လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုက်အလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။
မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ်တာ တစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်းက တော်ေ တ်ာနည်းနေတဲ့ ကိစ္စပဲ။
ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။
မေး ။ ။ နောက်ထပ်စိုးရိမ်တာက သူတို့မျိုးဆက်လည်း ဒီအတိုင်းပဲ ဖြစ် လာလေဦးမလားလို့။
ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ဒုတိယမျိုးဆက်က ဒီအတိုင်း လုံးဝ မဖြစ်နိုင်ဘူး။ မင်းက PR မှန်တယ်။ ဒါပေမဲ့ ယောင်္ကျားလေးဆိုရင် (၁၈) နှစ် ပြည့်ရင် စစ်မှု ထမ်းရမယ်။ မထမ်းရင် PR ပြုတ်မယ်။
မေး ။ ။ အိန္ဒိယန်း PR တွေနဲ့ စကားပြောကြည့်ဖူးတယ်။ သူတို့ကလေးတွေ စစ်မှုထမ်းက လွတ်အောင် သြစတေးလျကို သွားကြတော့မလို့တဲ့။
ဖြေ ။ ။ သွားကြလေ၊ ပြန်လာလို့တော့ မရဘူး။
မေး ။ ။ အဲဒီတုန်းက သူတို့မှာ ရွေးချယ်ခွင့် ရှိတယ်လေ။ သူတို့က တစ်ချိန် ချိန်မှာ ဒီကို PR တွေအနေနဲ့ ပြန်လာ၊ အင်ပလွိုင်းမန့် ပါ့(စ်) (Employment Pass) တွေနဲ့ ဒီမှာ အလုပ်လုပ်ကြဖို့။
ဖြေ ။ ။ မရဘူး။ သူတို့ကို ပြန်ဝင်လာခွင့်ကို မပြုဘူး။ တို့မှာ ဥပဒေရှိတယ်။ PR တစ်ယောက်က စစ်မှုမထမ်းဘဲ ထွက်သွားရင် ပြန်လာခွင့်မရှိဘူး။ မင်းက PR၊ မင်းကလေးတွေကို တို့ကျောင်းတွေမှာထား၊ ငါတို့စနစ်ကနေ အကျိုး အမြတ်တွေ ထုတ်ယူ၊ ဒါဆို စစ်မှုတော့ ထမ်းရမှာပေါ့။ ဒီတာဝန် မထမ်းေ ဆာင်ခင် ထွက်သွားလို့ကတော့ ပြန်ဝင်လာခွင့် မရှိဘူး။ ဥပဒေကို တင်းကြပ် ထားမှ ရတယ်။ နို့မို့ လူတွေက အခွင့်အရေး ယူသွားကြမှာ။
ဒါပေမဲ့ လူချမ်း သာ အိန္ဒိယန်းတစ်ချို့က ထွက်သွားပြီး အနှစ် (၂၀) လောက် ကြာရင် ပြန်လာ၊ တို့က သူတို့အတိတ်ကို မေ့သွားမယ်လို့ ထင်ကြတာပါ။ အဲဒါ သူတို့မှားတာပဲ။
အများစုကတော့ သူတို့ကလေးတွေရဲ့ စစ်မှုထမ်းတာဝန်နဲ့ ပတ်သက်လို့ ကျေ နပ်ကြပါတယ်။ ဒီက အနေအထားကို သူတို့ သဘောပေါက်ကြတယ်။ သူတို့ အိမ်နီးချင်းတွေက ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီက လူနေမှုအဆင့် အ တန်းမျိုး ရောက်အောင် မျိုးဆက်နှစ်ဆက်၊ သုံးဆက် စောင့်ကြည့်ရဦးမှာ။ ဒါကြောင့် သူတို့က စင်ကာပူမှာ နေရတာကို ကျေနပ်ကြပါတယ်။
မေး ။ ။ ပီအာတွေ စီတီဇင်မယူတာ ဘာကြောင့်လဲလို့ ထင်ပါသလဲ။
