ
(ဂ) စာရင်းကိုင် ပညာရှင်များ
(ဃ) ကွန်ပျူတာနှင့် အိုင်တီပညာရှင်များ
(င ) ဆေးရုံက နာ့(စ်) များ
( စ )အိမ်ဖော်မိန်းကလေးတွေနဲ့
(ဆ) ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားတွေနဲ့ သင်္ဘောကျင်းမှာ လုပ်နေရတဲ့ အလုပ်ကြမ်းသမား
- တွေလို့ အုပ်စု ၇ အုပ်စုခွဲထားနိုင်ပါတယ်။ ကျန်တာက လူနည်းစုပါ။

သူတို့ကို အလုပ်အကိုင်နဲ့ ခွဲခြားပြီးရင် သူတို့စင်ကာပူရောက်တဲ့ သက်တမ်း ကို အခြေခံပြီးတော့လည်း ဒီလို ခွဲခြားထားနိုင်ပါတယ်။
(က) တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်နဲ့ ၈၈- အရေးအခင်း မတိုင် မီက ရောက်နေတဲ့ အုပ်စု
(ခ) ၈၈- အရေးအခင်းပြီးမှ ရောက်လာတဲ့အုပ်စု
(ဂ) ရွှေဝါရောင်ရဲ့ ဝန်းကျင်မှာ ရောက်လာတဲ့အုပ်စု လို့ အုပ်စုသုံးမျိုး ခွဲကြည့်နိုင်ပါတယ်။ ( ပုဂ္ဂလိက အမြင်ပါ )

တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်နဲ့ ၈၈- မတိုင်မီကတည်း က ရောက်နေတဲ့အုပ်စုက လူနည်းစုဖြစ်ပြီး ပညာရှင် ပရော်ဖက်ရှင်နယ် စစ် စစ်တွေ၊ စီပွားရေးပညာရှင်တွေပဲ များပါတယ်။ သူတို့ဟာ စင်ကာပူမှာ လုံးဝ အခြေကျနေပြီး သူတို့ရဲ့ တတိယမျိုးဆက် အထိ ရောက်နေပြီဆိုရင် စင်ကာ ပူရီးယန်းစစ်စစ်ကြီး ဖြစ်နေကြပြီး တစ်ချို့ကလေးတွေဆိုရင် မြန်မာ့ အငွေ့ အ သက်ပျောက်နေပါပြီ၊ မြန်မာစာ၊ မြန်မာစကားကို မပြောတတ်ကြတော့ပါဘူး။

၈၈- အပြီးရောက်လာတဲ့ အုပ်စုက အင်ဂျင်နီယာအများစုပါ။ ဘူမိဘေဒ ပညာရှင်၊ စာရင်းကိုင်နဲ့ အလုပ်ကြမ်းသမားတစ်ချို့လည်း ရှိပါတယ် ။ သေချာ တာကတော့ (၂၀၀၀) ဝန်းကျင်အထိ အိမ်ဖော်မိန်းကလေးတွေက မရှိ သလောက် ရှားပါသေးတယ်။ ကွန်ပျူတာနဲ့ အိုင်တီပညာရှင်တွေလည်း သိပ် မရှိပါဘူး။
သက္ကရာဇ် (၂၀၀၀) ကျော်လောက်ကတည်းက သိသိသာသာ တိုးလာတာက ကွန်ပျူတာ၊ အိုင်တီ၊ အိမ်ဖော်၊ သူနာပြုတွေနဲ့အတူ အင်ဂျင်နီယာ အသစ် ကလေးတွေ၊ ဘူမိဗေဒပညာရှင်အသစ်ကလေးတွေ စုံလို့ပါပဲ။

သူတို့ဘဝတွေရဲ့ အခက်အခဲ-
အခက်မရှိတဲ့ဘဝကို လက်ညှိုးထိုးပြပါလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ပဲခူးက ကဗျာဆရာ၊ ပန်းချီဆရာကတော့ “မျှော်လင့်ချက်နဲ့နှိုင်းရင် ကြုံဆုံလာသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်” ဆိုပြီး ကိုထီးကြီး အသံနဲ့ ဆိုလေရဲ့။ သူက ဘူမိဗေဒပညာရှင်ပါ။
အထက်က အုပ်စုတွေအနေနဲ့ပဲပြောရရင် တော်လှန်ရေး ကောင်စီအစိုးနဲ့ (၈၈) မတိုင်မီကတည်းက ရောက်နေသူတွေကတော့ အဆင်ပြေသူ ရာနှုန်းပြည့် နီးပါးလို့ ပြောရပါလိမ့်မယ်။ လူချမ်းသာအသိုင်းအဝိုင်းထဲအထိ ပါတဲ့လူတောင် ပါဝင်ပါတယ်။ သူတို့ထဲက တချို့ကတော့ ဦးနေဝင်းအစိုးရနဲ့ တနည်းမဟုတ်တနည်း အကောင်းအဆိုး ဆက်စပ်နေသူတွေ လို့ ပြောရပါ လိမ့်မယ်။ အားလုံးဟာလည်း ပညာရှင်တွေနဲ့ စီးပွားရေးသမားတွေချည်းပါပဲ။ ကျနော်သိတဲ့ မစ္စတာ လီ ဝါးဝါး ဆို မြန်မာဖွား တရုတ်စစ်စစ်ပါ၊ အင်ဒိုနီးရှားငွေ၊ မြန်မာငွေစက္ကူတွေရိုက်ဖို့ စက္ကူတင်သွင်းခွင့် ရခဲ့သူလို့ သိရပါတယ်။ အဲသ လို လူတွေ တော်တော်ရှိပါတယ်။

