ယခုလ ( မတ်လ ) ၃၁ ရက်နေသည် ငါးရက်မြောက် တနင်္ဂနွေဖြစ်သည်။ ဆိုလိုသည်မှာ ပုံမှန်လည်ပတ်နေသည်ထက် တနင်္ဂနွေ တစ်ရက် ပိုနေ သည် ။ ထို့ကြောင့် ဘာသာဝင်အချင်းချင်း တစ်ယောက်ကို တစ်ယောက်၊ တစ်ဘာ သာကို တစ်ဘာသာ ပိုမိုနားလည် သည်းခံနိုင်ကြစေရန် ရည်စူးပြီး အစ္စလာမ် ပညာရှင်တစ်ယောက်ကို ဗုဒ္ဓဘာသာကျောင်း၌ ဖိတ်ကြားပြီး အစ္စလာမ်ကိုး ကွယ်ယုံကြည်မှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာများကို ပြောဟောပေးရန် ဖိတ် ကြားဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဤသည်ကပင် စင်္ကာပူ၏ အခြေခံမူပင်ဖြစ်ပြီး ကောင်းမွန်သော စနစ် ဟု လည်း ထင်မြင်မိသည်။
ယင်းကိစ္စကို ကော်မတီဝင်းများနှင့်် ဆွေးနွေးကြစဉ်
" ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်ခုလောက်မေးချင်တယ်။ ဗုဒ္ဓဘာသာကျောင်းမှာ အစ္စလာမ်ပညာရှင်တစ်ယောက်က အစ္စလာမ်ကိုး ကွယ် ယုံကြည်မှုအကြောင်း ပြောဟောခွင့်ရသလို ဗလီထဲမှာရော ဗုဒ္ဓဘာ သာပညာရှင်တစ်ယောက်က ဗုဒ္ဓဘာသာရဲ့ ကိုးကွယ်ယုံကြည်မှု အကြောင်း ပြောဟောခွင့်ရနိုင်မလား " ဟု အစည်းအဝေး၌မေးရာ
ကော်မတီဝင်းများအာလုံး တညီတညွတ်တည်း "Unlikely. At least not now" ဟု ဖြေကြသည်။
သောကြာနေ့ ညနေပိုင်းများမှာ ဗုဒ္ဓဘာသာကျောင်းများအတွက် ထွေထွေ ထူးထူး ဘာသာရေး အက်တီဗီတီမရှိသော်လည်း မွတ်စလင်များအတွက် ဝတ်ပြုဆုတောင်းခြင်းများဖြင့် ဗလီထဲမှာ စည်းကားနေတတ်သည်။ မလှမ်းမကမ်းမှာရှိသော ဗလီတစ်ခုက သူတို့ဘာသာဝင်များအတွက် ကားရပ် ရန်နေရာ အခက်အခဲရှိသဖြင့် ကားပါကင် ကျယ်ကျယ်ပြန့်ပြန့်ရှိသော မိမိနေ ထိုင်ရာကျောင်း၏ ကားပါကင်၌ သောကြာနေ့ ညနေတိုင်း ကားထား ခွင့် တောင်းခံလာကြသည်။ ကော်မတီနှင့်ဆွေးနွေးကြရာ အတူတကွ ညီညွ တ် စွာ ပူးပေါင်းနေထိုင်ရေး စင်္ကာပူ၏ဥပဒေနှင့်သော်လည်ကောင်း၊ လူသား ချင်း၊ ဘာသာချင်း ရိုင်းပင်းကူညီခြင်း အခြေခံ လူ့ဥပဒေနှင့် သော် လည်ကောင်း၊ ဗုဒ္ဓအဆုံးအမနှင့်သော်လည်ကောင်း ညီညွတ်ပေသည်။
ထို့ကြောင့် သတ်မှတ်ပေးထားသောနေရာတို့၌ ကားရပ်ထားနိုင်ကြောင်း၊ ထို သတ်မှတ်ပေးထားသောနေရာတိုကို လမ်းညွှန်ပေးနိုင်ရန် တာဝန်ရှိသူ တစ်ယောက် ကျောင်း ပရဝုဏ်ထဲမှာ ရှိနေရန်လိုကြောင်း၊ တစ်ခုခုဆို ထိုသူက ဖြစ်သမျှကို တာဝန်ယူ ဖြေရှင်းရန်လိုအပ်ကြောင်း၊ ကားရပ်ထားခွင့် သည် ညနေ ၃ နာရီခန့်မှ ၇ နာရီခွဲခန့်အထိသာဖြစ်ကြောင်း ဥပဒေထားကာ ခွင့်ပြုရန် သဘောတူခဲ့ကြသည်။
ကော်မတီ အစည်းအဝေးမှာပင်
" မိမိတို့ ဗုဒ္ဓဘာသာ အခါကြီး ရက်ကြီးများမှာ ဗုဒ္ဓဘာသာဝင်များအတွက် ကားပါကင်အခက်အခဲ ရှိလာရင်ကော သူတို့ဗလီထဲမှာ ကားရပ်ထား ခွင့် ပြုလောက်သလား " မေးရာ
ရှေးနည်းအတိုင်းပင် ကော်မတီဝင်းများအာလုံး တညီတညွတ်တည်း "Unlikely" ဟု ဖြေကြသည်။
လီကွမ်းယုကတော့ အတူတကွ ညီညွတ်စွာ ပူးပေါင်းနေထိုင်ရေးနှင့် ပတ် သက်ပြီး ၁၇ ရာစုဆန်သော အစ္စလမ်ယုံကြည်မှုကို စိုးရိမ်မိကြောင်း အမုန်း ခံ ပြောထားခဲ့သည်။ ဤ၌ ဘာသာရေး အဆုံးအမနှင့်လည်း မသွေ ဖည် ခေတ်နှင့်လျှော်ညီစွာလည်း နေထိုင်နိုင်သော အစ္စလမ်ဘာသာ ဝင်များ ကို မဆိုလိုပါပေ။ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ နှစ်ဖက်စလုံး အလျှာ့ပေးစရာများရှိနေသည်ကို လူတိုင်းသဘောပေါက်နိုင်သည်။
အထက်ပါ မိမိ၏ မေးခွန်း အဖြေသည် "Unlikely" ဖြစ်နေသော်လည်း သူတို့နှင့် ပို၍ရင်းနှီးလာသလိုခံစားရပြီး တစ်ယောက်နဲ့ တစ်ယောက် အပြုံး ချင်းဖလယ်မှုများလည်း ပို၍များလာခဲ့ကြသည်ကိုမူ ဝန်ခံရပါလိမ့်မည်။ ယုံကြည်မှု မတူကာမျှဖြင့် အမုန်းပွားနေရန်မလိုသလို ဘာကိုမှ မယုံကြည်သူ ကလည်း အခြားသူတို့ ယုံကြည်မှုအတွက် ဘာမှ ဝေဖန်နေစရာ မလိုတော့ပါ ။
တချို့လူ့အဖွဲ့အစည်းက လစ်ဘရယ်ဆန်ဆန် ဥပဒေကို တောင်းဆိုသော် လည်း တချို့လူ့အဖွဲ့အစည်းက ပို၍တင်းကြပ်သော ဥပဒေကိုတောင်းဆိုနေ ဟန်ရှိသည်။ စင်္ကာပူက ဤဟန်ချက်ကို ကောင်းကောင်း ထိန်းထားနိုင်ဆဲဖြစ် သည်ဟု တွေ့မြင်ရပါသည်။
သီဟနာဒ