ရွာသားရေးတဲ့ကဗျာ

ရယ်သံ ငိုသံတွေ နားမထောင်ဖြစ်တာကြာပြီ
လောကဓံတရားဆိုတာ အရင်လို
ရှစ်ပါး မတိုး မလျော့ပဲ မဟုတ်လား။
ဟင် ဒါဆို ဘာထူးလို့လဲ???

ကွန်နက်ရှင်း မကောင်းသေးသော နားလည်မှုများ
ဒေါင်းလုပ်ဒ် လုပ်တိုင်း ပြုတ်ကျတတ်သော အနာဂတ်စာမျက်နှာများ
အစိမ်ရောင်အဝိုင်းလေးလို ဝိုင်း၍မပြီးသော မနေ့က မနက်ဖန်များ
အသံကြည်ကြည်နားဆင်ဖို့ မြေညီညီမှာ မနေနိုင်သော လက်ကိုင်ဖုန်းများ။

လွမ်းချင်တိုင်း လွမ်းရအောင်
ဒါက ဘုရားလက်ထက်မှ မဟုတ်တာ။
( ဘုရားက အချော့ကောင်း တရားပြကောင်း )

ဖုန်လုံးများအတွက် အာမခံကုမ္ပဏီဖွင့်သော လက်ကိုင်ပုဝါများ
စားရသောက်ရမဲ့ လက်သည်းဆိုးဆေးများ
ခါးထောက်ကြည့်နေသော အောင်မြင်မှုများ
အမိန့်ပေးနေသော ကျွန်းစာပွဲ အကောင်းစားကြီးများ။

ဒီကောင်က တကယ် လွမ်းကောလွမ်းတတ်လို့လား???
ဒီမှာ ကိုယ့်လူ ဒီခေတ်ကြီးထဲမှာ
စုစုစောင်းစောင်း ဝေနာတချို့နဲ့
ချွေချွေတာတာ မျှ လွမ်းနေရတာ မင်း သိပုံမရဘူး
လွမ်းတတ်ပါတယ်၊ ကြည့်..
လက်ပံကိုင်းတွေ မီးစွဲနေရင်
အဲ့ဒါ နွေရာသီ။

ခြေထောက်မိုးထောင်အိပ်နေသော စိုးရိမ်မှုများ
နှမ်းမဖြူးမိသော ရယ်သံလွင်လွင်များ
ကြယ်ကြွေချိန်စောင့်သော နက္ခတ်မုဆိုးများ
ခရားရေလွှတ် တိတ်ဆိတ်သံများ။

ကြိုးနဲ့ ခါးသိမ်အောင် ချည်ထားမှ ညီညွတ်ရမှာလား???
ဒီမှာ ကိုယ့်လူ ဒီခေတ်ကြီးထဲမှာ
ထင်း အစည်းလိုက်တွေ့လို့
ဘယ်သူက ဒူးနဲ့တိုက် ချိုးပြနေမှာလဲ
အစည်းလိုက် အိမ်ကိုထမ်းယူသွားမှာပေါ့
သပိတ်ဝင် အိတ်ဝင်။

အဲသလောက် နားလည်တတ်ရင်လည်း
ငါ နောက်ကျတဲ့အခါတိုင်း
မင်း နာရီ မြန်နေလို့ လို့ မှတ်ယူပေးပါ

ဆံပင်သပ်မတင်ရသေးသော ရိုးသားမှုများ
လက်လုပ်လက်စား ရွှေအိုရောင်အိပ်မက်များ
ခံစားမှု ခရိုက်စစ်ဖြစ်နေသော မိသားစု ဥရောပများ
ဘောကန်ဖိနပ် မရှိတဲ့ နာရီပေါ်က မျက်ရည်တန်များ။ ။

ဇင်ဝေသော်

ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၄)


မေတ္တာရပ်ခံချက်။ ။ ဒီရက်တွေမှာ အလုပ်ပိနေတာရယ်၊ ယာယီခရီးစဉ်တွေ ရှိနေတာရယ်ကြောင့် ပို့စ်တွေ အရင်လို ပုံမှန်တက်နိုင်မယ် မဟုတ်ကြောင်း ကြိုတင်အသိပေးထားချင်ပါတယ်။ လီကွမ်းယု စာမူတွေတော့ တစ်ပတ် နှစ် ပုဒ် တက်ပါမယ်။ ရေးထားသမျှတွေထဲက အက်ဒမင် သဘောကျတာလေးေ တွ (ကိုယ်တိုင် စိတ်တိုင်းမကျလို့ ဆွဲထားတာတွေ) တက်လာနိုင်ပြီး အဟောင်း တချို့လည်း ဖေ့ဘုတ်မှာ မဖတ်ရသေးသူတွေအတွက် ပြန် တင်ပေးဖို့ အစီအစဉ်ရှိနိုင်ပါတယ်ဆိုတဲ့ အကြောင်း လေးစားစွာ အသိပေး အပ်ပါတယ်။

မေး ။ ။ စင်္ကာပူအတွက် နျူးကလီးယားစွမ်းအင်ကရော ဘယ်လို နေမ လဲ။ ဖြစ်နိုင်ခြေရော ရှိရဲ့လား။