ဖြေ ။ ။ မလေးရှားတွေကို ကြည့်။ သူတို့ စီတီဇင်မယူဘူးဆိုတာက ဟိုမှာ သူတို့ပိုင်ဆိုင်မှုတွေ၊ မိသားစုတွေ ရှိတယ်။ လာလိုက်၊ သွားလိုက် လုပ်နေ တာက ပိုလွယ်တယ်။ သူတို့ မိဘတွေ ဆုံးသွားပြီဆိုရင် သူတို့က စီတီဇင် ယူတယ်။
ငါ့ကျန်းမာရေးအတွက် ကြည့်ရှု့ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်က အဲဒီအတိုင်းပဲ။ သူ့ဇနီးနဲ့ သူ့ကလေးတွေက ဒီမှာ။ စင်ကာပူ စီတီဇင်တွေ။ ငါတို့ကသာ စီတီဇင်နှစ်မျိုး ကိုင်ဆောင်ခွင့်ပြုမယ်ဆိုရင် အခြေအနေက ဒီထက်ဆိုးမယ်။ တို့နိုင်ငံက အမေရိကလောက် မကျယ်ဘူး။
မေး ။ ။ နိုင်ငံခြားသားတွေ တိုးလာတော့ ဒီမှာရှိတဲ့ လူထုနဲ့ အချိုးညီမျှပြီး လူမျိုးရေး ဟန်ချက်ညီအောင်လုပ်ဖို့ အခက်အခဲက ဘာများဖြစ်မလဲ။
ဖြေ ။ ။ တိုးလာတဲ့ တရုတ်၊ အိန္ဒိယတွေရဲ့ အရေအတွက်နဲ့ ညီမျှအောင် မလေးရှား၊ အင်ဒိုနီးရှား မွတ်ဆလင်တွေ ဒီကိုရောက်လာအောင် လုပ်ရ မယ် ။ ပြဿနာက သူတို့ဒီကို ရောက်လာအောင် လုပ်လို့မရတဲ့ အချက် ပဲ။ သူတို့ ဒီကိုလာတဲ့ဦးရေက တော်တော်နည်းတယ်။ အလုပ်ကြမ်းသမားတွေကိုလက် ခံမယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီမှာ သူတို့နဲ့ ပြည့်သွားလိမ့်မယ်။ ပညာတတ်တွေ ကျပြန်တော့လည်း စင်ကာပူကို ဘယ်လာပါတော့မလဲကွာ။ ဟိုမှာက ဒီလောက်လည်း ပြိုင်ဆိုင်နေစရာ မလိုဘူး။ အခွင့်အရေးကျတော့ ဟိုမှာက ပိုရနေတာလေ။
အာရပ်ကမ္ဘာမှာ အလုပ်လုပ်နေကြတဲ့ တို့နိုင်ငံက အမျိုးသမီးတွေနဲ့လက်ထပ် ထားတဲ့ အာရပ်အနည်းအကျဉ်းတော့ ဒီကိုလာတယ်။ သူတို့က စင်ကာပူဟာ သိပ်မဆိုးတဲ့နေရာလို့ ထင်ကြတယ်။ အမျိုးသမီးတစ်ယောက်က ပညာတတ် ခင်ပွန်းကို စင်ကာပူထဲခေါ်လာတာနဲ့ ပတ်သက်လို့ တို့က မတားပါဘူး။ ဒါပေမဲ့ ဒီအရေအတွက်က နည်းနည်းလေးပါ။
မလေးရှားခေါင်းဆောင်တွေက ဒီအခြေအနေကို သဘောပေါက်ကြတယ်။ မလေးမွတ်စလင်တွေ ဒီထက်ပိုများများ စင်္ကာပူမှာ အခြေချနေထိုင်ကြဖို့ ငါ တို့ ကြိုးစားနေကြောင်း သူတို့ကို ပြောပြတယ်။ တချို့ မွတ်စလင် ပညာ ရှင်တွေ MNS တွေက တာဝန်ပြောင်းချပေးလို့ ဒီကို ရောက်လာကြတာတွေ ရှိတယ်။ ရောက်လာရင် သူတို့ကလေးတွေကိုလည်း ခေါ်ပြီး ဒီကကျောင်းေ တွမှာ ထားကြတယ်။ တာဝန်ပြီးဆုံးလို့ သူတို့ ပြန်ရတဲ့အခါမှာတောင် သူတို့ ကလေးတွေကို ဒီမှာ ချန်ထားတတ်ကြတယ်။ တို့က ပိုလို့တောင် ကြိုဆိုသေး တာပေါ့။