၈၈- ပြီးမှ ထွက်လာတဲ့အုပ်စုကလည်း သက္ကရာဇ် ၂၀၀၀- ကျော်ကျော်ေ လာက်မှာရောက်တဲ့အထိ ပညာရှင်တွေပဲများပါတယ်။ ဒီအုပ်စုကြီးက အင် ဂျင်နီယာအုပ်စုကြီးလို့ ပြောရင်ရပါတယ်။ အများစုဟာ အင်ဂျင်နီယာတွေ ပါ။ မြန်မာပြည်က အင်ဂျင်နီယာဘွဲ့နဲ့ အလုပ်ဆက်လုပ်နေကြသူတွေရှိသလို ဒီမှာရှိတဲ့ NUS (National University of Singapore)၊ NTU ( Nanyang Technological University) တို့မှာ မာစတာဘွဲ့ဆက်တက်၊ အရေအတွက် မများလှပေမယ့် ပီအိတ်(ခ်ျ) ဒီအထိ ဆက်တက်သူတွေ ရှိပါတယ်။ အများစုက စင်ကာပူမှာပဲနေကြပြီး အနောက်ဘက်ကို ဆက်ထွက်သွားတဲ့ လူအနည်းစုလည်း ရှိပါတယ်။

ဒီအထဲမှာ ဘူမိဗေဒပညာရှင်များလည်း ပါဝင်ပါတယ်။
မြန်မာပြည်မှာ နေရာ သိပ်မရတဲ့ (ဆေး၊ အင်ဂျင်နီယာတို့ကို ထောက်ဆပြီး) ဘူမိဗေဒပညာဟာ အဆောက်အဦရဲ့ ဖောင်ဒေးရှင်းကို ဂရုတစိုက်ရှိလှတဲ့ စင်ကာပူမှာ နေရာကောင်းကောင်းတစ်ခု အမြဲလိုလို ရှိနေပါတယ်။ ဘူမိဗေဒအဖွဲ့တွေဟာ စင်ကာပူမှာ နာမည်ကောင်းလည်းရကြတဲ့အကြောင်း ဝမ်းသာဖွယ်သတင်းများ ကြားသိရပါတယ်။
ဒီအုပ်စုဟာလည်း အခြေအနေတကျတွေ ဖြစ်နေကြပြီမို့ အဆင်ပြေကြပါ တယ်။ ဘဝဒုက္ခလောက်သာရှိပြီး မဆံ့မပြဲ ဒုက္ခရောက်နေကြသူတွေ မရှိပါ ဘူး။

ရုန်းကန်ရဆုံးအဖွဲ့ကတော့ (၂၀၀၇) နောက်ပိုင်းမှ ထွက်လာကြတဲ့ လူငယ်တွေပါ။ အင်ဂျင်နီယာ၊ ကွန်ပျူတာ နဲ့ အေစီစီအေ လောက်အထိပြီး သူတွေကတော့ ပညာရှင်တွေမို့ အနှေးနဲ့အမြန် အဆင်ပြေသွားကြတာပါပဲ။ LCCI တွေလည်းအဆင်ပြေကြပါတယ်။ ဆေးရုံသူနာပြုလို့ဆိုတဲ့အထဲမှာ နှစ်မျိုးပြန်ခွဲကြည့်ရပါဦးမယ်။ ပရော်ဖက်ရှင်နယ်တန်းဝင် သူနာပြုတွေနဲ့ ရက်တို သင်တန်းတက်ပြီး အေးဂျင့်နဲ့ရောက်လာတဲ့ လူအိုရုံ၊ စိတ္တဇဆေးရုံမှာ အကူ အညီလုပ်နေရတဲ့ သူနာပြုလက်ထောက်တွေပါ။

ပထမအမျိုးအစားကတော့ ပညာရှင်တွေမို့ အဆင်ပြေကြပါတယ်။ ဒုတိယ အမျိုးအစားကတော့ ကိုယ့်နိုင်ငံထက် ငွေပိုရတယ်ဆိုတာလေးကလွဲရင် ကျပ်ကျပ်တည်းတည်းပါပဲ။ တစ်လမှာ ဒေါ်လာလေး ငါး ရာဝန်းကျင်လောက်ပဲ ရကြပါတယ်။ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးစတာတွေမှာ လုပ်နေကြ တဲ့ မြန်မာလူငယ်တွေလည်း (၂၀၀၇) နောက်ပိုင်းမှာ ပိုများလာပါတယ်။ အမျိုးသားတွေဖြစ်လေတော့ သူတို့ဒုက္ခက မျက်ရည်ကျလောက်တဲ့ အဆင့် အထိ မရှိပါဘူး။ “ကံ” အပေါ်မူတည်တယ်လို့လည်း ပြောရပါလိမ့်မယ်။ အဆင်ပြေသူက ပြေ၊ မပြေသူက မပြေပါ။

အဆိုးဆုံးကတော့ အိမ်ဖော်လေးတွေပါ။ အဆင်ပြေသူတွေရှိကြပေမယ့် မပြေသူက ပိုများပါတယ်။ ကမ္ဘာမှာ လော ( ဥပဒေ ) ဘွဲ့ရတွေက အေ အဆင့်ပေမဲ့ မြန်မာ ဥပဒေ ဘွဲ့ရတွေကတော့ အိမ်ဖော်ဖြစ်နေတတ်တယ်၊ ကမောက်ကမ ပညာရေးပါပဲ။ အကူသူနာပြုလေးတွေရဲ့ ဘဝကလည်း အဆင်ပြေလှကြီးဟုတ်မယ် မထင်လှပါဘူး။ မှတ်မှတ်ရရကတော့ (၂၀၀၀) ဝန်းကျင်အထိ မြန်မာအိမ်ဖော်ဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မတွေ့ ရသလောက်ပါပဲ။ ၂၀၀၇- နောက်ပိုင်းမှာတော့ မြန်မာအိမ်ဖော်တော်တော်များများ တွေ့လာရပါတယ်။ နောက်ဆုံးသတင်းအရ မြန်မာအိမ်ဖော် အရေအတွက်ဟာ အင်ဒို၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့နောက် စတုတ္ထနေရာမှာ ရှိပြီး တစ်သောင်း ဝန်းကျင်ခန့် လို့ မှတ်သားရပါတယ်။