ဖြေ ။ ။ ယူနစ်သေးသေး နျူးကလီးယားဖိုကတော့ အန္တရာယ်လည်း ကင်းပြီး ဖြစ်လည်း ဖြစ်နိုင်တယ်လို့ သူတို့ သတင်းပို့ထားတယ်။ ဒါပေမဲ့ ဘယ် နျူးကလီးယားမှ အန္တရာယ်ကင်းတယ်လို့တော့ မရှိပါဘူး။ ဓာတ်ပေါင်း ဖိုကို ရေပေါ် ပေါ်နေနိုင်တဲ့ ရေငုပ်သင်္ဘောလိုဟာပေါ်မှာ တင်ထားမယ်ပေါ့။ ပထမ အသေးဆုံး ယူနစ်ကနေ စမယ်။ အဲ့ဒါ အလုပ်ဖြစ်မယ်ဆိုရင် အလတ် စား ယူနစ်ကို စမ်းသပ်ကြမယ်။ ပြီးတော့မှ အလက်စား ယူနစ်ဘေးမှာ အေ သးစားလေးတွေ ထပ်ဖြည့်ထားဖို့ ကြိုးစားကြမယ်ပေါ့ကွာ။

တို့ ကြုံရမယ့် ပြဿနာက စက်ရုံအလုပ်ရုံတွေက စွမ်းအင်မသုံးတဲ့ ည ပိုင်းတွေမှာ စွမ်းအင်တွေက ပိုနေမယ်။ အဲ့ဒီစွမ်းအင်တွေကို ဘယ်လို ထိန်း သိမ်းကြမလဲဆိုတာပဲ။ ရေအားလျက်စစ်ပါ ရှိမယ်ဆိုရင်တော့ ရေပမ့်(ပ် ) တွေ နဲ့ ရေပြန်ပို့ပေးပြီး စွမ်းအင်ပိုကောင်းအောင် လုပ်ယူလို့ ရတာပေါ့။

ယူဂိုစလားဘီးယားမှာ ဒါမျိုး လုပ်ထားတာ တွေ့ခဲ့ရဖူးတယ်။ စွမ်းအင် အသုံး နည်းတဲ့ ညပိုင်းတွေမှာ ဆိုရင် သူတို့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေ ကို ရေတွေနဲ့ ဖြန်းပေးကြတယ်။ ဖြန်းလိုက်တဲ့ ရေတွေက ရေကန်ကြီးထဲ ပြန်ရောက်သွားတယ်။ ဒီလောက်အထိ လုပ်နိုင်ဖို့ကလည်း တို့မှာ စွမ်းအင်က အ လုံအလောက် မရှိဘူး။

မေး ။ ။ ဒီလို အခြေအနေတွေ ကြားထဲကနေပြီး စင်္ကာပူကို သဘာဝ ပတ် ဝန်းကျင်အားဖြင့်လည်း နေချင်စဖွယ်၊ စီးပွားရေးအားဖြင့်လည်း ကမ္ဘာ့မြို့ေ တ်ာပုံစံဖြစ်အောင် တည်ဆောက်ထားနိုင်ခဲ့တဲ့ အပေါ်မှာ ကျေနပ်မှုရော ရှိပါ သလား။


ဖြေ ။ ။ ငါ့သဘောအရကတော့ ပြွတ်သိပ်နေမှာစိုးလို့ လူဦးရေ သိပ်များ မှာကို မလိုလားဘူး။ ငါတို့ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဆိုပါတော့ … သ ဘာဝဥယာဉ်တွေ လုပ်တာ၊ စိမ်းလန်းတဲ့ မြေကွပ်လပ်တွေကို ထိန်းသိမ်းပေး တာ စတာတွေပေါ့။ လူဦးရေကသာ စီးပွားရေးအတွက် ကြည့်ပြီး ခေါ်ထားရ တဲ့ အလုပ်သမားတွေ အပါအဝင် ခြောက်သန်းခွဲလောက်သာ ရှိမယ်ဆိုရင် မွန်းကြပ်ပြီး မသက်မသာ ဖြစ်လာမှာပဲ။

ငါ ဟောင်ကောင်ကို ရောက်တော့ လေထုညစ်ညမ်းမှု မရှိဘူးဆိုရင်တောင် လူတွေ များလွန်းလို့ ငါ သဘောမတွေ့ခဲ့ဘူး။ ရှန်းဟိုင်းမြို့ဟောင်းလည်း အတူတူပဲ။ ၁၉၇၆ - ခုတုန်းက အကောင်းဆုံး ဧည့်ရိပ်သာမှာ တည်းတာေ တာင် အောက်ဆင်းပြီး လမ်းလျှောက်လိုက်ရင် လူတွေက ပြွတ်ခဲနေတာပဲ။ မင်းသွားရင် သွားနေ၊ မသွားရင် သူတို့က နောက်ကနေ တွန်းသွားတာ။ ပြီးတော့ မှောင်မည်းမည်းနဲ့၊ ဆိုင်တွေကလည်း အမှောင်ထဲ၊ လမ်းမီးတွေ က လည်း မလင်းတလင်းနဲ့။

