လခစားကဗျာပြိုင်ပွဲ


ဂျပန်က လခစားရဲ့ ကဗျာ "The Salary man poet" ပြိုင်ပွဲအကြောင်းပါ။ ဂျပန်စာပေ အမွေအနှစ်တစ်ခုဖြစ်တဲ့ ဟိုက်ကူကဗျာလို ဒီ ဆင်ရယူး "senryu" ခေါ်တဲ့ ကဗျာ ဖွဲ့စပ်ပုံကလည်း ဂျပန်စာပေ အရေးပါပုံရပါတယ်။ ကဗျားဖွဲ့ထုံးကလည်း အများအားဖြင့် ၅ ၇ ၅ ပုံစံလို့ သိရပါတယ်။ ဟိုက်ကူက ပစ္စုပန်ခဏကို စပ်ဆိုပြီး ဆင်ရယူးက လူတွေအကြောင်းစပ်ဆိုတယ်လို့ ဆိုပါ တယ်။
ဒီကဗျာပြိုင်ပွဲကလည်း ဒီ ဆင်ရယူးကဗျာပုံစံနဲ့ပဲ ပြိုင်ခွင့်ရှိပါတယ်။ အောက်ပါ ကဗျာတွေကတော့ ကဗျာသုံးသောင်းကျော်ထဲက လူကြိုက်များနေတဲ့ ကဗျာ တချို့ပေါ့။ အချိန်မပေးနိုင်တာရယ်၊ စကားလုံးအရေအတွက် အတိအကျနဲ့မှ ( ဒီကဗျာရဲ့အသက်က စကားလုံးအရေအတွက်ပါ ) သူ့ကဗျာစံညီမှာ ရယ်ကြောင့် ဘာသာမပြန်လကိုနိုင်တာကို နားလည်ပေးကြဖို့ တောင်းပန်ပါ တယ်။

ဒီကဗျာကတော့ စတော့၊ ယန်းငွေနဲ့ သူ့ဇနီးကို သရော်သံပါ။

Stocks,the yen
and my wife's heart
all a mystery.

ဒီကဗျာကလည်း မပြီးနိုင်တဲ့ နေ့စဉ်ရုံးလုပ်ငန်းတွေနဲ့ အချိန်ကုန်နေရပုံကို ပြုံးစိစိညည်းညူနေပုံရပါတယ်။

"I'll do it today"
"I'll do it tomorrow,"
And thus the year
come to an end.


နေ့စဉ်ရုံးလုပ်ငန်းတွေနဲ့ အချိန်ကုန်နေရပြီး အိမ်မှုကိစ္စ၊ မိသားစုအရေးတွေကို မေ့ထားနေရလို့ အိမ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရဖို့ ရုံးကနေ ဇနီးရဲ့ ဘလောက်ကို ဝင်ကြည့်နေရတယ်ဆိုတဲ့ ဒီကဗျာကတော့ သနားစရာတောင် ကောင်းနေသေးတော့ရဲ့။

To find out
what's going on
at home
I read
my wife's blog.

ဇနီးရဲ့ လက်ညှိုးလေးတစ်ချောင်း ဘယ်လောက်တာသွားပုံကို သူကလည်း စမတ်ဖုန်းနဲ့ သူ့ကိုသူ နှိုင်းပြသွားတယ်။ ခံပေတော့။

Smartphones and
the man of the house
can be activated
with just a
flick of the finger.


ဒီကဗျာလေးကတော့ ဇရာ နဲ့ ဇရာလိမ်နည်းလေးကို ခပ်သောသော ပြော လိုက်တယ်လို့ ခံစားရပါတယ်။

At the class reunion
before looking at the face
a glance of the hair.

ဒီကဗျာလေးကလည်း ဇရာအကြောင်းပါပဲ။ ( လူကြီးသူမတွေကို ကား၊ ရ ထား စတာတွေမှာ ဒစ်စကောင့် ပေးကြပါတယ် ) အသက်ကိုတောင် မမေးတော့ဘဲ ဒစ်စကောင့် တန်းပေးလိုက်တော့ ဈေးချိုချိုနဲ့ရလိုက်ပေမဲ့ အိုစာပုံပေါက်နေပြီဆိုတာ ထင်ရှားနေတော့ ... ပြုံးစိစိညည်းချင်း တစ်ခုပဲပေါ့။

They don't ask
for my age anymore.
They just gave me
the discount

ဒါကတော့ များလွန်းတဲ့ နိုင်ငံရေးပါတီတွေကို သရော်တာပါ။ ရွေးကောက် ပွဲနေ့ ရောက်လာတာတောင် ပါတီတွေက ရေတွက်လို့ မကုန်သေး ( အ သစ်တွေ ထပ်တိုးလာဆဲ လို့ ခံစားနိုင်မယ် ထင်ပါတယ် ) တဲ့။

Before I could learn
the names of parties
it was Election Day.

ဒါကတော့ လန်ဒန်အိုလံပစ် သရော်သံပါ။ ရွှေတံဆိပ်ဆု မှန်းထားသလောက် မရလို့ စိတ်ပျက်ပျက်နဲ့ သေချာတဲ့ ရွှေတံဆိပ်နဲ့ပဲ စိတ်ဖြေလိုက်ရတယ်လို့ ဆို ရလေမလား

In my house,
it's my child's
sleeping face
that's the
gold medal.