သူတို့ပြန်လာလိုစိတ် ရှိ၊ မရှိ-
လောလောဆယ်မှာတော့ အများအားဖြင့် စောင့်ကြည့်နေကြတယ်( wait and see) လို့ ဆိုရမှာပါ။
ဒီမှာ. မေးခွန်းတက်လာတာက စင်ကာပူမှာရတဲ့ လစာတစ်ဝက်လောက်အထိ ရမယ်ဆိုရင် အနစ်နာခံပြီး ပြန်လာနိုင်မလားဆိုတာပါ။
၁ ။ မပြန်နိုင်ဘူး။
၂ ။ တစ်ဝက်လောက်ရရင်ပဲ ပြန်မယ်ဆိုတဲ့ အဖြေနှစ်မျိုး အကြမ်းဖျင်း ထွက် လာပါတယ်။
မပြန်နိုင်ဘူး။ ဘာ့ကြောင့်လဲ။ လစာတစ်ဝက်လျှော့သွားပေမယ့် စားဝတ်နေရေးစရိတ်က အတူတူလိုဖြစ်နေတယ်။ မြန်မာပြည်ကတောင် ပိုဈေးကြီးသလိုလို ဖြစ်နေတယ်။ ဒီမှာ အိမ်ဝယ်နိုင်တယ်။ ရန်ကုန်မှာ အိမ် ဝယ်ဖို့မလွယ်ဘူး။ ဒီလိုတွေ ဖြေတတ်ကြတယ်။ ဒီအုပ်စုက စင်ကာပူလစာ တစ်ဝက်လောက်မှ မရရင်၊ ကုန်ဈေးနှုန်းလည်း မကျရင် စဉ်းစားမနေနဲ့ အထဲ ကပါပဲ။
ပြန်မယ်ဆိုတဲ့အုပ်စုလည်းရှိပါတယ်။ နိုင်ငံတော် ပြုပြင်တည်ဆောက်ဆဲကာလမှာ ပြောင်းလဲမှုအလျင်နဲ့ အတူတူပါသွားရင် ကိုယ်ပြန်လည် အခြေချနေတော့မယ်ဆိုတဲ့အခါ အဆင်ပြေပြီးသားဖြစ်သွားအောင်ဆိုတဲ့ အယူအဆမျိုး ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာရှိတဲ့ မြန်မာတွေ ကျေနပ်နိုင်ကြတယ်ဆိုတာ စင်ကာပူနိုင်ငံ ကပေးတဲ့ အခွင့်အရေးအပြင် နိုင်ငံခြားတိုင်းပြည်တွေထဲမှာ စင်ကာပူ ဟာ မြန်မာအငွေ့အသက်အရဆုံး နိုင်ငံဖြစ်နေလို့လို့ပြောရင် ရနိုင်ပါတယ်။ ဘာသာရေးအနေနဲ့လည်း ကျောင်းပေါင်း (၁၇) ကျောင်း (ဆရာလေးတွေ နှစ်ကျောင်းအပါအဝင်) ရှိတယ်။ တရားထိုင်မယ်ဆိုရင်လည်း မဟာစည်၊ မိုးကုတ်၊ ဖားအောက် နည်းမျိုးစုံ ရိပ်သာတွေရှိတယ်။ မြန်မာပြည်က ကြွလာ တဲ့ နာမည်ကျော် ( Top 5 ) ဓမ္မကထိကတွေရဲ့ တရားပွဲတွေဆိုတာကလည်း သိပ်မပြတ်လှဘူး။

အစားအသောက်ဆိုတာကလည်း လိုတာ၊ လိုတဲ့အချိန်ရ တယ်။ မြန်မာ အချင်းချင်း လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေး ကိစ္စတွေအတွက် တွေ့ကြမယ် ဆိုရင် တစ်နာရီအတွင်း ဘယ်နေရာကမဆို စုရပ်ကိုရောက်နိုင်တယ်။ စင်ကာပူက မြန်မာတွေဟာ မြန်မာပြည်ကို လွမ်းတယ်ဆိုဦးတော့ အလွမ်းဖြေ စရာ အငွေ့အသက်တွေက အများကြီးပါ။ ဒါကြောင့် မြန်မာပြည်ကို အရဲစွန့် ပြီးပြန်ဖို့ သိပ်လောကြလိမ့်မယ်လို့ မထင်မိဘူး။

ပြန်ခြင်း၊ မပြန်ခြင်းကိစ္စကို ဆက်ပါမယ်။ သေချာတာကတော့ (၈၈) မျိုး ဆက်ဟာ ဒေါ်စုအသည်းစွဲတွေပါ ( အွန်လိုင်းမှာ ဒီဘိတ်လုပ်ရတာ နှစ်ခြိုက် သူတွေလည်း တွေ့ရပါတယ်) သူတို့နဲ့ မလှမ်းမကမ်းမျိုးဆက်ကလည်း ဒီ ဂယက်ကြောင့်ပဲ ဒေါ်စုကို အသည်းစွဲကြပါတယ်။ ပြုပြင် တည်ဆောက် ဆဲ နိုင်ငံတော်အတွက် လိုအပ်နေတာက အဲဒီမျိုးဆက်ကြီးလို့ ယုံကြည်မိ ပါတယ်။
၈၈- မျိုးဆက်တွေဟာ ဒီနေ့အသက် ၄၀-နဲ့ ၅၀- ကြားတွေပါ။ ကာယအား၊ ဥာဏအား အကောင်းဆုံးအရွယ်ဖြစ်နေသလို အတွေ့အကြုံလည်း အမျာကြီး ရထားပြီးခဲ့ကြပါပြီ။ သူတို့စောင့်ကြည့်မှာက စီးပွါးရေးတောင် မဟုတ်လောက် ပါဘူး။ နိုင်ငံရေးပါ။ အစိုးရအဖွဲ့ထဲမှာ ဒေါ်စုဘယ်လောက် အလုပ်လုပ်ခွင့် ရနေပြီလဲ ဆိုတာပါ။ အဲဒါသည်ပင် သူတို့ပြန်လာချင်စိတ်ကိုပေါက်စေနိုင်တဲ့ အကြောင်းတရားပါပဲ။ ဒါကိုကြည့်ရင် ၂၀၁၅- ရွေးကောက်ပွဲဟာ ထွက်ပြေး သွားတဲ့ မြန်မာ့ဦးနှောက်တွေ ပြန်ရ၊ မရ အဖြေကို ထုတ်ပေးလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။