ဟောင်ကောင်မှာ သူတို့အိမ်လေးတွေက ကျဉ်းလွန်းတော့ သူတို့အပန်းဖြေဖို့ ဆိုရင် အပြင်မှာ အပန်းဖြေကြရတယ်။ ဖျော်ဖြေရေးတွေကလည်း အပြင်မှာ ပဲ။ စင်္ကာပူမှာ ငါတို့ လူမျိုးတွေက တီဗွီ အကြီးစားကြီးတွေ၊ နောက်ဆုံးပေါ် စက်ပစ္စည်းတွေနဲ့ ကျကျနန နေကြရတယ်။ အပြင်မှာ သိပ် မတွေ့ရဘူး။ ညဥ့်နက်တဲ့အထိ အပြင်မှာ တွေ့ရတာက နိုင်ငံခြားသား ဧည့်သည်တွေပဲ များတယ်။

ငါ့သဘောအရကတော့ လူဦးရေ လျှော့ချမယ်။ ဒါပေမယ့် ငါက ဆုံးဖြတ်ချက် ချသူ မဟုတ်တော့ဘူး။ စင်္ကာပူ လက်ရှိအစိုးရကပဲ စင်္ကာပူအတွက် ဘာလုပ် သင့်သလဲဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ပြီး လုပ်ကြလိမ့်မယ်။

မေး ။ ။ ကမ္ဘာမြေ ပူနွေးလာမှုဖက်ကို လှည့်ကြည့်ကြပါဦးစို့လား။ ကမ္ဘာ့ရာသီဥတုကို ထိန်းသိမ်းဖို့ ကမ္ဘာမှာ ဝမ်းစာမရှိဘူးလို့ (အူမတောင့်မှ သီလစောင့်လို့) ပြောခဲ့တယ်။ ကမ္ဘာ့အနာဂတ်အတွက် မကောင်းနိုင်တဲ့ အလားအလာမျိုးတွေ မြင်မိသလား။

ဖြေ ။ ။ ဟုတ်တယ်။ ငါ ပြောခဲ့ပြီးပြီပဲ။ လုပ်နိုင်တဲ့အပိုင်းကိုပဲ လုပ်ပြီး မလုပ်နိုင်တဲ့အပိုင်းကို လုပ်လို့ မရဘူးလေ။ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ ညီမျှအောင် ဘယ်လိုနေသွားကြမလဲဆိုတာ အပူရှိန် ဘယ်လောက် ပိုပြင်းပြလာတယ်ဆိုတာ အပေါ်မှာ မူတည်တယ်။

မေး ။ ။ တစ်ကမ္ဘာလုံးရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပေးဖို့ ကြိုးစားပြီး ဒီပြဿနာကို မဖြစ်မနေ ဖြေရှင်းသင့်တယ်လို့ မထင်ဘူးလား။
ဖြေ ။ ။ တရုတ်နဲ့ အိန္ဒိယက မြစ်ကမ်းဘေးမှာ နေကြတဲ့ သန်းပေါင်း များ စွာသော လူတွေ၊ အဲ့ဒီမြို့တွေမှာ ရှိကြတဲ့ ကုန်သည်ပွဲစား အသေးလေးေ တွ ရေပြတ်လတ်မှုဒုက္ခ ကြုံလာရပြီဆိုရင်တော့ အကြီးအကျယ် ပြဿနာ တက်လာမှာပဲ။ ဒီလောက်များတဲ့ လူတွေအတွက် ရေအလုံအလောက် ရဖို့ ဘယ်ကို သွားကြ၊ ပို့ထားကြမလဲ။ သူတို့ကိုယ် သူတို့ရော ဝမ်းဝအောင် ဘယ်လို ရှာစားကြမလဲ။ သူတို့ကတော့ အသက်ရှင်လို့ ရတဲ့နေရာတွေကို သွားကြမှာပဲ။ အဲ့ဒါဆိုရင်တော့ ပြဿနာက ကမ္ဘာနဲ့ ချီသွားလိမ့်မယ်။ (အဲ့သလိုမျိုး ဖြစ်လာရင်တော့ တရုတ်နဲ့ အိန္ဒိယ အစိုးရက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပိုပြီး ဂရုစိုက်လာစရာ ရှိတယ်။)

မေး ။ ။ ဒါဆိုရင်တော့ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံး လက်တွေ့ကျတဲ့ သဘောတူညီမှုတစ်ခုတော့ ရအောင် ရှင်သင့်ကြပြီပေါ့။ ဖြစ်နိုင်မယ်လို့ မစ္စတာလီ ထင်ပါသလား။
ဖြေ ။ ။ မထင်မိဘူး။ ကိုပင်ဟေဂင် (Copenhagen) အစည်းအဝေးကို ကြည့်လေ။ (၂၀၀၉ - ခုနှစ်က ကုလသမဂ္ဂက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်း သိမ်းရေးနဲ့ ပတ်သက်လို့ စည်းဝေးခဲ့တဲ့ အစည်းအဝေးကို ရည်ညွှန်းတာပါ။) တရုတ်က ပြောတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို ကာဗွန်ဒိုင်အောက် ဆိုက် လျော့ချဖို့ ပြောတယ်။ စိမ်းလန်းစိုပြေရေး နည်းပညာကိုလည်း အလ ကားပေးမယ်လို့ ပြောတယ်။ ခင်ဗျားတို့လည်း (အမေရိကန်တွေ) ၁၉၉၀ က ကာဗွန်သုံးစွဲမှုထက် (၄၀) ရာခိုင်နှုန်း လျှော့ချဖို့ လုပ်လေ တဲ့။