ဇင်ဝေသော်
 

လရိပ်ရယ်သံ ( မန်းကိုလွမ်းလို့ တမ်းတဲ့ စာ ၅ )


ဘုရားဝတ်တက်ရန် ၁၀ မိနစ်လောက် အလိုတွင် ဘယ်သူမှ မမြင်အောင် ခပ် ကုတ်ကုတ် သာသနာ့တက္ကသိုလ် ဂိတ်အပြင်သို့ တစ်ယောက်တည်း လှစ်က နဲ ထွက်လိုက်မိ၏။ ဤကိုပင် ရထားထိမ်းက မြင်မိအောင် မြင် လိုက်သေး သည်။ ရထားထိမ်းဟူသည် သာသနာ့တက္ကသိုလ် မတက်မီ မိုးကောင်းေ ကျာင်းတိုက်မှာကတည်းက အတူနေခဲ့ရသော သီတင်းသုံးဖော် ရဟန်းတစ် ပါးတည်း။

ရထားထိမ်းကလည်း လူလည်ပင်။ ဤရဟန်း ဘုရားဝတ်တက်ရန် ၁၀ မိနစ် အလိုတွင် အပြင်ထွက်သည်ဆိုကတည်းက ဘုရားဝတ်တက် လစ်ပြီ၊ ဘုရား ဝတ်တက် လစ်ပြီဆိုကတည်းက နာယကချုပ်ဆရာတော် ခရီးထွက်ခိုက်ဖြစ် မည်ကို နားကွက်က မီးတောက်ပြီးဖြစ်သည်။ သူ့တွက်ကိန်း ကွက်တိမှန်ပါ ၏။ နာယကချုပ်ဆရာတော် ခရီးထွက်ခိုက် ဘုရားဝတ်တက် စစ်မည့်ဆ ရာတော် မရှိ။ ထို့ကြောင့် တပည့်ရင်းဖြစ်ပြီး သတင်းဦးရသောမိမိက လစ်ခြင်း ပင်ဖြစ်သည်။

စာဖတ်သူ အနည်းငယ်သိသာစေရန် ရထားထိမ်းအကြောင်း အနည်း ငယ် ပြောပြချင်သည်။ ထိုရဟန်းက အရပ်ပုသည်၊ အသားဖြူသည်၊ ထူးခြား သည်က သူဝတ်သော သင်္ကန်းရောင်သည် အညိုမဟုတ်၊ အုတ်ခဲရောင် မ ဟုတ်၊ အဝါနုရောင်ဖြစ်သည်၊ ဘာကြောင့်မှန်းတော့ မသိ။သိစရာလည်း မလို ။ သူနှင့် မိမိ တူသောအချက်က အစအနောက်သန်တတ်ခြင်းဖြစ်သည်။ တစ်ခုခုဆို သူက အလွန်လည်း အကင်းပါးသည်၊ ဟာသဉာဏ် ရွှင်သည်။

နှစ်ပါးအတူ ကုသိုလ်တော်ဘုရားထဲမှဖြတ်ကာ မန္တလေးတောင်ခြေက ကွမ်း ယာဆိုင်ကို သွားပြီး ကွမ်းယာထုပ်ကြသည်။ ကျောက်တော်ကြီး ဘုရားကို ပတ် လမ်းလျှောက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှေ့မှဖြတ်ကာ အတုမရှိကျောင်းဝင်ထဲမှတဆင့် တက္ကသိုလ်ထဲ ပြန်ဝင်ကြရန်ဖြစ်သည်။

အတုမရှိကျောင်းတော်ကြီးပါလာသဖြင့် အတုမရှိကျောင်းတော်ကြီး အကြောင်း ပြော ပရန်လိုလာပြန်သည်။ ထိုစဉ်က အတုမရှိကျောင်းတော်ကြီးသည် ယခုလို ရွှေရောင်တဝင်းဝင်း လက်တန်ရှည် တကားကားဖြင့် ခပ်ကြွားကြွားမော်ဒန် ကျောင်းတော်ကြီးမဟုတ်ရှာ၊ ကမ္ဘာ စစ်ဗုံးဒဏ်ကြောင့် မတ်တပ်ရပ် လေးဖက်နံရံနှင့် ရင်ခေါင်းဗလာ ကျောင်း မည်ကမတ္တ အုတ်ပုံအုတ်စတို့သာ ရှိလေ၏။

ထိုနေ့က ဘာနေ့မှန်း မမှတ်မိ၊ မှတ်မိသည်က ထိုညက လသာ၏။ ထို အတု မရှိကျောင်းတော်ကြီး၏ လေးဖက်နံရံများနှင့် ကျောင်ကြီးအလယ် တိုင်ကျိုး များပေါ်၌ သမီးရည်းစား စုံတွဲများ ချိန်းတွေ့ စကားပြောနေကြတတ်သည်ကို လည်း တွေ့ရတတ်၏။ ထို့အတူ အားအားလျားလျား သူများ ဘစ်စနစ် ကို ချောင်မြောင်းကြည့်မှ စားဝင် အိပ်ပျော် လူ့ကချော်များကိုလည်း တွေ့ရ တတ်သည်။

အတုမရှိကျောင်းတော်ကြီးဝင်းထဲ မဖြတ်မီ ရထားထိမ်းက
" အတွဲချောင်းတဲ့လူတွေနဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်သလဲ "
စာသင်ခန်းနှင့်မဆိုင်၊ စာမေးပွဲနှင့်လည်းမဆိုင်၊ ပိဋကတ်တော်နှင့်လည်းမဆိုင်သော မေးခွန်းကို မေးလာ၏။