ဘာပဲဆိုဆို ကျွန်တော်တို့နိုင်ငံဟာ စင်ကာပူကို ( တစိတ်တစ်ပိုင်း ) မော် ဒယ်ယူပြီး တဖြည်းဖြည်း တည်ဆောက်လိမ့်မယ်ဆိုတာကိုတော့ လတ်တလော ယုံကြည်လို့ရပါတယ်။ ဒီတော့ အစိုးရပိုင်းကအစ ပုဂ္ဂလိက စီး ပွါးရေး အထိ သူတို့နဲ့ တနည်းမဟုတ်တနည်း ပိုပြီးဆက်ဆံလာနိုင်စရာတွေ ရှိနေပါတယ်။ ဒီမှာ ကျွန်တော့်အတွေ့အကြုံကို သိုသိုသိပ်သိပ် ပြောခွင့်ပြုပါ။

၁။ ကိုယ်ကဦးဆောင်ရမယ်ဆိုရင် ခပ်ရှင်းရှင်း၊ ခပ်တင်းတင်း ဦးဆောင် တာ ကောင်းပါတယ်။ နေရှင်နယ်ဆားဗစ်မှာကတည်းက သူတို့ကို လေ့ ကျင့်ပေးထားတာက နောက်လိုက်ကောင်းဖြစ်ဖို့နဲ့ စွမ်းသူတွေတစ် ချို့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ပါ။ စင်ကာပူလူမျိုးတွေဟာ ပါးစပ်က ပွစိ ပွစိပြောပေမယ့် နောက်လိုက်ကောင်းတွေများပါတယ်။ ရှမ်းလွယ်အိပ်တွေ နည်းတယ်။ ဟီးရိုးအစ်ဇင် များတယ်။ ကိုယ်က ခေါင်းဆောင်ခွင့်ရမယ် ဆို ရင် တော်တော်ကောင်းပါတယ်။

၂။ အဆင့်တူပေါင်းသင်းရရင်လည်း သူကအော်လိုက်၊ ကိုယ်ကအော်လိုက်၊ မဆိုပါဘူး။ သဘောမတူရင် ပြန်အော်လို့ ရတယ်။ ကိုယ် မအော်လည်း သူတို့ ကတော့ အော်မှာပဲ။ ငုံ့ခံလာပြီး သူတို့အတင်းပြောတာထက် သူအော် ကိုယ်အော်က အလုပ်ပိုဖြစ်တာ ( လက်လှမ်းမီသရွေ့ ) တွေ့ရပါတယ်။

၃။ သူတို့က အထက်ကဆိုရင်တော့ ဘယ်လောက်စိတ်ရင်းကောင်းတဲ့ လူ ပဲဖြစ်ဖြစ် အပေါ်စီးနည်းနည်းဆန်၊ ဘူလီ(Bully) နည်းနည်းကျတတ်ပါတယ်။ ( နည်းနည်း ဆိုတာက အားနာလို့ပါ ) သူတို့ကို အလွန်အမင်း ( အစိုးရ အရာရှိပိုင်းတွေ သတိထားသင့်တယ် ) အလျှော့မပေးဘဲ ဆက်ဆံတာဟာ အကျိုးအမြတ်အတွက်သာမက ရေရှည်ဆက်ဆံရေးကိုပါ ကောင်းမွန်စေပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကို နည်းနည်းမြှင့်ထားမှ ရပါလိမ့်မယ်။
ဆိုလိုတာက အကြောင်းအကျိုးမသိ၊ အရမ်းမဲ့မောက်မာတာမျိုး၊ အရှေ့တောင် အာရှရဲ့ ကျားတစ်ကောင်ဆိုပြီး အလွန်အမင်း ရိုကျိုးနေစရာမျိုး မလိုဘူးဆိုတာကို ပြောလိုတာပါ။


ဘယ်သူနဲ့မှ မညှိဘူး။ ကျွန်တော့် ပုဂ္ဂလိက ယုံကြည်မှုကတော့ “ မင်းတို့က စင်ကာပူရ၊ ခြင်္သေ့မြို့တော်က ခြင်္သေ့တွေဆိုရင် သဘာဝအရင်းအမြစ်နဲ့ လူ သား အရင်းအမြစ်ကို အချိုးညီညီ ပေါင်းစပ်နိုင်တဲ့နေ့မှာ ငါတို့ဟာ မနုဿီဟ လူခြင်္သေ့တွေ ဖြစ်လာမှာပါကွာ ” ပါဘဲ။ ဒီ အရှိန်အဟုန်နဲ့ ဆက်သွားရင် လာမည့် အနှစ်နှစ်ဆယ်ရဲ့ မြန်မာ့အနာဂတ်ကို ဘယ်သူကြိုဖတ်မလဲ။ ဘာပဲဖြစ်ဖြစ် ဒါက စိတ်ချမ်းသာတယ်။

( တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ ကိုများ ထိပါးမှုရှိခဲ့ရင် တောင်းပန်ပါတယ်။ ဂျနယ်ကြီးတစ်ဆောင်က ရွေးထားတယ်ဆိုပေမဲ့ မစောင့်နိုင်လို့ တင်လိုက် တာပါ )


 လေးစားစွာဖြင့်
ဇင်ဝေသော်

“သူတို့က ခြင်္သေ့ဆိုရင် ကျွန်တော်တို့က လူခြင်္သေ့” ( အပိုင်း - ၁ )