အိန္ဒိယလူဦးရေကတော့ လူတော်လေးတွေ ဒီမှာလာပြီး နေကြတော့ တိုး လာနေ တယ်။ သူတို့ အရင်းအမြစ်ကိုကြည့်။ လူဦးရေ သန်းနှစ်ရာကျော်ထဲ မှာ ပညာတတ်တွေ အများကြီးပဲ။ ပြီးတော့ သူတို့က အင်္ဂလိပ်လိုသင်ပြီး ဘွဲ့ ရခဲ့ကြတာ။ ခရစ်ကက်လည်း ကစားကြတယ်။ ဒီတော့ တို့အားကစား အမျိုး အစား ထဲမှာတောင် အမျိုးအစား အသစ်တစ်ခု တိုးသွားတာပေါ့။
ဒီမှာ အိန္ဒိယကျောင်း သုံးကျောင်းရှိတယ်။ ငါသာ မတားရင် ဒီထက်ပိုပြီး များ စရာ ရှိတယ်။ စင်္ကာပူကျောင်းကို တက်ချင်တက်၊ မတက်ရင် အိန္ဒိယကိုပြန် လို့ ငါပြောခဲ့တာ။ PR အနေနဲ့နေ၊ စစ်မှုထမ်းပေမယ်လို့ သူတို့ အသိုင်းအ ဝန်းလေးထဲမှာ နေပြီး ကျန်တဲ့လူမျိုးတွေနဲ့ မပေါင်းမိဘူး။ ဒါကြောင့်။
ငါတို့က ဥပဒေထုတ်ဖို့တောင် စဉ်းစားနေတာ။ အလယ်တန်း သက်တမ်း တလျှောက်လုံး အိန္ဒိယန်းကျောင်းမှာပဲ တက်လာခဲ့ရင် PR မပေးဘူး ဆိုတာ မျိုး။ သူတို့ကျောင်းမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်က အားလုံးလိုလို အိန္ဒိယ အကြောင်းတွေချည်းပဲ။ ဒါကြောင့် အိန္ဒိယကိုပဲ ပြန်သွားရမယ်။ သူတို့ ဗဟုသု တက အိန္ဒိယဗဟုသုတပဲ ရှိတယ်။ ဒီတော့ ခံစားချက်ကလည်း အိန္ဒိယန်းတွေ ရဲ့ ခံစားချက် ဖြစ်နေတယ်။ အဲ့ဒါ ပြဿနာ။
မေး ။ ။ လတ်တလော တရုတ်သတင်းစာက ဦးဆောင်စည်းရုံးတဲ့ အခမ်း အနားတစ်ခု ရှိခဲ့တယ်။ အဲဒီ အခမ်းအနားမှာတော့ အခုမှ ရောက်လာတဲ့ စီ တီဇင်အသစ်တွေက သူတို့အတွက်၊ သူတို့ကလေးတွေအတွက် ဒီလို အခြေအနေမျိုးရအောင် ခေါင်းဆောင်မှုပေးခဲ့တဲ့ မစ္စတာလီရဲ့ကျေးဇူး ကြီးမားကြောင်း ပြောဆိုကြတာ တွေ့ရတယ်။ မစ္စတာလီရဲ့ မှတ်ချက်အရ လက်ရှိ စင်္ကာပူရီးယန်းတွေက ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူးဆိုလား။
ဖြေ ။ ။ ဒါကတော့ သဘာဝပဲ။ ထင်ရှားတဲ့အကြောင်းရင်းက စီတီဇင် အ သစ်တွေက မတူတဲ့ ပတ်ဝန်းကျင်က ရောက်လာကြတာ။ တရုတ်ပြည် ကဖြစ်ဖြစ်၊ အိန္ဒိယကပဲ ဖြစ်ဖြစ်ပေါ့။ စင်္ကာပူရောက်ပြီး သူတို့ဘဝက ချက်ချင်း ကြီး တိုးတက်သွားတာကိုး။ တို့က စင်္ကာပူးရီးယန်းတွေအတွက်ကျတော့ ဒါ က ဘာမှ မထူးဆန်းသလို ထူးပြီးလည်း မခံစားကြရဘူး။ သူ့ကလေးအတွက် လက်ရှိရနေတာတွေဟာ သဘာဝအရကို ရနေတာလို့ ထင်နေတာ။ ဒါကလုံး လုံး အလွဲကြီး။
သဘာဝအရ ဘယ်ဟုတ်လိမ့်မတုန်း။ တစ်ခုခုများ တိမ်းချော်သွားခဲ့ ရင် အောင်မြင်နေတာတွေအားလုံး ပျောက်ဆုံးပြီး အောက်ဆုံးအထိ ကျ သွားနိုင်တယ်။ ငါတို့ နိုင်ငံတော်သီချင်းကိုဆို၊ သံဓိဋ္ဌာန်တွေ ပြုကြတယ်။ တကယ်က “နိုင်ငံတော်” အဆင့်ကို ရောက်အောင် ကြိုးစားနေကြရတုန်းပဲ ရှိသေးတယ်။ “နေးရှင်း” တစ်ခုမဟုတ်သေးဘူး။ နောက် နှစ်ပေါင်းတစ်ရာဆို ရင်တော့ နေးရှင်း ဖြစ်နိုင်ကောင်းပါရဲ့။