" အလကား လူရှုပ်တွေပါကွာ၊ အောက်တန်းကျတဲ့အလုပ်ပါ။ သူတို့ခမျာ အိမ်မှာမလွတ်လပ်လို့ ဒီမှာ လာတွေ့ကြရတယ်၊ ဘေးကချောင်းနေ တဲ့ လူတွေကြောင့် တော်တော်အာရုံနောက်ကြရလိမ့်မယ် "
မိမိကလည်း စာသင်ခန်းနှင့်မဆိုင်၊ စာမေးပွဲနှင့်လည်းမဆိုင်၊ ပိဋကတ်တော်နှ င့်လည်းမဆိုင်သောအဖြေကို ပေးမိ၏။
" ငါတို့လည်း အုတ်ကျိုးတစ်ခုပေါ်ထိုင်ပြီး စကားပြောနေရအောင် "
သူက မျက်ရိပ်ပြရင်း စကားဆို၏။

မိမိကလည်း ငြင်းစရားအကြောင်းလည်းမရှိ၊ သူဆိုလိုတာကို သဘောပေါက် မိသဖြင့် အတုမရှိကျောင်းတော်ကြီး၏အလယ် အုတ်ကျိုးတစ်ခု ( ကျောင်း တိုင်ငုတ်ကြီးဖြစ်သည် ) အပေါ် ထိုင်ရင်း စကားပြောနေကြတော့သည်။ ပြော မိသော စကားတို့က တောင်ရောက် မြောက်ရောက်၊ ဘာတွေပြောမိမှန်းတော့ မမှတ်မိ၊ ထို့ကြောင့် ဘာတွေပြောနေကြသည် ကို ပြန်ပြောပြရန် မလိုတော့။ မှတ်မိသည်က ထိုညက လသာ၏။ လရိပ်က ရဟန်းနှစ်ပါးနောက်ကြောမှ ရိုးတရိပ် ထိုးထားခြင်းပင်ဖြစ်လေသည်။ လှသော ည ဟု ယေဘုယျဆိုနိုင်သည်။

ဤသို ဆယ်မိနစ်ခန့် စကားပြောပြီးသောအခါ တီးတိုးစကားသံများ ကြား စပြုလာရ၏။ ခြေသံ တရှပ်ရှပ်များ ကြားလာရ၏။ ခြေသံ များကို နားထောင် ကြည့်တော ဆယ်ဦးအောက် မလျော့နိုင်။ သူတို့ ရဟန်းနှစ်ပါးအနီးသို့ နီးနိုင် သမျှ နီးအောင် ချဉ်းကပ်နေကြ၏။
သူ့ပစ်မှတ် ထိနေပြီကိုသိသော ရထားထိမ်းက ခေါင်းငုံ့ကာ မိမိဘေးသို့ ပို၍ နီးကပ်အောင် တိုး၍တိုး၍ထိုင်သည်။ မိမိက ခေါင်းငုံ့ရန်မလို၊ အနားကပ် လာသော သူ့ပခုံးကို ဖက်ထားလိုက်ရုံသာရှိ၏။
ထိုအခါ ထိုခြေသံရှင်တို့ကလည်း ခပ်ဖွဖွလရိပ်နှင့် မလုံ့တလုံ ခြုံငယ်လေးများ ကို အကာအကွယ်ယူကာ ရဟန်းနှစ်ပါးအနီးသို ပို၍ ပို၍ နီးအောင် ကြိုးစား ကြလေတော့၏။

ဤသို့ဖြင့် ...
ဤသို့ဖြင့် ......
ဤသို့ဖြင့် ........
ဤသို့ဖြင့် ...........

နောက်ဆုံး ပညာ ဆက်မပြချင်ကြတော့သဖြင့် နှစ်ယောက်သား လက်တို့၊ သင်္ကန်းများ ခါကာ သာသနာ့တက္ကသိုလ် ဂိတ်ဆီသို့ ခပ်တည်တည် လမ်းလျှောက် ထွက်ခဲ့ကြသည်။
ထိုစဉ် နောက်မှာ " တက် " ခေါက်ရင်း ကျန်ရစ်သူတို့ထံမှ
" နာပါ့ကွာ၊ လွတ်ကုန်ပါပြီ၊ ဘုန်ကြီးနဲ့သီလရှင် ချိန်းတွေ့နေတာ၊ အထူး အ ဆန်းဆိုပြီး ချောင်းလိုက်ရတာ ဒူးတောင် ကွဲတယ် " ဟူသတတ်။

ထိုစဉ် ကျောင်းနံရံပေါ်ရှိ အတွဲ အစစ်တို့ဆီမှ တခစ်ခစ်လှောင်ရယ်သံကို လည်း ကြားလိုက်ရသည်။
သူတို့ထံမှသာမက မန္တလေး " လ " ကပင် ထိုညက ခပ်ဖွဖွ ရယ်နေသလိုလို။

မိမိလောက် အရပ်မရှည်၊ အသားက ဖြူဖြူ၊ သင်္ကန်းအဝါရောင် ဝတ်လေ့ရှိေ သာ ရထားထိမ်းက ထိုညက သူ သရုပ်ဆောင်ရမည့် ဆရာလေးတစ်ပါး အခန်းကို လရိပ်အောက်၌ ပိုင်ပိုင်ကြီး သရုပ်ဆောင်သွားနိုင်ခဲ့သည်။ မိမိလည်း သိပ်တော့ မညံ့လှဟု ထင်မိ၏။
ဆယ်စုနှစ် ကျော်ခဲ့လေပြီ။သို့သော် ထို ညကိုမူ ထူးထူးခြားခြား ယနေ့ အမှတ် ရနေသဖြင့် ဤစာကို ရေးလိုက်မိ၏။
ကြာပြီဆိုသော်လည်း ထိုလရိပ်ရယ်သံက ယခုတိုင် ခပ်ညှင်းညှင်းတော့ ကြားရ ဆဲဟု ဝေတဝါး ထင်နေဆဲပင်။