ဒီတော့ ကွန်ဂရက်က ဘီး(လ်)ကလင်တန်ကို (၄) ရာခိုင်နှုန်း လျှော့ချရင် ရပြီလို့ ခွင့်ပြုလိုက်ကြတယ် လေ။

မေး ။ ။ ဒီပြဿနာအတွက် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု မရှိလို့များ လား။

ဖြေ ။ ။ ခေါင်ဆောင်မှု မရှိလို့ မဟုတ်ဘူး။ နိုင်ငံကြီး၊ နိုင်ငံသေး ဘယ်လို ခေါင်းဆောင်ပဲ ဖြစ်ဖြစ်
“ကောင်းပြီ၊ ကမ္ဘာကြီး ပူနွေးလာတာကို ကာကွယ်တဲ့ အနေနဲ့ စီးပွားရေး တိုးတက်တာ၊ မတိုးတက်တွေကို ဂရုစိုက် မနေတော့ဘူး။ ကမ္ဘာကြီးကို ကယ်တင်တော့မယ်။ ရွေးကောက်ပွဲမှာ ရှုံးရင်လည်း ရှုံးပါစေ” လို့ သူတို့ က ပြောပါ့မလား။ စင်္ကာပူအစိုးရကတော့ ဒါမျိုး လုပ်နိုင်မယ် မထင်ဘူး ။ ခေါင်းဆောင်တိုင်းဟာ သူ့နိုင်ငံရဲ့ ပြဿနာကိုပဲ အဓိကထား ကြည့်နေရ တာပါကွာ။

မေး ။ ။ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲရေး အခြေခံမူဝါဒအတိုင်း စင်္ကာပူဟာ Annex တစ်နိုင်ငံ မဖြစ်နိုင်ဘူးလား (စက်မှုနိုင်ငံ ဖြစ်သော်လည်း သူ့နားလည်မှုနဲ့အတူ အိုဇုန်းလွှာပေါက်ပြဲမှု အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ကို ယူထားတဲ့နိုင်ငံ)။ အဲ့သလိုဆို စင်္ကာပူအပေါ်မှာ အကျိုးသက်ရောက်မှုတွေက ဘယ်လို ရှိလာမလဲ။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ဒါကို မလိုက်နာနိုင်ဘူးလို့ ငါတို့က ပြန်ပြောမှာပါ။ ဒီဓာတ်ငွေ့ ယိုစိမ့်မှုတွေက ငါတို့သုံးတဲ့ ပစ္စည်းတွေ ထုတ်လုပ်လို့မှ မဟုတ် တာ။ ကမ္ဘာက သုံးတဲ့ပစ္စည်းတွေ၊ အပြည်အပြည်ဆိုင်ရာ လေယာဉ်တွေ သုံး စွဲတဲ ဓာတ်ငွေ့တွေကြောင့် ယိုစိမ့်တာလို့ ပြောမှာပေါ့။

ငါတို့က စီးပွားရေးဌာနချုပ်လို ဖြစ်နေတာ။ တစ်ကမ္ဘာလုံးက သင်္ဘောတွေ ၊ လေယာဉ်တွေ ဆီဖြည့်တဲ့ နေရာပဲ။ ဒါကို တို့က ဘယ်လိုလုပ် သူတို့ပြော တာကို လိုက်နာနေလို့ ရမှာလဲ။

ငါတို့က ပစ္စည်းတွေကို ပို့တာ။ တို့ထုတ်တဲ့ပစ္စည်းတွေက တို့ သုံးစွဲဖို့ချည်းပဲမှ မဟုတ်တာပဲ။ သင်္ဘောတွေ၊ လေယာဉ်တွေ ဆီဖြည့်ရာ ဌာနချုပ်ဆိုတဲ့ ဂုဏ် ကို ဘာအတွက် ဖျက်ဆီးပစ်ရမှာလဲ။ ဒါဆိုရင် စင်္ကာပူရဲ့ အဓိပ္ပါယ်က ဘာလဲ။

တို့က ဆက်ပြောမယ်။ “ကြည့်။ ဒီ စွမ်းအင်တွေရဲ့ နောက်ဆုံး ထုတ်ကုန်ကို သုံးစွဲသူတွေက ဘယ်သူတွေလဲ။ ဒီအတိုင်းလည်း ရပ်တည်၊ ကာဘွန် ဒိုင် လည်း လျှော့ဆိုရင် ဘယ်လို ဖြစ်နိုင်မလဲ။ ခင်ဗျားတို့က ကျွန်တော်တို့ ကို သေဖို့ အကြံတွေ ပေးနေတယ်။ ဒါဖြင့် လူဦးရေ ငါးသန်းရဲ့ တာဝန်ကို ခင်ဗျားတို့ ယူထားနိုင်မလား” လို့။

မေး ။ ။ ပြည်ပပို့ကုန်အတွက် သုံးစွဲတဲ့ စွမ်းအင်ပမာဏနဲ့ ပြည်တွင်းသုံး ပစ္စည်းတွေအတွက် သုံးစွဲတဲ့ စွမ်းအင်ပမာဏ ခွဲခြားထားရင်တော့ ရမယ်။