အမေရိကဆိုရင် သက်တမ်း နှစ်ရာ့ငါးဆယ်ကျော်ပြီ။
သူတို့လည်း နေး ရှင်းဖြစ်ပြီလို့ ငါတော့ မယုံကြည်သေးဘူး။ မှန်တယ်။ သူတို့ ဒုတိယကမ္ဘာစစ်မှာ လူဖြူတွေရော၊ လူမည်းတွေရော အတူတူတွဲပြီး တိုက်ခဲ့ ကြတယ်။ ပြီးတော့ ဗီယက်နမ်စစ်ပွဲ အတူ တိုက်ခိုက်ခဲ့ကြပြန်တယ်။ စစ်ပွဲလည်း ပြီးရော လူဖြူက လူဖြူနေရာ၊ လူမည်းကလူမည်းနေရာ ပြန်ေ ရာက် သွားရော။
ခက်ခဲတဲ့ အခြေအနေတွေ ကြားမှာကိုပဲ ငါတို့ တအား ကြိုးစားခဲ့ကြတယ်။ လူတွေကို နေရာရွေ့ပြောင်း ပေးပြီး အမြန်ပြောင်းလဲပစ်နိုင်တဲ့နည်းကို ကြိုး စား ကြည့်ခဲ့သေးတယ်။ အဲဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် ဒီနေ့စင်္ကာပူနဲ့ တခြားစီ ဖြစ်နေလိမ့်မယ်။
မလေးရှားက နည်းတစ်မျိုးနဲ့ ခရီးသွားတယ်။ သူတို့ဆီမှာ လူမျိုးစုတွေက လုံး ဝ ကို တသီးတသန့်ဆီ။ တရုတ်၊ အိန္ဒိယန်း၊ မလေး သူ့အုပ်စုနဲ့သူ။ ထိပ်တန်း စီးပွားရေး လောကထဲမှာကိုပဲ အပြန်အလှန် ဆက်ဆံမှု မရှိဘူး။ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းပဲ။ အဲဒါ နေးရှင်းလား။ လုံးဝ မဟုတ်ဘူး။
ငါတို့ကရော နေးရှင်းလား။ ကူးပြောင်းနေတယ်။
ဘယ်တော့ ရောက်မလဲ။
ငါ မသိဘူး။
ခေါင်းဆောင်က သူ့ဆက်ခံသူကို ချမှတ်ပေးလို့ပဲ ရတယ်။ နောက်ပိုင်းကိစ္စက သူ့ကို ဆက်ခံသူနဲ့ပဲ ဆိုင်တယ်။
စတာလင်မရှိတော့ဘူးဆိုတော့ ခရုရှက်(ဖ်)က စတာလင်ရဲ့မူဝါဒတွေအားလုံး ဖျက်ဆီးပစ်တယ်။
ခရုရှက်(ဖ်)လည်း သွားရော Brezhnev (ဘရက်ညဇက် ) က တခြားပုံစံနဲ့ ခရီးဆက်ပြန်ရော။
Brezhnev က အသက်ရှစ်ဆယ်လောက် ရောက်တော့ Andropov (အန်ဒရိုပေါ့) ကို အာဏာလွှဲပေးတယ်။
Chernenko (ချာနင်ကို) သေတော့ ဂေါ်ဘာချော့(ဗ်)က ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖြိုခွဲပေးလိုက်တယ်။
သူတို့က နေးရှင်း မဟုတ်ဘူး။ အင်ပါယာပဲ။
တရုတ်ပြည်က နေးရှင်းလား။ ဟုတ်တယ်။ ဟန်လူမျိုးက တရုတ်လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်း ရှိတယ်။ နှစ်ငါးထောင်ကြာတဲ့ သမိုင်းရှိတယ်။
ဒါဆို Xinjian (ရှင်ကျင့်) နဲ့ တိဗက်တို့က ဘယ်လိုလဲ။
အဲဒီပြည်နယ်နှစ်ခုကို ဟန်လူမျိုးတွေနဲ့ ပေါင်းပြီး နေးရှင်းလုပ်မလို့ ကြိုးစားနေ ကြတာ။ လူမျိုးစုံတဲ့ နိုင်ငံတိုင်းကတော့ ဒီပြဿနာမျိုးကို ရင်ဆိုင်ရတာပါပဲ။
ဇင်ဝေသော်