( ရေးလိုက်ပြီ သုနန္ဒ၊ရထားထိမ်းရေ )


သီဟနာဒ

အိမ်နီးချင်းနိုင်ငံ လူဦးရေ လျော့တော့ ပတ်ဝန်းကျင်း ငြိမ်းချမ်းတယ်


( ဒီနေ့ထုတ် စထရိတ်တိုင်းထဲက လီကွမ်းယုရဲ့ " Declining populations make peaceful neighbors " ဆောင်းပါးပါ။ )

နိုငံရဲ့လူဦးရေးတိုးပွားလာရင်အကောင်းမြင်ဝါဒနဲ့အတူ နယ်ချဲ့လိုစိတ်ပါ တွဲပါ လာတတ်တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်နဲ့ ဂျပန် ဘာကြောင့် စစ်ဖြစ်ခဲ့ရ သလဲဆိုတာ ဒီအချက်ပါ။
၁၉၃၁ ခု တုန်းက ဂျပန်ရဲ လူဦးရေဟာ ၆၄. ၅ မီလျံရှိပြီး နိုင်ငံရဲ့ ၁၄၅၈၈.၂ စကွဲယားမိုင်ကို လူဦးရေက သမ်းပိုက်ထားတယ်။ ( ၁၉၃၀ ခုနှစ်တွေမှာ ဂျ ပန်ရဲ့  ကလေးမွေးဖွားနှူံးက ၄.၁ ရှိတယ်။ အဒီအခါ ဂျပန်က သယံဇာ တကြွယ်ဝတဲ့ မန်ချူးရီးယားကို ရှရှားတွေနဲ့အတူ မျက်စောင်းထိုးလာတော့ တယ်။
၁၉၃၁ ခု စက်တင်ဘာလည်းရောက်ရော ဝင်ရောက် ကျူးကျော်တော့တာပဲ။
အဲ့ဒီအချိန်မှာ တရုတ်ရဲ့ လူဦးရေက ၄၉၂. ၁ ပဲရှိတယ်။ စကွဲယားမိုင် ၃. ၇ ကိုပဲ လူဦးရေက သမ်းပိုက်ထားတယ်။ ဒါပေမဲ့ ညီညီညွတ်ညွတ် မရှိဘူး။ ဂျပန်က တရုတ်ပြည်ကိုပါ မျက်စောင်းထိုးလာတော့ နှစ်နိုင်ငံ မသင့် မမြတ် ဖြစ်လာခဲ့တာ ၁၉၃၇ လည်းရောက်ရော စစ်ပွဲအသွင်ဆောင်လာ ခဲ့တော့တယ်။ ၁၉၃၈ အောက်တိုဘာမှာ တရုတ် ကူမင်တန်စိုးရက တရုတ်ပြည်တောင်ပိုင်း ချောင်းကင်းအထိ ဆုတ်ပေးခဲ့ရတယ်။ ၁၉၄၁ ရောက်တော့ နှစ်နိုင်ငံနယ်စပ် ပင်လယ်ကမ်းခြေတိုင်း ဂျပန်လက်အောက် ရောက်နေပြီ။ ပြင်သစ်လက်အောက်ရှိ အင်ဒိုချိုင်းနား အပါအဝင်ပဲ။

၁၉၄၁ ဂျူလိုင်လမှာ အမေရိကန်တွေက အင်ဒိုချိုင်းနားကနေ ဆုတ်ပေး ရင်ပေး မပေးရင် ရေနံမရောင်းနိုင်တော့ဘူးလို့ ဂျပန်ကို သတိပေးလာခဲ့ တယ်။ အဲဒီတုန်းက အမေရိကရဲ့ လူဦးရေက ဂျပန်ထက် သန်း ၁၃၀ ကျော်တယ်၊ ကုန်ထုတ်လုပ်နိုင်မှုမှာလည်း ဂျပန်တွေထက် အပြတ် အသတ် သာနေတယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်ရောက်တော့ ဂျပန်တွေက အရဲစွန့်ပြီး တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်၊ တော်ပီဒို ၃၅၀ ကျော်ကို လေ ယာဉ်တင်သင်္ဘော ၆ စင်းနဲ့ တင်သွားပြီး ပုလဲဆိပ်ကမ်းကို ဗုံးကျဲတော့တာပဲ။ ( ကံကောင်းတော့ အမေရိကန်ရေတပ်သင်္ဘောတွေက ပင်လယ်ထဲ ရှိမနေဘူး ) ဒါမအောင်မြင်တော့ ဂျပန်တွေက ဒတ်ခ်ျပိုင် ရေနံတွေကိုရဖို့ အရှေ့တောင်အာရှကို ဝင်သိမ်းတော့တယ်။