ဖြေ ။ ။ ဟုတ်တယ်။ ဒါမျိုး လုပ်ရမယ်။

(ဆက်ရန်)
ဇင်ဝေသော်


 ကမ်းလက် 

လင်ကွန်းရဲ့ ဘရိတ်ဖတ် မှတ်စု


“You can fool some of the people all of the time,
လူတချို့ကို အချိန်ပြည့် အရူးလုပ်လို့ ရကောင်း ရမယ်၊

and all of the people some of the time,
လူအားလုံးကိုလည်း အချိန် အတိုင်းအတာ တစ်ခုအထိ အရူးလုပ်ထားလို့ရနိုင်မယ်၊

but you can not fool all of the people all of the time.”
ဒါပေမဲ့ အားလုံးကို အချိန်ပြည့် အရူးလုပ်ထားဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး။
( Abraham Lincoln၊ အေဘရာဟင် လင်ကွန်း)


ဇင်ဝေသော်

ဦးအောင်မင်းတို့လာမယ့် စင်္ကာပူက ဆွေးနွေးပွဲ (သို့) နေကျော်တဲ့ လောကဓံအတွက် ပဲကြီးလှော် တစ်စေ့


နေကျော်တဲ့ လောကဓံပဲလေ
ဒီလောက်တော့ ခါးမှာပေါ့ 

(ဇင်ဝေသော်)

မေလ တစ်ရက်နေ့မှာ လုပ်ကြမယ့် ဒီ အတွေ့အကြုံဖလယ်ပွဲကတော့ လခ စားတွေက စပွန်ဆာခံဖိတ်တဲ့ ဝန်ကြီးတို့ ပြောဟောပွဲဆိုရင် ၅၀ ရာခိုင်နှုန်းေ ကျာ် မှန်ပါလိမ့်မယ်။ အဲသလိုပဲ သူတို့ပြောချင်နေတဲ့ ရင်တွင်းက စေတနာကို တစ်ဦးချင်းစီ ခပ်ပါးပါးလည်း သွန်ချထားခဲ့ကြလိမ့်မယ်။ ပန်လိုက ပန်၊ ဒါ ဂန္ထ ဝင်မြောက် နှင်းဆီတစ်ပွင့်။

ဘာအတွက်လုပ်တယ်၊ ဘယ်သူတွေ လာမယ်၊ ဘာတွေကို ဘယ်သူတွေေ ဆွးနွေးကြမယ်စတဲ့ ဖော်မယ်သတင်းတွေကတော့ ဂျာနယ်နဲ့ အွန်လိုင်း မီဒီ ယာမှာ အခန့်သား ရှိနေပါပြီ။ ပိုပြီးအသေးစိပ်သိလိုသူတွေ အတွက် အေးငြိမ်း ဘလော့ဂ်ကို အလည်အပတ်သွားနိုင်ကြောင်း ကြမ်းခင်းပေးလိုက်ပါရစေ။

ကျနော်ပြောချင်တာက ဒီပွဲကို မရ ရအောင် စီစဉ်သူတွေရဲ့ အခက်အခဲတချို့ နဲ့ ချစ်စရာ စိတ်ဓာတ်ပါ။ သဘောမတူရင် ခွင့်လွှတ်ပါ။ ကျနော်ကဒါကို နေကျော်တဲ့ လောကဓံအတွက် ပဲကြီးလှော် တစ်စေ့လို့ ခံစား နာမည်ပေးလိုက်မိတယ်။

တကယ်က ဒီပွဲဟာ ဒီဇင်ဘာမှာ စခဲ့ဖို့ တဲ့။ အဲဒီတုံးက စ နိုင်ရင် ပြည် တွင်း ပြည်ပလက်တံရှည်တဲ့သူဆီက စပွန်စာတွေ ရနိုင်တယ်။ ဒါပေမဲ့ "တရုတ်ကို ကြောက်နေရတယ်" စကားနဲ့ ဦးအောင်မင်းက ပြည်သူ့ အ သည်းကို ခွဲလိုက်တော့ ဘာနဲ့ ကုစားရမှန်းမသိဖြစ်ပြီး ဒီပွဲကို ရက်ရွှေ့လိုက် ရတယ်။ အဲသလိုပဲ စပွန်ဆာတွေနဲ့ လာသူလည်း ပြန်ပေါ်မလာတော့ဘူး။ ရှိစေ။

ဒီပွဲအတွက် ဖိတ်ကြားရာမှာ (ယုံရခက်တဲ့) အခက်အခဲက နာမည်ကြီး နိုင် ငံရေးပါတီကြီးနဲ့ ဆက်စပ်နေတယ်။ သူတို့ဖိတ်ကြားလိုတာက
၁။ လက်ရှိအစိုးရထဲက ဥပဒေပြု လွှတ်တော် အမတ်တွေ၊ လုပ်ပိုင်ခွင့် ရှိသူတွေ
၂။ အတိုက်အခံ နိုင်ငံရေးပါတီက ဥပဒေပြု လွှတ်တော် အမတ်တွေ၊ လုပ်ပိုင်ခွင့် ရှိသူတွေ နဲ့
၃။ ပွင့်လင်းအဖွဲ့အစည်းထဲက စွမ်းဆောင်နိုင်သူတွေ ( ဦးကိုကိုကြီးက ဒီအဖွဲ့ကို ကိုယ်စားပြုပါတယ်)