အမှာ။       ။ ဒီဆောင်းပါးက ရေးထားတာ ၅ လလောက်ရှီပါပြီ။ အင်ဖော်မေးရှင်း တန်ဖိုးတော့ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ တန်ဖိုးတချို့ ( သဘောတူတာ၊ မတူတာ အပထား ) ရှိနိုင်ကောင်းရဲ့ ဆိုပြီး ရှည်လွန်းသွားမှာစိုးလို့ နှစ်ပိုင်းခွဲ တင်ပေးလိုက်ပါတယ်။

    မကြာမီလေးကပဲ စင်ကာပူက ဆရာကြီး ဂိုချောက်ထောင်နဲ့ ဝန်ကြီးအဖွဲ့ မြန်မာပြည်ကို သွားခဲ့ကြတယ်။ မနေ့က စထရိတ်တိုင်းသတင်းစာထဲမှာတော့ စင်ကာပူက တီမာဆက်အဖွဲ့ နဲ့ ပိုလီအဖွဲ့တို့က မြန်မာအစိုးရထိပ်သီးပိုင်းတွေကို သင်တန်းတိုပေးဖို့ရှိတယ်ဆိုတာ ပါလာပြန်တယ်။ နောက်ပြီး ဂိုချောက်တောင်ရော ဝန်ကြီးချုပ် လီရှန်လွန်းကိုယ်တိုင်ရော ပြောနေတာက မြန်မာနဲ့ စင်ကာပူအတူလက်တွဲသွားမယ်ဆိုရင် မြို့ပြစီမံကိန်းနဲ့ဆိုင်တဲ့ အကူအညီတွေ စင်ကာပူက အများကြီးပေးနိုင်လိမ့်မယ်လို့ သံပြိုင်ဆိုနေကြတယ်။ ဒါတွေကိုကြည့်ရင် မြန်မာအစိုးရဟာ စင်ကာပူကို ခြေရာကောက်ဖို့ တော်တော်အလေးအနက်ထားတယ်ဆိုတာ ထင်သာမြင်သာပါတယ်။

    ဒါ့ကြောင့်ဖြစ်မယ်၊ မြန်မာပြည်က မီဒီယာတစ်ခုစ နှစ်ခုစက လူကိုယ်တိုင်ဆင်းပြီး သတင်းယူနေကြတာ တွေ့ရတယ်။ မေးခွန်းတွေကများပေမယ့် အဓိကအားဖြင့်တော့-
    ၁။ မြန်မာပြည်အစိုးရဟာ စင်ကာပူပုံစံနဲ့ ခရီးသွားဖို့ စိုင်းပြင်းနေတယ်။ ဒီကိစ္စအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘာတွေလိုအပ်ပါသလဲ။
    ၂။ နိုင်ငံရေးနဲ့ စီးပွါးရေးပေါ်လစီတွေ ရုတ်တရက်ကြီး ပြောင်းလဲလာမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ တစ်ချို့က ဒီကိစ္စကို စိုးရိမ်မကင်းဖြစ်နေကြတယ်။ ဒါကိုရော ဘယ်လိုယူဆပါသလဲ။
    ၃။ စင်ကာပူရောက်နေတဲ့ မြန်မာတွေရဲ့ဘဝ ၊ အခက်အခဲ။ သမ္မတကြီး ဖိတ်ခေါ်ထားတဲ့အတိုင်း မြန်မာပြည်ကို ပြန်လာဖို့ ဆန္ဒ ရှိ၊ မရှိ။
   
    အခု ကျွန်တော်ရေးမယ့် ဆောင်းပါးဟာ ပညာရှင်တစ်ယောက်ရဲ့ ရှုထောင့်စုံက သုံးသပ်မှုမျိုးမဟုတ်ပဲ ကျွန်တော့်ဝန်းကျင်မှာ တွေ့ရသမျှလေးတွေကို ရေးသွားမှာဖြစ်ပါတယ်။ ဘာပဲဆိုဆို မြန်မာနဲ့ စင်ကာပူကြားက လတ်လတ်ဆတ်ဆတ် ဆက်သွယ်ချက်တစ်ချို့ကိုတော့ ချန်ထားခဲ့နိုင်ကောင်းပါရဲ့လို့ ဆန္ဒပြုမိပါတယ်။

    ပထမဆုံးနံပါတ်တစ်နဲ့ ပတ်သက်လို့ကတော့ မလေးရှားဟာ စင်ကာပူမဖြစ်နိုင်သလို၊ စင်ကာပူဟာလည်း မလေးရှားမဖြစ်နိုင်ပါဘူး။ နိုင်ငံအကြီးအသေး၊ ချမှတ်တဲ့ ပေါ်လစီ၊ ကိုးကွယ်မှုဘာသာ စတာတွေနဲ့ မဆိုင်ပါဘူး။ စင်ကာပူက တရုတ်အများစုဖြစ်နေပြီး မလေးရှားက မလေးအများစု ဖြစ်နေတဲ့ကိစ္စပါပဲ။ တရုတ်စီးပွါးရေးကို နှုတ်လိုက်ရင် မလေးရှားဟာ စားအုန်းဆီခြံတွေနဲ့ လုံးလည်လိုက်နေတုန်းပါ။ စင်ကာပူလူဦးရေရဲ့ ရာခိုင်နှုံး (၈၀) ခန့်ဟာ တရုတ်လူမျိုးတွေ ဖြစ်နေပါတယ်။ အိန္ဒိယန်းတွေ၊ မလေးတွေလည်းရှိတယ်ဆိုပေမယ့် မပြောပလောက်ပါဘူး။ အိန္ဒိယန်းကို ဖယ်လိုက်ရင် စင်ကာပူအစိုးရထဲက အားကစားဝန်ကြီး လျော့သွားမယ်။ မလေးကိုဖယ်ရုံနဲ့တော့ အစိုးရအဖွဲ့ထဲက ထင်ထင်ရှားရှား လျော့မသွားပါဘူး။