အမေရိကန်တွေကလည်း သူတို့ရေတပ်ကို စစ်ပွဲအတွင်း ၁၉၄၂ ခု ဂျွန်လမှာ အပြီး ချက်ချင်း ပြန်တည်ဆောက်ပြီး ဂျပန်ရဲ့ လေယာဉ်တင်သင်္ဘောတိုင်း ကို ပင်လယ်ထဲ လိုက်မြှုတ်တော့တယ်။
ဒါပေမဲ့ ဂျပန်တွေကလည်း အသေသာခံမယ် လက်နက်တော့ မချဘူး အစား ထဲက၊ ဒါကြောင့် ကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်ဟာ ကမ္ဘာမှာ အရက်စက် ဆုံး၊ ညှာတာမှူ အကင်းမဲ့ဆုံးစစ်တပ်ဖြစ်ခဲ့တော့တယ်။ အမေရိကန်၊ ဂျပန်စစ် က ပြင်းထန်လွန်းတော့ ဂျပန်ပြည်ကို သိမ်းပိုက်နိုင်ဖို့ဆို လူပေါင်း သန်း ချီပြီးသေနိုင်တယ်ဆိုတာ အမေရိကန်တွေက တွက်မိတယ်။ ဒါနဲ့ပဲ ဟီရိုရှီး မားနဲ့ နာဂါစကီမြို့တွေပေါ် အနုမြူဗုံးချလိုက်ကြတယ်။

ဂျာမဏီမှာလည်း ဒီပုံစံနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ ၁၉၃၉ ခုတွေ တုန်းက ဂျာမဏီ ရဲ့ ကလေးမွေဖွားနှုန်းက ၂.၆ ရှိတယ်။ အခြားအကြောင်းတွေလည်းရိမှာပေါ့၊ ဒါပေမဲ့ ဂျာမန်တွေ အဓိကစိုးရိမ်တာက " lebensraum " " နေစရာ မြေ "။ ဒါနဲ့ ဟစ်တလာက ယူကရိန်းနဲ့ ရှရှားမှာရှိတဲ့ ( ယူဂို ) ဆလပ်လူမျိုးတွေဆီ နယ်ချဲ့တော့တယ်။ ရုရှားစစ်တပ်အင်အားနဲ့ ရာသီဥတုအအေးဒဏ် ကို လျှော့ တွက်ခဲ့ကြလို့ ဒုက္ခအကြီးအကျယ်တွေ့သွားရတယ်။



ကျနော်တို့ ဘာတွေ လေ့လာခဲ့ကြပြီလဲ

အခု ဂျပန်ရော ဂျာမဏီပါလူဦးရေတွေ လျော့ကျလာနေတယ်။ ဂျာမဏီရဲ့ ၂၀၁၂ ခု ကလေးမွေဖွားနှုန်းက ၁. ၄ ပဲရှိတယ်။ လူတစ်ထောင်မှာ ကလေး ရှစ်ယောက်ပေါ့။ ဂျပန်ရဲ့ ကလေးမွေဖွားနှုန်းကလည်း ၁. ၄ အထိ ကျသွာပြီ။ ၂၀၆၀ ဆိုရင် လက်ရှိ ဂျပန်ရဲ့လူဦးရေ ၁၂၈ သန်းက ၈၇ သန်းပဲ ရှိတော့ မယ်လို့ ခန့်မှန်းထားကြတယ်။ ဒါဆို ဂျပန်ရော ဂျာမဏီပါ စစ်ဖြစ်ဖို့ စိတ်တောင် မကူးဝံ့ကြတော့ဘူး။

ကမ္ဘာရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ပတ်သက်တဲ့နောက်တစ်ချက်က ဖွံ့ဖြိုးပြီးနိုင် ငံတိုင်းရဲ့ ကလေးမွေဖွားနှုန်းက ၂. ၁ ပဲရှိတယ် ( စင်္ကာပူက ၁. ၂ ) ဖွံ့ဖြိုးစ နိုင်ငံတချို့ရဲ့ ကလေးမွေဖွားနှုန်းကလည်း မများလှဘူး။ တရုတ်ဆိုရင် ၂၀၁၂ ခု ၁. ၆ ပဲ ရှိတယ်။ အချို့ ဖွံ့ဖြိုးစ နိုင်ငံတွေမှတော့ မြင့်နေဆဲပဲ။
ဥပမာ ၂၀၁၂ အိန္ဒိယရဲ့ ကလေးမွေဖွားနှုန်းက ၂. ၆ ရှိတယ်။ ဒါကြောင့် သူတို့ကျောင်း၊ ဆေးရုံ စတာတွေမှာ မနိုင်မနင်းဖြစ်နေတာ။ အဖရိက နိုင်ငံတွေက ဖွားနှုန်းပိုမြင့်တယ်။ အစားထိုးဖို့ လိုအပ်တာက ၂. ၁၊ မွေး ဖွားနှုန်း ၄ ကနေ ၇ ရာခိုင်နှုန်းအထိ ရှိနေတယ်။
ကမ္ဘာဟာ လူဦးရေမျာပြားခြင့်ကြောင့် ကမ္ဘာ့စစ်ဒဏ် အကြီးအကျယ် ခံစားခဲ့ရ ပြီးပြီ။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သလဲ။ ဒါတွေအတွက် ကျနော်တို့ ပြင်ဆင်ထားပြီးကြပြီလား။

( ကဲ လီကွမ်းယုကတော့ သူ့သားအစိုးရရဲ့ စက္ကူဖြူစီမံကိန်းကို ဆော် လိုက်ပြီ၊ နေစရာ lebensraum ပြဿနာတဲ။့ ဒါပေမဲ့ ခပ်ပါးပါးပဲ )

မူရင်းဆောင်းပါး
Declining Populations Make Peaceful Neighbors By Lee Kuan Yew
PDF from Forbes.com