၁ နဲ့ ၃ က လျောလျူခဲ့ပေမဲ့ ၂ က ထစ်နေတယ်။ ဖိတ်ကြားတဲ့အဖွဲ့ကလည်း (ဘာအဖွဲ့မှ မဟုတ်တဲ့အဖွဲ့ လို့နာမည်ပေးရင် ရနိုင်မယ်) ကြီးကြီးမားမား မဟုတ်လေတော့ အဆက်အသွယ်ရှိတဲ့ အတိုက်အခံ နိုင်ငံရေးပါတီက လွှတ်တော်အမတ်တွေဆီ ဖိတ်စာပို့လိုက်ကြတာပေါ့။ ဒီဖိတ်စာက ပါတီကို ဖိတ်ပေမယ့် ဘိုင်နိမ်းဖြစ်နေလေတော့ ဒီလိုလာလုပ်လို့ မရဘူး အပေါက် ဖြစ် သွားပြန်ရော။ ဒါနဲ့ ပြန်ပြင်ပြီးဖိတ်ကြားလိုက်ပေမယ့် အရင်တစ်ခါ လေသံက မာထားတော့ ..ဒီအဖွဲ့ရဲ့ဖိတ်စာကို အဂျင်ဒါထဲ ထည့်မထားရဲတဲ့ အပြင် အဲနီး အားသား ဘစ်စနစ် (Any other business) နဲ့တောင် ကကြိုးရှုပ်သွားတော့.... စောင့်သူကစောင့် သတင်းမပြန်သူက မပြန်။ အင်း... မြန်မာတွေ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှူက ဘာမှ ပြန်မပြောရဲခြင်းနဲ့ မှတ်ကျောက်တင်ဟန်တူရဲ့။ ကန်တော့ပါရဲ့။ ဒီစံနဲ့ ဆက်သွားရင် အဏာရှင် များ ဆန်သွားလေမလား။

ငါ့ကောင်းကင်မှာ နက္ခတ်တွေကြမ်းပြီး
ငါ့လမ်းက တောင်ပြိုနေတယ်
ငါ့နောက်ကို ဘယ်သူမှ မလိုက်ခဲ့နဲ့
ငါ့အရိပ်တောင် ငါ့နောက် မလိုက်ခဲ့နဲ့ 

(တာရာမင်းဝေ)

မိတ်ဆွေတချို့ကလည်း ဒီပွဲမျိုးတွေလုပ်ဖို့ အချိန်မရောက်သေးဘူး။ စော လွန်းသေးတယ်လို့ ယုံကြည်ကြတယ်။ တချို့ကတော့ မစောတော့ဘူး။ လုပ်ကို လုပ်ရတော့မယ်။ အင်တာနေရှင်နယ် ကုမ္ပဏီကြီးတွေဝင်လာလို့ ဒါလေးတွေမှ မသိသေးရင် ခံသွားရမယ်။ Agree to disagree ပေါ့ ။ နောက်ပြီး စင်္ကာပူရဲဆီက အချိန်မီ ခွင့်ပြုမိန့်ရဖို့။ ဒါတွေကတော့ လက်ပွတ်တတီး လောကဓံပါ။ မထူးတော့ပါဘူး။ ရွှေဝါရောင်တော်လှန်ရေး မှာကတည်းက ရဲ မျက်စေ့ကျခဲ့တဲ့ အဖွဲ့ပဲ။ ချိုမြမြ လောကဓံပါ။

မနေ့ညကမှ စပွန်ဆာအကြောင်း ဦးတင်မောင်ဝင်းနဲ့ ထပ်ပြီး ကွန်ဖန်း လုပ်တော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ MAI နဲ့ ရနံ့သစ်တို့ဆီကပဲ ရကြောင်း ထပ်သိရပါတယ်။
ဒါဖြင့် ကျန်တဲ့ ကုန်ကျစရိတ်တွေကရောဆိုတော့ "အရင်အတိုင်းပေါ့၊ အိပ် စိုက်။ တို့ လေးယောက် တစ်ယာက် တစ်ထောင်ဆီစုထားတယ်" တဲ့။

ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်
တစ်နေ့နေ့တော့ တွေ့ကြမယ်။

( တာရာမင်းဝေ)

သူတို့နဲ့ ကျနော် စ သိကြတာက ၂၀၀၇ မှပါ။ ဒီမတိုင်ခင်ကတည်းက နာ မည်တွေ မြေကြီးပေါ်ပစ်ချ၊ ကိုယ့်အိပ်ကပ်ထဲကစိုက်ပြီး (အခုတော့မသိဘူး၊ အရင်ကတော့ စေတနာရှင် မျက်စေ့ကျတဲ့ အလုပ်မျိုးလည်း မဟုတ်ဘူးလေ၊ ၂၀၀၇ ခု ရဲအလိုက်ခံနေရတုံးကဆို သူတို့ကို ရှောင်ပြေးနေတဲ့လူတွေ အများ ကြီး၊ စတေးထိမှ ကြောက်လို့၊ အခုတော့ ဒီမိုကရေစီက လွတ်လွတ်လပ်လပ် စီလို့ရပြီ) ယုံကြည်ရာလုပ်နေခဲ့ကြတဲ့ ဒီ အဖွဲ့လေးရဲ့ အလုပ် သမားနေ့ေ အာင်မြင်မှုကို ခံစားရသမျှလေး အသိပေးရင်ဖွင့်ချင်စိတ်တွေ ပေါက်နေတာနဲ့......။