    အဲသလိုပါပဲ။ မြန်မာဟာ စင်ကာပူ မဖြစ်နိုင်သလို၊ စင်ကာပူဟာလည်း မြန်မာမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စင်ကာပူ ဝန်ကြီးချုပ်ပြောသလို မြန်မာတွေ စင်ကာပူဆီက အဓိက ရနိုင်တာကတော့ မြို့ပြတည်ဆောက်မှု “ စံ ” ပါ။ ဒါ့ကြောင့်ဖြစ်ပါလိမ့်မယ်။ ဂိုချောက်တောင် မြန်မာပြည်ကိုသွားတော့ မြို့ပြစီမံကိန်းဝန်ကြီး ခေါ်ဘွန်ဝမ်း ပါသွားခဲ့တယ်။ ခေါ်ဘွန်ဝမ်းဟာ အစိုးရအဖွဲ့ထဲက ရှားရှားပါးပါးပါ။ ဗုဒ္ဓဘာသာဖြစ်ပြီး အရင်ဝန်ကြီး မနိုင်မနင်းဖြစ်နေလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ မြို့ပြကိုပြောင်းကိုင်လာတဲ့ လူတော်တစ်ယောက်ပါ။

    သူတို့ မြို့ပြစီမံကိန်းက တော်တော်စနစ်ကျပါတယ်။ လမ်းမလွတ်လို့ အိမ်ဖျက်ရတာတွေ၊ ဆိုင်ဖျက်ရတာတွေ မရှိပါဘူး။ လမ်းဖောက်မှု၊ မြေအောက်ကား ရထားလမ်းဖောက်မှု၊ လျှပ်စစ်ကြိုးသွယ်တန်းမှု စတဲ့စီမံကိန်းတွေကို နှစ်ရှည်လများ ကြိုတင်အကွက်ချထားပြီးသားပါ။ ဒါ့ကြောင့်မို့ အိမ်ဆောက်ခွင့်မရတာပဲရှိမယ်၊ ဘာ့ကြောင့် ညာ့ကြောင့်ဆိုပြီး ဆောက်ပြီးသားဖျက်ရတာတွေ မရှိသလောက်ပါပဲ။ ဒီစနစ်တွေဟာ သူတို့ကိုယ်ပိုင်တွေလားဆိုရင်တော့ ဖြေဖို့ခက်ပါတယ်။ သူတို့လည်း ဗြိတိသျှဆီကရတဲ့ အမွေတွေပါ။

    အဆောက်အဦးဆောက်ခွင့်ပြုရာမှာလည်း ဘယ်နေရာမှာဆိုရင် ဘယ်လောက်အမြင့် ဘယ်နှစ်ထပ်ပဲဆောက်ခွင့်ပြုမယ် ဆိုတာတွေ ရှိပြီးသားပါ။ တော်တော်လေး အတုယူထားဖို့ကောင်းပါတယ်။ စနစ်ကျပါတယ်။ မြို့ပြစီမံကိန်းဆိုတာ ရုပ်ဝတ္တုသက်သက်ကိစ္စလို့ ပြောရင်ရပါတယ်။ ဒါကြောင့် ပြဿနာမရှိလှပါဘူး။

    ဒါပေမယ့် စင်ကာပူရဲ့ ပညာရေး၊ စီးပွါးရေး စတာတွေကို ပြောရာမှာတော့ ရုပ်ရော၊ နာမ်ရော တွဲစပ်နေတာမို့ ကျယ်ကျယ်ပြန့်ပြန့် သုတေသနမလုပ်ပဲရေးလို့ အဓိပ္ပါယ်သိပ်မရှိနိုင်ပါဘူး။ ဆောင်းပါးအနေနဲ့လည်း ပြည့်စုံဖို့ မလွယ်ကူပါဘူး။

    တစ်ခုခုကို ရွေးပြောရမယ်ဆိုရင် စင်ကာပူရဲ့ပညာရေးဟာ အခြားအာဆီယံနိုင်ငံတွေထက် နှာတစ်ဖျားသာနေတဲ့ကိစ္စက အင်္ဂလိပ်စာပါ။ ဒါဟာ လီကွမ်းယူ မိုက်မိုက်ကန်းကန်း ရွေးခဲ့တဲ့လမ်း မှန်သွားတယ်လို့ ဆိုရပါမယ်။ အင်္ဂလိပ်စာ၊ စကားကို နံပါတ်တစ်ဘာသာစကားအဖြစ် ရွေးလိုက်တော့ သူလည်း ဝေဖန်တာတွေ တော်တော်ခံခဲ့ရပါတယ်။ ဘာပဲဆိုဆို ဒီနေ့ စင်ကာပူရီးယန်းကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ အရေး၊ အဖတ်နဲ့ နားထောင်နိုင်မှုစွမ်းရည်ဟာ ကမ္ဘာ့စံကို ဝင်ပါတယ်။ သူတို့စကားပြောတဲ့အခါ “လား” တွေ၊ “လော်” တွေနဲ့မို့ အင်္ဂလိပ်စာမတတ်ဘူးထင်ရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်။ စင်ကာပူရီးယန်း ပညာတတ်တွေဟာ အင်္ဂလိပ်စာကို လမ်းပေါ်ကစကားလို ဘရုတ်ကင်းဆန်ဆန် အချင်းချင်းပြောတတ်သလို ပညာရှင်ဆန်ဆန် မှန်မှန်ကန်ကန်လည်း ပြောတတ်ပါတယ်။ ပြောတဲ့နေရာ၊ လူ စတာတွေကို အခြေခံပြီး သူတို့သုံးစွဲတဲ့ သဒ္ဒါနဲ့ စကားလုံးလည်း ကွဲသွားပါတယ်။ ဟုတ်ပြီ။ သူတို့ အင်္ဂလိပ် “စံ” ဝင်တယ်။ ဒါပေမယ့် ဒီအတွက် စင်ကာပူပြန်ပေးလိုက်ရတာကတော့ တရုတ်လူမျိုးတစ်ချို့ တရုတ်လိုမပြောနိုင်တော့တာပါပဲ။ ရေးတတ်ဖို့ဆိုတာကတော့ ခဏထားလိုက်ပါဦး။