 ဇင်ဝေသော်

ဟောင်းလည်း ကောင်းရင် ပြုံးရတယ်


ဟာသတွေနဲ့ ပတ်သက်လို့ ဟာသတစ်ခု ပေါ်ပေါက်လာတဲ့ခေတ်ကိုပဲ ခန့် မှန်းရတာ ခပ်ခက်ခက်ပါလို့ဆိုကြပါတယ်။ အများအားဖြင့် အာရှမှာပဲ စခဲ့ တာပါ။ အောက်က ဂျုတ်ဆိုရင် ကိုးရာစုလောက်က ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ယူဆကြပါတယ်။ မွတ်စလင်ဘာသာရေး နောက်ခံ ဂျုတ်ပါ။

သူ့ကိုသူ ဂေါ့ဒ် ( God ) လို့ ကြွေးကြော်တဲ့ လူတစ်ယောက်ကို ဘာသာရေး တရားခုံရုံးရှေ့ ခေါ်လာကြတယ်။
အဲဒီအချိန်မှာ ဘာသာရေးခေါင်းဆောင်က....
" မင်း ပါးစပ် မဟခင် သတိပေးစကားတစ်ခွန်းပြောထားမယ်။ မနှစ်က သူ့ကိုသူ ဘုရားရှင် ( God ) ရဲ့တမန်တော်ပါလို့ဝန်ခံတဲ့ လူတစ်ယောက်ကို ငါတို့ရုံးက သေဒဏ်ချမှတ်ခဲ့တယ် "
ဒီတော့ ဂေါ့ဒ် ( God ) ဆိုသူက
" ချီးကြူးပါတယ်။ ခင်ဗျားတို့ပစ်ဒဏ်စီရင်တာ မှန်ပါတယ်။ သူ့ကို ကျုပ် စေလွှတ်ခဲ့တာ မဟုတ်ဘူး " တဲ့။


 ဇင်ဝေသော်

ရင်ထဲ ခိုးကူးမိတဲ့ သူတို့စာမျက်နှာများ


( ကမ်းလက် လပတ်လည်အတွက် ရေးထားတာ ကြာနေပြီဖြစ်တဲ့ ဒီဆောင်း ပါးလေးကို တင်လိုက်ပါတယ် )

၁ ။ အဲလက်(စ်) ဖာဂူဆန်

ဘောလုံးစွဲ၊ မန်ချက်စတာ ယူနိုက်တက်စွဲ ဆရာသမားကြောင့် ကျနော့်ဘဝ ထဲကို အရင်ဆုံး ဝင်လာသူကတော့ ဆယ်ကျော်သက်ဘဝကတည်းက ရင်းနှီး ကျွမ်းဝင်ခဲ့ရတဲ့ ရွာအနောက်ခြမ်းက လူကြီးတစ်ယောက်ပါ။ သူ့နာမည်က ဖာဂူဆန်။ ယဉ်ကျေးမှုနဲ့အညီ ပြောရရင် ဆာ အဲလက်(စ်) ဖာဂူဆန်ပါ။ သူနဲ့ ဆက်စပ်ပြီး သိလာရတဲ့လူတွေ အများကြီးပဲ။

ဖူဂူဆန်နဲ့ ပတ်သက်လို့ နာမည်ကြီးတာတွေက
၁။ Men-management (လူကို ထိမ်းသိမ်းမှုစွမ်းရည်)
၂။ Mind game (တစ်ဖက်သားကို စကားနဲ့ ကလိတာ)
၃။ Hair dryer treatment (အလိုမကျရင် နားနားကပ်ပြီး အော်တော့ စိုနေတဲ့ဆံပင်တောင် ခြောက်သွားတာ)

ဘောလုံးအသင်းတွေသာ ပြောင်းသွားတယ်၊ အောင်မြင်တဲ့ ဖာဂူဆန်ရဲ့ အ သင်းပုံစံက ပြောင်းမသွားဘူး။ သစ္စာရှိရင် ရှိသလို ဆက်ဆံတယ်။ ရိုင်ယံဂစ် တို့၊ ပေါ့လ်စခိုးတို့ဆိုရင် ဒီနေ့အထိ ဘောလုံးကန်နေ ကြ၊ ခြေစွမ်းပြနေကြ တုန်းပဲ။ အဲ့သလိုပဲ၊ ဘောလုံးသမားတစ်ယောက်ကြောင့် အသင်းရဲ့ စည်း လုံးရေးကို ထိခိုက်မယ်ဆိုရင်လည်း ဘယ်လောက်ကြီးတဲ့ အကောင်ကြီး ပဲဖြစ်ဖြစ် ရောင်းထုတ်တာပဲ။ တော်တော် ရက်စက်တယ်။

ပထမ ရှိုင်ကိန်း၊ သူ့နောက် ဒေးဗစ်ဘက်ခမ်း၊ ပြီးတော့ နစ်စတယ်ရှိုင်း ၊ နောက်ဆုံး ရော်နာဒို။ သူတို့ မရှိရင် အသင်းထိခိုက်မယ်၊ ဖာဂူဆန်ဟာ သူ့အတ္တကြောင့်ပဲကျရှုံးရတော့မယ်ဆိုတဲ့ တောင်ရောက် မြောက်ရောက် ပြောတတ်တဲ့ပါးစပ်တွေ ပိတ်ကုန်အောင် ဖာဂူဆန်က ဖလားတစ်လုံး ယူပြသွားခဲ့ တယ်။ တကယ်တော့ ဖာဂူဆန်အတ္တက အသင်းအပေါ်မှာထား တဲ့ စေတနာ နဲ့ ရောနေပါတယ်။