စာကြွင်း။ ဘုဘောက်ချင်း တည့်တယ်ဆိုရမလား။ ရန်ဖြစ်နေသလိုပြောတတ် တဲ့ (ဦး)သီဟနာဒ နဲ့ ဆရာဦးတင်မောင်ဝင်းတွေ့တော့လည်း အချောပဲ။ ဦးတင်မောင်ဝင်းက "လေးယောက် တစ်ယာက် တစ်ထောင်ဆီစုထားတယ်" ဆိုတော့ "မလုပ်နဲ့လေ၊ ကျုပ်လည်း တစ်ခြမ်းတော့ ပါမှာပေါ့၊ ၅၀၀ ထား။ ဘုန်းကြီးတော့ လျှော့ဈေးနဲ့ ပေးပေါ့" ဆိုပြီး ၅၀၀ ထည့်တော့ လေးယောက် ခွဲ ဖြစ်သွားတယ်။ (ဦး)သီဟနာဒက "ကောင်းတယ်၊ ဒီအလှူမျိုးက ရေစက်ကို မချရတာ" လို့ ကျနော့ကို ပြန်ပြောပြတယ်။

ပွဲဖြစ်မြောက်ရေးအတွက် တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကူညီကြသူတိုင်း ကို လေးစား။ ဂုဏ်ယူမိစွာဖြင့်..........

ဇင်ဝေသော်
(ကမ်းလက်ကိုယ်စား)


ကျန်ကျောင်း၊ ကျောက်စီဓားနဲ့ သမ္မတ ဦးသိန်းစိန် (၃ )


"ဘုန်းကြီးလူထွက်က ဘုန်းကြီးကျောင်းကို ပြန် ကပ်စားနေ ရင် ရှက်စရာကောင်းသလို စစ်တပ်လူထွက်က စစ်တပ်ကို ပြန်ကပ်စားနေ လည်း အဖြစ်မရှိရာ ရောက်တာပါပဲ"

၁ ။ စစ်တပ်က ဘယ်နည်းနဲ့ ဦးသိန်းစိန်အစိုးရကို အကူအညီ ပေးနိုင်မလဲ။
၂ ။ အကျင့်ထက် စစ်တပ်အရာရှိငယ်တွေ စိတ်ဓာတ်ပျက်သွားတာက ပိုဆိုးတယ်။ (အကြီးတွေက အများစု ပျက်ပြီးသား)

ဒုတိယဝါကျကို အရင်ဆွေးနွေးပါမယ်။ စစ်ဖက်ဆိုင်ရာ ရိုးသားတဲ့ အရာရှိ ငယ်တွေပါ စိတ်ဓာတ်တွေပျက်နေတယ်။ ဘယ်သူ့လက်ချက်လည်းဆိုတော့ ဆရာ့ ဆရာကြီးတွေလက်ချက်။ ဘယ်လိုပျက်တာလည်းဆိုတော့ စစ်မှုထမ်းရင်းနဲ့ အရပ်ဖက်ဆိုင်ရာ ဝင်ငွေကောင်းတဲ့ ဌာနတွေကို မျက်စောင်းထိုးနေခြင်းပဲ။ စစ်တပ်က အနားယူရရင်တောင် ဗိုလ်မှူးက ဘယ်ရာထူး၊ ဗိုလ်မှူး ကြီးက ဘယ်ရာထူး၊ ဗိုလ်မှူးချုပ်က ဘယ်ရာထူး၊ ဗိုလ်ချုပ်ကြီးက ဘယ်ရာ ထူး စတာတွေ စီစဉ်ထားလေတော့ စစ်ထဲဝင်တာကကို နိုင်ငံတော်ကာကွယ် ဖို့ထက် စစ်လူထွက်ရင် ရာထူးကြီးကြီးရဖို့တွေ ပါနေတော့ လမ်းကြောင်း လွဲနေပြီ။

ဒါတွေကြောင့် ဟိုတုန်းက တပ်မတော်လို့ ခေါ်ရာကနေ အခု စစ်တပ်ဖြစ် သွားတယ်။ ဟိုတုန်းက စစ်မှုထမ်းဟောင်းကြီးတွေက မချမ်းသာကြဘူး။ ဒါပေမဲ့ လူထုက လေးစားကြတယ်။ ကမ္ဘာမှာကလည်း ဒီအတိုင်းပါပဲ။
အခု စစ်တပ်ပြုတ်တွေက ကျိကျိတက်ချမ်းသာပြီး လူထုရဲ့ ချဉ်ဖတ်ဖြစ်နေ တယ်။
အဲဒီကစလို့ ရာထူးမြန်မြန်တက်ရေး၊ ဌာနကောင်းရရှိရေး ကြိုးစားရင်းနဲ့ လူကြီးကြိုက်လိုက်ရင်း ပြည်သူကို ခြေကန်တော့တာပဲ။ စစ်သားနဲ့ အရပ်ဖက်ရာထူးဟာ (အောက်စတန်းဒင်းတချို့ကလွဲရင်) ဘာမှ မဆိုင်ဘူးဆိုတဲ့ အသိ အရာရှိငယ်တွေဆီ ပြန်ရောက်သွားမှ ဒီစစ်တပ်ဟာ နေရာ မှန်ပြန်ရောက်တယ်လို့ ဆိုနိုင်တော့မယ်။
ဦးသိန်းစိန်ကို ကူနိုင်တာက ပြည်သူထက် စစ်တပ်က ပို အခရာကျတယ်။

စစ်တပ်က ဘယ်နည်းနဲ့ ဦးသိန်းစိန်အစိုးရကို အကူအညီ ပေးနိုင်မလဲ??