    ဒါ့ကြောင့် ပညာရေးမှာတော့ စင်ကာပူကို “စံ” ထားတယ်ဆိုရင်တောင် စင်ကာပူကိုမီဖို့ နည်းနည်းခက်ပါလိမ့်မယ်။ အဓိကအားဖြင့် အင်္ဂလိပ်စာမှာပါ။ ကျွန်တော်တို့က မြန်မာစာကိုကျော်ပြီး အင်္ဂလိပ်စာကို နံပါတ်တစ်နေရာထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်လို့ပါ။ ဒါဆိုရင် ကျွန်တော်တို့နဲ့ ပုံစံခြင်းတူပြီး ကမ္ဘာ့စံဝင်တဲ့ နိုင်ငံတွေရဲ့ ပညာရေးကို ကြည့်သင့်ပါတယ်။ သူတို့ကတော့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါ။ သူတို့ ပညာရေးဟာ အင်္ဂလိပ်ကို မဖြစ်မနေသင်ကြရပေမယ့် သူတို့ရဲ့မိခင်ဘာသာကိုကျော်ပြီး အင်္ဂလိပ်ကို “တစ်”မထားပါဘူး။ ဒါပေမယ့် သူတို့ပညာရေး အားကောင်းပါတယ်။

    နောက်ပြီးတော့ စင်ကာပူရဲ့အခြေခံ စီးပွါးရေးစိတ်ဓာတ်။ သူတို့ရဲ့ မူလဘူတဖြစ်တဲ့ “တရုတ်” ဆိုတာကို မေ့ထားလို့ မရပါဘူး။ သူတို့ဆီက “စံ” တွေ ဘယ်လောက်ပဲယူယူ အခြေခံကွဲလွဲနေတာက မြန်မာနဲ့ တရုတ်တို့ရဲ့ စီးပွါးရေးအမြင်နဲ့ အရဲစွန့်မှုပါ။ မြန်မာတွေ မစွံဘူးလို့ပြောတာ မဟုတ်ပါဘူး။ အမြစ်တွယ်နေတဲ့ ဘာသာရေးအခြေခံစိတ်ကို အဓိကဆိုလိုတာပါ။ ရှုပ်နေမှာစိုးလို့ ဥပမာတစ်ခု မပြောချင်ပေမယ့် ပြောရပါဦးမယ်။

    အဲဒါ လော်စစ်ဟန် (သို့) သူ့ရဲ့သား စတီဖင်လော ရဲ့ကိစ္စပါ။ အမေရိကန်အစိုးရ အလိုရှိနေတဲ့ ဘိန်း အိမ်ရှေ့မင်းသားပေါ့။ “ဘိန်း”  ပါမလာဘူးဆိုရင် လော်စစ်ဟန်ဟာ စင်ကာပူထဲကို ဝင်လိုဝင်၊ ထွက်လိုထွက် လုပ်လို့ရပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ လူတစ်ယောက်ကို မူးယစ်ဆေးနဲ့ပတ်သက်ရင် လုံးဝသည်းမခံတဲ့နိုင်ငံက စီးပွါးရေးတစ်ခုတည်းကိုကြည့်ပြီး ဝင်ခွင့်ပြုထားပါတယ်။ “လူနဲ့ ငွေသာလာပါ၊ ဘိန်းယူမလာပါနဲ့” ဒါပါပဲ။ ကျွန်တော်တို့ အစိုးရကို အဲသလိုအစိုးရ အနေနဲ့ ကျွန်တော်တို့ မြင်ချင်သလား။ လော်စစ်ဟန်ရဲ့ငွေမည်းတွေ စင်ကာပူထဲမှာရောက်ပြီး ဖြူနေတယ်ဆိုတာ FBI က မကြာမကြာ ပြောတတ်တယ်။ ဒါပေမယ့် ဒီဖက်ကတော့ မသိချင်ယောင်ဆောင်ပြီး ရေငုံနှုတ်ပိတ်လုပ်နေခဲ့တယ်။ ဒါပေမယ့် စာရင်းဇယား ကုမ္ပဏီနာမည်တွေနဲ့အတူ စတီဖင်လောရဲ့ စင်ကာပူလူမျိုးဇနီးအမည်ကစ ထုတ်ပြီးဖွလိုက်တော့မှ စထရိတ်တိုင်းသတင်းစာကစလို့ ဝန်ခံခဲ့ရပါတော့တယ်။ အမှတ်မမှားဘူးဆိုရင် သူ့ဇနီးပိုင်တဲ့ ကုမ္ပဏီ အလတ်စား၊ အငယ်စား (၁၅) ခု ရှိပါတယ်။

    ဒါတွေကို စင်ကာပူအစိုးရက မသိဘူးလား။ မဖြစ်နိုင်ပါဘူး။ အနီပြောက် (little red dot) နိုင်ငံပေါက်စလေးထဲမှာ အစိုးရဟာ အပ်ကျတာကအစ သိပါတယ်။ ဒါတွေကို ကျွန်တော်ရေးနေတာဟာ စင်ကာပူနဲ့ သူတို့အစိုးရကို အပုတ်ချနေတာ မဟုတ်သလို လော်စစ်ဟန်ကို ပုဂ္ဂိုလ်ရေး မုန်းတီးလို့လည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ စီးပွါးရေးအပေါ်မှာထားတဲ့ မူဝါဒချင်း လုံးဝတူမှာ မဟုတ်ဘူးဆိုတာကို နှိုင်းယှဉ်ပြတဲ့သဘောပါ။