No man is bigger than the team ပါပဲ။
ဂျစ်ကန်ကန် ဝိန်းရွန်နီကို ဖာဂူဆန်က မိန်းမပေးစားလိုက်တယ်။ သူ့တာဝန် တစ်ဝက်ကို သူ့မိန်းမကို ခွဲပေးလိုက်တာပါ။ အခုဆိုရင် ရွန်နီက ရင့်ကျက်နေ ပြီ။
ဗုဒ္ဓဘာသာအနေနဲ့ (ဗုဒ္ဓဘာသာကို သိသလိုလိုနဲ့) ပြောရင် အတ္တကြီးတယ် လို့ ဆိုမလား။ ဒါပေမယ့် ဒီလောက်မှ မမာရင် အောင်မြင်မှုက ဘယ်အပေါက် က ဝင်လာမလဲ။ ဖာဂူဆန်အကြောင်း ရေးစရာတွေ များပေမယ့် သိပ်မချဲ့ လိုတော့ပါဘူး။
သူဟာ ယုံကြည်မှုရှိတယ်။ ပြတ်သားတယ်၊ ရက်စက်တယ်၊ အောင်မြင်မှုကို လိုလားတယ်။ ဒါတွေဟာ လိုအပ်တဲ့ အရည်အချင်းတွေလို့ ထင်ပါတယ်။ သူ့အပေါ် သစ္စာရှိရင် သူကလည်း သစ္စာပြန်ရှိတယ်။ ဒီလောက် ကိုယ့်အပေါ် မှာ လွမ်းမိုးမှုရှိနေတော့ သိသိသာသာရော၊ မသိမသာပါ ခူးကူးမိတဲ့ ဖာဂူဆန် ရဲ့ စာမျက်နှာတွေ ဘဝထဲမှာ ရှိကောင်းရှိနေနိုင်ပါတယ်။

တစ်ခုရှိတာက ဖာဂူဆန်ကို လေးစားပေမယ့် မချစ်ဘူး။

+++++++++++++++++++
၂ ။ လီကွမ်းယု

နောက်တစ်ယောက်ကတော့ လီကွမ်းယုပါ။ လီကွမ်းယုကလည်း အတ္တတော့ ခပ်ကြီးကြီးထဲကပါ။ အဓိပ္ပါယ်မရှိတာ လုပ်လို့ကတော့ တစ်ကြိမ်ပါပဲ။ ဒီနေရာ မှာ “အတ္တ” ဆိုတာက ပြောဖို့ တော်တော် ခက်တယ်။ တံငါရွာ စင်္ကာပူဟာ ကမ္ဘာထဲဝင် ရင်ဘောင်တန်းနေတာ လီကွမ်းယုကြောင့်ပါ။ ဒါတွေက လူတိုင်း သိတဲ့ကိစ္စ။
သူကလည်း တကယ်တာ့ “Team Player” ပါ။ သူ့အသင်းကို သူတည်ေ ဆာက်တယ်။ လူရွေးတယ်၊ လူမွေးတယ်၊ သူ့ကို သစ္စာရှိရင် သူက သစ္စာ ရှိတယ်။ အသင်းကို ထိခိုက်လာအောင် လုပ်ရင်တော့ သူကလည်း ကန်ထုတ် ဖို့ လက်မနှေးဘူး။
လွန်ခဲ့တဲ့နှစ်က ဘာသာရေးအလှူခံ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿ နာတွေ တက်တယ်။ အဲ့ဒီပြဿနာထဲမှာ သူ့ Team ထဲက လူငယ်၊ လူထက် ဆရာဝန်ပါလီမန်အမတ်လည်း ပါဝင် ပတ်သက်နေတယ်။ ကျနော်ကတော့ တစ်နိုင်ငံလုံးရဲ့ သူ့ပါတီထက် ဒီပါလီမန်အမတ်ကို လီကွမ်းယု ဘာလုပ်မလဲ လို့ စိတ်ဝင်စားနေမိတယ်။ မကြာပါဘူး။ ရွေးကောက်ပွဲဝင်မယ်လည်းဆိုရော အဲ့ဒီ ပါလီမန်အမတ်ရဲ့နာမည် ပါမလာဘူး။ ဒါပါပဲ။

ဒါက လက်တလောကိစ္စပါ။ ဒီလို လီကွမ်းယု ခေါက်ထားခဲ့တဲ့ လူတော်တွေ အများကြီးပါ။ နာမည်ပျက် (သိသိသာသာကြီး) သိပ်မရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့(ဂ်ျ)ယိုးတို့လို ပုဂ္ဂိုလ်ကျတော့ ရွေးကောက်ပွဲမှာ ရှုံး တာတောင် ဆွဲထားတုန်းပါ။ အဆင်ပြေတဲ့ အချိန်မှာ ဂျော့(ဂ်ျ)ယိုးဟာ တစ်နေရာကနေ အသင်းထဲ ဝင်ပါလာပါလိမ့်ဦးမယ်။ အဲ့ဒါ လီကွမ်းယုပါပဲ။

မမှားသင့်တဲ့အမှားကို လုပ်မိရင်တော့ လီကွမ်းယုကလည်း တစ်ကြိမ်ဆို လုံလောက်တယ်။ သူလည်း ရဲရင့်တယ်၊ ရက်စက်တယ်၊ သူ့ကို သစ္စာရှိရင် သူက သစ္စာရှိတယ်။ အောင်မြင်မှုကို လိုလားတယ်။ အသင်းကို ထိုခိုက်ရင် ခွင့်မလွှတ်တတ်ဘူး။