စစ်တပ်နဲ့ ဝေးဝေးနေလေလေ ဦးသိန်းစိန် သိက္ခာတက်လေလေပဲ။ ယဉ်ကျေး ၊ ရင့်ကျက်တဲ့ လူအဖွဲ့အစည်းတွေမှာ စစ်တပ်ဆိုတာ ဘယ်နိုင်ငံရေးပါတီကိုမှ အားမပေးရပါဘူး။ ဘယ်ပါတီရဲ့ စစ်တပ်မှ ဖြစ်မနေရဘူး။ တစ်ဦးချင်း အနေ နဲ့တော့ ကြိုက်တဲ့ပါတီကို ထောက်ခံပေါ့။ စစ်တပ် အနေနဲ့ကတော့ ကြားပဲနေ ရမယ်။ အမေရိကန် စစ်တပ်ဟာ ဒီမိုကရက်တစ်ရဲ့ လက်ကိုင်ဒုတ် မဟုတ် သလို ရီပတ်ဘလင်ကန်ရဲ့ ငယ်ကျွန်လည်း မဟုတ်ပါဘူး။
အပြင်မှာ ဘာတွေပြောပြော အပြောပဲ အဖတ်တင်တယ်။ ရိုးသားတဲ့၊ လွတ် လပ်တဲ့ ရွေးကောက်ပွဲမှာ သူထည့်ချင်ရာ သူထည့်တာပဲ။ သာဓက အနေနဲ့ အသိအမှတ်ပြု မခံရတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ပါ။ စစ်တပ်ထဲမှာကိုပဲ အဖွဲ့ချုပ်ကို ထောက်ခံနေတာတွေ အများကြီးပဲ။ ဒါဆို ရွေးကောက်ပွဲမှာ စစ်တပ်ကနောက်ခံပေးထားတယ်ဆိုတာ ကြားရဆိုးတာပဲရှိတယ်။

စိတ်ကြိုက် လူစု၊ စိတ်ကြိုက် ကွင်းရွေး၊ စိတ်ကြိုက် ဒိုင်လူကြီးတင်၊ စိတ်ကြိုက် လေ့ကျင့်၊ စိတ်ကြိုက် အချိန်ရွေးထားတာတောင် အသင်းခေါင်းဆောင်တစ်ယောက်ပဲ မားမားမတ်မတ်ရှိတဲ့ အဖွဲ့ချုပ်ကို စစ်တပ်မပါဘဲ မယှဉ်နိုင်ရင်တော့ အဓိပ္ပါယ်လည်း သိပ် မရှိတော့ပါဘူး။ (အဓိပ္ပါယ်မရှိတာကတော့ ကြာပါပြီ၊ အခု ရှိမလားလို့ပါ)

စစ်တပ်က အရာရှိကြီးတွေ အရပ်အစိုးရအဖွဲ့ထဲ မပါတာနဲ့ နိုငံ ပျက်မလောက် ပြောနေကြတာကလည်း မမိုက်ပါဘူး။ စစ်တပ်က နိုင်ငံရေးထဲ မပါတာပဲ ရှိမယ်၊ စစ်တပ်ကြီး ဖျက်သိမ်းတာမှ မဟုတ်ဘဲ။ ထစ်ကနဲဆို ကာကွယ်ရေး ဝန်ကြီးချုပ်က အာဏာသိမ်း၊ ရာစုဝက် အုပ်ချုပ်၊ ဗိုလ်ချုပ်ကြီး ငယ်တွေကို မဆိုင်တဲ့ ရာထူးတွေပေး၊ ငွေမက်အောင် ကျုံးသွင်း၊ မလှမပ အတိတ်နဲ့ စစ်တပ်။ သူတို့ သူ့နေရာ သူနေမှ နိုင်ငံလည်း သိက္ခာရှိမယ်။

အချုပ်ပြောရရင် ဘုန်းကြီးလူထွက်က ဘုန်းကြီးကျောင်းကို ပြန် ကပ်စားနေ ရင် ရှက်စရာကောင်းသလို စစ်တပ်လူထွက်က စစ်တပ်ကို ပြန်ကပ်စားနေ လည်း အဖြစ်မရှိရာ ရောက်တာပါပဲ။
၂၀၁၅ မှာ စစ်တပ်က စစ်တပ်နေရာမှာ ပြန်ရောက်သွားရင် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဦးသိန်းစိန်အစိုးရ ဒီထက် သိက္ခာရှိမယ်။

( ဆက်ရန် ) 


 ဇင်ဝေသော်