    မြန်မာအစိုးရနဲ့ သူတို့ရဲ့ အကြံပေးပညာရှင်တွေဟာ ဒါလေးတွေလောက်တော့ မသ ဘဲမနေပါဘူး။ ကျွန်တော်ရေးတာက သာမာန်လူတန်းစားတွေအတွက်သာပါ။ တရုတ်တိုင်းဟာ စီးပွါးရေးကိစ္စမှာ စီးပွါးရေးအနေနဲ့ပဲ ကြည့်ပါတယ်။ အနောက်ကလူတွေနဲ့တောင် မတူပါဘူး။ ဒီတော့ စင်ကာပူရဲ့ စီးပွါးရေး “စံ” ဟာ ယူစရာတွေရှိသလို ပယ်စရာတွေလည်း ရှိနေမှာပဲဆိုတာ ပြောနေစရာမလိုတော့ပါဘူး။ စာရင်းဇယားတွေနဲ့ တွက်ချက်ပြီး ဒီထက်ခိုင်မာတဲ့ ဆောင်းပါးတွေကိုတော့ ပညာရှင်တွေရေးဖို့ ချန်ထားခဲ့ရပါမယ်။ ကျွန်တော့်ဥာဏ်မမီပါဘူး။

    နိုင်ငံရေးနဲ့ စီးပွါးရေးပေါ်လစီတွေ အမြန်ကြီးပြောင်းလဲလာမှုကတော့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး။
    ကျွန်တော် အဓိကဆွေးနွေးချင်တာက စင်ကာပူမှာရှိတဲ့ မြန်မာတွေရဲ့ ဘဝ၊ အခက်အခဲ၊ မြန်မာပြည်ပြန်လာချင်စိတ် ရှိ၊ မရှိ ဆိုတာပါ။ ဒီခေါင်းစဉ်အောက်မှာတော့ ကျွန်တော်နဲ့ ဆက်စပ်နေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ အသံတစ်ချို့လည်း ပါဝင်ပါလိမ့်မယ်။ ဒါကသည်ပင် အာဆီယံမှာ ကျားဖြစ်နေတဲ့ စင်ကာပူနဲ့ ဆက်ဆံရေးကို တစ်စုံတစ်ရာ ပြောခဲ့ရာလည်း ရောက်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆက်ရန် -


 ဇင်ဝေသော်

ကမ္ဘာ့လူမျက်နှာပြင်


ကမ္ဘာမှာ ခမ်းနားတဲ့ အတိတ်က သမိုင်းတွေနဲ့ ဂရိတို့၊ ရောမတို့၊
အိန္ဒိယတို့က ခပ်ကြွားကြွား ရင်ကော့ပြနေချိန် ........
သမိုင်းဆိုတာ လူကရေးတာဆိုတဲ့ အမေရိကန်တွေက အားလုံးကို ကျော်တက်သွားလေရော။

အရှေ့တောင်အာရှမှာ တရံရောက ရွှေအိုရောင်တွေအကြောင်း မြန်မာတွေ၊ ထိုင်းတွေ အငြင်းပွားနေချိန်.........
ခေတ်သစ် သမိုင်းဆရာ လီကွမ်းယုက တာ့တာ ဆိုပြီး လက်ပြထားခဲ့တယ်။

" သူ့အဘိုး ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကျနော်စိတ်မဝင်စားဘူး၊ ကျနော် စိတ်ဝင်စားတာက သူ့မြေး အမေရိကန် သမ္မတဖြစ်ဖို့ပဲ "
( အေဘရာဟင် လင်ကွန်း )


ဒါဟာ အမေရိကန်နစ်ဇင်ပဲလား။

ဘာပဲဖြစ်ဖြစ်
နေရစ်ခဲ့ သမိုင်းဆိုး
ငါတို့ကိုယ်တိုင်
ရေးထိုးမယ့်
သမိုင်းသစ်
လာခဲ့။

 ဇင်ဝေသော်

မြန်မာ ဆမ်ဆောင်း

"ဇနီး နဲ့ ကလေးတွေက လွဲရင် အားလုံးကို ပြောင်းလဲပစ် "
( Lee Kun Hee,70, Samsung Electronic Chairman )

တောင်ကိုရီးယား နိုင်ငံ၊ ဆမ်ဆောင်း အီလက်ထရောနစ် ပစ္စည်းတွေဟာ ၁၉၉၃ ခု အထိ ခပ်ညံ့ညံ့ ဒုတိယတန်းစားတွေ အနေနဲ့ပဲ ရှိခဲ့ပါတယ်။ ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီ ရဲ့ ပြောင်းလဲမှုက ဆမ်ဆောင်းကုမ္ပဏီ ဥက္ကဋ္ဌ Mr. Lee Kun Hee ၁၉၉၃ ခု အမေရိက ခရီးစဉ်ကနေ အစပြုခဲ့ပါတယ်။

ဆမ်ဆောင်း တီဗွီနဲ့ အခြား အီလက်ထရောနစ် ပစ္စည်းတွေဟာ အမေရိကရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တွေမှာ ဈေးအပေါဆုံး၊အောက်ဆုံးမှာ ရှိနေတာကို ဥက္ကဋ္ဌကြီး ရင်နာစွာ တွေ့ခဲ့ရတယ်။ ကိုရီးယား ကိုလည်း ပြန်ရောက်ရော မန်နေဂျာတွေကို သူခေါ်ပြောလိုက်တာက " ဇနီး နဲ့ ကလေးတွေက လွဲရင် အားလုံး ပြောင်းလဲပစ်ရမယ်-change everything but your wife and kids " တဲ့။

အဲဒီနောက်မှာတော့ ဆမ်ဆောင်း ရဲ့ စမာ့တ်ဖုန်း၊ တီဗွီနဲ့ မီမိုရီ ချစ် ( ပ် ) လျှပ်စစ်ပစ္စည်း ရောင်းအားဟာ ကမ္ဘာမှာ တစ် ဖြစ်သွားတော့တယ်။ ဆမ်ဆောင်း ရီဗော်လူးရှင်းက ရိုးရိုးလေး။ ဇနီး နဲ့ ကလေးတွေက လွဲရင် အားလုံး ပြောင်းလဲပစ် တဲ့။

နိုင်ငံ ခေါင်ဆောင်ကြီးသုံးယောက်မှာ နှစ်ယောက်က အမေရိက ကနေ၊ တစ်ယောက်က စင်္ကာပူနဲ့ သြစတေးလျ ကနေ.......................

Ref: " The hermit behind the giant " by Andrew Salmon.
ST, Saturday,Sept 15,2012


ဇင်ဝေသော်