လီကွမ်းယုနဲ့ ဖာဂူဆန် တော်တော် ဆင်ပါတယ်။ ဖာဂူဆန်ကလည်း အဘိုးကြီးတစ်ယောက် အနေနဲ့ နည်းပြတုန်း၊ လီကွမ်းယုကလည်း (၉၀) နားသာ ကပ်နေတယ်၊ သူ့စင်္ကာပူကို နောက်ကွယ်က သူ ထိမ်းထားတုန်းပဲ။

လီကွမ်းယုကိုလည်း လေးစားမိပေမယ့် ချစ်လို့ မရဘူး။

+++++++++++++++++++

ဆရာတော်တစ်ပါးကို "ချစ်" ဆိုတဲ့ ဝေါဟာရသုံးလို့တော့ အဆင်မပြေတော့ ပါဘူး။ မဟာဂန္ဓာရုံ ဆရာတော်ကိုကျတော့ လေးစားတာရော၊ ကြည်ညို ချစ် ခင်တာရော ရောနေပါတယ်။ အကြောင်း တိုက်ဆိုက်မှ စာနဲ့ ကြည်ညိုပါဦး မယ်။

နောက်ပြီး ဒီနေ့အထိ စာတွေ ဖတ်ရင်း စိုးမိုးလာတဲ့ ဆရာတွေကတော့ ဆရာ သစ္စာနီနဲ့ တာရာမင်းဝေတို့ပါပဲ။ သူတို့နှစ်ယောက်စလုံးရဲ့ ရေးဟန်တွေက ရိုး ရိုးသားသားနဲ့ ရေးချင်တာ၊ ရေးချင်သလို ရေးချလိုက်ကြတာပါ။ အနုပညာဗီဇတွေကြောင့် သူတို့စာတွေဟာ မူကွဲပြီး လေးစားစရာ ဖြစ်နေ တယ်။ ဆိုလိုတာကတော့ ရိုးသားမှုကို ခံစားလို့ရ ချစ်သွားတာပါပဲ။

ဆရာတော်တစ်ပါးနဲ့ စာရေးဆရာနှစ်ယောက်ကိုတော့ လေးစား တဲ့အထဲ မှာရော၊ ချစ်တဲ့အထဲမှာပါ ထည့်ထားရပါတော့တယ်။ သူတို့လောက် မစွံပေမယ့် သူတို့ရဲ့ စာမျက်နှာတစ်ချို့ကိုလည်း (သိသိသာသာရော၊ မသိ မသာပါ) ခိုးကူးမိတာတွေ ရှိမှာပါ။ သူတို့နဲ့ ပတ်သက်လို့လည်း သိပ် ပြော စရာ မလိုတော့ မပြောတော့ပါဘူး။ ဒီသုံးဦးဟာ ကျနော်တို့ ဖေ့စ်ဘုတ်ရဲ့ "Likes" တွေပါဘဲ။ စာပေဖက်မှာတော့ ထပ်တိုးဖို့လည်း စိတ်ကူးမရှိသေး ပါဘူး။

နောက်ဆုံးပြောစရာရှိတာက ချစ်စရာလည်းကောင်း၊ ကိုယ့်စိတ်ထဲမှာလည်း အမြတ်တနိုးရှိတဲ့ မိတ်ဆွေတွေ အများကြီး ရှိပါတယ်။ ချစ်စရာကောင်းတဲ့ မိတ်ဆွေတွေဟာ အများအားဖြင့် ရောင့်ရဲတတ်ကြ သူတွေ ဖြစ်နေတတ်ပါ တယ်။ စိန်ခေါ်မှုကို သိပ်မလိုချင်ကြဘူး။ သူတို့ကိုကျတော့ ချစ်ပေမယ့် လေး စားမှု လျော့နေတတ်ပြန်ရော။ ဒီတော့ ခိုးကူးစရာ စာမျက်နှာက သိပ် မရှိပြန်တော့ဘူး။ (မရှိဘူး မဆိုလိုပါ။)

ဒါတွေအားလုံးကို ခြုံကြည့်တော့...
ခိုးကူးမိတဲ့ စာမျက်နှာ တချို့ဟာ မချစ်ပေမယ့် လေးစားမိသူတွေဆီ က ဖြစ်နေတာကို အံ့ဩဖွယ် တွေ့ရပါတယ်။ (ဖာဂူဆန်နဲ့ လီကွမ်းယုတို့က ဥပမာ သဘောမျှသာပါ။)
သူများဆီမှာ ဘယ်လိုရှိတယ် မသိပေမယ့် အတုခိုးဖို့တော့ ချစ်စရာ မလိုဘူး ဆိုတာ (ချစ်စရာ ကောင်းဖို့လည်း မလိုဘူး) ကိုယ့်အတ္တကနေ ပြန်ကြည့် မိ တယ်။
အကောင်းဆုံးကတော့ ကိုယ်တိုင်လည်း လေးစား၊ ချစ်မြတ်နိုးမှုလည်းရှိ သူတွေဆီက ယူစရာတွေဟာ စိတ်ချမ်းသာမှုကိုတော့ ပေး မှာ သေချာပါ တယ်။
ဘဝဆိုတာကပင် " ကျောင်း " လို့ပြောကြတယ် မဟုတ်လား။


 ဇင်ဝေသော်